← Chapters

အတွင်းပိုင်း ထုတ်လွှင့်မှု

Vol. 25 Ch. 368

အတွင်းပိုင်း ထုတ်လွှင့်မှု

Vol. 25 Ch. 368

“ထူးဆန်းတဲ့ အခန်းနံပါတ်လား”

ကြင်နာတတ်သော ကောင်းမင်နှင့် အဖွဲ့တစ်ခေါင်းဆောင်တို့နှစ်ဦးလုံး စိတ်ဝင်စားသွားကြသည်။သူတို့ ကော်ရစ်ဒါသို့ ဦးဆောင်ထွက်လိုက်သည်။ပထမထပ်တွင် လူများစွာပုန်းအောင်းနေကြသော်လည်း သူတို့ကိုယ်သူတို့ လူလုံးပြရန်ဆန္ဒမရှိချေ။

“ဂရုစိုက်ကြဦး ၊ ဒီနေရာမှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်သွားတာ သိပ်မကြာသေးဘူး”

အိုးရန်စုစုက ကြမ်းပြင်ပေါ်မှ သွေးကွက်များကို ရှောင်ကွင်းလိုက်သည်။

“နာရီဝက်လောက်တုန်းက စုံစမ်းစစ်ဆေးရေးဌာနက လုံခြုံရေးအဖွဲ့ဝင်တစ်ယောက် ချက်ချင်းကြီး ရူးသွားပြီး မကောင်းဆိုးဝါးတစ်ကောင်ကို ဆွဲဆောင်မိသွားတယ် “

“မကောင်းဆိုးဝါးက လူသားခြေလက်တွေဖုံးလွှမ်းနေတဲ့ အကောင်လား”

ကြင်နာတတ်သောကောင်းမင်သည် အဆောက်အအုံထဲတွင် မကောင်းဆိုးဝါးတစ်မျိုးထဲကိုသာ မြင်ဖူးသည်။

“မဟုတ်ဘူး ၊ အဲ့ဒါကကြီးရဲ့ ခန္ဓာကိုယ်က ကြိုးမျှင်သေးသေးလေးတွေနဲ့ လုပ်ထားတာ ၊ ငါတို့ အဲ့ဒါကိုထိလို့ မရပေမယ့် အဲ့ဒါကြီးက ငါတို့ကို လွတ်လွတ်လပ်လပ်တိုက်ခိုက်နိုင်တယ်”

အိုးရန်စုစုသည် ကြင်နာတတ်ကောင်းမင်အား ကော်ရစ်ဒါအလယ်သို့ ခေါ်ဆောင်သွားသည်။ထိုနေရာသည် ထာဝရဘဝအိမ်ရာ၏ အလယ်ဗဟိုလည်း ဖြစ်သည်။

တံခါးသည် တခြားအခန်းများကဲ့သို့ ပုံမှန်ဖြစ်ပုံပေါ်သည်။တစ်ယောက်ယောက်သည် အနီးကပ်မကြည့်ပါက ထိုအခန်းကို အလွယ်တကူ ကျော်မိသွားနိုင်သည်။သူတို့အခန်းထဲ ဝင်ရောက်လိုက်သောအခါ ကြင်နာတတ်သောကောင်းမင်သည် စိတ်ပျက်သွား၏။ထိုသေးငယ်သော အခန်းတွင် ပုံမှန်အပြင်အဆင်များဖြစ်သော ရေချိုးခန်း ၊ အိပ်ခန်းများ ရှိမနေချေ။ထိုအစား မီးခိုးရောင်နံရံကြီးတစ်ခုသာ ရှိသည်။နံရံတစ်လျောက်တွင် တံခါးသုံးချပ်ရှိနေသည်။တံခါးများတွင် အခန်းနံပါတ်များ မရှိသော်လည်း အတိတ် ၊ ပစ္စုပန် ၊ အနာဂတ်ဟူသော နာမည်များရှိနေလေသည်။

“အခန်းအများစုမှာ အခန်းနံပါတ်တွေရှိပေမယ့် ဒီတံခါးသုံးချပ်ကတော့ ထူးဆန်းတဲ့ နာမည်တွေရှိနေပါလား”

