← Chapters

ကောင်းမင်ရဲ့ လူသေဓာတ်ပုံအသစ်လား

Vol. 25 Ch. 370

ကောင်းမင်ရဲ့ လူသေဓာတ်ပုံအသစ်လား

Vol. 25 Ch. 370

ခြောက်ခြားဂိမ်းကစားသမားများသည် အစကတည်းက စုံစမ်းစစ်ဆေးရေးဌာနမှ လုံခြုံရေးအဖွဲ့ဝင်များကို မကြိုက်ကြပေ။ယွမ်ဟွေ့ သူ့အခြေအနေကို ကိုယ်ထင်ပြလာသောအခါ သူနှင့်နီးကပ်နေသော လူများက ချက်ချင်းဘေးသို့ ရှဲသွားကြသည်။ယင်းသည် တူတူပုန်းတမ်းကစားနေခြင်း မဟုတ်ခြင်းကြောင့် သူတို့အချိန်မရွေး သေဆုံးသွားနိုင်သည်။မည်သူကမှ သူစိမ်းတစ်ယောက်၏ ကြင်နာမှုအတွက် သူတို့အသက်ကို အလောင်းအစားလုပ်မည်မဟုတ်ပေ။ ယွမ်ဟွေ့ဆွဲယူလာသော အလောင်းကိုမြင်လိုက်ရသဖြင့် ကြင်နာတတ်သောကောင်းမင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။အလောင်းတွင် ဒဏ်ရာများစွာဖုံးလွှမ်းနေပြီး ရင်ဘတ်တွင်လည်း ဧရာမအပေါက်ကြီးတစ်ပေါက်ရှိနေခဲ့သည်။

“သူတို့က သေနေတဲ့အလောင်းကိုတောင် မလေးမစားလုပ်တတ်တယ် ၊စုံစမ်းစစ်ဆေးရေးဌာနက တကယ့်မကောင်းဆိုးဝါးပဲ”

“သူ့လည်ပင်းမှာ ကြိုးဆွဲချထားတဲ့အမှတ်အသားရှိတယ် ၊ ပြီးတော့ သူ့ရင်ဘတ်ကိုလည်း ခွဲခံထားရတယ် ၊ ဒဏ်ရာတွေကလည်း မနည်းမနောပဲ ၊ သူ့ယူနီဖောင်းအရဆို သူက ကျောင်းသားလေးပဲ ရှိသေးတာ”

“ဘယ်လို တိရိစ္ဆာန်ကောင်လဲကွာ”

တီးတိုးပြောဆိုသံများကြောင့် အဖွဲ့တစ်ခေါင်းဆောင် မျက်မှောင်ကြုတ်သွားသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် စုံစမ်းစစ်ဆေးရေးဌာန၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်နေဆဲသာ။ဝေဖန်သံများက သူ့ကို ခံစားချက်ကောင်းမနေစေပါချေ။

ယွမ်ဟွေ့သည် အလောင်းကိုဆွဲလာရင်း ခန်းမထဲဝင်လာခဲ့သည်။

“ဥပဒေမဲ့ အုပ်စုပဲ”

အိုးရန်စုစုသည် သူမအိတ်ထဲမှ ဘောလုံးကို လှမ်းကိုင်လိုက်သည်။သူမသည် ယွမ်ဟွေ့အား ဘောလုံးဖြင့် တကယ်ကြီးပစ်ပေါက်ချင်နေခြင်းဖြစ်သည်။

“ယွမ်ဟွေ့က ငတုံးမဟုတ်ဘူး ၊ သူ ဒါကို လုပ်ပြနေတာရည်ရွယ်ချက်ရှိတယ် ၊ သူ့အဖွဲ့သားတွေ အမှောင်ထဲမှာ လှုပ်ရှားလို့ရအောင် သူက အာရုံလွှဲနေတာပဲ “

အဖွဲ့တစ်မှ ထိုလူက အကြည့်ကိုရုတ်သိမ်းလိုက်ပြီး သတိပေးလိုက်သည်။

“အလျင်စလို မလုပ်ကြနဲ့”

ယွမ်ဟွေ့ ကစားသမားများကို စစ်ဆေးလိုက်ရာ မည်သူကမှ သူနှင့် အကြည့်ချင်းမဆုံဝံ့ပေ။

“ငကြောက်အုပ်စုတွေပဲ …ဟမ်…”

