← Chapters

ခွန်အားရဲ့ ဥပဒေကို လေ့လာပါ

Vol. 25 Ch. 373

ခွန်အားရဲ့ ဥပဒေကို လေ့လာပါ

Vol. 25 Ch. 373

ချိုမြိန်မှုများဖြင့် မှတ်ဉာဏ်များသည် အတိတ်၏အကြိုက်ဆုံးအစားအစာပင်။ အကြောက်တရားဖြင့် စိုရွှဲနေသောမှတ်ဉာဏ်များဖြစ်ခဲ့လျှင် သာ၍ပင် ပြည့်စုံသေးသည်။

ခန်းမထဲတွင် အော်ဟစ်သံများ တစ်သံပြီးတစ်သံထွက်ပေါ်လာရာ အတိတ်အား လွန်စွာစိတ်လှုပ်ရှားစေသည်။သက်ရှိများ၏ အကြောက်တရားသည် ရေခဲဝိုင်နှင့်တူ၏။ လူအုပ်ကြားထဲတွင် ရွံစရာတချို့ရှိနေသော်လည်း ၎င်းက ယင်းကို ရှောင်ကွင်းသွားမည်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ အကြီးဆုံးမားဆုံး စားသောက်ပွဲကြီးကို ကျင်းပမည်ဖြစ်သည်။

အတိတ်သည် သူ၏ပထမဆုံးအစားအစာကို အလွယ်တကူရခဲ့သဖြင့် သတိပေါ့လျော့သွားသည်။၎င်းက ထိုလူကို မြိုချလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်တွင် ခြေလက်အသစ်တစ်စုံ ပေါက်လာလေသည်။၎င်းက လူအုပ်ကြီးကို ထပ်မံတိုက်ရန် လက်သည်းများကို နံရံထဲကုတ်၍ အနေအထားကို ချိန်ညှိလိုက်သည်။

နောက်ထပ် အော်ဟစ်သံတစ်လှိုင်းထွက်ပေါ်လာ၏။လူအုပ်ကြီးမှာ အလယ်ဗဟိုသို့ရောက်ရန် သူတို့တိုးနိုင်သမျှ တိုးကြတော့သည်။တစ်စုံတစ်ယောက်၏ အော်ဟစ်သံရပ်တန့်သွားသည်နှင့် မကောင်းဆိုးဝါးက ထပ်မံ အမဲလိုက်တော့မည်ကို သူတို့သိကြသည်။

“ကျွန်တော်တို့ ဒီအတိုင်းဆက်ဖြစ်ခိုင်းနေလို့ မရတော့ဘူး”

ကြင်နာတတ်သောကောင်းမင်က အဖွဲ့တစ်ခေါင်းဆောင်ကို ဖမ်းဆွဲလိုက်သည်။အခြားလူများသည် အလယ်ဗဟိုသို့ ပိုနီးကပ်စွာသွားနိုင်ရန်သာ စိတ်စောနေကြသည်။ ကြင်နာတတ်သောကောင်းမင်တစ်ယောက်သာ လူအုပ်အပြင်ဘက်စွန်းတွင် ရပ်လျက် သူ့နောက်မှ ပုံမှန်ကောင်းမင်ကို ကာကွယ်ပေးထား၏။

“မကောင်းဆိုးဝါးက ပိုစားရလေလေ ပိုသန်မာလေ ဖြစ်နေမှာပဲ ၊ မကောင်းဆိုးဝါးသာ သူ့အကန့်အသတ်ကို ချိုးဖျက်နိုင်သွားရင် ကောင်းယန်တောင်မှ ဘာမှ လုပ်နိုင်တော့မှာမဟုတ်ဘူး”

အဖွဲ့တစ်ခေါင်းဆောင်မှာ စိတ်လှုပ်ရှားနေရသည်။အခြားလူများကို အားကိုးခြင်းက ထိုပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း သူယုံကြည်သည်။

“မင်းတို့နှစ်ယောက် ကောင်းယန်ကို သွားဖမ်းလာခဲ့လိုက် ၊ မကောင်းဆိုးဝါးကို ငါအာရုံလွှဲထားပေးမယ် ၊ မကောင်းဆိုးဝါး ငါ့ကိုစားဖို့ ကြိုးစားလာရင် ငါ့စွမ်းအားနဲ့ အချိန်ကိုရပ်ထားပေးမယ်”

