← Chapters

ဘတ်စ်ကား

Vol. 25 Ch. 375

ဘတ်စ်ကား

Vol. 25 Ch. 375

အဖွဲ့တစ်ခေါင်းဆောင်သည် သွေးများ အန်ကျလာသည်။ သူ၏ဆံပင်တစ်ဝက်မှာ ဖြူဆွတ်နေပြီဖြစ်သည်။ သူ၏မျက်နှာပေါ်မှ အရေးအကြောင်းများသည် ပိုမိုနက်ရှိုင်းလာခဲ့သည်။ သူ၏ အရေပြားပေါ်ရှိ သရဲပုံစံကွက်သည် ထပ်မမြင်နိုင်တော့လောက်အောင်ပင် မှေးမှိန်သွားခဲ့သည်။

“ရှင်တံခါးထဲမှာ ရှိနေတုန်းက ဘာဖြစ်ခဲ့တာလဲ”

လျိုယီ သိချင်နေသည်။

“တံခါးထဲမှာ မြင်ရတဲ့အရာတွေက လူတစ်ယောက်ချင်းစီအပေါ် မူတည်ပြီး မတူကြဘူး ၊ ငါစဝင်သွားတော့ ကော်ရစ်ဒါတွေပြိုကျပြီး ရုံးခန်းတွေအများကြီး ဖြစ်သွားတာကို မြင်လိုက်ရတယ်”

ထိုလူက ရှင်းပြရန် ကြိုးစားသည်။

“ကော်ရစ်ဒါတွေမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ပုံစံတွေနဲ့ အကောင်းဆုံး အလုပ်သမား ဆုတံဆိပ်တွေ ချိတ်ထားတယ် ၊ အဲဒါတွေက အစ်ကိုစွန်းရဲ့ မှတ်ဉာဏ်ကနေ ဖန်တီးထားတာလို့ ငါသံသယရှိတယ် ၊ အဲ့ဒါတွေက သူ့ရဲ့ အတိတ်ကို ကိုယ်စားပြုတာပဲ ၊ ပြီးတော့ နောက်ဆုံးရုံးခန်းက ငါ့အတိတ်ကို ကိုယ်စားပြုတယ်”

“ထွက်ပေါက်ကို ရှာတွေ့ခဲ့လား”

အခြားခြောက်ခြားဂိမ်းကစားသမားများက ထိုအရာကို ပို၍ပူပန်နေကြသည်။

“ထွက်ပေါက်ရှာဖို့ အချိန်တောင် မရလိုက်ဘူး ၊ ရုံးခန်းတိုင်းထဲမှာ ငါ့နာမည်ကို ခေါ်နေတဲ့ လူတွေရှိကြတယ် ၊ သူတို့က ငါ့ကို မတူညီတဲ့ အရာတွေ လုပ်ခိုင်းတယ် ၊ အဲဒါတွေက အတိတ်တုန်းက ငါ မုန်းတီးစက်ဆုပ်ခဲ့တဲ့ အရာတွေပဲ”

ထိုလူက သူ၏နှုတ်ခမ်းမှ သွေးများကို သုတ်လိုက်သည်။

“ဒီလိုမွန်းကြပ်စရာကောင်းတဲ့အတိတ်နဲ့ကြီးပြင်းလာရတာကို ငြီးငွေ့လာလို့သာ အဲဒီတားမြစ်ဂိမ်းကို ငါ ကစားခဲ့တာ ! အဲဒါကပဲ ငါအမုန်းဆုံးဖြစ်တဲ့ ဒီလို ဝမ်းနည်းစရာကောင်းတဲ့ ငါ့ကိုယ်ပွားဗားရှင်း ဖြစ်လာအောင် ဦးတည်ခဲ့တော့တာပဲ”

အတိတ်ဟူသည် စိတ်ပျက်အားငယ်မှုကိုသာ အမြဲတမ်း ဆိုလိုနေသည်တော့ မဟုတ်ပေ။ သို့သော်လည်း ဤအတိတ်တံခါးတွင် နာကျင်မှုသည် အရာအားလုံးကို လွှမ်းမိုးထားလေသည်။

“ခင်ဗျားက စုံစမ်းရေးမှူးအများစုထက် ပိုအားကိုးရပြီး ပိုယုံကြည်ရပါတယ်ဗျာ”

