← Chapters

ချင်းလင်မြို့၊ ဝရမ်း

Vol. 28 Ch. 407

ချင်းလင်မြို့၊ ဝရမ်း

Vol. 28 Ch. 407

"ဒါဆိုရင် မင်းတကယ်ပဲ သူ့ကိုသတ်ခဲ့တာ မဟုတ်ဘူးပေါ့.."

ဝမ်းယုံ၏ မူမမှန်သည့် အသွင်အပြင်ကို တွေ့ရပြီးနောက် ဟွမ်မုန့်က နက်ရှိုင်းသည့်အသံဖြင့် မေးသည်။

"ငါ.. တကယ်ပဲ မဟုတ်ဘူး... ငါက ဒေါသအရမ်းထွက်ပြီး ဒီအတိုင်း စိတ်လိုက်မာန်ပါ ခြိမ်းခြောက်ခဲ့မိရုံပဲရှိတယ်။ ဘယ်လိုလုပ်ပြီး သတ်ရဲမှာလဲ။ နောက်ပြီးတော့ သူမရဲ့ စောင့်ရှောက်သူကလည်း ငါ့ထက်တောင် အများကြီး ပိုသန်မာတယ်.."

ဝမ်းယုံမှာ ငိုလုမတတ် ဖြစ်နေပါပြီ။ သူသည် စိတ်လိုက်မာန်ပါ ပြောဆိုခဲ့မှုအတွက် နောင်တရနေမိ၏။

ဒေါသတကြီး ခြိမ်းခြောက်မှုများ မဆိုခဲ့သင့်ပေ။

မည်သူသိမည်နည်း။ သိုက်ယင်ယင်သည် အမှန်တကယ် သတ်ဖြတ်ခံခဲ့ရပြီး ယခုအချိန်၌ သူ၏နာမည်အား ရှင်းလင်းနိုင်ခြင်းပင် မရှိတော့ပေ။

ဟွမ်မုန့်က အသက်ကို နက်ရှိုင်းစွာရှူပြီး ပြောသည်။

"အဲ့ဒါဆိုရင် မဟာမိတ်အဖွဲ့ထဲက အခြားညီအစ်ကိုတွေများ လုပ်ခဲ့တာလား... ဒါပေမယ့် ငါတို့ကို ဘာအကြောင်းမှမပြောဘဲနဲ့တော့ မလုပ်လောက်ဘူးထင်တယ်.."

ဝမ်းယုံက ဝမ်းနည်းသည့်မျက်နှာဖြင့် ပြောသည်။

"အဲ့ဒီ့ကောက်ကျစ်ယုတ်မာတဲ့ စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေက လူတွေပဲဖြစ်မှာပေါ့။ တမင်ငါ့ကို ချောက်ချချင်နေတာ.."

"ယုံလေး... မင်းထွက်ပြေးတော့... ယွီကျိုးကနေ မြန်မြန်လေးထွက်သွား... ငါအခြားဒေသက မဟာမိတ်အဖွဲ့ထဲမှာ မင်းကိုစီစဉ်ပေးမယ်။ မျိုးနွယ်စုံမဟာမိတ်အဖွဲ့ကို တရားဝင်တည်ထောင်ပြီးရင် သိုက်မိသားစုလို ဒုတိယတန်းစားမိသားစုတစ်ခုကို ဘာကြောက်စရာမှမရှိတော့ဘူး.."

ဟွမ်မုန့်က နက်ရှိုင်းသည့်အသံဖြင့် ပြော၏။

"ကောင်းပြီ...ငါအခုပဲ ထွက်ပြေးတော့မယ်.."