ဒေါက်တာလီက တံခါးများထံ လျှောက်သွားလိုက်သည်။သူက သွေးများကို သရဲတက်တူးများ၏ အနက်ရောင်လိုင်းများပေါ်လာသည်အထိ သုတ်ပစ်လိုက်သည်။ထူးဆန်းသောလိုင်းများသည် မကောင်းဆိုးဝါးသုံးကောင်ပုံသဏ္ဌာန်အဖြစ် မတူညီသော တံခါးသုံးချပ်တွင် စုဆုံသွားသည်။

ကြင်နာတတ်သောကောင်းမင်နှင့် အဖွဲ့တစ်ခေါင်းဆောင်တို့သည် အတိတ်အမည်ရှိသော တံခါးပေါ်ရှိ မကောင်းဆိုးဝါးကို မြင်လိုက်ရသည်။ထိုမကောင်းဆိုးဝါးသည် လူသားများကိုအလွယ်တကူဝါးမြိုနိုင်ပြီး သူတို့အသားများကို အစာခြေပစ်နိုင်သော ရုပ်ဆိုးသည့်သရဲတတစ်ကောင်ဖြစ်သည်။

အနာဂတ်အမည်ရှိသောတံခါးပေါ်တွင် လူသားမျက်နှာသဏ္ဌာန်တစ်ခု ခပ်ရေးရေးပေါ်နေလေသည်။၎င်းသည် ပါးလွှာသောကံကြမ္မာကြိုးမျှင်များဖြင့် ပြုလုပ်ထားပုံရသည်။၎င်းသည် လူပုံစံရှိသော ကြယ်ငါးတစ်ကောင်နှင့် တူ၏။

ပစ္စုပန်တံခါးတွင်မူ ဒဏ်ရာများဖုံးလွှမ်းနေပြီး ရှင်းရှင်းလင်းလင်းမမြင်ရသည့် မကောင်းဆိုးဝါးတစ်ကောင်ပုံရိပ်ရှိနေလေသည်။

“ဒီတံခါးသုံးချပ်ကို တစ်ယောက်ယောက်ဖွင့်ခဲ့သေးတာလား”

ကြင်နာတတ်သောကောင်းမင်သည် သိချင်စိတ်ပြင်းပြသွားသည်။

“ဟုတ်တယ်”

ဒေါက်တာလီက တံခါးအောက်ခြေသို့ လက်ဟန်အမူအရာပြသည်။တံခါးအောက်ခြေတိုင်းတွင် အပေါက်တစ်ခုရှိနေလေသည်။

“ငါတို့ ဒီအဆောက်အအုံထဲကို ဝင်လာတုန်းက လက်ဆောင်သေတ္တာတစ်ခုစီ ရခဲ့ကြတယ် ၊ သေတ္တာတွေထဲမှာ ငါတို့တစ်ယောက်ချင်းစီအတွက် အရမ်းအရေးကြီးတဲ့ တစ်စုံတစ်ခုပါဝင်တယ် ၊ ဒီအပေါက်တွေရဲ့ အရွယ်အစားကို သတိထားကြည့် ၊ သေတ္တာတွေက ဒီအပေါက်တွေနဲ့ လုံးဝကွက်တိပဲ ၊ တံခါးတွေကို ဖွင့်ဖို့ ငါတို့ရဲ့သေတ္တာတွေကို အပေါက်ထဲထည့်ရမယ်လို့ လူတစ်ယောက်က ယူဆခဲ့တယ် “

“အစ်ကိုလီနဲ့ ငါက အစောပိုင်းတုန်းက လူတွေအာ့လို လုပ်နေတာမြင်ခဲ့ရတယ် ၊ သူတို့က တံခါးတွေဖွင့်ဖို့ ကြိုးစားနေခဲ့ကြတယ် ၊ ဒါပေမယ့် သူတို့ဝင်သွားပြီးတော့ ဘာအသံမှ မကြားရတော့ဘူး၊တစ်ယောက်မှလည်း ထွက်မလာကြဘူး”

အိုးရန်စုစုသည် အပေါက်များကို သတိကြီးစွာဖြင့် ကြည့်ရှုလိုက်သည်။

“သူတို့ ဘယ်တော့မှ ပြန်ထွက်မလာလောက်တော့ဘူး”

