← Chapters

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား၏ လိုက်လံမှု

Vol. 28 Ch. 419

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား၏ လိုက်လံမှု

Vol. 28 Ch. 419

သဟွသိုင်းပညာ အကယ်ဒမီအတွင်းတွင် သုယွီယင်းသည် ပြတင်းပေါက်မှတစ်ဆင့် ပြင်ပသို့ စိုက်ကြည့်နေပြီး မည်သူ့အကြောင်းကို တွေးတောနေလဲ သိရှိနိုင်ခြင်းမရှိပေ။

ချွေအာက လျှောက်ဝင်လာ၏။

"သခင်မလေး... ကျွန်မတို့တွေ လင်းနယ်မြေကိုသွားတဲ့အခါကျရင် သခင်လေးရွှီကို ထပ်မတွေ့နိုင်တော့ဘူးလား.."

သုယွီယင်းက ခေါင်းကိုလှည့်ကာ သူမကိုကြည့်ပြီး ညင်သာစွာပြော၏။

"မဟုတ်ပါဘူး.."

"ဒါဆိုရင်သခင်မလေး သခင်လေးရွှီနဲ့ ဘယ်တော့အတူတူ ဖြစ်လာမှာလဲ.."

ချွေအာ၏ မျက်နှာပေါ်၌ မျှော်လင့်မှုတို့ ပြည့်နက်လာ၏။ အနည်းငယ် နီရဲစွာဖြင့် အစေခံဖြစ်သည့် သူမလည်း သခင်လေးရွှီနှင့် အတူတူနေရမည်လားဟု တွေးတောမိသည်။

သုယွီယင်းက အနည်းငယ် သက်ပြင်းချစွာ ပြော၏။

"ငါလည်းမသိဘူး.."

သူမသည် ချန်းလန်ကျွန်းဆီသို့ သွားရောက်လည်ပတ်ပြီး ရွှီမိခင်နှင့် ဆက်ဆံရေးနက်ရှိုင်းအောင် ပြုလုပ်ရမည်လားဟု စဉ်းစားနေမိသည်။

လင်းနယ်မြေ ယွီကျိုးရှိ မုန့်တောင်တွင်...

ပုံရိပ်တစ်ခုသည် အံ့ဩစရာကောင်းလှသည့် အမြန်နှုန်းဖြင့် ရွေ့လျားနေပြီး လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှသည်။ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်၌ ပျောက်ကွယ်သွား၏။

ထိုပုံရိပ်၏နောက်တွင် နောက်ထပ်ပုံရိပ်တစ်ခု မုန့်တောင်များဆီမှ ပျံထွက်လာခဲ့သည်။ တူညီစွာပင် အလွန်မြန်ဆန်လှပြီး ဒီဗိုင်းဝိဉာဉ်စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်ထားကာ အရပ်မျက်နှာအားလုံးတို့ကို တုန်ခါစေသည်။ ဤသည်မှာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်၏။

ရွှီယန်တစ်ယောက် ဘဝ၏ ခန့်မှန်းရန် ခက်ခဲလှပုံကို သက်ပြင်းချမိသည်။ သူသည် သိုက်ယင်ယင်ကို သတ်ဖြတ်ခဲ့၏။ သို့ပေမယ့် ဝမ်းယုံမှာ ပြစ်တင်ခံခဲ့ရသည်။ သိုက်မိသားစုသည် စစ်မှန်သည့် လူသတ်သမားဖြစ်သည့် သူ့ဆီသို့ ရောက်လာခဲ့ခြင်း မရှိပေ။

သို့ပေမယ့် သူ့ကို မထင်ထားစေသည်မှာ သူသည် သိုက်မိသားစုနှင့် ပြဿနာဖြစ်ပွားဆဲ ရှိ၏။ မဟုတ်ပေ။ သိုက်မိသားစုက သူ့ကိုလိုက်လံ တိုက်ခိုက်ခဲ့ခြင်း ဖြစ်လေသည်။

မြေစိတ်ဝိဉာဉ်နဂါးချီကို စုပ်ယူပြီး လုံလောက်သည့်အခြေခံကို စုစည်းပြီးနောက် ရွှီယန်သည် ဒီဗိုင်းဆန္ဒအဆင့်သို့ အောင်မြင်စွာ အဆင့်ချိုးဖျက်ခဲ့၏။