ဝမ်းယုံ၏ မျက်နှာက ဖြူရော်နေ၏။

အနှေးနှင့်အမြန် ယွီကျိုးတွင်မက ကျိန်နိုင်ငံတစ်ခုလုံးတွင်မှာ လိုက်လံဖမ်းဆီးခြင်း ခံရမည်ကို သူသိ၏။

သိုက်မိသားစုမှာ လူသတ်သမားကို ဖမ်းဆီးရန်အတွက် စွမ်းအားကြီးသော မိသားစုဝင်များကို စေလွှတ်ထားပြီး သက်ဆိုင်ရာ ဆုကြေးတစ်ခုကိုပင် ထုတ်လွှတ်ခဲ့သည်။

ကျိန်တော်ဝင်မိသားစုကလည်း ဝရမ်းတစ်ခုကို ထုတ်ပြန်ခဲ့၏။ ခဏတာအတွင်း ကျိန်နိုင်ငံရှိ သိုင်းလောကမှာ အထိတ်တလန့်အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

မရေမတွက်နိုင်သည့် လေလွင့်သိုင်းသမားများမှာ အကြောက်တရားဖြင့် တုန်ခါနေကြ၏။ အကြောင်းပြချက်မရှိဘဲ ထိုကိစ္စအတွင်း ဆွဲသွင်းခံရမည်ကို ကြောက်ရွံ့နေပါသည်။

သို့ပေမယ့် တကယ့်လူသတ်သမားဖြစ်သည့် ရွှီယန်မှာတော့ ကျိန်နိုင်ငံ၏ပိုင်နက်မှ အဝေးသို့ရောက်ရှိနေပြီးဖြစ်၏။

ဒီဗိုင်းနဂါးစွမ်းအင်၏ ကောင်းချီးပေးခြင်းကို ခံရသည့် ဒီနေရာသည် ကျိန်နိုင်ငံနှင့် မိုင်ပေါင်းများစွာဝေးကွာသည့် နေရာတွင် ရှိနေ၏။

ရွှီယန်သည် ခရီးသွားနေစဉ်အတွင်းတွင် ကျိန်နိုင်ငံနှင့် ယွီကျိုး၏ အခြေအနေများကို သိရှိခဲ့ရသည်။ စိတ်ဝိဉာဉ်ဂိုဏ်း မည်မျှရှိသည်နှင့် မိသားစုကြီးမည်မျှရှိသည် အစရှိသဖြင့် ဖြစ်၏။

လင်းယွီဂိတ်တံခါးသည် ကျိန်နိုင်ငံ၏ ယွီကျိုးတွင် ရှိ၏။ ချန်ချင်းစံအိမ်သာ လင်းနယ်မြေအတွင်းသို့ ပေါင်းစပ်ဝင်ရောက်လိုပါက ယွီကျိုးတွင် အခြေချရမည်မှာ မလွဲမသွေ ဖြစ်သည်။ ထို့ကြောင့် ကြိုတင်ရင်းနှီးအောင် ပြုလုပ်ထားရန် မရှိမဖြစ်လိုအပ်၏။

လင်းနယ်မြေနှင့် အတွင်းဘက်နယ်မြေတို့ အကြားတွင် စွမ်းအားတည်ဆောက်မှုအတွက် သိသာသည့် ခြားနားချက်များ ရှိပါသည်။

လင်းနယ်မြေတွင် စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် မိသားစုကြီးများမှာ အဓိကအုပ်စိုးသည့် အင်အားစုများ ဖြစ်ကြ၏။

တော်ဝင်မိသားစုနှင့် နိုင်ငံတို့မှာ စိတ်ဝိဉာဉ်ဂိုဏ်း သို့မဟုတ် မိသားစုကြီးများ၏ အခွဲအင်အားစုများသာဖြစ်သည်။ ပိုင်နက်များကို အုပ်ချုပ်ရန်အတွက် တည်ထောင်ထားခြင်းဖြစ်၏။

လင်းနယ်မြေတစ်ခုလုံးတွင် အုပ်ချုပ်သူနှင့် နောက်လိုက်ဟူ၍ ကြီးမားသည့် ခွဲခြားမှုရှိပါသည်။ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ အကြားတွင်ပင် ဖြစ်၏။ တတိယတန်းစား ဂိုဏ်းတစ်ခုသည် ဒုတိယတန်းစားနှင့် ပထမတန်းစာဂိုဏ်းများကို တွေ့ဆုံရပါ ထိုကဲ့သို့သော အဆင့်အတန်းခွဲခြားမှုအတိုင်း လိုက်နာရ၏။