အဖွဲ့တစ်ခေါင်းဆောင်က အေးစက်စွာပြောလိုက်သည်။

“ဒီအဆောက်အအုံထဲက ရွှံ့ရုပ်တုတွေက အရမ်းကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားတယ်၊ သူတို့က ငါတို့သရဲတွေဆီက ရထားတဲ့ စွမ်းအားတွေကို အလွယ်တကူပြန်ယူနိုင်ပြီး ငါတို့ရဲ့ မှတ်ဉာဏ်တွေကိုလည်း အတင်းအကျပ်ပြောင်းပစ်နိုင်တယ် ၊ ဒီလိုမျိုးအစွမ်းထက်တယ်ဆိုရင် သူတို့ဟာ အရမ်းကြောက်စရာကောင်းနေသင့်တယ် ၊ဒါပေမယ့် သူတို့ထွက်ပြေးလာတာ သိပ်မကြာသေးဘူးဆိုတော့ လူတိုင်းရဲ့ မှတ်ဉာဏ်တွေကို စုဆောင်းဖို့ သူတို့က အားနည်းနေတုန်းပဲ “

“ကျွန်တော်နားလည်ပြီထင်တယ် ၊ လက်ဆောင်တွေဆိုတာ နတ်ဘုရားတွေတောင် ကျွန်တော်တို့ဆီက ဖယ်ရှားဖို့ခက်ခဲတဲ့ မှတ်ဉာဏ်ပဲ “

“မှန်တယ် ၊ ဟန်ဟိုင်းက အသန်မာဆုံးလူသားတွေက ဒီမူမမှန်ဖြစ်ရပ်ထဲမှာ စုဝေးနေကြတာလေ “

အဖွဲ့တစ်ခေါင်းဆောင်က တံခါးများကို တစ်ချက်ကြည့်လိုက်သည်။

“နတ်ဘုရားတွေမှာ လူတိုင်းရဲ့အဖိုးတန်ဆုံးမှတ်ဉာဏ်ကို အလျင်အမြန်ရယူနိုင်မယ့်နည်းလမ်းမရှိဘူး ၊ ဒါကြောင့် သူတို့က ဒီလှည့်ကွက်ကိုသုံးပြီး ငါတို့ရဲ့ မှတ်ဉာဏ်တွေကို ငါတို့ဆန္ဒအလျောက်ပေးလာဖို့ လုပ်နေတယ်လို့ ငါသံသယရှိတယ် “

“ထွက်ပေါက်တွေက မတူညီတဲ့ တံခါးသုံးချပ်ပဲ ၊ ငါတို့ထွက်သွားချင်တယ်ဆိုရင် ငါတို့ရဲ့ တန်ဖိုးအရှိဆုံးမှတ်ဉာဏ်တွေကို စတေးပစ်ဖို့လိုတယ် ၊ ဒါပေမယ့် ငါတို့ မှတ်ဉာဏ်တွေကို ဆုံးရှုံးလိုက်ရတာနဲ့ ငါတို့ဟာ ငါတို့အစစ်အမှန်ဖြစ်ပါ့ဦးမလား”

အဖွဲ့တစ်ခေါင်းဆောင်သည် အသံတိုး၍ ပြောနေခြင်းမဟုတ်သောကြောင့် အခြားပုန်းအောင်းနေသူများလည်း သူ့စကားကို ကြားကြသည်။

“ထွက်ပေါက်အစစ်က ဒီမှာ မရှိတဲ့ပုံပဲ”

ပုံမှန်ကောင်းမင်သည် အခန်းထဲမဝင်ခဲ့ပေ။သူက ကော်ရစ်ဒါရှိ ကွဲကြေနေသော ပြတင်းပေါက်များကို‌ လေ့လာနေခြင်းဖြစ်သည်။ချွန်ထက်သော မှန်ကွဲစများက နေရာအနှံ့ပင်။ပြတင်းပေါက်ဘောင်မှ သွေးများတစ်စက်စက် စီးကျနေလေသည်။ပြတင်းပေါက်အပြင်ဘက်ရှိ အမည်မသိအမှောင်ထုကြီးက သူ့အားဆင့်ခေါ်နေပုံရသည်။

