မူလဒီဗိုင်းအရိုး၊ ခေတ်သစ်
Vol. 28 Ch. 417
တာအိုရွှေစာအုပ်၏ ပွင့်လာမှုကို တွေ့ရပြီးနောက် လီရွှမ်က မှင်သက်သွားသည်။ မုန့်ချုံမှာ အဆင့်ချိုးဖျက်ခါစသာရှိသေးပြီး အခြေခံကို စုဆောင်းနေ၏။
ထို့ကြောင့် မဖျက်စီးနိုင်သည့် ကြီးမြတ်သောနေ ရွှေခန္ဓာအဆင့်သို့ အချိန်တိုအတွင်း ချိုးဖျက်နိုင်မည် မဟုတ်ပေ။
စုလင်းရှုံမှာလည်း မကြာသေးခင်က အဆင့်ချိုးဖျက်ခဲ့၏။
တာအိုရွှေစာအုပ်မှ တန်ပြန်အကျိုးပြုမှုသည် ရွှီယန်ဆီမှသာ ဖြစ်ပေလိမ့်မည်။ သူသည် အဆင့်ချိုးဖျက်ခဲ့သည်လား။ သို့မဟုတ် နောက်ထပ် ကောင်းကင်လူသားအဆင့် သိုင်းသမားတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်လား။
"သင်ညွှန်ကြားမှုပေးခဲ့သည့် ဓားသမား ရှဲ့ထန်းဟန်သည် သင်ဖန်တီးထားသည့် ဓားတာအိုကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပြီး အစောပိုင်းအဆင့် သန့်စင်သောဓားနှလုံးသားအဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။ သင်၏ဓားနှလုံးသားသည် အဆင့်မြင့်တက်လာခဲ့သည်.."
မထင်မှတ်စွာပင် တာအိုရွှေစာအုပ်မှ တန်ပြန်အကျိုးပြုမှု ပေးလာသည်မှာ ရွှီယန်ဆီမှ မဟုတ်ပေ။ ရှဲ့ထန်းဟန်ဆီမှ ဖြစ်၏။ တစ်ဖက်လူသည် သန့်စင်သောဓားနှလုံးသားအား ရရှိခဲ့လေသည်။
လီရွှမ်တစ်ယောက် အံ့ဩသွားသည်။ ရှဲ့ထန်းဟန်သည် သူဖန်တီးထားသည့် ဓားတာအို လမ်းစဉ်တွင် သန့်စင်သောဓားနှလုံးသားအား ရရှိခဲ့သည့် ဒုတိယမြောက်ပုဂ္ဂိုလ် ဖြစ်လာခဲ့၏။
သူ၏ ညွှန်ကြားပြသပေးမှုကြောင့် အဆင့်ချိုးဖျက်ခဲ့တာဖြစ်ပေမယ့် ဤသည်က ရှဲ့ထန်းဟန်၏ ထူးကဲသည့် ဓားတာအိုပါရမီအား ပြသနေပါသည်။
ရှဲ့လင်ဖုန်းထက် အနည်းငယ် ပိုမိုသာလွန်၏။ ဤသည်မှာ ရှဲ့ထန်းဟန်၏ အတွေ့အကြုံများစွာကြောင့်လည်း ဖြစ်ပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ရှဲ့လင်ဖုန်းမှာ ငယ်ရွယ်သေးပြီး ဓားတာအိုအပေါ် သူ၏အတွေ့အကြုံစုဆောင်းမှုများမှာ ဖခင်ဖြစ်သူ ရှဲ့ထန်းဟန်ထက် များစွာပိုမိုနိမ့်ကျသည်။
"ဓားအားကို နားလည်သဘောပေါက်နိုင်ခဲ့တာ အံ့သြစရာမရှိဘူး။ သူ့မှာ ထူးကဲတဲ့ပါရမီရှိတာပဲ.."
လီရွှမ်က ရေရွတ်၏။
ဓားအား၏ ကျင့်ကြံကို သူ၏ ဓားလမ်းစဉ်အား တိုက်ရိုက်ကျင့်ကြံရန် ခက်ခဲလွန်းလှသဖြင့် ပါရမီလိုအပ်ချက်ကို လျော့ချနိုင်ရန် ကြားခံအဆင့်အဖြစ်ထထည့်သွင်းခဲ့၏။
"သူ.. သန့်စင်သောဓားနှလုံးသားကိုတောင် ရရှိပြီးနေပြီ။ ပြီးတော့ ဓားအားကိုလည်း ကိုယ်တိုင်နားလည်သဘောပေါက်ခဲ့တယ်ဆိုတော့ ဓားဆန္ဒအဆင့်ကို ရောက်ရှိဖို့ မဝေးတော့လောက်ဘူး.."
