← Chapters

နှစ်ယောက်လား

Vol. 25 Ch. 365

နှစ်ယောက်လား

Vol. 25 Ch. 365

“သူတို့ ထွက်သွားပြီထင်တယ်”

ပုံမှန်ကောင်းမင်က အိပ်ရာအောက်မှ တွားထွက်လာလေသည်။ ဗီရိုတံခါးကို သူတိတ်တဆိတ် ဖွင့်လိုက်သည်။ ကြင်နာတတ်သော ကောင်းမင်သည် သူ့မျက်နှာတွင် အပြစ်ရှိကြောင်း ခံစားချက်များဖြင့် ကွေးကွေးလေး ပုန်းနေလေသည်။

“ငါတို့ အလောင်းကို သယ်ပြီး ထွက်သွားလို့ မရဘူးလေ ၊ ဒါက အကောင်းဆုံးရလဒ်ပါပဲ”

ပုံမှန်ကောင်းမင်သည် အခြားသူကို နှစ်သိမ့်ပေးရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။

“ငါက အမြဲတမ်းပဲ အကောင်းဆုံးလုပ်ဖို့နဲ့ ငါ့ပတ်ဝန်းကျင်ကလူတိုင်းကို ကျေနပ်အောင် ကြိုးစားခဲ့တယ် ၊ ဒါပေမဲ့ ပြဿနာတွေက ဆက်ဖြစ်နေတုန်းပဲ…”

ကြင်နာတတ်သူ ကောင်းမင်သည် သူ့လက်မောင်းများကို ကုတ်ခြစ်လိုက်သည်။ တကယ်တမ်း သူသည် မြင်ရသလောက် အကောင်းမြင်တတ်သူနဲ့ ယုံကြည်မှုရှိသူ မဟုတ်ပေ။ ကြင်နာမှုတွင် အဖိုးအခရှိပေသည်။

“မင်း လူတိုင်းကို ကယ်တင်ချင်မှန်း ငါ သိပါတယ် ၊ ငါတို့ လုံခြုံတဲ့ ထွက်ပေါက်တစ်ခု ရှာတွေ့ပြီးရင် မင်းကို ငါ ကူညီပါ့မယ်”

ပုံမှန်ကောင်းမင်သည် ကြင်နာတတ်သော ကောင်းမင်အား ဗီရိုထဲက ထွက်ရန်ကူညီပေးလိုက်သည်။ ကြင်နာတတ်သော ကောင်းမင်၏အာရုံကို ပြောင်းလဲစေရန် သူ့ဒိုင်ယာရီကို ထုတ်လိုက်သည်။

“တကယ်လို့ ဒီလိုတွေ ဖြစ်မလာခဲ့ဘူးဆိုရင် ဒီနေ့အတွက်မင်းရဲ့ အစီအစဉ်က ဘာလဲ”

“ကျောင်းက မနက်ဖြန်မှာ ခရီးထွက်ဖို့ စီစဉ်ထားတယ် ၊ ဘတ်စ်ကားပေါ်မှာ လူတိုင်းနဲ့ မျှစားဖို့ မုန့်တွေဝယ်ဖို့ ငါ စီစဉ်ထားတယ်”

ကြင်နာတတ်သော ကောင်းမင်က သက်ပြင်းချလိုက်သည်။

“ကျောင်းခရီးစဉ်လား”

ပုံမှန်ကောင်းမင်သည် သူ့ဒိုင်ယာရီကို ကြည့်လိုက်သည်။

“ငါလည်း မနက်ဖြန်ပွဲတစ်ခုမှာ ပါဝင်ရလိမ့်မယ် ၊ ငါတို့ဘဝမှာ မတူညီတဲ့ ရွေးချယ်မှုတွေ လုပ်ခဲ့ကြပေမဲ့ ငါတို့အားလုံးဟာ ဇူလိုင်လ ၁၅ ရက်နေ့မှာ အဲဒီပွဲကိုတက်ရောက်ဖို့ ကံကြမ္မာက စီမံထားသလိုပဲ”