ကြင်နာတတ်သော ကောင်းမင်က ထိုလူကို ထူမပေးလိုက်သည်။ သူသည် ပုံမှန် စုံစမ်းရေးမှူးများနှင့် လုံခြုံရေးအဖွဲ့ဝင်များအကြား ကွာခြားချက်ကို မသိသေးပေ။

“ခင်ဗျားကို လူဆိုးတစ်ယောက်လို့ ကျွန်တော်တစ်ခါမှ မထင်ခဲ့ပါဘူး”

သူ ဖြတ်သန်းခဲ့ရသော ညှဉ်းပန်းနှိပ်စက်မှုများအပြီးတွင် ကောင်းမင်၏ စကားများသည် ထိုခေါင်းဆောင်၏ နှလုံးသားကို နွေးထွေးစေခဲ့သည်။ သို့သော်လည်း သူတို့သည် ရန်သူများ ဖြစ်သင့်သည် မဟုတ်လော။

“ရုံးခန်းအားလုံးရဲ့ အဆုံးသတ်မှာ တစ်ခုခုက ငါ့ကို ခေါ်နေခဲ့တယ် ၊ ဒါပေမဲ့ အဲဒီကို ရောက်ဖို့ ရုံးခန်းအားလုံးကို ဖြတ်ကျော်မှရမယ်”

ထိုလူသည် သူ့မျက်နှာပေါ်ရှိ အရေးအကြောင်းများကို လက်ညိုးထိုးပြသည်။

“ရုံးခန်းတွေက ငါတို့ရဲ့ အတိတ်က မှတ်ဉာဏ်တွေကို ထိန်းသိမ်းထားတာပဲ ၊ ငါ အဲဒီ စိတ်ပျက်အားငယ်စရာမှတ်ဉာဏ်တွေကို ကောက်ယူလိုက်တော့ ငါ့ရဲ့တစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးသွားခဲ့တယ် ၊ ငါ့စွမ်းအားကြောင့် အနာဂတ်သက်တမ်းကို ချေးယူပြီး အဲဒါကို ပယ်ဖျက်နိုင်ပေမယ့် အဆုံးထိတော့ မရောက်နိုင်ခဲ့ဘူး ၊ ကံကောင်းစွာနဲ့ပဲ ငါထွက်ပြေးနိုင်ခဲ့တယ်”

“ခင်ဗျား မလွတ်မြောက်ခဲ့ရင် ဘာဖြစ်မလဲ”

အစောပိုင်းက လူငယ်ကစားသမားသည် အပြေးရောက်လာခဲ့သည်။

“အထဲမှာ ကျွန်တော့် ဦးလေးကို မြင်ခဲ့သေးလား”

“မင်းဟာ အတိတ်ကို ထိန်းမထားနိုင်ရင် အဲဒီအခန်းထဲမှာ ထာဝရ ကျန်ရစ်ခဲ့ပြီး အတိတ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားလိမ့်မယ်”

အဖွဲ့တစ်ခေါင်းဆောင်က နံရံကို ကိုင်၍ ထရပ်လိုက်သည်။

“ဒီတံခါးနောက်က အန္တရာယ်က လူတစ်ယောက်ရဲ့ စွမ်းအားနဲ့ မဆိုင်ဘူး၊ နာကျင်စရာအတိတ် မရှိခဲ့တဲ့ တစ်ယောက်ယောက်ကို ရှာပြီး စမ်းသပ်ကြည့်ဖို့ လိုတယ်”

“ကျွန်တော် လုပ်မယ်!”

