လမ်းအပိတ်
Vol. 25 Ch. 374
ထက်မြနေသည့် ဓားသွားက အရေပြားကို အလွယ်တကူလှီးဖြတ်သွားသည်။ပူနွေးနေသော သွေးများ အေးစက်စက်စတီးပေါ်သို့ စီးကျလာသည်။အနီနှင့် အဖြူတို့ရောယှက်၏။လျိုယီအား တားဆီးခဲ့သော လုံခြုံရေးအဖွဲ့ဝင်သည် စကားထပ်မပြောဝံ့တော့ပေ။လျိုယီက သူ့လည်ပင်းအား အချိန်မရွေးဖြတ်တောက်သွားနိုင်သည်ဟု သူခံစားရသည်။သူ့လည်းပင်းမှ စီးကျနေသော သွေးများကို သူမြင်နေရသည်။
“ဆက်ပြောပါဦး …ငါနားထောင်နေတယ်လေ”
လျိုယီ၏ ဓားသွားအတွင်း မည်သည့်အရာကို ဖုံးကွယ်ထားကြောင်း ဘယ်သူမှ မသိပါပေ။ တစ်စုံတစ်ယောက်သည် ထိုဓားသွားဖြင့် ထိတွေ့ခံလိုက်ရပါက ထိုလူ၏ ဝိဉာည်မှာ တုန်ယင်သွားလိမ့်မည်ဖြစ်သည်။ လုံခြုံရေးအဖွဲ့ဝင်က မျက်နှာ ရှုံ့မဲ့သွားပြီး လက်များတုန်ယင်နေလေသည်။ သူ မည်သည့်အသံမှ မထွက်ဝံ့တော့ပေ။
“အရင်တုန်းက တရားရုံးမှာ စကားရည်လုရတာကို ငါအရမ်းသဘောကျခဲ့တယ် ၊ ဒါပေမယ့် တစ်ဖက်လူက ငါ့အမြင်ကို သိအောင်လုပ်ဖို့ ပိုရိုးရှင်းတဲ့နည်းလမ်းကို ငါရှာတွေ့ခဲ့တယ်လေ”
လျိုယီက ဓားကိုပင့်၍ ထိုလူကို ကြည့်လိုက်သည်။
“နင် သဘောမတူဘူးလား”
ထိုလူက ခေါင်းကိုတွင်တွင်ခါ၏။ သူ ယွမ်ဟွေ့နှင့် ကျိုးကျွင်းတို့ဘက် ပြန်လှည့်လိုက်သည်။သူ အမှန်တကယ်ကြောက်သွားခြင်းဖြစ်သည်။ဖိုင်ထဲမှ မှတ်တမ်းများအရ လျိုယီသည် အိမ်ခြေရာမဲ့ဆင်းရဲသားများကို ကိုယ်စားပြုပြီး ကြင်နာတတ်သည့် နွမ်းပါးသောရှေ့နေတစ်ဦးဟု ဆိုထားသည်။သို့သော် ထိုအခိုက်အတန့်တွင် သူ့အသက်ကိုခြိမ်းခြောက်နေသောအမျိုးသမီးမှာ သူမမဟုတ်ပါချေ။
လျိုယီသည် ဓားကိုပြန်သိမ်း၍ ဖန်လီ့ဘေးသို့ ပြန်သွားလိုက်သည်။ထိုအချိန်တွင်တော့ သူမအား ဘယ်သူမှ မတားဆီးဝံ့ကြချေ။
“ပထမထပ်ကို ပြန်သွားကြစို့”
ပတ်ဝန်းကျင်မှ လုံခြုံရေးအဖွဲ့ဝင်များသည် လျိုယီအား မုန်းတီးသော်လည်း ကြောက်ရွံ့နေကြသည်။ သူတို့သည် ယွမ်ဟွေ့၏ အချက်ပြမှုကြောင့် လျိုယီနောက်လိုက်ရန် ကြံနေသော်လည်း ကျိုးကျွင်းက တားလိုက်သည်။ကျိုးကျွင်းသည် လျိုယီနှင့်ယှဉ်လျှင် ပန်းချီဆရာကောင်းမင် နှင့် ဝမ်ကျားတို့ကို ပိုစိုးရိမ်သည်။အဆောက်အအုံထဲတွင် ကောင်းမင်နှစ်ယောက်ရှိနေရခြင်းကို သူအသဲအသန်သိချင်နေလေသည်။ နံရံပေါ်ရှိ တိုင်ကပ်နာရီသည် ရွေ့လျားနေခဲ့သည်။မကြာမီ ခန်းမထဲတွင် အနက်ရောင်ရေအိုင်နှင့် များစွာသောအလောင်းများသာ ကျန်ရစ်ခဲ့သည်။