သူသည် ရည်ရွယ်ချက်ရှိရှိ ပြောခဲ့ခြင်းမဟုတ်သော်လည်း ဤလေ့လာတွေ့ရှိချက်က ကြင်နာတတ်သော ကောင်းမင်အား ပုံမှန်ကောင်းမင်၏ ဒိုင်ယာရီကို စစ်ဆေးရန် လှုံ့ဆော်ပေးလိုက်သည်။ သူတို့၏ ဒိုင်ယာရီမှတ်တမ်းများအားလုံးသည် ကွဲပြားကြသော်လည်း မည်သို့ပင်ဖြစ်စေ ဇူလိုင်လ ၁၅ ရက်နေ့တွင် အရာအားလုံး ထပ်တူကျနေပုံရသည်။ ၎င်းသည် မတူညီသော ကောင်းမင်များအားလုံး၏ ကံကြမ္မာဆုံမှတ် ဖြစ်ပုံရသည်။

“ဘာလို့ ဒီလိုဖြစ်ရတာလဲ”

ကြင်နာတတ်သော ကောင်းမင်သည် ဖြစ်ပျက်ခဲ့သည့်အရာများကို ပြန်တွေးလိုက်သည်။

“မော်နီတာရဲ့ ရုပ်ရည်က ငါမှတ်မိသလို မဟုတ်ပေမဲ့ သူ့ရဲ့ စရိုက်ကတော့ မပြောင်းလဲသေးဘူး ၊ သူက အပေါ်ယံမှာတော့ ကိုယ့်ကျိုးမငဲ့သလိုနဲ့ အတန်းကို ဦးစားပေးသူလို ဟန်ဆောင်တတ်ပေမဲ့ တကယ်တော့ သူက တခြားသူတွေကို အရမ်းမနာလိုတတ်တဲ့သူပဲ”

စာရွက်များက သူ့စိတ်ထဲတွင် တဖျတ်ဖျတ်လင်းလက်သွားသည်။ ကြင်နာတတ်သော ကောင်းမင်သည် ရုတ်တရက် ခေါင်းမော့၍ ပုံမှန်ကောင်းမင်ကို ကြည့်လိုက်သည်။

“မော်နီတာက ငါတို့နဲ့ အသက်အတူတူပဲဖြစ်ရမှာ ၊ ဒါပေမဲ့ သူက အခုအသက်သုံးဆယ်နီးပါး ရှိနေသလိုပဲ”

“သူက တစ်နည်းနည်းနဲ့ အသက်ကြီးသွားတာလား”

“မဟုတ်ဘူး ၊ ငါတို့က ပိုငယ်သွားတာ…”

ကြင်နာတတ်သော ကောင်းမင်က ဒိုင်ယာရီနှစ်အုပ်ကို သူ့ရှေ့တွင် ချလိုက်သည်။

“ပုံမှန်ဆိုရင် ငါတို့က ယွမ်ဟွေ့နဲ့ အသက်တူရမှာ ၊ ငါတို့က အခန်းတူတူပဲ ၊ ဘာလို့ ငါတို့ကို အထက်တန်းကျောင်းကို ပြန်ပို့လိုက်တာလဲ ၊ ပြီးတော့ တိတိကျကျပြောရရင် ဘာလို့ ဇူလိုင်လ ၁၄ ရက်နေ့ ညမှာလဲ”

ပုံမှန်ကောင်းမင်က သူ့ခေါင်းကို ကုတ်လိုက်သည်။ သူ နားမလည်ပေ။

“ဘာလို့လဲ”

“ငါတို့ ရှိနေတဲ့ အထပ်ရဲ့ အခန်းအားလုံးမှာ နံပါတ် ၀၇၁၅တွေ ရှိတယ် ၊ ၀၇၁၅ က အခန်းနံပါတ်မဟုတ်ဘဲ အရိပ်အမြွက်တစ်ခု ဖြစ်နိုင်တယ် - ဇူလိုင်လ ၁၅ ရက်နေ့”

ကြင်နာတတ်သောကောင်းမင်သည် ပုန်ကန်တတ်သော ကောင်းမင်က အခန်းတိုင်းထဲသို့ ထိုးထည့်ထားခဲ့သည့် စာရွက်ကို ထုတ်လိုက်သည်။

