← Chapters

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား၏ လိုက်လံမှု(၂)

Vol. 28 Ch. 420

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား၏ လိုက်လံမှု(၂)

Vol. 28 Ch. 420

သိုက်ယီဖင်မှာ ပြီးခဲ့တုန်းက အကြီးအကဲထက် များစွာပိုမိုသန်မာပေမယ့် ရွှီယန်၏ ဓားချက်အနည်းငယ်က သူ့ကို လုံးဝဇီဝိမ်ချုပ်ပေးခဲ့သည်။ မည်သည့် အကြွင်းအကျန်မှ ကျန်ရစ်ခြင်းမရှိပေ။

သိုက်ယီဖင်ကို သတ်ဖြတ်ပြီးနောက် သူသည် အံ့သြစရာကောင်းလောက်အောင် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုမှ သူ့ကို လိုက်လံဖမ်းဆီးနေသည့် အကြီးအကဲနှစ်ဦးတို့နှင့် ကြုံတွေ့ခဲ့၏။ ထိုသူများအားလုံးကိုလည်း သတ်ပစ်လိုက်သည်။

ရလဒ်အနေနှင့် သိုက်မိသားစု၏ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား သိုက်ရှန်းက သူ၏သားဖြစ်သူ သတ်ဖြတ်ခံရမှုအား သိလိုက်ရပြီး ရူးသွပ်သွားခဲ့သည်။ ရွှီယန်မှာ သားဖြစ်သူအား သတ်ဖြတ်သူဖြစ်ကြောင်းကို သိလိုက်ရ၏။

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို ရင်ဆိုင်ရချိန်၌ ရွှီယန်သည် အကြောက်တရားလုံးဝမပြပါ။ အကြိမ်အနည်းငယ် တိုက်ခိုက်ပြီး ထိုလူ၏ပြိုင်ဖက်မဟုတ်ကြောင်းကို သိရှိပြီးနောက် ချက်ချင်းပင် ထွက်ပြေးခဲ့၏။

သိုက်ရှန်းက သူ့ကိုအသည်းအသန် လိုက်လံတိုက်ခိုက်သည်။ ယွီရှောင်လုံသည် ရွှီယန်၏ လက်ကောက်ဝတ်တွင် ရစ်ပတ်ရင်းမှ ထိုနေရာ၌ ရွှီယန်နောက်သို့ အဘယ်ကြောင့် လိုက်ခဲ့မိသနည်းဟု ကိုယ့်ကိုယ်ကိုယ် နောင်တရစွာ မေးခွန်းထုတ်နေမိ၏။

အချိန်တိုအတွင်းတွင် တစ်ဖက်လူသည် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်၏ ပစ်မှတ်ထားခြင်းကို ခံနေရလေပြီ။

"အရှေ့မှာ မြို့တစ်မြို့ရှိတယ် သွားပုန်းရအောင်.."

ယွီရှောင်လုံက အမြန်အကြံပေး၏။

ရွှီယန်၏ ပုန်းအောင်းခြင်းအတတ်မှာ အလွန်ဆန်းကြယ်လှကြောင်းကို သူသိပါသည်။ မြို့ထဲတွင်သာ ပုန်းအောင်းနေပါက စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ပင်လျှင် ရှာဖွေရန် ခက်ခဲနေမှာ ဖြစ်၏။

ရွှီယန်က နှာခေါင်းရှုံ့သည်။

"ငါသိုင်းလောကကို စဝင်ပြီးကတည်းက ဘယ်တုန်းကမှ လိုက်သတ်တာ မခံခဲ့ရဘူး။ သိုက်ရှန်း အဲ့ဒီ့ကောင်ကြီးကို အနှေးနဲ့အမြန် ငါသတ်ပစ်မယ်.."

လျှင်မြန်စွာ နီးကပ်လာနေသည့် သိုက်ရှန်းကို ခေါင်းလှည့်ကြည့်ကာ ရွှီယန်သည် မြို့၏ မပျံသန်းရဟူသည့် စည်းမျဉ်းကို ကြည့်ရှု့ပြီး မြို့အတွင်းသို့ တစ်ခါတည်း ဝင်ရောက်သွားသည်။

သူသည် အလွန်မြန်ဆန်လှပြီး မြို့သခင်နှင့် အစောင့်များ တုံ့ပြန်ရန် အချိန်မရခင်၌ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့၏။

"ဘုန်း.."