ဖြူဆွတ်နေသောဆံပင်များသည် သူ့နဖူးတစ်ဝိုက်တွင် တလွင့်လွင့်ဖြစ်နေလေသည်။ထိုလူက ပြောသည်။

“ငါ မင်းတို့အတွက် အချိန်သုံးစက္ကန့်ရအောင် ငါဖန်တီးပေးမယ်၊ မင်းတို့က ကောင်းယန်ကို မကောင်းဆိုးဝါးပါးစပ်ထဲ ပို့ပေးဖို့လိုတယ်”

ထိုလူက ကြီးမားသောဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည်။သူ့အသက်အား ကောင်းမင်တို့လက်ထဲတွင် အပ်နှံထားရန် ဆုံးဖြတ်လိုက်၏။

အော်ဟစ်သံက တိတ်ဆိတ်သွားသည်။ဒုတိယမြောက်လူသားကား စားခံလိုက်ရချေပြီ။အတိတ်သည် ဘယ်သူမှ မလွတ်မြောက်နိုင်သော ကျိန်စာဖြစ်သည်။လူသားများသည် ၎င်း၏စားသောက်ခြင်းကို ခံရမည်ဖြစ်ပြီး ၎င်း၏တစ်စိတ်တစ်ပိုင်း ဖြစ်လာကြတော့မည်ဖြစ်သည်။လက်ချောင်းများက နံရံများတစ်လျှောက်ရွေ့လျားနေပြီး မကောင်းဆိုးဝါးသည် အရွယ်နှင့်မမျှအောင်ပင် အလွန်လျင်မြန်စွာ ရွေ့လျားနေလေသည်။လူအုပ်ကြီးသည် အကူညီမဲ့နေသော သိုးငယ်တစ်အုပ်ကဲ့သို့ ကြိတ်ကြိတ်တိုးစုရုံးနေကြသည်။သူတို့တွင် ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိပါပေ။

လူသားတို့၏ နှလုံးသားအတွင်းရှိနေသော အကြောက်တရားများသည် စတင်သင်းပျံ့လာတော့သည်။ထိုရနံ့က မကောင်းဆိုးဝါး၏နှလုံးကို ဆွဲညစ်နေသကဲ့သို့ဖြစ်စေသည်။ ၎င်း ထပ်တောင့်မခံနိုင်တော့ပေ။

အမှောင်ထဲတွင် လှိုင်းဂယက်များ ပျံ့နှံ့သွား၏။အနံ့ဆိုးကြီးသည် ဖန်လီထံဦးတည်လိုက်သည်။ မကောင်းဆိုးဝါးသည် ဖန်လီနောက်တွင် ပုန်းကွယ်နေသော တစ်စုံတစ်ခုကို အာရုံခံမိပုံရသည်။ ၎င်း၏ အမှန်တကယ်ပစ်မှတ်မှာ ဖန်လီနောက်ရှိ လုံးဝဖုံးကွယ်နေသူကိုသာ ဖြစ်သည်။

“အခုပဲ…”

အဖွဲ့တစ်ခေါင်းဆောင်က အော်ဟစ်ရင်း ဖန်လီထံပြေးဝင်လိုက်သည်။ထိုအခိုက်အတန့်တွင် ဖန်လီသည် သူ့နောက်မှလူကို တွန်းထုတ်လိုက်ပါက သူသေချာပေါက် အသက်ရှင်နိုင်မည်ဖြစ်သည်။သို့သော်လည်း ထိုဖြောင့်မတ်သော အရာရှိငယ်လေးသည် လုံးဝနောက်ဆုတ်မသွားချေ။ဖန်လီ အော်ဟစ်လိုက်သည်။ လေများတိုက်ခတ်သွားပြီး သူ့ရှေ့သို့ အဆုံးမရှိသော ခြေလက်များတွားသွားရောက်လာလေသည်။ ဖန်လီ၏ မြင်ကွင်းအား တွန့်လိမ်နေသော ခြေလက်များဖြင့် ဖုံးအုပ်ခံလိုက်ရသည်။သူသည် ကမ္ဘာကြီး၏ အဓိပ္ပါယ်မဲ့မှုအား တစ်ကိုယ်တည်းရင်ဆိုင်နေရသည်ဟု ခံစားရမိသည်။ဖန်လီ၏ လက်များသည် တစ်ခုတစ်ခု၏ဖမ်းချုပ်ခြင်းခံလိုက်ရသည်။ သူ့ဓားကိုပင် မဝေ့ယမ်းနိုင်တော့ကြောင်း ဖန်လီသဘောပေါက်လိုက်သည်။အနံ့ဆိုးကြီးသည် သူ့ခေါင်းပေါ်သို့ စိမ့်ကျလာတော့သည်။