ထိုလူငယ်ကစားသမားသည် တံခါးဆီသို့ ပြေးသွားသော်လည်း ကြင်နာတတ်သော ကောင်းမင်က တားလိုက်သည်။

“မင်းရဲ့ဦးလေးက အထဲမှာ ပိတ်မိနေတာ ၊ မင်းက အခုတင်ပဲ နာကျင်မှုကြီးကြီးမားကို ကြုံတွေ့ခဲ့ရတာလေ”

ကြင်နာတတ်သော ကောင်းမင်သည် ထိုလူကို တားဆီးလိုက်ပြီး တံခါးကို သူကိုယ်တိုင် ကြည့်လိုက်သည်။ အကယ်၍ သူတို့မကြာခင်အတွင်း ထွက်မသွားပါက နောက်ထပ်မကောင်းဆိုးဝါး ရောက်လာပြီး လူများ ပိုသေဆုံးကြလိမ့်မည်ဖြစ်သည်။ ကြင်နာတတ်သော ကောင်းမင်သည် သူတို့ကို ကယ်တင်ချင်သော်လည်း သူ့မျက်လုံးများထဲတွင်နာကျင်မှုများ ပုန်းကွယ်နေလေသည်။ သူ၏ ကြင်နာမှုသည် ဘုရားသခင်ပေးအပ်ခဲ့သည့်အရာ မဟုတ်ကြောင်းကို သူတစ်ဦးတည်းသာ သိသည်။ သူသည် ကြင်နာသောသူတစ်ယောက် ဖြစ်လာစေရန် တွန်းအားပေးခဲ့သော ထိတ်လန့်ဖွယ် အဖြစ်အပျက်များစွာကို ကြုံတွေ့ခဲ့ရသည်။

“ဒီလိုဆိုရင်ကော… ငါ လုပ်လိုက်ရမလား”

ပုံမှန်ကောင်းမင်သည် ရေဘူးကို စိုးရိမ်တကြီး ဆုပ်ကိုင်ထား၏။

“ငါ့အတိတ်က ရိုးရိုးသာမန်ပဲ ၊ ဘာမှ အရမ်းပျော်စရာကောင်းတာ ဒါမှမဟုတ် အရမ်းဝမ်းနည်းစရာကောင်းတာမျိုး မဖြစ်ခဲ့ဖူးဘူး”

ပုံမှန်ကောင်းမင်သည် နောက်ဘက်တွင် ပုန်းအောင်းနေခဲ့ခြင်းဖြစ်သည်။ သူသည် တစ်နေ့နေ့တွင် သူကိုယ်တိုင် စေတနာ့ဝန်ထမ်းလုပ်မည်လိမ့်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။ ကြင်နာတတ်သော ကောင်းမင်၏ပေါ်ထွက်လာမှုသည် သူ့အား ထိမိစေပြီး သူ့ဘဝကို မတူညီသည့်နည်းလမ်းဖြင့် နေထိုင်ရန် မျက်လုံးဖွင့်ပေးခဲ့ခြင်း ဖြစ်နိုင်ပေသည်။

“မင်း သေချာရဲ့လား”

ကြင်နာတတ်သောကောင်းမင်က လှည့်ကြည့်လိုက်သည်။ သူ အံ့ဩတုန်လှုပ်သွားသည်။ သူသည် ပုံမှန် ကောင်းမင်အား သူကာကွယ်ပေးရမည့်သူအဖြစ်သာ အမြဲ မြင်နေခဲ့ခြင်းဖြစ်သည်။

“ဒါပေမဲ့ ငါတို့မှာ ပစ္စုပ္ပန်မရှိဘူးလေ!”

“ငါ့ဆီက ပေးလို့ရတယ်”

ကြင်နာတတ်သောကောင်းမင် တားဆီးခဲ့သော လူငယ်ကစားသမားသည် သူ၏အိတ်ကပ်ထဲမှ စာရင်းစာအုပ်ဟောင်းတစ်ခုကို ထုတ်လိုက်သည်။

“ဒါက ငါ့ရဲ့ ပစ္စုပ္ပန်ပဲ ၊ ဒါက ငါ့ဦးလေး နှစ်တိုင်းပေးခဲ့တဲ့ ကျောင်းလခတွေကိုမှတ်တမ်းတင်ထားတာပဲ”

“ကျေးဇူးတင်ပါတယ်”