ကြီးစိုးလှသည့် အရှိန်အဝါက ကောင်းကင်ပေါ်မှ သက်ဆင်းလာခဲ့သည်။ မြို့တွင်းရှိ သိုင်းသမားအားလုံးတို့ တောင်တစ်ခု၏ ဖိနှိပ့်ခြင်းကို ခံလိုက်ရသည့်နှယ် ခံစားရ၏။ လူတိုင်းက ထိတ်လန့်စွာဖြင့် မော့ကြည့်မိကြသည်။

"စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား.."

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ထွက်ပေါ်လာခဲ့လေသည်။

လူတိုင်း၏ မျက်နှာများက တင်းကြပ်သွားကြပြီး အသက်ကိုအောင့်ထားကြ၏။ မြို့သခင်၏ မျက်နှာက ကြီးစွာ ပြောင်းလဲသွားသည်။ မနေနိုင်ဘဲ ရှေ့သို့တက်သွားခဲ့၏။

"မင်္ဂလာပါ စီနီယာကြီး... ဒီကိုရောက်လာတဲ့ အကြောင်းပြချက်ကို ပြောပြလို့ရမလား မသိဘူး.."

သိုက်ရှန်း၏ မျက်လုံးများက သွေးနီရောင်ဖုံးလွှမ်းနေပြီး လူသတ်ငွေ့တို့ဖြင့် ပြည့်နက်နေပါသည်။ ဒီဗိုင်းဝိဉာဉ်စွမ်းအားကို အသုံးပြုကာ ရှာဖွေလင့်ကစား ရွှီယန်၏ သဲလွန်စ အရိပ်အယောင်ကို ရှာတွေ့ရခြင်း မရှိပေ။

"ငါကသိုက်ရှန်းပဲ.. လူလာသတ်တာ.."

မြို့သခင်၏ နှလုံးသားက ခြောက်ခြားသွားသည်။ သိုက်ရှန်းဟူသည်မှာ သိုက်မိသားစု၏ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားလေလား။

သိုက်မိသားစုမှာ ဒုတိယတန်းစား မိသားစုတစ်ခုသာ ဖြစ်ပေမယ့် သိုက်ရှန်းမှာ အမြင့်ဆုံးတွင် ရပ်တည်နေသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်သည်။ ပထမတန်းစား မိသားစုတစ်ခု၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ မြို့သခင်အနေနှင့်ပင် ဂရုတစိုက် ဆက်ဆံရန် လိုအပ်၏။

"စီနီယာသိုက်က ဘယ်သူ့ကို သတ်ချင်တာလဲ။ မေးခွင့်ရှိမလား မသိဘူး.."

မြို့သခင်၏ အတွေးများက ပြီးခဲ့တုန်းက မြို့ထဲသို့ ဝင်ရောက်သွားသည့် ပုံရိပ်ကို စဉ်းစားမိလိုက်သည်။ သူသည် အရမ်း မြန်ဆန်လွန်းလှ၏။ မျက်စိတမှိတ်အတွင်း လူအုပ်အတွင်း၌ ပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်လူသားအဆင့် မြို့စောင့်များပင် တုံ့ပြန်နိုင်ခြင်း လုံးဝမရှိပေ။

သိုက်ရှန်းသည် မြို့တလျှောက် လှည့်လည်ရင်းဖြင့် သူ၏ ဒီဗိုင်းဝိဉာဉ်စွမ်းအားကို အသုံးပြုကာ ဂရုတစိုက်ဖြင့် ရှာဖွေ၏။ သို့ပေမယ့် ရွှီယန်၏ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့ဘဲ ရှိနေပါသည်။

သူ၏ မျက်လုံးများ၌ အေးစက်မှုတို့ ပြည့်နက်နေ၏။

အချစ်ရဆုံး မြေးမဖြစ်သူ.. သိုက်မိသားစုအား ပိုမိုမြင့်မားသည့် အမြင့်ဆီသို့ ဦးဆောင်နိုင်မည်ဟု ယုံကြည်ထားရသူ.. သိုက်ယင်ယင်သည် သတ်ဖြတ်ခံခဲ့ရ၏။

ယခု သူ၏သားဖြစ်သူလည်း သေဆုံးခဲ့လေသည်။ ဒီအချိန်၌ သိုက်ရှန်း၏ နှလုံးသားသည် သတ်ဖြတ်လိုခြင်းဖြင့်သာ ပြည့်နက်နေ၏။

"မြို့ထဲကလူတွေ တစ်ယောက်ပြီးတစ်ယောက် အပြင်ကိုထွက်ရမယ်။ မြို့တစ်မြို့လုံး တစ်ယောက်မှ မကျန်ရစ်ခဲ့နဲ့။ အမိန့်ကို မနာခံသူတွေ အသတ်ခံရမယ်.."