“ကံမကောင်းတာက ငါတို့ အလောင်းကို ပြန်မလုလိုက်ရတာပဲကွာ”
ကြင်နာတတ်သောကောင်းမင်တို့အုပ်စုသည် လျိုယီနောက်မှ လိုက်၍ ပထမထပ်သို့ ပြန်ရောက်လာကြသည်။ အနီရောင်ကျောင်းသားကောင်စီတံဆိပ်ကို ဝတ်ဆင်ထားသော လျိုယီသည် ဤအဆောက်အအုံအတွင်းရှိ လျှို့ဝှက်ချက်များကို သိထားပုံရသည်။သူမသည် အခြားသူများကို ရှောင်သွားခြင်းမရှိပေ။သူမသည် ပထမထပ်အလယ်ရှိ အခန်းသို့ ဦးတည်သွားလိုက်သည်။ အတိတ်ကို သတ်ဖြတ်ပြီးနောက် အတိတ်ဟူသော တံခါးဆိုင်းဘုတ်မှာ ပြောင်းလဲသွား၏။တံခါးပေါ်ရှိ မူလပုံစံကွက်များမှာ ပျောက်ကွယ်သွားတော့မတတ် မှေးမှိန်နေခဲ့သည်။ တံခါးတွင် အက်ကွဲကြောင်းများလည်း ရှိနေလေသည်။သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အက်ကွဲကြောင်းများသည် သူ့ဘာသာ ပြန်ကောင်းလာလိမ့်မည်ဖြစ်သည်။
“ဒီတံခါးပေါ်က နတ်ဘုရားရဲ့ အယူလွဲယုံကြည်မှုကို ရှင်းလင်းလိုက်ပြီဆိုတော့ နတ်ဘုရားက နောက်ထပ်စွက်ဖက်နိုင်တော့မှာ မဟုတ်ဘူး ၊ အခု နင်တို့ ဒီတံခါးကိုဖွင့်ပြီး နတ်ဘုရားက နောက်ကွယ်မှာ ဘာတွေဖုံးကွယ်ထားလဲဆိုတာ စူးစမ်းကြည့်လို့ရပြီ “
လျိုယီ့အသံက ကော်ရစ်ဒါတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ သူမနောက်မှ လိုက်လာသော လူအုပ်ကြီးက ထိုစကားကို ရှင်းရှင်းလင်းလင်းကြားရသည်။ဘယ်သူမှ ရှေ့ထွက်မလာသဖြင့် သူမဆက်ပြောလိုက်သည်။
“ဒီတံခါးနောက်မှာ ထွက်ပေါက်ရှိနိုင်တယ် ၊ တံခါးကိုတွန်းဖွင့်ပြီး နင်တို့ မူမမှန်ဖြစ်ရပ်ထဲကနေ ထွက်သွားလို့ရပြီ”
“မင်းပြောတဲ့ပုံက အရမ်းအံ့ဩစရာကောင်းတာပဲ ၊ ဒါဆို တံခါးကို ဘာလို့ မင်းကိုယ်တိုင်မဖွင့်တာလဲ “
“ဟုတ်ပါ့ကွာ ၊ ခုနကတော့ ဒီမိန်းမက အရမ်းကြမ်းတမ်းနေခဲ့တာ ၊ အခန်း၁၃က လူရိုင်းတွေနဲ့ ပြည့်နေတာ ဆိုတော့လဲ…”
“ထွက်သွားရမယ် …ငါတစ်ခေါက်လောက် စမ်းကြည့်ရမလား”
“အစ်ကိုစွန်း မင်းရူးသွားပြီလား”
ခြောက်ခြားဂိမ်းကစားသမားတစ်ယောက်သည် လူအုပ်ကြားထဲမှ သူ့လက်ဆောင်သေတ္တာကို ကိုင်၍ ထွက်လာခဲ့သည်။သူသည် အသက်၄၀ ဝန်းကျင်လောက်ရှိနေပြီဖြစ်သည်။သူသည် ဆောက်လုပ်ရေးအလုပ်သမားဝတ်စုံနှင့် ဖိနပ်ကို ဝတ်ဆင်ထား၏။သူ့ခန္ဓာကိုယ်မှာ သန်မာသော်လည်း ပင်ပန်းနွမ်းနယ်နေပုံရသည်။