လီရွှမ်မှာ မည်ကဲ့သို့သော ဓားဆန္ဒမျိုးအား ရှဲ့ထန်းဟန်တစ်ယောက် နားလည်သဘောပေါက်လာနိုင်မည်နည်းဟု သိလိုသွား၏။
"မကြာခင် သူချန်းလန်ကျွန်းကို လာလောက်တယ်မလား.."
သူသည် ရှဲ့ထန်းဟန်၏ ရောက်ရှိလာမှုအား စောင့်စားနေမိ၏ ရှဲ့ထန်းဟန် အဆင့်ချိုးဖျက်ခဲ့ ကတည်းက ရှဲ့လင်ဖုန်းလည်း အရမ်းကြီး မဝေးကွာလောက်တော့ပါ။
လီရွှမ်က ထိုက်ချန်း၏ ဒုတိယမြောက် စာမျက်နှာရှိ သင်္ကေတများအား တာအိုရွှေစာအုပ်ထဲ၌ ချရေးကာ ပိုမိုအဆင့်မြင့်မားသည့် အခင်းအကျင်းပုံကြမ်းတစ်ခုကို ဖန်တီးရန် ပြင်ဆင်သည်။
ဒီတစ်ကြိမ်တွင် ဒုတိယမြောက်စာမျက်နှာရှိ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ နိယာမများအပေါ် အခြေခံမှာဖြစ်၏။
ရုတ်တရက် တာအိုရွှေစာအုပ်က ရွှေရောင်အလင်းတို့ ထပ်မံပေါ်လာခဲ့ပြန်၏။
"ရှဲ့လင်ဖုန်းများ အဆင့်ချိုးဖျက်သွားတာလား.."
လီရွှမ်၏ ပထမဆုံးအတွေးမှာ ရှဲ့လင်ဖုန်းများ သန့်စင်သောဓားနှလုံးသားအဆင့်သို့ ရောက်ရှိခြင်းလားဟူ၍ ဖြစ်၏။
"သင်၏တပည့် ရွှီယန်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ဆန္ဒကို သူ၏ကိုယ်ပိုင်အဖြစ် စုစည်းကာ သိုင်းပညာ၏ အစစ်အမှန်ဆန္ဒအား ပိုင်ဆိုင်လာပြီး ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်သွားခဲ့သည်။ သင်၏ မူလဒီဗိုင်းအဆင့်သည် အဆ၁၀၀ ခွန်အားတိုးပွားလာခဲ့သည်.."
လီရွှမ်က မှင်သက်သွားသည်။ ရွှီယန်သည် ဒီဗိုင်းဆန္ဒအဆင့်သို့ အဆင့်ချိုးဖျက်သွားခဲ့၏။ ထို့အပြင် တာအိုရွှေစာအုပ်မှ တန်ပြန်အကျိုးပြုမှုက သူ၏ မူလဒီဗိုင်းအဆင့်အား အဆ၁၀၀တိုးမြင့်လာစေသည်။
လျှပ်တပြက်အတွင်း ဒီဗိုင်းဆန္ဒ၏ ပြောင်းလဲမှုတို့ကို ခံစားလိုက်ရ၏။ အဆ၁၀၀တိုးတက်မှုနှင့်အတူ ဒီဗိုင်းဆန္ဒ၏ စွမ်းအားမှာလည်း အဆ၁၀၀တိုးမြင့်လာခဲ့သည်။
ဒီဗိုင်းဆန္ဒ၏ များပြားလာမှုသည် သူ၏ခွန်အားတို့ သိသာစွာ တိုးမြင့်လာသည်ဟု ဆိုလို၏။ အားနည်းသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ၏ ဒီဗိုင်းဝိဉာဉ်များကိုပင် သူ၏ အတွေးတစ်ချက်နှင့် ဖိနှိပ့်နိုင်သည်။
ဓားဆန္ဒ၊ ဆေဘာဆန္ဒနှင့် အခြားဒီဗိုင်းဆန္ဒကို အားဖြည့်ပေးမည့် စွမ်းရည်များလည်း ရှိ၏။ လီရွှမ်သည် အလွန်စိတ်လှုပ်ရှားလာခဲ့သည်။