“တစ်ယောက်ယောက်က ဒီနေရာက သရဲခြောက်တယ်လို့ ငါတို့ကို ပြောခဲ့တယ် ၊ ဇူလိုင်လ ၁၅ ရက်နေ့က ဆာလောင်တစ္ဆေပွဲတော်ပဲ”

“ငါ ခုထိ နားမလည်သေးဘူး”

ပုံမှန်ကောင်းမင်သည် ခါးသီးစွာ ပြုံးလိုက်သည်။

“ဒဏ္ဍာရီအရတော့ ဇူလိုင်လ ၁၅ ရက်နေ့ ညဟာ ငရဲတံခါးတွေ ပွင့်လာမယ် ၊ လူသေတွေရဲ့ ဝိညာဉ်တွေ လူ့လောကကို ပြန်လာနိုင်ကြတယ် ၊ အခု ငါတို့က မကောင်းဆိုးဝါးတွေနဲ့ သရဲတွေ ဝန်းရံခံနေရတယ်”

ကြင်နာတတ်သော ကောင်းမင်၏ မျက်လုံးများက တောက်ပလာလေသည်။

“ဒိုင်ယာရီထဲမှာ ရက်စွဲတွေရှင်းရှင်းလင်းလင်း ပါတယ် ၊ ဒီနေ့က ဇူလိုင်လ ၁၄ ရက်နေ့ပဲ ၊ မနက်ဖြန် မရောက်သေးဘူး ၊ ဒါပေမဲ့ ငါတို့ကို သရဲတွေ ဝန်းရံနေကြပြီ ၊ ဒါက ငါတို့ဟာ ငရဲပြည်မှာ ရောက်နေနိုင်တယ်လို့ ဆိုလိုတယ် ၊ ငါတို့က သေနေပြီ ဒါမှမဟုတ် သေလုဆဲဆဲ ဖြစ်နေနိုင်တယ်”

“ဟမ်”

ပုံမှန်ကောင်းမင် အလွန်စိတ်ရှုပ်ထွေးသွားခဲ့သည်။

“မနက်ဖြန် ငရဲတံခါးတွေ ပွင့်လိမ့်မယ် ၊ ဒါဟာ ငါတို့အတွက် လူ့လောကကို ပြန်လာဖို့ တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်တယ်!”

ကြင်နာတတ်သော ကောင်းမင်က ထပ်မရှင်းပြတော့ပေ။

“ကောင်းမင်တစ်ဦးချင်းစီမှာ မတူညီတဲ့ ဘဝလမ်းကြောင်းတွေ ရှိတယ် ၊ ဒါပေမဲ့ ငါတို့အားလုံးဟာ မနက်ဖြန်ကျရင် အဲဒီအဖွဲ့လိုက်လှုပ်ရှားမှုပွဲတော်ကို တက်ရောက်ကြရလိမ့်မယ် ၊ ဒါက ငါတို့ဟာ မနက်ဖြန် အဲဒီပွဲအတွင်း တစ်ခုခုကြုံတွေ့ခဲ့ရနိုင်တယ်လို့ ဆိုလိုတာပဲ ၊ ဒီအန္တရာယ်ရှိတဲ့ ဘုံကနေ ထွက်ပြေးချင်ရင် ငါတို့ အဲဒီပွဲကိုထပ်တက်ဖို့ လိုကောင်းလိုလိမ့်မယ်”

“ဘာပဲဖြစ်ဖြစ် ငါတို့ ဒီတိုက်ခန်းကနေ အရင်ဆုံးထွက်ပြေးရအောင်”

ပုံမှန်ကောင်းမင်သည် ခေါင်းကိုက်လာတော့သည်။ အိမ်ရာသည် အရင်ကတည်းက အလွန်အန္တရာယ်များနေပြီးသားဖြစ်သည်။ ကျောင်းဆိုသည်မှာ သူ့စိတ်ထဲတွင် နောက်ဆုံးရှိနေသော အရာဖြစ်သည်၊ ကျောင်းလှုပ်ရှားမှုကိုဆိုလျှင် ပိုဆိုးပေသည်။