တောင်နှင့်မြစ် ဒီဗိုင်းအရိုးသို့ပင် ပြောင်းလဲခဲ့ပြီး ခွန်အားမှာ ကြီးစွာ တိုးမြင့်လာခဲ့သည်။

ဒီဗိုင်းဆန္ဒအဆင့်သို့ ဝင်ရောက်ပြီးနောက် ဉာဏ်အလင်းပွင့်ခြင်း သိုင်းသမားတစ်ယောက်၏ လမ်းကြောင်းပေါ်သို့ ခြေတစ်လှမ်း ထပ်မံတက်ရောက်နိုင်ခဲ့သည်။

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား၏ ခွန်အားသည် သူ၏ဒီဗိုင်းဝိဉာဉ်အပေါ်တွင် မှီခိုနေပြီး ဒီဗိုင်းဝိဉာဉ်စွမ်းအား၏ လွှမ်းခြုံမှုအောက်တွင် ပိုးမွှားများနှင့် ပုရွဲဆိတ်များပင်လျှင် ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနိုင်ပါသည်။

ရွှီယန်မှာ သူတွေ့ရှိခဲ့သည့် မြေစိတ်ဝိဉာဉ်နဂါးချီအား ယွီရှောင်လုံပြောခဲ့သည့် တစ်ခုနှင့် မတူဘူးလားဟု တွေးမိ၏။ ထို့ကြောင့် ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်မှုအပြီးတွင် သိုင်းအဆင့်ကို တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် ကျန်ရှိသည့် မြေစိတ်ဝိဉာဉ် ကျောက်စိမ်းချဉ်ဆီကို သိမ်းဆည်းကာ ယွီရှောင်လုံပြောခဲ့သည့် မြေစိတ်ဝိဉာဉ်နဂါးချီအား သွားရောက်ရှာဖွေရန် ပြင်ဆင်သည်။

နောက်ထပ် မြေစိတ်ဝိဉာဉ်နဂါးချီသာ ရှိပါက ဖမ်းဆီးကာ အတွင်းဘက်နယ်မြေသို့ ယူဆောင်လာနိုင်၏။

ထိုအခါ မုန့်ချုံနှင့် စုလင်းရှုံတို့အတွက် လုံလောက်သည့် အခြေခံကို ရရှိစေပြီး အဆင့်ချိုးဖျက်စဉ်၌ ပြောင်းလဲမှုတို့ ဖြစ်ပေါ်နိုင်မည် ဖြစ်သည်။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုမှာတော့ ရွှီယန်အနေနှင့် ဂရုစိုက်ခြင်းပင် မရှိပေ။ ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်ပြီးနောက် သူ၏ ယုံကြည်ချက်တို့ ကြီးစွာတိုးမြင့်လာပြီး ကောင်းကင်လူသားကြီး တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်စွမ်းရှိလာခဲ့သည်။

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား တစ်ယောက်ကို ရင်ဆိုင်ရပင်လျှင် စိန်ခေါ်မှု ပြုနိုင်လောက်၏။ အနိုင်မရလျှင်တောင် အလွယ်တကူ ဆုတ်ခွာသွားလို့ ရသည်။

မုန့်တောင်များအကြားတွင် လှည့်လည်ရင်း ယွီရှောင်လုံ၏ လမ်းပြမှုနောက်သို့လိုက်ကာ စိတ်ဝိဉာဉ်နဂါးချီကို အရှာထွက်ခဲ့၏။ သို့ပေမယ့် ရှာမတွေ့ခဲ့ပေ။ သိုက်မိသားစုမှ ကောင်းကင်လူသားကြီး တစ်ယောက်နှင့်သာ တွေ့ခဲ့၏။

သိုက်ယင်ယင်၏ သေဆုံးမှုနှင့်အတူ ဝမ်းယုံမှာ အပြစ်တင်ခံထားရရာ ရွှီယန်အနေနှင့် တစ်ဖက်လူကို ကြုံတွေ့ခြင်းအတွက် ဂရုစိုက်ခြင်းမရှိပေ။ ဘာပဲဖြစ်ဖြစ် စစ်မှန်သည့် လူသတ်သမားကို မည်သူမှ မသိကြပါ။