လုံခြုံရေးကော်ရစ်ဒါထဲရှိ လျိုယီကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများ ပြူးကျယ်သွားသည်။သူက အမှိုက်များကို ကန်ထုတ်လိုက်ပြီး အလောင်းကိုဆွဲကာ ကော်ရစ်ဒါဆီသို့ အပြုံးတစ်ခုဆင်မြန်းလျက် သွားလိုက်သည်။လျိုယီအနည်းငယ် နောက်ဆုတ်လိုက်သည်။အရိပ်တစ်ခုက တစ်ဖက်ခန်းထဲ ဝင်ပုန်းလိုက်သည်။

“အခန်းဖော်ဟောင်းကြီးရေ …ငါတို့ ထပ်တွေ့ပြန်ပြီနော်”

ယွမ်ဟွေ့သည် လျိုယီအား ခေါင်းအစခြေအဆုံး စစ်ဆေးလိုက်သည်။သူ့အကြည့်သည် မနှစ်မြို့ဖွယ်ဖြစ်ပြီး အနှောက်အယှက်ပေးလှသည်။

“ဟန်သဲ့ ကိုယ်ပိုင်ကျောင်းမှာတုန်းက လူတွေအရမ်းများနေလို့ ငါတို့ စကားတောင်သေချာ ပြောခွင့်မရလိုက်ဘူးနော် “

လျိုယီကား စကားပြန်ပြောရန် ရည်ရွယ်ချက် မရှိပါချေ။

ယွမ်ဟွေ့က အလျှော့မပေးခဲ့ချေ။အလောင်းအား ဆံပင်မှ ဆွဲမလိုက်သည်။

“မင်းက ခြောက်ခြားဂိမ်းကစားသမားတစ်ယောက်ဆိုတာ ငါသိပါတယ် ၊ အခွင့်ရေးရတိုင်း စုံစမ်းစစ်ဆေးရေးဌာနကို ဆန့်ကျင်နေတယ်ဆိုတာလည်း ငါသိတယ် ၊ ငါမင်းကို နောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်…”

“မင်းအမေကို အခွင့်အရေးပေးလိုက်”

ဖန်လီက လျိုယီကို ကာကွယ်လိုက်သည်။

“ထွက်သွား ၊ ငါမင်းကို ဓားနဲ့ ခုတ်ချင်အောင် မလုပ်နဲ့”

ဖန်လီအား လျစ်လျူရှုထားရင်း ယွမ်ဟွေ့၏အပြုံးမှာ ပိုမိုတောက်ပလာသည်။သူသည် အလောင်း၏ခေါင်းကို ဖြည်းညင်းစွာလှည့်လိုက်ရင်း ကောင်းမင်၏မျက်နှာကို ထုတ်ဖော်လိုက်သည်။

“မင်း ဒီမျက်ခွက်ကို ရင်းနှီးမနေဘူးလား၊ မင်းက ကောင်းမင်နဲ့ မိတ်ဆွေကောင်းတွေဆိုတာ ငါသိတယ် ၊ မင်း မှားယွင်းတဲ့လမ်းကြောင်းအတိုင်း အတင်းအကျပ်ဆက်သွားနေမယ်ဆိုရင် ဒါက မင်းရဲ့အဆုံးသတ်ပဲ “

လျိုယီသည် မတုန်မလှုပ်ရှိနေသော်လည်း ကောင်းမင်၏အလောင်းကို မြင်သောအခါ ဖန်လီ၏နူတ်ခမ်းများ တုန်ယင်သွားသည်။

အနီးအနားရှိကစားသမားများက ကောင်းမင်အကြောင်းကို ကြားဖူးကြသည်။ ဒဏ္ဍာရီအရ ကောင်းမင်၏အထောက်အထားများမှာ မတူညီကြပေ။သူသည် ဆရာတစ်ယောက်၊ စားဖိုမှူးတစ်ယောက်၊ဆရာဝန်တစ်ယောက် စသဖြင့်ဖြစ်သည်။သူတို့အား ပေါင်းစည်းစေသည့် အရာမှာ ရှင်သန်နိုင်ခဲ့သူများသည် ကောင်းမင်၏ကယ်တင်ခြင်းကို ခံခဲ့ရသူများဖြစ်သည်။သေမည် သေချာသောအခြေအနေမှ သူတို့ကို ကယ်တင်ခဲ့သူမှာ ကောင်းမင်ပင်ဖြစ်သည်။