“ယွမ်ဟွေ့ ဒီမှာရှိနေတဲ့အတွက် ငါတို့ရဲ့ တခြားအတန်းဖော်တွေလည်း ဒီမှာနေနိုင်တယ် ၊ ငါ ဝမ်ကျားနဲ့ သူ့ဂိုဏ်းနဲ့ကို ရင်းနှီးတယ် ၊ သူတို့ ငါတို့ကို ကူညီနိုင်ချေရှိတယ်”

“မဖြစ်နိုင်ဘူး ၊ ငါတို့က သူတို့သေရတာရဲ့ အကြောင်းရင်း ဖြစ်နေရင်ရော…”

ကြင်နာတတ်သော ကောင်းမင်က ခေါင်းခါလိုက်သည်။ သူသည် သူ့အိတ်ကို သယ်၍ ဧည့်ခန်းတံခါးကို အနည်းငယ် ဖွင့်လိုက်သည်။

“ယွမ်ဟွေ့နဲ့ သူ့လူတွေ ထွက်သွားကြပြီ”

နှစ်ဦးသားသည် လက်နက်အချို့ကို ဆွဲယူလိုက်ပြီး အခန်းထဲမှ သတိထား၍ ထွက်ခွာလာကြပြီး အခြား ကော်ရစ်ဒါလမ်းသို့ ပြေးဝင်လိုက်ကြသည်။

“လာ ၊ အောက်ကို တစ်ခါတည်း တန်းဆင်းကြမယ်!”

ကြင်နာတတ်သော ကောင်းမင်က လမ်းပြလိုက်သည်။ မီးများ ပိတ်သွားသည့်အခိုက်အတန့်တွင် ထိုနှစ်ဦးသည် လှေကားများအတိုင်း အလျင်အမြန် ပြေးဆင်းသွားကြသည်။ လှေကားထစ်ပေါ်ရှိ နံပါတ်များ လျော့နည်းသွား၏။ ကော်ရစ်ဒါလမ်းများသည် ပိုမိုရှုပ်ထွေးလာတော့သည်။ တစ်ခါတစ်ရံတွင် လုံခြုံရေးထွက်ပေါက် သုံးခု သို့မဟုတ် လေးခုသည် အထပ်တစ်ခုတည်းတွင် ပေါ်လာတတ်သည်။ သူတို့သည် အချိန်အတော်ကြာပြေးလွားပြီးနောက် နောက်ဆုံးတွင် စတုတ္ထထပ်သို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် ကြင်နာတတ်သော ကောင်းမင်သည် တစ်စုံတစ်ယောက် အကူအညီတောင်းခံနေသည်ကို ရုတ်တရက် ကြားလိုက်ရသည်။ သူက မရည်ရွယ်ဘဲ အရှိန်လျှော့လိုက်မိသည်။

“ဘာလို့ ရပ်လိုက်တာလဲ ၊ ငါတို့ သွားမှရမယ်နော်”

ပုံမှန်ကောင်းမင်က ကြင်နာတတ်သော ကောင်းမင်၏ ပခုံးကို တွန်းလိုက်သည်။

“လူတစ်ယောက် အကူအညီတောင်းနေတာ ကြားမိလို့”

ကြင်နာတတ်သော ကောင်းမင်မှာ တွေဝေသွားသည်။

“ငါတို့ ကိုယ့်ကိုယ်ကို ကယ်တင်နိုင်စွမ်းတောင် မရှိတာ တခြားသူတွေကို ကယ်ဖို့ဆို ဝေးသေးတာပေါ့ ၊ ယွမ်ဟွေ့လို အရူးကိုတောင် ငါတို့ မနိုင်သေးဘူးလေ”

ကြင်နာတတ်သော ကောင်းမင်က စိုးရိမ်နေလေသည်။ သူတို့ စတုတ္ထအထပ်သို့ ရောက်လာရန်မှာ မလွယ်ကူခဲ့ပေ။

“အကူအညီတောင်းနေတာက တခြား ကောင်းမင်တစ်ယောက် ဖြစ်နေရင်ရော…”

ကြင်နာတတ်သော ကောင်းမင်သည် သူ့နှုတ်ခမ်းများကို ဖိကိုက်လိုက်သည်။

“မင်း စိတ်ပျက်အားငယ်နေတဲ့အချိန် အကူအညီလာတာကို မြင်ရရင် မင်းဝမ်းသာမိမှာ မဟုတ်ဘူးလား”