သို့ရာတွင် သိုက်မိသားစုရှိ အကြီးအကဲက ရွှီယန်မှာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုမှ လိုက်လံဖမ်းဆီးနေသည့် လူဖြစ်ကြောင်းကို တွေ့ရပြီးနောက် ဖမ်းဆီးရန် အခွင့်အရေးကို လက်လွှတ်နိုင်ခြင်း မရှိဘဲ ရွှီယန်ကို ဖမ်းဆီးကာ အင်အားစုကြီးနှစ်ခုတို့နှင့် ဝမ်းယုံကို ကူညီဖမ်းဆီးပေးရန် အလဲအလှယ် ပြုလိုလေသည်။

ရွှီယန်က မနေနိုင်ဘဲ သက်ပြင်းချသည်။ ကြည့်ရသည်မှာ သူသည် သိုက်မိသားစုနှင့် ရန်သူဖြစ်ရန် ကံပါလာသည် ထင်၏။

တစ်ဖက်လူက အလွန်ရန်လိုနေပြီး သူ့ကို ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုဆီသို့ ဖမ်းခေါ်သွားလိုကတည်းက ရွှီယန်ကလည်း ယဉ်ကျေးမနေပါ။

သူသည် ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်ခဲ့ရာ ရရှိလာသည့် ခွန်အားအသစ်တို့အတွက် သိုက်မိသားစုရှိ အကြီးအကဲနှင့် စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။

ဓားကိုထုတ်ပြီး ချက်ချင်းပင် ခုတ်ပိုင်းပြီးနောက် တောင်နှင့်မြစ်တို့က လွှမ်းခြုံသွားခဲ့၏။ သူ၏ လျှပ်တပြက်လေ ဓားဆန္ဒက လေပြင်းတစ်ခုနှယ် ကြမ်းကြုတ်လှပြီး တစ်ဖက်လူ၏ စိတ်ပိုင်းဆိုင်ရာအသိစိတ်ကို လျှပ်တပြက်အတွင်း ဖျက်စီးသွားသည်။

ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်ပြီးနောက် ရွှီယန်၏ ဓားဆန္ဒလည်း ပြောင်းလဲလာပြီး ပိုမိုသန်မာလာခဲ့၏။

သိုက်မိသားစုရှိ အကြီးအကဲမှာ ထိတ်လန့်သွားပြီး သူ၏အသိစိတ်တို့ ချက်ချင်းဝေဝါးသွားသည်ဟု ခံစားလိုက်ရသည်။

ကြီးမားသည့် တောင်ကြီးတစ်ခု၏ ဖိနှိပ့်ခြင်းကို ခံထားရပြီး ကောင်းကင်၏ အသိစိတ်ဟူသည့် ခံစားချက်ကိုပင် ရှင်းမပြနိုင်စွာ ရလာခဲ့၏။

ဒေါသတကြီးအော်ဟစ်ကာ ကောင်းကင်လူသားကြီး တစ်ယောက်၏ ကြီးမြတ်မှုဖြင့် တောင်ကဲ့သို့ဖိအားကို ဆန့်ကျင်ရန် ကြိုးစားသည်။ သို့ရာတွင် ပြင်းထန်သည့်လေတစ်ခုက အသိစိတ်အား တိုက်ခတ်လာကြောင်းကို သိလိုက်ရ၏။ အသိစိတ်တွင် ပြင်းထန်သည့် နာကျင်မှုပေါ်လာပြီး သူ၏ စိတ်နှင့်ခန္ဓာနှစ်ခုလုံးအား ထိန်းချုပ်မှုတို့ ဆုံးရှုံးသွားစေသည်။

ပြန်လည်ရှင်းလင်းလာချိန်၌ တောက်ပသည့် ဓားချက်က သူ့အပေါ်သို့ ကျရောက်လာပြီး ဖြစ်၏။ ရွှီယန်သည် သိုက်မိသားစုရှိ ကောင်းကင်လူသားကြီးကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်။ ပြီးနောက် သူ၏ခွန်အားအပေါ် ရှင်းလင်းသည့် သုံးသပ်ချက်တစ်ခု ရလာခဲ့၏။

သူ၏ဒီဗိုင်းဆန္ဒသည် ကောင်းကင်လူသားငယ်ကို ဖိနှိပ့်နိုင်ပေမယ့် ကောင်းကင်လူသားကြီးကို ပြည့်စုံစွာ ဖိနှိပ့်နိုင်စွမ်း မရှိပေ။ သို့ရာတွင် စိတ်ပိုင်းဆိုင်ရာအသိစိတ်အား ဖိအားပေးကာ ခွန်အားကို ပြည့်ဝစွာ စုစည်းနိုင်ခြင်းမရှိအောင် ပြုလုပ်နိုင်၏။