သူပတ်ဝန်းကျင်ရှိ အချိန်စီးဆင်းမှုက နှေးကွေးသွား၏။သူမော့ကြည့်လိုက်ရာ အဆုံးမရှိသော လူသားတို့၏အတိတ်များသည် တူညီသောအမှတ်တစ်ခုထဲတွင် ပျစ်ခဲနေကြလေသည်။ လက်နှင့်ခြေထောက်များသည် အနာဂတ်ကိုဖန်တီးရန် အတိတ်၏ခန္ဓာကိုယ်ထဲတွင် မြှပ်နှံခံထားရသည်။ပွင့်ဖတ်များကဲ့သို့ ပွင့်လန်းနေသောခြေလက်များကြားတွင် မှုန်ဝါးဝါးဦးခေါင်းတစ်ခုက ၎င်း၏ပါးစပ်ကို ဟလိုက်သည်။၎င်းသည် နီးကပ်လာပြီး ဦးခေါင်းက ဖြည်းညင်းစွာပြောင်းလဲသွားသည်။ ဖန်လီအား စားတော့မည့်အချိန်တွင် ၎င်းသည် ဖန်လီ၏အသွင်သဏ္ဌာန်ကို ယူဆောင်လိုက်သည်။

“ရပ်စမ်း”

အဖွဲ့တစ်ခေါင်းဆောင်၏ နူတ်ခမ်းများမှ သွေးများစီးကျလာလေသည်။သူ့မျက်လုံးများတစ်ဝိုက်တွင် အရေးအကြောင်းများ ပျံ့နှံ့သွားသည်။သူ့လက်ပတ်နာရီ၏ ဒုတိယလက်တံက နောက်သို့ လေးချက်ပြန်ဆုတ်သွား၏။ထိုမကောင်းဆိုးဝါးသည် အေးခဲသွားသကဲ့သို့ နှေးကွေးသွားသည်။ ဖန်လီသည် ထိုမကောင်းဆိုးဝါး၏ ပွင့်ဟနေသောမေးရိုးကြီးကို ကြောက်ရွံ့စွာဖြင့်ကြည့်လိုက်မိသည်။ မကောင်းဆိုးဝါး၏ လည်ချောင်းအတွင်းတွင် သူ့အားစိုက်ကြည့်နေကြသည့် များစွာသော လူသားမျက်နှာများ ရှိနေလေသည်။

ဖန်လီမှာ အဖွဲ့တစ်ခေါင်းဆောင်ကြောင့် လဲကျသွား၏။

“နှစ်စက္ကန့်ခွဲပဲ ကျန်တော့တယ်”

ကောင်းမင်တို့နှစ်ဦး ကောင်းယန်ကို ရှာဖွေရန်လှုပ်ရှားလိုက်ကြသည်။ကောင်းယန်သည်လည်း ထိုမကောင်းဆိုးဝါး လှုပ်ရှားနိုင်စွမ်းမရှိတော့သည်ကို မြင်သောအခါ စတင်လှုပ်ရှားလိုက်သည်။ကောင်းယန်သည် ကြပ်ညှပ်နေသော လူအုပ်ကြားထဲမှ ဆွဲထုတ်ခံလိုက်ရသည်။

“တစ်စက္ကန့်ပဲ ကျန်တော့တယ်”

အဖွဲ့တစ်ခေါင်းဆောင်သည် ဖြူဖတ်ဖြူရော်ဖြစ်နေပြီး အသံဖျော့ဖျော့ဖြင့် အားနည်းစွာပြောလိုက်သည်။

မကောင်းဆိုးဝါးက ကောင်းယန်ကို မြင်သောအခါ အပြင်းအထန်ရုန်းကန်တော့သည်။ ၎င်းပတ်ဝန်းကျင်ရှိ အရိပ်များသည် မှန်ကဲ့သို့ အက်ကွဲသွားသည်။