သူတို့ကိုသူတို့ အဆင့်မြင့်မားသည့် ဂိုဏ်းများတွင် ထားရှိကာ ဘယ်တော့မှ စည်းကျော်ခြင်း မရှိကြပေ။ အဖွဲ့အစည်းနှစ်ခုအကြားတွင် ကြီးမားသည့် အမုန်းတရားနှင့် ရန်ကြွေးတို့ရှိနေလျှင်တော့ ထိုစည်းမျဉ်းကို လိုက်နာခြင်းမရှိကြပါ။

ပိုမိုစွမ်းအားကြီးသည့်ဂိုဏ်း သို့မဟုတ် မိသားစုများရှိနေမှသာလျှင် အလိုဆန္ဒမရှိစွာဖြင့် ထိုစည်းမျဉ်းကို လိုက်နာရ၏။

ယွီကျိုးကို အဓိကစိတ်ဝိဉာဉ်ဂိုဏ်းသုံးခု မိသားစုကြီးငါးခုနှင့် အလယ်အလတ်နှင့် အငယ်စားဂိုဏ်းနှင့် မိသားစုကြီး၁၈ခုတို့က ထိန်းချုပ်ကြသည်။

စုစုပေါင်း နိုင်ငံခြောက်ခုရှိ၏။ ကျိန်နိုင်ငံမှာ ယွီကျိုး၏ စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် မိသားစုကြီးများက မထိန်းချုပ်ထားသည့် တစ်ခုတည်းသော နိုင်ငံတစ်ခုဖြစ်သည်။

၎င်းကို ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်းများစွာက အုပ်စိုးကြ၏။ လင်းယွီဂိတ်တံခါးအား စောင့်ကြည့်ရန် တာဝန်ကြောင့် ၎င်းကို ထိပ်တန်း စိတ်ဝိဉာဉ်ဂိုဏ်းများက အထူးခံစားခွင့်များ ပေးထားသည်။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှာ ယွီကျိုးရှိ နံပါတ်တစ်ဂိုဏ်းတစ်ခုဖြစ်ပြီး ဒီဒေသတွင် တစ်ခုတည်းသော ပထမတန်းစား ဂိုဏ်းတစ်ခုလည်း ဖြစ်သည်။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှလွဲ၍ ယွီကျိုးရှိ မည်သည့်စိတ်ဝိဉာဉ်ဂိုဏ်း သို့မဟုတ် မိသားစုကြီးတွေမှ ပထမတန်းစားအင်အားစုတစ်ခုနှင့် နှိုင်းယှဉ်နိုင်သည့် ခွန်အားမျိုးအား ပိုင်ဆိုင်ထားခြင်းမရှိပေ။

၎င်းတို့ကို ယွီကျိုးအတွင်းရှိ ပထမတန်းစား စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများဟုသာ ယူဆနိုင်၏။ ရွှီယန်သည် ယွီရှောင်လုံဆီမှ လင်းနယ်မြေအကြောင်း ပုံမှန်ဗဟုသုတများနှင့် ယွီကျိုး၏ အကြောင်းများကို တဖြည်းဖြည်း နားလည်လာခဲ့သည်။

ဥပမာအားဖြင့် လင်းနယ်မြေတွင် တညီတညွတ်တည်း ပေါင်းစည်းထုတ်လုပ်ထားသည့် ငွေကြေးမရှိပေ။

လက်ရှိသိုင်းလောက၌ လှည့်လည်နေသည့် ငွေကြေးများမှာ ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်းများစွာတို့မှ ထုတ်ပြန်ထားခြင်းဖြစ်၏။

၎င်းတို့ကို လင်းနယ်မြေ၏ ဒေသ၁၈ခုမှ မည်သည့်နေရာတွင်မဆို အသုံးပြုနိုင်ပါသည်။

"ဥပမာအားဖြင့် ကျိုးစိတ်ဝိဉာဉ်လက်မှတ်ကို ကြီးဖြစ်မြတ်သော ကျိုးနိုင်ငံက ထုတ်ပြန်ထားခဲ့တာ။ အဲ့ဒါက လင်းနယ်မြေမှာ ထိပ်တန်းအဆင့် စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေနဲ့ အခြေခံခြင်းနှိုင်းယှဉ်နိုင်တဲ့ တစ်ခုတည်းသော မင်းဆက်ပဲ။ စိတ်ဝိဉာဉ်နယ်မြေတစ်ခုလုံးမှာ မဟာကျိုးနိုင်ငံက တစ်ခုတည်းသော အမှီအခိုကင်းတဲ့ နိုင်ငံကြီးတစ်ခုလည်း ဖြစ်တယ်.."