အမှောင်ထုကြီးအား စိုက်ကြည့်နေရင်း သူ့မျက်လုံးများသည် ညနှင့်ပေါင်းစည်းလာ၏။အချိန်က နှေးကွေးစွာ စီးဆင်းသွားသည်။သူသည် ပြတင်းပေါက်အနီး တဖြည်းဖြည်းတိုးကပ်သွားနေရာ တစ်စုံတစ်ယောက်က သူ့အားနောက်ပြန်ဆောင့်ဆွဲလိုက်သည်။ထို့နောက်မှသာ သူသတိဝင်လာတော့သည်၊။

ပြတင်းပေါက်အပြင်ဘက်တွင် လျှာနီကြီးတစ်ခုက သွေးများကို လျက်နေခဲ့သည်။ထိုအရာကြီးသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။

ပုံမှန်ကောင်းမင် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ထို့နောက် သူသည် တနည်းနည်းဖြင့် ပြတင်းပေါက်အနီးရောက်သွားခဲ့ကြောင်း သတိထားမိသွား၏။တစ်ယောက်ယောက်သာ သူ့နောက်ကျောကို အစောပိုင်း မဆွဲခဲ့လျင် သူ့ခန္ဓာကိုယ်အပေါ်ပိုင်းသည် ပြတင်းပေါက်အပြင်ဘက်သို့ မှီနေလောက်ပြီဖြစ်သည်။

“ကျေးဇူးတင်ပါတယ်…”

ပုံမှန်ကောင်းမင် နောက်လှည့်ကြည့်လိုက်သော်လည်း သူ့ပတ်ဝန်းကျင်တွင် ဘယ်သူမှ ရှိမနေချေ။သို့သော်လည်း အစောပိုင်းက သူ့အားတစ်ယောက်ယောက်ဆွဲခဲ့သည်ကို ခံစားမိသည်။

“တစ်ယောက်ယောက်က ငါ့ကျောပိုးအိတ်ကိုဆွဲပြီး ငါ့ကိုနောက်ပြနန်ဆွဲလိုက်တာ …”

စိတ်ရှုပ်ထွေးစွာဖြင့် ပုံမှန်ကောင်းမင်သည် စစ်ဆေးကြည့်ရန် သူ့ကျောပိုးအိတ်ကို ဖွင့်လိုက်သည်။သူ့ဒိုင်ယာရီနှင့် အစားအသောက်များအပြင် ကြောက်စရာဓာတ်ပုံတစ်ပုံသာရှိသည်။

“ပစ္စုပန် ၊ အရေးအကြီးဆုံးမှတ်ဉာဏ်….ဒီဓာတ်ပုံမှာ တခြားအသုံးဝင်တာ ရှိတဲ့ပုံပဲ…”

ကောင်းမင်က ဓာတ်ပုံကို တိတ်တဆိတ်ပွတ်သပ်လိုက်သည်။ဓာတ်ပုံထဲတွင် ကောင်းမင်တစ်ယောက်တည်းသာ ရှိသော်လည်း မိဘများမှာ မရေမတွက်နိုင်အောင်ရှိနေလေသည်။

“အခန်း ၀၇၁၅ တိုင်းမှာ ကောင်းမင်တစ်ယောက်စီ ရှိတယ်၊ ဒါပေမဲ့ သူတို့ထဲက ဘယ်သူ့မှာမှ မိဘတွေ ပါမလာတာ ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ ၊ သူတို့က လူတိုင်းရဲ့ ဒိုင်ယာရီတွေထဲမှာ ပါနေကြတာ..."