ကြင်နာတတ်သော ကောင်းမင်က စိတ်ပိုင်းဖြတ်လိုက်သည်။ မီးများ ပြန်လင်းလာသောအခါ သူကော်ရစ်ဒါလမ်းထဲသို့ ကွေ့ဝင်သွားလိုက်သည်။ သူ့အား ကော်ရစ်ဒါလမ်းတွင် ညှပ်နေသော ဧရာမ အသားလုံးကြီးတစ်ခုက ကြိုဆိုနေလေသည်။ မတူညီသော လူသားများ၏ ခြေလက်များသည် ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ထဲမှ ထွက်နေလေသည်။

“ဒီအရာကြီးကို ငါ မြင်ဖူးတယ် ၊ အရင်တုန်းက ဒါကြီးက ငါတို့ အထပ်မှာ ပုန်းနေတာ ၊ ဒါကြီးက တခြားကောင်းမင်တွေနဲ့အတူ ဒီကိုထွက်ပြေးလာတာ ဖြစ်ရမယ်!”

ပုံမှန်ကောင်းမင်သည် ထွက်ပြေးရန် မရွေးချယ်ခဲ့ပေ။ သူသည် ကြင်နာတတ်သော ကောင်းမင်နောက်ကို လိုက်သွားမိသည်။

“ဒါပေမဲ့ ငါ မှတ်မိသလောက် ဒီမကောင်းဆိုးဝါးက အရမ်းမြန်မြန်လှုပ်ရှားနိုင်သင့်တယ်”

သူ ထိုသို့ပြောလိုက်သည်နှင့် မကောင်းဆိုးဝါးကြီးက ရုတ်တရက် အရှိန်မြှင့်လိုက်လေသည်။ ၎င်း၏ ခြေလက်များသည် နံရံများကို ဆုပ်ကိုင်ထားပြီး အသားလွှာများအကြား ဝှက်ထားသော ဦးခေါင်းတစ်ခုတည်းသာ ပါးစပ်ကို ဖွင့်ထားခဲ့သည်။

“ရပ်!”

ကြမ်းတမ်းသောအသံတစ်ခုက အော်ဟစ်လိုက်သည်။ တစ်နည်းနည်းဖြင့် မကောင်းဆိုးဝါးကြီးက အရှိန်လျှော့သွားသည်။

ထိုလူ၏အသံကို ကြားရသောအခါ ကြင်နာတတ်သော ကောင်းမင်သည် နောက်ဆုံးတွင် ထောင့်တစ်နေရာ၌ ဆားနှင့်ငရုတ်ကောင်းရောင်ဆံပင်ရှိသော ‘သက်လတ်ပိုင်းအရွယ် အမျိုးသား’ တစ်ဦးကို တွေ့လိုက်ရသည်။ သူသည် အနက်ရောင်ယူနီဖောင်းကို ဝတ်ဆင်ထားပြီး သူ၏ လက်ကောက်ဝတ်တွင် ထူးဆန်းသောနာရီတစ်လုံး ပတ်ထားလေသည်။ သူသည် သေလုနီးပါးဖြစ်နေသော သူ၏ အဖွဲ့သားနှစ်ဦးကို ကာကွယ်ပေးနေခဲ့သည်။ သူတို့ထဲမှ တစ်ဦးသည် ခြေထောက်များ မရှိတော့ပေ။ ထူးဆန်းစွာပင် ထိုလူ၏ယူနီဖောင်းကို ဝတ်ဆင်ထားသော ခြေထောက်အသစ်တစ်စုံက မကောင်းဆိုးဝါး၏ ဗိုက်ထဲမှ ထွက်လာလေသည်။

“ခေါင်းဆောင်၊ ခင်ဗျားက အဖွဲ့တစ်ရဲ့ မျှော်လင့်ချက်ပဲ ၊ ကျုပ်တို့ကို ဒီအတိုင်း ထားခဲ့လိုက်ပါ!”

“ခင်ဗျား ထွက်သွားမှ ရမယ် !ဒီမကောင်းဆိုးဝါးကို တားဆီးဖို့ ကျုပ်တို့ နေခဲ့မယ်!”