သိုက်ရှန်းက အေးစက်စွာ အမိန့်ပေးသည်။ သူ၏အရှိန်အဝါက မြို့ထဲရှိ သိုင်းသမားအားလုံးတို့ကို ဖိနှိပ့်ထား၏။ မျက်နှာများကို ဖြူရော်သွားစေသည်။

မြို့သခင်၏ မျက်နှာက အကြိမ်ကြိမ်ပြောင်းလဲနေပြီး သိုက်ရှန်းမှာ ရူးသွပ်လုမတတ် ဖြစ်နေကြောင်းကို နားလည်လိုက်သည်။ သူ့အနေနှင့် နာခံရန် လိုအပ်၏။ မဟုတ်ပါက တစ်ဖက်လူသည် သူ့ကိုပင် သတ်ဖြတ်သွားနိုင်သည်။

ဘာပဲဖြစ်ဖြစ် သူသည် မိသားစု၏ အဓိကအဖွဲ့ဝင်တစ်ယောက် မဟုတ်ပေ။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားဖြစ်သည့် သိုက်ရှန်းက သတ်ဖြတ်ပြီးလျှင် လျော်ကြေးအချို့ကို ပေးပြီးနောက် ကိစ္စမှာ ကြေအေးသွားမှာ ဖြစ်၏။

သူ၏နောက်ခံများက သူ့အတွက်လောက်နှင့် စိတ်ဝိဉာဉ်သန့်စေခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို စစ်ခင်းမည် မဟုတ်ပါ။

"လူတိုင်းပဲ... အမိန့်အတိုင်း မြို့ထဲကနေထွက်ကြ.."

မြို့သခင်က ချက်ချင်းပင် အမိန့်ပေးလိုက်သည်။ မြို့ထဲရှိ သိုင်းသမားအားလုံးတို့မှာ ထွက်ပြေးရန် စိတ်အားထက်သန်နေကြ၏။ ဖိအားမှာ အလွန်ကြီးမားလှပြီး အသက်ရှူနိုင်ခြင်း မရှိလုနီးပါး ဖြစ်နေပါသည်။

မြို့စောင့်စစ်သည်များ၏ စီမံမှုအောက်တွင် တစ်ယောက်ပြီးတစ်ယောက် မြို့ထဲမှ ထွက်ပြေးကြ၏။

သိုက်ရှန်း၏ ဒီဗိုင်းဝိဉာဉ်စွမ်းအားက မြို့ဂိတ်ကို လွှမ်းခြုံထားပြီး ထွက်ခွာကြသည့် မည်သည့်သိုင်းသမားမဆို သူ၏ စူးစမ်းကြည့်ရှု့မှုမှ လွတ်ကင်းခြင်း မရှိပေ။

ရွှီယန်မှာ ဝတ်စုံအသစ်များကို လဲလှယ်ကာ အငွေ့အသက်များကို ပြောင်းလဲပြီးဖြစ်၏။ လင်းနယ်မြေ၏ သိုင်းသမားတစ်ယောက်သဖွယ် အယောင်ဆောင်ထားသည်။ ပြီးနောက် အနည်းငယ် မျက်မှောင်ကျုံ့သွား၏။

သူသည် အစစ်အမှန်ယွမ်ကို အသုံးပြုကာ အသွင်အပြင်ကို ပြောင်းလဲထားလျှင် သိုက်ရှန်း၏ ရှာဖွေမှုမှ လွတ်မြောက်နိုင်ခြင်း မရှိမည်အား စိုးရိမ်နေပါသည်။

သို့ပေမယ့် အစစ်အမှန်ယွမ်ကို အသုံးမပြုဘဲ မူလရုပ်ရည်ဖြင့် ဒီလူအုပ်နှင့်ရောနှောကာ ထွက်ခွာလျှင်လည်း သိုက်ရှန်းအား လှည့်ဖျားနိုင်မည်လား ဟူသည်မှာ သေချာခြင်း မရှိပေ။ ရှာဖွေတွေ့ရှိသွားပါက အမြန်နှုန်းကိုသာ အားကိုးကာ ထွက်ပြေးရမှာ ဖြစ်သည်။

"ငါတို့ဘာလုပ်ရမလဲ.."