မူလဒီဗိုင်း အဆ၁၀၀တိုးမြင့်လာမှုနှင့်အတူ ဆိုလိုသည်မှာ တာအိုရွှေစာအုပ်အား အသုံးချနိုင်မှုတို့ သိသာစွာ တိုးမြင့်လာမည်ဟု ဖြစ်၏။ ဤသည်က ကျင့်စဉ်များစွာတို့ကို တာအိုရွှေစာအုပ်အား အသုံးပြုကာ ပြည့်စုံအောင် ပြုလုပ်ရန် စွမ်းဆောင်လာနိုင်စေသည်။
ယခုအချိန်၌ သဟွသိုင်းပညာသည် တိုက်ခိုက်ခြင်းအတတ်နှင့် လျှို့ဝှက်အတတ်အချို့တို့ လစ်ဟင်းနေဆဲရှိ၏။ ယနေ့အချိန်၌ သဟွသိုင်းသမား များစွာတို့သည် အတွင်းဘက်နယ်မြေ၏ လျှို့ဝှက်အတတ်နှင့် တိုက်ခိုက်မှုအတတ် အများစုကိုသာ အသုံးပြုနေရသည်။
ယခုအချိန်၌ သူသည် ၎င်းတို့ကို ကိုယ်ပိုင် ဖန်တီးနိုင်တော့မည် ဖြစ်၏။ သူ၏ တပည့်သုံးယောက် ကျင့်ကြံကြသည့် သိုင်းပညာအတတ်များမှာ အလွန် နက်ရှိုင်းလှပြီး သာမန်သိုင်းသမားများအနေနှင့် ကျင့်ကြံရန် ခက်ခဲလွန်းလှသည်။ မြင့်မားသည့် ပါရမီအား လိုအပ်၏။
ထို့ကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ကာ လွယ်ကူရိုးရှင်းသည့် တိုက်ခိုက်ခြင်းအတတ်အချို့ကို ဖန်တီးရန်အချိန်သို့ ရောက်ရှိလာခဲ့ပါပြီ။
တာအိုရွှေစာအုပ်မှာ ရွှေရောင်အလင်းတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်၏။
"သင်၏တပည့် ရွှီယန်သည် ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်ခဲ့ပြီးနောက် တောင်နှင့်မြစ် ဒီဗိုင်းအရိုးသို့ ပြောင်းလဲနိုင်ခဲ့သည်။ သင်သည် မူလဒီဗိုင်းအရိုးကို ရရှိသည်.."
ထင်ထားသည့်အတိုင်းပင် ရွှီယန်သည် အခြေခံကို လုံလောက်စွာ စုစည်းခဲ့ပြီး အဆင့်ချိုးဖျက်စဉ်အတွင်းတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့၏။
တောင်နှင့်မြစ်ဒီဗိုင်းအရိုး...
တာအိုရွှေစာအုပ်မှ တန်ပြန်အကျိုးပြုမှုက လီရွှမ်ကို အံ့ဩသွားစေသည်။ သူ၏ မူလဒီဗိုင်းအရိုးသည် အမှန်တကယ်ကို ထူးကဲလှ၏။ စိတ်ဝိဉာဉ်အရိုးကို ကျော်လွန်ကာ အတွင်းထဲတွင် ဒီဗိုင်းအငွေ့အသက်အချို့ပင် ကိန်းအောင်းနေပါသည်။
"အခုဆိုရင် ရွှီယန်မှာ ဒီဗိုင်းအရိုးနဲ့ စိတ်ဝိဉာဉ်ခန္ဓာကို ပိုင်ဆိုင်ထားတယ်။ သူက ပိုပြီးတော့တောင် သန်မာလာခဲ့ပြီ။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားအောက်မှာ ဘယ်သူမှ သူ့ရဲ့ပြိုင်ဖက် မဟုတ်တော့ဘူး.."