သူ့အဖွဲ့သားနှစ်ဦးက တောင်းပန်နေသည်။ သူတို့သည် သက်လတ်ပိုင်းအရွယ် အမျိုးသားအား သူ့ကိုယ့်သူ ကယ်တင်စေလိုပေသည်။

“ခင်ဗျားရဲ့ အသက်စွမ်းအင်ကို ဆက်မဖြုန်းတီးပါနဲ့တော့ ၊ ကျုပ်တို့ သရဲတက်တူးတွေကို သုံးလို့မရဘူး ၊ ခင်ဗျားရဲ့ ပေးဆပ်မှုက အဓိပ္ပာယ်မရှိဘူး!”

သူ့ဆံပင်များမှာ ဖြူလာပြီး သူ့မျက်နှာပေါ်တွင် အရေးအကြောင်းများ စတင်ပေါ်လာတော့သည်။ ‘သက်လတ်ပိုင်းအရွယ် အမျိုးသား’သည် ဘာမှမပြောဘဲ ဆက်လက်တောင့်ခံထားလေသည်။

ထိုသုံးဦးထဲတွင် သူတစ်ဦးတည်းသာ လှုပ်ရှားနိုင်တော့သည်။ သူသာ ထွက်ပြေးသွားပါက ကျန်နှစ်ဦးမှာ သေဆုံးသွားလိမ့်မည်ဖြစ်သည်။ ထို့အပြင် သူသည်လည်း မကြာမီအချိန်အတွင်း တောင့်ခံနိုင်တော့မည်မဟုတ်ပေ။

“ဒီမူမမှန်ဖြစ်ရပ်က ငါတို့ကို ပစ်မှတ်ထားနေပုံရတယ် ၊ နတ်ဘုရားတွေက သရဲတွေနဲ့ ပတ်သက်တဲ့ စွမ်းအားအားလုံးကို ယူသွားခဲ့ကြပြီ ၊ ငါတို့နဲ့ခြောက်ခြားဂိမ်းကစားသမားတွေဟာ ငါတို့ရဲ့ အကြီးမားဆုံး အားကိုစရာကို ဆုံးရှုံးခဲ့ရတယ် ၊ အရာအားလုံးက ဌာနချုပ်နဲ့ နတ်ဘုရားတွေရဲ့ စီစဉ်မှုကြောင့် ဖြစ်နေပုံပါပဲ”

သက်လတ်ပိုင်းအရွယ် အမျိုးသား၏အမြင်အာရုံ ဝေဝါးလာသောအခါ ကြင်နာတတ်သော ကောင်းမင်နှင့် ပုံမှန်ကောင်းမင်တို့ ပြေးလာကြသည်။ ထိုအထက်တန်းကျောင်းသားနှစ်ဦးသည် ဒဏ်ရာရထားသော အဖွဲ့ဝင်များကို ချီမရန် လှုပ်ရှားလိုက်ကြသည်။

“လာ! ကျွန်တော်တို့ သွားပုန်းကြမယ်!”

ကြင်နာတတ်သော ကောင်းမင်၏ အသံသည် နူးညံ့သော်လည်း သူ့လေသံက ‘သက်လတ်ပိုင်းအရွယ် အမျိုးသား’ ကို အံ့အားသင့်သွားစေ၏။ ထိုသုံးဦးသည် လုံခြုံရေးအဖွဲ့တစ်မှ အဖွဲ့ဝင်များဖြစ်ကြသည်။

ဦးဆောင်နေသော ‘သက်လတ်ပိုင်းအရွယ် အမျိုးသား’မှာ ခေါင်းဆောင်ဖြစ်သည်။

“ကောင်းမင်လား”

သူတို့၏လက်စားချေမည့်ပစ်မှတ်က ပေါ်လာသော်လည်း သူတို့ကို ကယ်တင်ရန် ပေါ်လာခဲ့ခြင်းဖြစ်သည်။

“ခင်ဗျား ကျွန်တော့်ကို သိတာလား”

ပုံမှန်ကောင်းမင်သည် ဒဏ်ရာရထားသော အခြားအဖွဲ့ဝင်ကို ချီမလိုက်သည်။

“ချီးပဲ ..! မင်းတို့က နှစ်ယောက်တောင် ရှိနေတာလား”

All Chapters