“မြန်မြန်”

သူတို့သည် ကောင်းယန်အား မကောင်းဆိုးဝါးပါးစပ်ထဲသို့ ပို့ဆောင်နိုင်ရန် ပူးပေါင်းလုပ်ဆောင်ကြသည်။သို့သော်လည်း ယင်းက အတော်ပင် နောက်ကျနေသေးသည်။ ကောင်းယန်၏ ခန္ဓာကိုယ်တစ်ဝက်ကိုသာ အတိတ်၏ခန္ဓာကိုယ်ထဲ ပို့ဆောင်နိုင်ခဲ့သည်။ စိတ်ပျက်အားငယ်ခြင်းဖြစ်တည်မှုသည် အတိတ်ကို လောင်ကျွမ်းစေ၏။အတိတ်ကား အဆိပ်သင့်သွားချေပြီ။၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ ခြေလက်များမှာ ထိန်းချုပ်မှုလွတ်လာတော့သည်။၎င်းက လူတိုင်းကို ကြုံရာတိုက်ခိုက်လိုက်ပြီး ထွက်ပြေးရန်ကြိုးစားတော့သည်။

“တားကြစမ်း…သူ့ကို မလွတ်စေနဲ့ “

လျိုယီ အော်ဟစ်လိုက်ပြီး သူမတတ်စွမ်းသမျှ လုပ်ဆောင်လိုက်သည်။သူမသည် ထိုမကောင်းဆိုးဝါးပေါ်သို့ ခုန်တက်လိုက်သည်။လူတိုင်း၏ ထိတ်လန့်နေသောအကြည့်နှင့်အတူ သူမသည် အနီရောင်ကျောင်းသားကောင်စီတံဆိပ်ဖြင့် ရစ်ပတ်ထားသော ဓားကို ထိုမကောင်းဆိုးဝါး၏ နှလုံးသားနောက်ဘက်သို့ ထိုးသွင်းလိုက်သည်။ဓားက ထိုမကောင်းဆိုးဝါး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသော်လည်း လျိုယီ မကျေနပ်သေးပေ။ဓားရိုးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး ဓားကို ဆက်လက်ထိုးသွင်းရန် သူမ၏ခွန်အားကုန် အသုံးပြုလိုက်သည်။

မကောင်းဆိုးဝါး၏ ခြေလက်များက သူမအား ဖမ်းချုပ်နေခြင်းကို သူမလျစ်လျူရှုထားသည်။လျိုယီက ဓားအဆုံးထိထိုးသွင်း ဓားရိုးကို ရိုက်ထည့်လိုက်ရာ မကောင်းဆိုးဝါးခန္ဓာကိုယ်အနက်ပိုင်း၏ တစ်စုံတစ်ခုကို ဓားဖျားဖြင့် ထိုးမိလိုက်သည်။ဝိဉာည်အဆိပ်သည် ပေါက်ကွဲထွက်လာတော့သည်။ထူးဆန်းသည်က မကောင်းဆိုးဝါး၏ အစာအိမ်ထဲမှ ကောင်းယန်၏ အသံထွက်ပေါ်လာခြင်းပင်။

“မင်းတောင်မှ ငါ့ကို အဲ့ဒါအတွက် တိုက်ခိုက်ချင်နေတာလား”

“မကောင်းဆိုးဝါးသေတော့မယ်ဟေ့ ၊ ဒါ ငါတို့အခွင့်အရေးပဲ “

ခန်းမထဲတွင် အပြင်လူများစွာရှိသည်။သူတို့သည် စုံစမ်းစစ်ဆေးရေးဌာန၏ ရွေးချယ်ခံများဖြစ်သောကြောင့် စွမ်းရည်တစ်ချို့တော့ ရှိကြသည်။အစောပိုင်းတွင်မူ သူတို့သည် ထွက်ပြေးရန်သာ စိတ်အားထက်သန်နေကြသော်လည်း ယခုကဲ့သို့ အောင်မြင်မှုအား ခွဲဝေရမည့် အချိန်ရောက်လာသောအခါ အလွန်သတ္တိရှိလာကြလေသည်။