ဤသည်ကို ကြည့်ခြင်းအားဖြင့် သူ၏လက်ရှိ ဒီဗိုင်းဆန္ဒသည် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ၏ ‌ဒီဗိုင်းဝိဉာဉ်စွမ်းအားထက် အနည်းငယ် အားနည်းနေကြောင်းကို တွေ့မြင်နိုင်သည်။

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ၏ ဒီဗိုင်းဝိဉာဉ်စွမ်းအားကို ပြည့်စုံစွာ ခုခံနိုင်မည် မဟုတ်လောက်ပေ။

သို့ရာတွင် လျှပ်တပြက်လေ ဓားဆန္ဒကိုပါ ထုတ်လွှတ်ပါက စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်၏ ဒီဗိုင်းဝိဉာဉ်စွမ်းအားနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိပါသည်။

သို့ပေမယ့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်၏ စွမ်းအားမှာ သူတို့၏ ဝိဉာဉ်စွမ်းအားအပေါ်တွင်ချည်း မှီခိုနေသည် မဟုတ်ပါ။

'ငါက စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်ရဲ့အောက်မှာ ပြိုင်ဘက်ကင်းတယ်..'

သူသည် သက်ပြင်းချကာ လင်းနယ်မြေတွင် သူ၏ခွန်အားအပေါ် ရှင်းလင်းသည့် နားလည်မှုတစ်ခု ရလာခဲ့သည်။

'လင်းနယ်မြေရဲ့ ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ ပါရမီရှင်တွေရော ဘယ်လောက်စွမ်းအားကြီးကြလဲ မသိဘူး။ အဆင့်တူမှာ သူတို့အားလုံးကို အနိုင်ယူနိုင်ဖို့ ငါ့မှာယုံကြည်ချက်ရှိတယ်။ အဆင့်ကြီးတစ်ဆင့် ပိုပြီးတော့ သန်မာတဲ့လူတစ်ယောက် ဆိုရင်ရော.. အနိုင်ယူနိုင်ဦးမှာလား..'

ရွှီယန်သည် မနေနိုင်ဘဲ သိလိုသွား၏။ ခဏတာအတွင်း ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်းများရှိ ပါရမီရှင်များနှင့် တိုက်ခိုက်လိုစိတ်တို့ ပေါ်လာခဲ့သည်။

သို့ပေမယ့် ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်းများမှာ မြင့်မားထည်ဝါကြပြီး သူတို့၏ ပါရမီရှင်များပင်လျှင် ချွင်းချက်မဟုတ်ပေ။ ယွီကျိုးသို့ လာရောက်မည် မဟုတ်လောက်ပါ။

သိုက်မိသားစု၏ ကောင်းကင်လူသားကြီးကို သတ်ဖြတ်ပြီးနောက် ရွှီယန်သည် မြေစိတ်ဝိဉာဉ်နဂါးချီအား ရှာဖွေသည့် ခရီးစဉ်သို့ ဆက်လက်ထွက်ခွာခဲ့၏။

မထင်မှတ်စွာပင် နောက်ထပ် သိုက်မိသားစုမှ ကောင်းကင်လူသားကြီးတစ်ယောက်နှင့် တွေ့ဆုံခဲ့လေသည်။ ထို့အပြင် တစ်ဖက်လူသည် သိုက်ယင်ယင်၏ ဖခင်ဖြစ်နေ၏။ သိုက်မိသားစု၏ လက်ရှိခေါင်းဆောင် သိုက်ယီဖင် ဖြစ်သည်။ နှောင်းပိုင်းအဆင့် ကောင်းကင်လူသားကြီးတစ်ယောက်ဖြစ်၏။

သိုက်ယီဖင်က သူ၏တိုက်ခိုက်မှုကို စတင်လိုက်သည်နှင့် ရွှီယန်သည် သိုက်မိသားစုရှိ လူများမှာ သေချင်နေကြကြောင်းကို နားလည်လိုက်သည်။ ထိုသို့ဆိုကတည်းက သူကလည်း ထိုဆန္ဒကို ဖြည့်ဆည်းပေးရပေမည်။ ထို့ကြောင့် သိုက်ယီဖင်ကို သတ်ပစ်လိုက်၏။

All Chapters