ပုံမှန်ကောင်းမင်က ၎င်းကို လက်ခံလိုက်သည်။ သူ တံခါးဘေးတွင် ခဏရပ်လိုက်သည်။ ဤတံခါးအတွင်း ဝင်ရောက်သူများသည် ဒဏ်ရာရခြင်း သို့မဟုတ် ထာဝရပိတ်မိနေခြင်း ဖြစ်သည်။ ၎င်းသည် သူ၏မှတ်ဉာဏ်ထဲတွင် သူလုပ်ခဲ့ဖူးသည့် အန္တရာယ်အရှိဆုံးအရာ ဖြစ်သည်။ သူ့နောက်မှ လိုက်ပါလာသည့် ကြင်နာတတ်သော ကောင်းမင်သည်လည်း ပုံမှန်ကောင်းမင်ကို စိုးရိမ်နေလေသည်။ ပုံမှန်ကောင်းမင် မည်မျှ ကြောက်ရွံ့နေသည်ကို သူမြင်နိုင်သည်။ သို့သော်လည်း ထိုအကြောင်းကြောင့်ပင် ပုံမှန်ကောင်းမင်သည် ထိုမျှပုံမှန်မဟုတ်ကြောင်း သူခံစားလိုက်ရသည်။ သဘာဝအတိုင်း အကြောက်တရားကင်းမဲ့မှုဟူသည် မရှိဘဲ လေ့ကျင့်ထားသော သတ္တိသာရှိသည်။

“ငါ အခု သွားတော့မယ်”

စာရင်းစာအုပ်ကို ပို့လိုက်ပြီးနောက် ပုံမှန်ကောင်းမင်သည် တံခါးလက်ကိုင်ကို ဆုပ်ကိုင်လိုက်သည်။ သူ ဆွဲဖွင့်ရန် ကြိုးစားလိုက်သည်။ တံခါးပေါ်ရှိ နတ်ဘုရားပုံစံကွက်များက တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။ ၎င်းတို့သည် မြွေတစ်ကောင်ကဲ့သို့ သူ့လက်မောင်းများထံ အလျင်အမြန် ပြေးတက်လာတော့သည်။ သူ၏ အသိစိတ်သည် မှေးမှိန်သွား၏။ ပုံမှန်ကောင်းမင်သည် တံခါးအတွင်းမှ လက်တစ်စုံက သူ့အား ဖမ်းဆုပ်ရန် လက်လှမ်းလာသည်ကို ခံစားလိုက်ရသည်။ ပုံမှန်ကောင်းမင် အတိတ်တံခါးထဲသို့ ဆွဲသွင်းခံရသည့် အချိန်တွင် စုံစမ်းစစ်ဆေးရေးဌာန၏ ယူနီဖောင်းအောက်တွင် ပုန်းကွယ်နေသည့် ကြင်နာတတ်သောကောင်းမင်တွင်လည်း သက်ရောက်မှုရှိခဲ့သည်။ သူ့ ဝိညာဉ်သည် ခန္ဓာကိုယ်မှ ဆွဲထုတ်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ပုံလျက် လဲကျသွားသည်။ ဖန်လီနောက်တွင် ရပ်နေသည့် အသားကောင်းမင်နှင့် အခြားအခန်းထဲတွင် ပုန်းအောင်းနေသည့် ပုန်ကန်တတ်သည့် ကောင်းမင်တို့သည်လည်း မေ့လဲသွားကြသည်။ သူတို့သည် ကောင်းမင်၏ဘဝတွင် မတူညီသော ရွေးချယ်မှုများကို ကိုယ်စားပြုသော်လည်း ဝိညာဉ်တစ်ခုတည်းကိုသာ မျှဝေခံစားနေကြခြင်း ဖြစ်သည်။

ကိုးလွှာရှိ ဓာတ်လှေကားအတွင်းတွင် ပန်းချီဆရာကောင်းမင်သည် ထောင်ချောက်တစ်ခုကို စီစဉ်နေလေသည်။ သူသည် ဓာတ်လှေကားခန်းအား သရဲသားရဲတွင်းအဖြစ် ပြောင်းလဲနေခြင်းဖြစ်သည်။ သို့သော်လည်း သူ နောက်ဆုံးစုတ်ချက်မပြီးမီတွင် သူ၏ခေါင်းသည် ထိန်းချုပ်ရေးပန်နယ်ပေါ်သို့ ဆောင့်မိပြီး သတိလစ်သွား၏။