ရွှီယန်၏ လက်ရှိခွန်အားနှင့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကို ထိပါးမိလျှင်တောင် ရှောင်ထွက်သွားနိုင်မည် ဖြစ်သည်။
"စိတ်ဝိဉာဉ်နယ်မြေက သိုင်းပညာထွန်းကားတဲ့ နေရာတစ်ခုပဲ။ စုလင်းရှုံက စိတ်ဝိဉာဉ်နယ်မြေရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်။ အထူးခန္ဓာကိုယ်တည်ဆောက်မှုတစ်ခုနဲ့ မွေးဖွားလာခဲ့တယ်။ ကြည့်ရတာ စိတ်ဝိဉာဉ်နယ်မြေရဲ့ ထူးကဲတဲ့ ပါရမီရှင်တွေ အကြားမှာလည်း အထူးခန္ဓာကိုယ် တည်ဆောက်မှုနဲ့လူတွေ ရှိနေမှာပဲ.."
ထိုအထူးခန္ဓာကိုယ် တည်ဆောက်မှုနှင့် ပါရမီရှင်များ၏ ခွန်အားကို အထင်သေးလို့ မရပေ။ သို့ပေမယ့် အဆင့်တူတွင် ရွှီယန်သည် ရန်သူများအားလုံးကို နင်းချေနိုင်ဆဲရှိ၏။ အဆင့်ကြီးတစ်ခု ကျော်လွန်မှသာလျှင် တစ်ဖက်သတ်နင်းခြေနိုင်မည်လား ဟူသည်မှာ သေချာပေါက် မပြောနိုင်ခြင်း ဖြစ်သည်။
ထူးကဲသည့် ခန္ဓာကိုယ်တည်ဆောက်မှုနှင့် စွမ်းအားကြီးမားသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်သည် သာမာန် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများထက် ခွန်အားအရာတွင် များစွာ သာလွန်နေမှာပါ။
ထို့ကြောင့် ရွှီယန်၏ လက်ရှိခွန်အားမှာ လုံလောက်စွာ သန်မာခြင်း မရှိသေးပေ။ မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ပြီးမှသာလျှင် မည်သည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကိုမဆို မကြောက်ရွံ့နိုင်မည့် ခွန်အားအား ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
"ဒီဗိုင်းဆန္ဒအဆင့်ကို ချိုးဖျက်ပြီးပြီဆိုတော့ ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ရဲ့ ကျင့်စဥ်ကိုလည်း နားလည်သဘောပေါက်ဖို့ နီးနေပြီမလား.."
လီရွှမ်၏နှလုံးသားထဲတွင် စိတ်လှုပ်ရှားလာခဲ့၏။
ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်... ဤသည်မှာ အလွန်စွမ်းအားကြီးမားလှသည့် အဆင့်ဖြစ်သည်။
ဒီဗိုင်းဆန်းကြယ်စွမ်းအားကိုသာ ထုတ်လွှတ်လိုက်ပါက စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်၏။
သို့ရာတွင် ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်မှာ နက်ရှိုင်းလှပြီး အဆင့်ချိုးဖျက်စဉ်အတွင်းတွင် မည်သည့် ဒီဗိုင်းဆန်းကြယ်စွမ်းအားကို တတ်မြောက်နိုင်မည်လဲ ဟူသည်မှာ သေချာခြင်း မရှိပေ။
ရွှီယန်သည် ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်ခဲ့ကတည်းက သူ၏ ခန့်မှန်းချက်အရ ပြန်လာရန် အချိန်မကြာတော့လောက်ပါ။
'ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်ရဲ့ နောက်က ကျင့်ကြံခြင်းအတတ်ကို ဖန်တီးဖို့အတွက် စတင်စဥ်းစားဖို့ လိုအပ်နေပြီ..'
လီရွှမ်က အတွေးနက်သွား၏။
ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်မှာ စွမ်းအားကြီးမားပေမယ့် သိုင်းပညာ၏ အဆုံးသတ် မဟုတ်ပေ။ သူ့အနေနှင့် နောက်ဆက်တွဲအဆင့်များနှင့် ကျင့်စဉ်များကို ဖန်တီးရန်လိုအပ်သေး၏။
သို့ရာတွင် ယခုအချိန်၌ မလောပါ။ နောက်တစ်ဆင့်မှာ သေသေချာချာ စဉ်းစားဖို့လိုအပ်၏။
ရွှီယန်သည် ထိုက်ချန်းစာအုပ်၏ ဒုတိယစာမျက်နှာရှိ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ နိယာမများကို တာအိုရွှေစာအုပ်အတွင်းသို့ ရေးချလိုက်သည်။ သူသည် ပိုမိုအဆင့်မြင့်မားသည့် အခင်းအကျင်းပုံကြမ်းကို ဖန်တီးလို၏။ သို့ပေမယ့် လွယ်ကူမည် မဟုတ်ပေ။