“ငါ စမ်းကြည့်ပါရစေ”
အစ်ကိုစွန်းက လျိုယီဘေးတွင် ရပ်လိုက်သည်။
“အစောပိုင်းတုန်းက ငါ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ဒီတံခါးထဲကို ဝင်သွားပြီး ပြန်ထွက်မလာခဲ့ဘူး ၊ ငါ သူ့ကို သွားရှာချင်တယ် ၊ တကယ်လို့ ငါတစ်ခုခုဖြစ်ခဲ့ရင် ကျေးဇူးပြုပြီး ငါ့အသင်းဖော်တွေကို ကူညီစောင့်ရှောက်ပေးပါ”
“ကျွန်မ အကောင်းဆုံးကြိုးစားပါ့မယ်”
လျိုယီက ခေါင်းညိမ့်သည်။
အစ်ကိုစွန်းသည် တွေဝေမနေဘဲ တံခါးအောက်ခြေမှ အပေါက်ထဲသို့ သူ့သေတ္တာကို ထည့်လိုက်သည်။ နံရံပေါ်ရှိနာရီနှင့် သော့ပေါက်ထဲရှိ စပရိန်တို့မှာ ပြိုင်တူရွေ့လျားသွားသည်။ တံခါးပေါ်ရှိ မှိန်ဖျော့နေသော ပုံစံကွက်များပေါ် သွေးနီရောင်သန်းသွားသည်။ အစ်ကိုစွန်းမှာ မျက်နှာအမူအရာလစ်ဟင်းသွားပြီး တံခါးလက်ကိုင်ကို ဆွဲ၍ လှည့်ဖွင့်လိုက်သည်။တံခါးမှာ အနည်းငယ်ဟသွား၏။ အခြားလူများသည် တံခါး၏တစ်ဖက်ခြမ်းတွင် တံခါးလက်ကိုင်ကို ကိုင်ထားသောလက်ငါးချောင်းကို ထိတ်လန့်စွာ သတိပြုမိလိုက်ကြသည်။
အစ်ကိုစွန်းက တံခါးကို တွန်းဖွင့်လိုက်သည်ဟု ဆိုရမည့်အစား တံခါးနောက်ကွယ်မှပုဂ္ဂိုလ်က လက်ဆောင်ကို ရရှိပြီးနောက် တံခါးကို တက်တက်ကြွကြွဖွင့်ပေးလိုက်သည်ဟု ဆိုရမည်ဖြစ်သည်။ အစ်ကိုစွန်းသည် ဆန်းကြယ်သောစွမ်းအားတချို့၏ လမ်းညွှန်မှုဖြင့် တံခါးထဲသို့ ဝင်ရောက်သွားလေသည်။ထို့နောက် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။လုပ်ငန်းစဉ်တစ်ခုလုံးသည် ငါးစက္ကန့်ပင် မကြာလိုက်ချေ။
“သူတစ်ခုခုဖြစ်သွားရင်တော့...မင်းကို…”
လူငယ်လေးတစ်ယောက်က လျိုယီကို လက်ညိုးထိုးလိုက်သည်။သို့သော်လည်း သူ့ပတ်ဝန်းကျင်မှ လူများက ထိုလူငယ်အား ချက်ချင်းပင်နောက်သို့ဆွဲခေါ်သွား၏။
“သူက ငယ်သေးလို့ပါဗျာ၊ ကျေးဇူးပြုပြီး သူ့ကိုခွင့်လွှတ်ပေးပါ”
အစ်ကိုစွန်း၏ မိတ်ဆွေများသည် ထိုလူငယ်အား ဖိချုပ်ထား၏။သူတို့သည် လျိုယီအား အပြစ်မတင်နိုင်ပေ။အားနည်းလွန်းသော သူတို့ကိုယ်သူတို့သာ အပြစ်တင်ရမည်ဖြစ်သည်။