မူမမှန်ဖြစ်ရပ်များတွင် ခြောက်ခြားဂိမ်းကစားသမားများကို မကြာခဏ ကူညီပေးခဲ့သော ကြင်နာတတ်သည့် ထိုလူ(အမှောင်ထု၏ ဒဏ္ဍာရီတစ်ယောက်)သည် သေဆုံးသွားခဲ့ပြီး စစ်ပွဲ၏သားကောင်အဖြစ်ပြောင်းလဲသွားခဲ့ချေပြီ။

“ကောင်းမင်ကို သတ်ခဲ့တဲ့သူက ငါပဲ ၊ အခု အခန်း၁၃အတွက် မှန်ကန်တဲ့လမ်းကြောင်းကို ပြန်သွားဖို့ အချိန်တန်ပြီ ၊မင်းတို့ရဲ့တစ်ခုတည်းသော ရွေးချယ်မှုက မင်းတို့ရဲ့အတန်းခေါင်းဆောင်ဖြစ်တဲ့ ငါ့ကို ရွေးချယ်ဖို့ပဲ “

ယွမ်ဟွေ့သည် ကောာင်းမင်၏ဆံပင်အား ဆုပ်ကိုင်ထားသော်လည်း သူ့အကြည့်များက လျိုယီအပေါ်တွင် ရှိနေခဲ့သည်။

“မင်းက ငါတွေ့ဖူးသမျှ မိန်းမတွေထဲမှာ ဉာဏ်အကောင်းဆုံးမိန်းမပဲ ၊ မင်းရဲ့အဖြေကို ငါမျှော်လင့်နေတယ် ၊ ငါ့ကို အကြာကြီးစောင့်ရအောင် မလုပ်နဲ့”

“ယွမ်ဟွေ့လား”

သူ၏သွေးနီရောင် ဆက်သွယ်ရေးစက်က မှိတ်တုတ်မှိတ်တုတ်ဖြစ်သွား၏။ကော်ရစ်ဒါ အခြားတစ်ဖက် ကျိုးကျွင်းအသံထွက်ပေါ်လာလေသည်။သူ၏ကြီးမားလှသော ခန္ဓာကိုယ်တွင် ဆေးသားများဖြင့် စွန်းပေနေလေသည်။သူ့မျက်လုံးတစ်ဖက်မှာ ညစ်ပတ်နေသော သွေးခဲများဖြင့် ပိတ်ဆို့နေသည်။သူသည် သနားစဖွယ်ပုံစံ ဖြစ်နေလေသည်။

“ခေါင်းဆောင်ကျိုး ၊ မင်းဘာဖြစ်လာတာလဲ”

ယွမ်ဟွေ့သည် ကျိုးကျွင်းထက် ရာထူးနိမ့်သော်လည်း သူသည် ထိုလူအား အမှုထမ်းရန် စိတ်မပါပေ။

“ငါ ကောင်းမင်နောက်လိုက်နေတာ ၊ ဒီအရှက်မရှိတဲ့ကောင်က ထူးထူးဆန်းဆန်းစွမ်းအား တချို့ကို သင်ထားတော့ ရွှံ့ရုပ်တုတောင် သူ့ကို မဖိနှိပ်နိုင်ဘူး”

ကျိုးကျွင်းက ယွမ်ဟွေ့ကို အမိန့်ပေးလိုက်သည်။

“မင်းမှာ စားစရာတစ်ခုခု ရှိလား၊ ငါဗိုက်အရမ်း ဆာနေပြီ”

“မင်း သူ့နောက်လိုက်စရာမလိုတော့ဘူး”

ယွမ်ဟွေ့က ကောင်းမင်၏အလောင်းကို ကျိုးကျွင်းဆီသို့ တွန်းပို့လိုက်သည်။

“သူ သေပြီ”

ထိုလူ၏မျက်နှာကို မြင်လိုက်ရသဖြင့် ကျိုးကျွင်းသည် သရဲတစ်ကောင်ကို တွေ့လိုက်ရသလိုမျိုး ဖြစ်သွားသည်။