…

အေးစက်သော လေပြေသည် သူ၏နားထဲသို့ တိုးဝှေ့လာလေသည်။ ပုံမှန်ကောင်းမင်သည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ တံခါးထဲသို့ ဝင်ရောက်လာခဲ့သော်လည်း ရုံးခန်းများ သို့မဟုတ် ကော်ရစ်ဒါများကို မမြင်ခဲ့ရပေ။ သူသည် ဘတ်စ်ကားတစ်စီးပေါ်တွင် ရှိနေကြောင်း သဘောပေါက်သွားသည်။ အီလက်ထရွန်နစ်နာရီသည် နောက်ပြန် ရွေ့လျားနေခဲ့သည်။ ပြတင်းပေါက်အပြင်ဘက်ရှိ မြင်ကွင်းသည် မှုန်ဝါးဝါးအဆောက်အအုံ ပုံရိပ်များမှလွဲ၍ မှောင်မိုက်နေလေသည်။ သူ ဘတ်စ်ကားပတ်လည်ကို ကြည့်လိုက်သည်။ ရင်းနှီးသော မျက်နှာများက သူ့အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ သူ၏မျက်လုံးများသည် ဖြည်းညှင်းစွာ ပြူးကျယ်လာတော့သည်။

“မင်းတို့…”

သူ့အသံကို ကြားလိုက်ရသဖြင့် အခြားခရီးသည်များသည် ဖြည်းညှင်းစွာ နိုးထလာကြသည်။ သူတို့ ထိုင်ခုံများမှ ထရပ်လိုက်ပြီး အချင်းချင်း အံ့ဩတုန်လှုပ်စွာ ကြည့်နေမိကြသည်။ ဤဘတ်စ်ကားပေါ်တွင် ယာဉ်မောင်းမှလွဲ၍ ထိုင်ခုံ ၅၁ လုံး ရှိပြီး ထိုင်ခုံတိုင်းတွင် ကောင်းမင်တစ်ဦးစီ ရှိနေခြင်းဖြစ်သည်။

“ငါဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ”

ကြင်နာတတ်သော ကောင်းမင်သည် ပထမတန်းတွင် ရှိနေခဲ့သည်။ သူသည် ကျောင်းဝတ်စုံနှင့် ဖြစ်သည်။ သူ၏အိတ်သည် သူမူလက စီစဉ်ထားသည့်အတိုင်း မုန့်များဖြင့် ပြည့်နေသည်။

“ဟယ်လို… တစ်ယောက်ယောက်များ ငါနဲ့ ခုံလဲပေးလို့ ရမလား၊ ငါ ဒါကို မလုပ်နိုင်တော့ဘူး!”

အလွန်ကြောက်တတ်သော ကောင်းမင်တစ်ဦးသည် နောက်ဆုံးတန်းတွင် ထိုင်လျက်ရှိနေသည်။ သူသည် တုန်ယင်စွာ ထရပ်လိုက်ပြီး သူ့ဘေးနားရှိထိုင်ခုံကို လက်ညိုးထိုးပြသည်။

နောက်ဆုံးတန်းတွင် ကြိုးဆွဲချထားသော ကောင်းမင်၏အလောင်းတစ်ခုကို ထားရှိသည်။ ထိုအလောင်းသည် သူ့ရင်ဘတ်ရှေ့တွင် လက်များကိုယှက်ထားပြီး ထူးဆန်းသော လူသေဓာတ်ပုံတစ်ပုံကို ကိုင်ထားပေသည်။

“အလောင်းတောင်မှ ဒီမှာ ရှိနေတာလား ၊ လုံခြုံရေးအဖွဲ့ဝင်တွေက ဓာတ်ပုံအပိုင်းအစတွေကို သူ့နှလုံးသားထဲ ပို့လိုက်လို့လား”

ကြင်နာတတ်သော ကောင်းမင်က လက်ခုပ်တီးလိုက်သည်။

“အားလုံးပဲ မကြောက်ကြပါနဲ့ ၊ ငါတို့အားလုံးဟာ တူညီတဲ့ယူနစ်တစ်ခု ဖြစ်လာပုံရလို့ အတိတ်ရဲ့ တံခါးထဲကို ဝင်ရောက်လာခဲ့ကြတာပဲ ၊ ဒီ အတိတ်ရဲ့ ယာဉ်က ငါတို့ရဲ့ မှတ်ဉာဏ်တွေ ပြန်ရဖို့ ကူညီနိုင်ပါတယ်”

All Chapters