ကောင်းယန်သည်လည်း ထိုဖြစ်ရပ် ဖြစ်လာလိမ့်မည်ကို သိထားသည်။ထို့ကြောင့် ထိုအစီအစဉ်အား စဉ်းစားမိခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူ့အစီအစဉ်အရ လူတစ်ဝက်ကျော်လောက် သေသွားသင့်ပြီဖြစ်သည်။

မကောင်းဆိုးဝါး၏ အားနည်းနေသောမြည်ကြွေးသံက ရှင်သန်သူများကို လှုံ့ဆော်လိုက်သည်။သူတို့သည် အတိတ်အား လုံးဝပျက်သုန်းသွားသည်အထိ တိုက်ခိုက်ကြတော့သည်။ အတိတ်ကို ထောက်ပင့်ပေးထားသော ခြေလက်များက အရိပ်အဖြစ်ပျော်ဝင်သွားကြသည်။ခန်းမရှိ မီးသီးဖျား တဖျတ်ဖျတ်ဖြစ်လာခဲ့သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် မီးအားလုံး ပြန်လင်းလာလေသည်။ကြောက်မက်ဖွယ်ကောင်းသော အတိတ်သည် အနံ့ဆိုးဝါးသော အနက်ရောင်ရေအိုင်အဖြစ်ပြောင်းလဲသွားးသည်။ထို ရွှံ့အိုင်သည် အဘယ်အရာမှန်း ဘယ်သူမှ မသိကြပေ။ထိုရွှံ့အိုင်အလယ်တွင် လျိုယီတစ်ဦးတည်းသာ မတ်မတ်ရပ်လျက် ရှိနေခဲ့သည်။သူမသည် ကောင်းယန်၏အဝတ်အစားများကို နင်းဖြတ်၍ ရေအိုင်ထဲမှ ဓားကိုဆွဲထုတ်လိုက်သည်။သူမ၏ ဓားထိပ်တွင် အကြိမ်ပေါင်းများစွာ ချုပ်လုပ်ထားသောနှလုံးတစ်ခု တွဲလောင်းပါလာလေသည်။လျိုယီက မည်သည့်စကားမှ မပြောဘဲ ယင်းကိုသိမ်းဆည်းလိုက်သည်။ သူမသည် သူမ၏တံဆိပ်ကို ပြန်လည်ဝတ်ဆင်လိုက်ပြီး ဖန်လီဆီသို့ လျှောက်သွားလိုက်သည်။

“ငါတို့အားလုံး မကောင်းဆိုဝါးကိ သတ်ခဲ့တာပဲ ၊ အကျိုးအမြတ်အားလုံးကို မင်းတစ်ယောက်တည်း ယူသွားလို့ မရဘူးနော်”

ယွမ်ဟွေ့နောက်မှ လိုက်လာသော လုံခြုံရေးအဖွဲ့ဝင်က လျိုယီအား တားဆီးရန်ကြိုးစားလိုက်သည်။ လျိုယီသည် သူမဆံပင်ထဲမှ အနက်ရောင်ရေများကို ညစ်ချလိုက်ပြီး ထိုလူ၏စကားများကို မကြားသယောင်ပြုနေ၏။

“မကောင်းဆိုးဝါးကို ဆွဲဆောင်ဖို့ ငါတို့ရဲ့ အသက်တွေနဲ့ အလဲအလှယ်လုပ်ခဲ့ရတာကွ ၊ အခု မင်းက ဒီနှလုံးသားကို မင်းတစ်ယောက်ထဲ သိမ်းထားချင်နေတာလား၊ ဘယ်လိုတောင် တရားမျှတမှု မရှိရတာလဲ”

ထိုလုံခြုံရေးအဖွဲ့ဝင်၏ စကားမဆုံးသေးခင် လျိုယီ၏ဓားက သူ့လည်ပင်းပေါ်သို့ ရောက်နှင့်နေပြီဖြစ်သည်။ဓားက လည်ပင်းပေါ်တွင် သွေးစင်းကြောင်းတစ်ခုဖြစ်သွားစေသည်။

“နင်တို့ကောင်တွေက တရားမျှတမှုကို ဒီလောက်ဂရုစိုက်တတ်တယ်ဆိုတာ ငါမသိခဲ့မိဘူး”

All Chapters