“သူက ဘာလို့ ဒီရောက်နေတာလဲ “

“သူက အမြဲတမ်းဒီမှာ ရှိနေခဲ့တာပဲလေ”

ယွမ်ဟွေ့သည် ကောင်းမင်၏ခေါင်းပေါ်သို့ လက်ဖြင့်ဖိလိုက်ပြီး ပတ်ပတ်လည်ကို ကြည့်ကာ အခန်းထဲရှိ လူအားလုံးကို လှမ်းပြောလိုက်သည်။

“မင်းတို့ ခြောက်ခြားဂိမ်းကစားသမားတွေလို့ ခေါ်နေတဲ့လူတွေဟာ ကောင်းမင်ရဲ့ လှည့်စားတာကို ခံခဲ့ရတဲ့ သာမန်အရပ်သားတွေပဲ ၊ မင်းတို့ အခက်အခဲတွေကို ငါသိပါတယ်၊ အခု အဓိကနတ်ဆိုးကို နှိမ်နှင်းလိုက်ပြီဆိုတော့ မင်းတို့သာ စုံစမ်းစစ်ဆေးရေးဌာနနဲ့ ပူးပေါင်းမယ်ဆိုရင် ငါမင်းတို့ကို မူမမှန်ဖြစ်ရပ်ထဲကနေ လုံလုံခြုံခြုံခေါ်ထုတ်သွားပြီး လုံခြုံရေးဌာနကိုပါ ဝင်နိုင်အောင် ကူညီပေးလို့ရတယ်”

“ကောင်းမင်က တကယ်ကြီး အသတ်ခံလိုက်ရပြီလား”

“ဒါပေမယ့် သူက ရေသေဖိုရမ်ရဲ့ တည်ထောင်သူလေ”

“သူ့အသံက နောက်နေပုံမရဘူးနော်”

“သေချာတာပေါ့ကွ ၊ ဒီလို ကိစ္စကို ဘယ်သူနောက်ပြောင်ရဲမှာလဲ ၊ဒီလူက သွေးလက်ပတ်ဝတ်ထားတာဆိုတော့ လုံခြုံရေးဌာနကပဲ “

လူသားဆန်မှုသည် အစမ်းသပ်မခံနိုင်ပေ။အနီးအနားရှိ ကစားသမားများက စတင်၍ တခြားအတွေးများ ဝင်လာကြတော့သည်။သူတို့သည် အခြားရွေးချယ်စရာများကို ထည့်သွင်းစဉ်းစားရတောာ့မည်ဖြစ်သည်။ လူများသည် အချင်းချင်းတီးတိုးတီးတိုး ပြောဆိုကြတော့သည်။ယွမ်ဟွေ့သည် ထိုအခိုက်အတန့်အား အလွန်ပျော်ရွှင်နေလေသည်။သူသည် လူတိုင်း သဘောကျသည့် မိန်းကလေး၊ သူ မုန်းတီးသော ကစားသမားများနှင့် သူ့ကို အထင်သေးသော ကျိုးကျွင်းတို့၏ တစ်ခုတည်းသော အာရုံစူးစိုက်ရာ ဖြစ်လာခဲ့သည်။ယွမ်ဟွေ့သည် ကောင်းမင်အား အမှိုက်သဖွယ် ကျိုးကျွင်းဆီသို့ ပစ်ချလိုက်သည်။

“မင်းရဲ့ခန္ဓာကိုယ်ထဲက လူသေဓာတ်ပုံအပိုင်းအစကိုလည်း ဒီထဲကို ပို့လိုက်”

ကျိုးကျွင်းသည် လူသေဓာတ်ပုံအပိုင်းအစများ၏ တည်ရှိမှုကို မဖော်ထုတ်ချင်သောကြောင့် ချီတုံချီချဖြစ်နေခဲ့သည်။

“မင်း ငါ့ကို မယုံဘူးလား ၊ ငါက သူ့ကို မသတ်နိုင်ဘူးလို့ ထင်နေတာလား”