ယွီရှောင်လုံ၏ မျက်နှာက စိုးရိမ်နေ၏။

"မကြောက်နဲ့... မိသွားလည်း ပြေးရုံပေါ့။ ငါ့ရဲ့အမြန်နှုန်းနဲ့ သူလိုက်မမှီပါဘူး.."

ရွှီယန်မှာ တည်ငြိမ်စွာသာ ရှိနေပါသည်။

"ဘေးဖယ်စမ်း... ရှေ့ကနေထွက်သွား ငါ့လမ်းကိုမပိတ်နဲ့.."

ရုတ်တရက် လူအုပ်အတွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ နောက်လိုက်များစွာနှင့် ဝတုတ်သည့် လူငယ်တစ်ယောက်သည် မောက်မာစွာဖြင့် အခြားသိုင်းသမားများကို ဘေးသို့တွန်းထုတ်နေ၏။ မြို့ဂိတ်ဆီသို့ လျှောက်လာခဲ့သည်။

"ဖယ်စမ်း... ငါ့လမ်းကိုမပိတ်နဲ့။ ငါဘာကောင်လဲဆိုတာကို မင်းသိလား.."

ရှန်ဟိုင်ကျိုးက ကျိန်ဆဲရင်းမှ သိုင်းသမားများကို တွန်းထုတ်ကာ ရုတ်ရုတ်သဲသဲဖြစ်အောင် ပြုလုပ်ပြီး မြို့မှထွက်ခွာရန်ပြင်သည်။

"ခွေးသူတောင်းစား.. မင်းကငါ့ကို ဘာတွေပြန်ကြည့်နေတာလဲ။ သေချင်နေပြီလား.."

လမ်းတစ်ဝက်တွင် ရှန်ဟိုင်ကျိုးက နောက်သို့လှည့်ကာ နောက်ရှိ သိုင်းသမားကို လက်သီးခြေထောက်များဖြင့် ထိုးနှက်ကန်ကြောက်သည်။ ခဏတာအတွင်း မြို့ထဲရှိ သိုင်းသမားများကို ဒေါသများထွက်လာစေပြီး မျက်လုံးများအား အနီရောင် ပြောင်းသွားစေ၏။

သို့ပေမယ့် တစ်ဖက်လူ၏ ဝတ်စုံကို တွေ့ရပြီးနောက် ချက်ချင်းပင် မြိုသိပ့်လိုက်ကြသည်။

"ရှန်မိသားစု.."

ရွှီယန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး လူအုပ်အတွင်းသို့ တိတ်တဆိတ် ရောနှောသွား၏။ ရှန်ဟိုင်ကျိုး၏ အနီးအနားရှိ ရှုပ်ထွေးနေသည့် သိုင်းသမားများအကြားသို့ ဝင်ရောက်သွားသည်။

ဤသည်မှာ တမင်ဖန်တီးထားသည်လား ဘာလားမသိပေ။ ရှန်ဟိုင်ကျိုး၏ နောက်လိုက်များ ဝတ်ဆင်ထားသည့် ဝတ်စုံမှာ ရွှီယန်နှင့် တစ်ရောင်တည်းဖြစ်နေ၏။ ထို့အပြင် အချို့မှာ ရှင်းလင်းစွာပင် လေလွင့်သိုင်းသမားများဖြစ်ကြပြီး သူ၏နောက်လိုက်များ မဟုတ်ကြပေ။

ရှန်ဟိုင်ကျိုး၏ မောက်မာသည့် အဖွဲ့သည် လူအုပ်ကို တွန်းဖယ်ကာ ထွက်ခွာလာပြီး သူ၏နောက်လိုက်အရေအတွက်မှာ တိုးပွားလာခဲ့သည်။ အခြားသိုင်းသမားအချို့လည်း သူ၏အနီးအနားရှိ အရှုပ်အထွေးသို့ ဝင်ရောက်ကာ မြင်ကွင်းကို ပိုမိုကာပင် ဝရုန်းသုန်းကား ဖြစ်စေ၏။

"ဒီလောက်ဆိုရင် အဆင်ပြေလောက်တယ်မလား.."

ရှန်ဟိုင်ကျိုး၏ မျက်လုံးများက ပတ်ဝန်းကျင်တွင် လှည့်လည်နေ၏။

ထို့နောက် သိုင်းသမားအုပ်စု၏ ဝန်းရံမှုအကြားတွင် လှုပ်လီလှုပ်လဲ့ဖြင့် မောက်မာစွာ ကျိန်ဆဲရင်းက မြို့ဂိတ်ဆီသို့ ရှုပ်ထွေးစွာ ဦးတည်သွား၏။

All Chapters