မိနစ်အနည်းငယ်ကုန်လွန်သွားခဲ့ပြီဖြစ်သည်။ ဒုတိယမြောက်တစ်နာရီဖြင့် နီးကပ်လာသောအခါ လျိုယီ၏အမူအရာ ပြောင်းလဲသွားသည်။အတိတ်သည် သတ်ဖြတ်ခံလိုက်ရပြီဖြစ်သည်။သီအိုရီအရ တံခါးနောက်ကွယ်တွင် မည်သည့်အန္တရာယ်မှ မရှိသင့်တော့ပေ။
“သူငါ့ကို ပေးခဲ့တဲ့ အချက်အလက်တွေ မှားနေတာလား “
လျိုယီက ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး သူမ၏အကြည့်များက အဖွဲ့တစ်ခေါင်းဆောင်ထံတွင် ရပ်တန့်သွားသည်။
“ရှင် ကျွန်မတို့နဲ့ ပူးပေါင်းဖို့ စိတ်ဝင်စားလား”
“ဘယ်လို ပူးပေါင်းမှုများလဲ”
အဖွဲ့တစ်ခေါင်းသည် အလွန်သတိကြီးသည်။သူသည် အခန်း၁၃ အပေါ် အထင်အမြင်ကောင်းများ မရှိပေ။
“အနာဂတ်လို့ခေါ်တဲ့ မကောင်းဆိုးဝါးက အချိန်မရွေးရောက်လာနိုင်တယ် ၊ ရှင် ဒီတံခါးထဲ ဝင်သွားပြီး နတ်ဘုရားတွေက ဘယ်လိုမျိုးလျှို့ဝှက်ချက်တွေ ဝှက်ထားလဲကို ရှင်သွားကြည့်နေတဲ့အချိန်မှာ ကျွန်မ ဒီတံခါးကို စောင့်ပေးထားမယ်”
ထိုလူ့မျက်နှာပေါ်မှ တွေဝေနေသည့်အမူအရာကို လျိုယီမြင်လိုက်သည်၊သူမက တံဆိပ်ကိုဖြုတ်လိုက်သည်။
“ဒါမှမဟုတ် ကျွန်မတံခါးထဲဝင်ရင် ရှင်စောင့်ပေးပါ”
အဖွဲ့တစ်ခေါင်းဆောင်သည် တံခါးအတွင်းတွင် လျို့ဝှက်ချက်တစ်ခုရှိနေကြောင်း ယုံကြည်သည်။ အကယ်၍ လျိုယီဝင်သွားပါက သူမဘာရရ သူတို့နှင့် ခွဲဝေပေးမည်မဟုတ်ချေ။
“မင်းရဲ့သေတ္တာနဲ့ ငါ့အတွက် တံခါးဖွင့်ပေးဖို့ ဆန္ဒရှိမယ်ဆိုရင် ငါလုပ်မယ် ၊ ပြီးတော့ ဒီတံခါးထဲက ဘာပဲရလာ ရလာ မင်းကိုအားလုံးခွဲပေးမယ်”
အဖွဲ့တစ်ခေါင်းဆောင်က လျိုယီကိုင်ထားသော အနီရောင်သေတ္တာကို စိုက်ကြည့်၏။အစောပိုင်းတုန်းက ထိုသေတ္တာအား တစ်ခေါင်းလုံးဖုံးအုပ်ထားသော(ကောင်းယန်)လူက ကိုင်ဆောင်ထားခဲ့ခြင်းဖြစ်သည်။
“ဒီသေတ္တာလား”
လျိုယီက သေတ္တာကို တုံ့ဆိုင်းခြင်းမရှိဘဲ အဖွဲ့တစ်ခေါင်းဆောင်ထံ ပစ်ပေးလိုက်သည်။
“ကိစ္စမရှိဘူး”
သူမ အလွယ်တကူသဘောတူလိုက်သည် မြင်သောအခါ အဖွဲ့တစ်ခေါင်းဆောင် သူလှည့်စားခံလိုက်ရသလို ခံစားလိုက်ရသည်။သူမကိုင်ထားသော သေတ္တာသည် သူမဟာမဖြစ်နိုင်ပေ။ယင်းအား တစ်ယောက်ယောက်ဆီမှ လုလာခြင်းဖြစ်နိုင်၏။