ယွမ်ဟွေ့ ရယ်မောလိုက်သည်။ပတ်ဝန်းကျင်မှာ လွန်စွာတိတ်ဆိတ်နေလေသည်။ဘယ်သူမှ စကားမပြောရဲကြပေ။

ယွမ်ဟွေ့ပြောစကားကြောင့် ကျိုးကျွင်းက သူ့လက်မောင်းကို အလောင်း၏ ရင်ဘတ်နားရွေ့လိုက်သည်။နာကြင်မှုကြောင့် သူအံတင်းတင်းကြိတ်လိုက်မိသည်။အပိုင်းအစများသည် တစ်ခုတစ်ခုကို အာရုံခံမိလိုက်သကဲ့သို့ သူ့အသားထဲမှ အတင်းအကျပ်တိုးထွက်လာကြသည်။

သူ့သွေးကြောများ ဖောင်းကြွလာ၏။သူ့အရေပြားများအောက်တွင် ငါးများကူးခတ်နေသကဲ့သို့ပင်။သူသည် နာကျင်မှုကြောင့် အသံပင်မထွက်နိုင်တော့ချေ။သူသည် ယွမ့်ဟွေ့ကို သူ့အားထိန်းထားပြောချင်သော်လည်း သူခေါင်းမော့လိုက်သောအခါ သူ့အကြည့်များအေးခဲသွားသည်။သူသည် ယွမ်ဟွေ့နောက်ဘက်ရှိ လုံခြုံရေးကော်ရစ်ဒါကို ကြောင်အအဖြင့် ကြည့်လိုက်လေသည်။

မီးသီးများပိတ်သွားပြီး အမှောင်ထဲမှ လူတစ်ယောက်လှမ်းထွက်လာခဲ့သည်။မီးများ ပြန်လင်းလာသောအခါ ကစားသမားတိုင်း၏ အကြည့်များ ပြန်လည်လှုပ်ရှားလာကြလေသည်။

မှိန်ဖျော့ဖျော့အလင်းရောင်သည် ထိုလူ့အပေါ်ထွန်းလင်းနေပြီး အချိန်ကြာမြင့်စွာမြှပ်နှံခံထားခဲ့ရသော မျှော်လင့်ချက်လေးတစ်ခုကို ပြန်လည်အမှတ်ရစေသည်။သွေးများသည် ဆေးရောင်များဖြင့် ရောယှက်နေ၏။ထိုလူသည် ကျောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး နွေးထွေးသောအပြုံးတစ်ခုရှိနေလေသည်။

“ကျိုးကျွင်း မင်းမျက်လုံးကို ပြန်မလိုချင်တော့ဘူးလား”

ကောင်းမင်၏ အသံက ကော်ရစ်ဒါထဲတွင် ပဲ့တင်ထပ်သွားသည်။သူ့လက်ဖဝါးကို ဖွင့်လိုက်ပြီး ကျိုးကျွင်း၏မှိတ်နေသော မျက်လုံးကို ရေးဆွဲထားသည့် ပန်းချီကားကို ထုတ်ပြလိုက်သည်။

ရင်းနှီးနေသော အသံကြောင့် ကျိုးကျွင်းသည် မုန်းတီးမှုများဖြင့် အံတင်းတင်းကြိတ်လိုက်သည်။နောက်တစ်စက္ကန့်တွင် သူ၏ လက်မောင်းထဲမှ ဓာတ်ပုံအပိုင်းအစသည် အပြင်သို့ ထွက်ကျလာပြီး ကောင်းမင်၏ ရုပ်အလောင်းထဲသို့ ဝင်ရောက်သွားတော့သည်။ အပိုင်းအစများသည် ကောင်းမင်၏ ရုပ်အလောင်းအတွင်း၌ ပြည့်စုံသွားသည်။ ကျိန်စာမှာ ပျောက်ကွယ်သွား၏။ ကျိုးကျွင်း ကြောင်အသွားသည်။

ယွမ်ဟွေ့လည်း ပြဿနာကို သဘောပေါက်သွားသည်။ သူ လှည့်ကြည့်လိုက်သည်။ ပန်းချီဆရာကောင်းမင်ကို သူမြင်လိုက်ရသောအခါ သူ့မျက်နှာပေါ်ရှိ အမူအရာသည် စိတ်ဝင်စားစရာကောင်းလွန်းလှသည်။

All Chapters