“ဟေး”

ကြင်နာတတ်သောကောင်းမင် အပြေးရောက်လာ၏။

“မင်းတစ်ယောက်ထဲ ခွဲထွက်မသွားနဲ့ဟ”

“ကောင်းပါပြီ”

ပုံမှန်ကောင်းမင်က ဓာတ်ပုံကို သိမ်းဆည်းလိုက်ပြီး ပေါင်မုန့်ပိုင်းတစ်ခုထုတ်၍ စားလိုက်သည်။

ယင်းကိုမြင်သောအခါ ကြင်နာတတ်သောကောင်းမင်က ဗိုက်ဆာလာသည်။

"ငါတို့ တံခါးပေါက်သုံးပေါက်ထဲကို ဝင်ဖို့ လက်ဆောင်တွေ လိုတယ် ၊ ငါ လိုက်မေးကြည့်တော့ အခန်းတိုင်းမှာ သွေးနီရောင် လက်ဆောင်တစ်ခုစီ ရှိရမယ်လို့ ပြောတယ် ၊ ဒါပေမဲ့ ငါ့အခန်းထဲမှာတော့ တစ်ခုမှ မတွေ့ခဲ့ရဘူး"

ကြင်နာတတ်သောကောင်းမင်သည် ပုံမှန်ကောင်းမင်ထံချဉ်းကပ်လိုက်သည်။

“ငါထင်တာကတော့ ကောင်းမင်အစစ်ပဲ လက်ဆောင်ရလိမ့်မယ်ထင်တယ် ၊ ဒါကို ဘယ်သူ့မှ မပြောနဲ့နော် ၊ ငါတို့ သူ့ကို သွားရှာရအောင် “

“ကောင်းပြီ”

ပုံမှန်ကောင်းမင်က သူ့ခေါင်းကို ငုံ့လိုက်သည်။

ကြင်နာတတ်သော ကောင်းမင်က ပုံမှန်ကောင်းမင်သည် ပြတင်းပေါက်အပြင်ဘက်တွင် သူမြင်ခဲ့ရသောအရာကြီးကြောင့် ကြောက်ရွံ့နေသည်ဟု တွေးလိုက်သည်။ထိုလူ၏ ပုခုံးကို သူသွားဖက်လိုက်သည်။

“ခေါင်းမော့ထား ၊ ငါတို့ဘက်မှာ လူအများကြီးရှိတာပဲ ၊ ငါတို့ ဒီနေရာက အသေအချာကို ထွက်နိုင်မှာပါ”

ကြင်နာတတ်သော ကောင်းမင်ဆက်မပြောရသေးခင် ထာဝရဘဝအိမ်ရာ၏ ဝိုင်ယာကြိုးအဟောင်းများ တဖျစ်ဖျစ်မြည်လာလေသည်။အဆောက်အအုံအတွင်းရှိ စပီကာဟောင်းများမှ ဖုန်မှုန့်များ လွင့်ပျံသွားသည်။ယင်းသည် အသံလွှင့်နေခြင်းပင်။

“လူချမ်းသာရပ်ကွက်နဲ့ ထာဝရဘဝအိမ်ရာက အပြင်လူတို့ … အသက်ရှင်ကျန်ရစ်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် “

စပီကာများထဲမှ အထက်တန်းကျောင်းသာတစ်ယောက်၏ အသံတစ်သံထွက်လာလေသည်။ အသံလွှင့်ခြင်းကို ရှင်းရှင်းလင်းလင်းကြားရရန် လူတိုင်း ကော်ရစ်ဒါထဲပြေးထွက်လာကြ၏။

“ငါ့နာမည်က ကောင်းယန် ၊ ငါက ဟန်သဲ့ကိုယ်ပိုင်ကျောင်း အဆင့်၄ မူမမှန်မှုရဲ့ ကျောင်းသားကောင်စီဥက္ကဌပဲ ၊ ငါက အခန်း၁၃ရဲ့ ၅၁ယောက်မြောက်ကျောင်းသားပဲ ၊ငါဟာ မြို့တော်အရှေ့ပိုင်းက စီတုအန်းရဲ့ အင်အားစုတွေကို သိမ်းပိုက်ခဲ့တဲ့ အစစ်အမှန်ကြိုးကိုင်သူလည်း ဖြစ်တယ် “

“မင်းတို့တွေ ဒီနေရာမှာ ရူးသွပ်သွားပြီး ထာဝရမနေခဲ့ချင်ဘူးဆိုရင် ငါပြောတာကို လေးလေးနက်နက် နားထောင်ကြမယ်လို့ မျှော်လင့်တယ်”

All Chapters