အဖွဲ့တစ်ခေါင်းဆောင်သည် အချိန်မဖြုန်းတော့ဘဲ အသက်ဝဝရှူ၍ အဆင်သင့်ပြင်လိုက်သည်။ သူသည် သေတ္တာအတွင်း ပစ္စည်းရှိကြောင်းသေချာစေရန် လှုပ်ခါကြည့်ပြီးနောက် သေတ္တာအား တံခါးအောက်ခြေရှိ အပေါက်မှတဆင့် ထိုးထည့်လိုက်သည်။သော့ပေါက်ထဲမှ ထူးဆန်းသောအသံထွက်လာခဲ့သည်။ အဖွဲ့တစ်ခေါင်းဆောင်သည် တံခါးကို တွန်းဖွင့်လိုက်ပြီး အတွင်းသို့ လျှောဝင်သွားသည်။
တံခါးသည် ကျယ်လောင်သောအသံဖြင့် ပြန်ပိတ်သွား၏။ကော်ရစ်ဒါတွင် တိတ်ဆိတ်ခြင်းသာ ကျန်ရစ်ခဲ့သည်။ခပ်သဲ့သဲ့ နှလုံးခုန်သံများနှင့် မညီမညာအသက်ရှူသံများကိုကြားနေရသည်။ ကြင်နာတတ်သောကောင်းမင်နှင့် ပုံမှန်ကောင်းမင်တို့မှာ စိုးရိမ်နေကြသည်။အတူရှိခဲ့ကြသော အချိန်တိုလေးတွင် သူတို့သည် အဖွဲ့တစ်ခေါင်းဆောင်မှာ လူကောင်းတစ်ယောက်ဖြစ်ကြောင်း သိခဲ့ကြသည်။
ငါးမိနစ်ကုန်ဆုံးသွားပြီးနောက် လျိုယီမျက်မှောင်ကြုတ်လိုက်သည်။အဖွဲ့တစ်ခေါင်းဆောင်သည် ဤနေရာတွင် တစ်ဦးချင်းအရ အသန်မာဆုံးဖြစ်သည်။သူ၏ သရဲတက်တူးများဖယ်ရှားခံခဲ့ရသော်လည်း သူသည် သူ့ကိုယ်သူ ကိုင်တွယ်နိုင်သင့်သည်။
ဆယ်မိနစ်ကြာပြီးနောက် ပိုများသောလူများက မသက်မသာခံစားလာရသည်။အသံအာရုံခံမီးသီးများက စတင်လုပ်ဆောင်လာလေသည်။အနာဂတ်မှာ ချဉ်းကပ်လာနေပုံရသည်။
ဆယ့်နှစ်မိနစ်ကြာပြီးနောက် လျိုယီလက်လျှော့ရန်ပြင်လိုက်စဉ်တွင် တံခါးခေါက်သံများ ဆက်တိုက်ထွက်ပေါ်လာလေသည်။
“ဒါ တံခါးနောက်လာနေတာပဲ “
လူတိုင်း တံခါးဆီ လှည့်ကြည့်လိုက်ကြသည်။တဒေါက်ဒေါက်ဖြင့် ဆက်တိုက်ခေါက်နေသော တံခါးခေါက်သံသည် တံခါးအတွင်းမှလူ မည်မျှစိုးရိမ်ပူပန်နေကြောင်းဖော်ပြနေ၏။
“သူတို့ကို ကယ်ကြလေ”
ထိုအခိုက်အတန့်တွင် ဒေါက်တာလီသည် များစွာသီးသန့်ဆန်မနေတော့ပေ။သူ့သေတ္တာကို တံခါးရှိ အပေါက်မှတဆင့် ထိုးသွင်းလိုက်သည်။တံခါးသည် ဗြုန်းခနဲ ပွင့်ထွက်သွားပြီး သွေးများစိုရွှဲနေသော အဖွဲ့တစ်ခေါင်းဆောင် အပြင်သို့ လဲကျသွားသည်။
“တံခါးပိတ်လိုက်”
အဖွဲ့တစ်ခေါင်းဆောင်သည် တံခါးထဲမှ အသက်ရှင်ရက်ဖြင့် ပထမဆုံးထွက်လာနိုင်သူဖြစ်သည်။ တံခါးနောက်တွင် မည်သည့်အရာရှိနေကြောင်း လူတိုင်းသိချင်နေကြသည်။
“ဘာဖြစ်ခဲ့တာလဲ ၊ ခင်ဗျားကို ဘယ်သူက ထိခိုက်အောင်လုပ်ခဲ့တာလဲ”
ဒေါက်တာလီသည် သွေးတိတ်အောင်လုပ်ပေးချင်သော်လည်း ထိုလူပေါ်တွင် မည်သည့်ဒဏ်ရာမှ ရှာမတွေ့ချေ။
“တံခါးနောက်မှာ ဘာထွက်ပေါက်မှ မရှိဘူး ၊ ဒါက လမ်းပိတ်ကြီးတစ်ခုပဲ …”