ယွီရှောင်လုံက ရွှီယန်ကို မိတ်ဆက်ပေး၏။ သူသည် ရွှီယန်၏ လင်းနယ်မြေအကြောင်း အခြေခံဗဟုသုတများအား အလွန်နည်းပါးစွာ သိရှိမှုအတွက် ပဟေဠိဖြစ်နေမိသည်။

လေလွင့်သိုင်းသမား လူသစ်တစ်ယောက်လေလား။ သို့ပေမယ့် တစ်ဖက်လူ၏စွမ်းအားမှာ အံ့သြစရာကောင်းလောက်အောင် ကြီးမားလှသည်။

မဟာကျိုးနိုင်ငံ၏ အမှီခိုကင်းစွာနေနိုင်ပြီး စိတ်ဝိဉာဉ်ဂိုဏ်း သို့မဟုတ် မိသားစုကြီးများ၏ အုပ်စိုးမှုအောက်တွင် မကျရောက်မှုနှင့် အင်အားမှာ ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်းများနှင့် နှိုင်းယှဉ်နိုင်သည်က ကျိုးအင်ပါရီယာမိသားစု၏ ထူးကဲသည့်စွမ်းအားကို ပြသနေပါသည်။

"အခု ငါတို့ရှိနေတဲ့ နယ်မြေက ယွီကျိုးက မိုမိသားစုရဲ့အပိုင်ပဲ။ အဲ့ဒါက ဒီနေရာမှာရှိတဲ့ နံပါတ်တစ်မိသားစုကြီးတယ်.."

ယွီရှောင်လုံက အဝေးရှိမြို့ကို လက်ညှိုးထိုးပြရင်းက ပြောသည်။

"မြို့ထဲကိုသွားရအောင်...နည်းနည်းလောက်လှည့်လည်ကြည့်တာပေါ့.."

ရွှီယန်လည်း မြို့ထဲရှိဆိုင်များဆီသို့ သွားရောက်လည်ပတ်ကာ ဝယ်ယူရန် ထိုက်တန်မည့် အဖိုးတန်ပစ္စည်းများ ရှိမည်လားဟု သွားရောက်ကြည့်ရှု့ရန် ဆုံးဖြတ်လိုက်သည်။

"ငါကတော့ ပုန်းနေတာ ပိုကောင်းတယ်.."

ယွီရှောင်လုံသည် သူ့ကိုယ်သူ ရွှီယန်၏ လက်ကောက်ဝတ်သို့ ရစ်တွယ်လိုက်ပြီး အင်္ကျီလက်အောက်တွင် ဖုံးကွယ်လိုက်၏။

ချင်းလင်မြို့မှာ မိုမိသားစု၏ လက်အောက်ရှိ မြို့ခြောက်ခုမှ တစ်ခုဖြစ်သည်။ မြို့နံရံများသည် ၎င်းတို့၏ကြေးခွံသဏ္ဍာန် တည်ဆောက်ထားမှုကြောင့် နာမည်ကျော်ကြားသည်။

မိုမိသားစုသည် ယွီကျိုး၏ ပထမတန်းစားမိသားစုတစ်ခုဖြစ်ပြီး သူတို့၏ ပိုင်နက်များအတွက် နိုင်ငံတစ်ခုကို တည်ထောင်ကာ အုပ်စိုးခြင်းမပြုပေ။

အဲ့ဒီ့အစား မိုမိသားစုမြို့တော်ကို တည်ထောင်ကာ တစ်ခါတည်း အုပ်ချုပ်မှုပြု၏။ မိုမိသားစု၏ အဓိကမြို့ခြောက်ခုထဲမှ တစ်ခုဖြစ်သည့် ချင်းလင်မြို့တွင် အထွတ်အထိပ်အဆင့် ကောင်းကင်လူသားကြီးတစ်ယောက် အထိုင်ချနေ၏။

ဒီအချိန်၌ ချင်းလင်မြို့ရှိ တိမ်မိုးကြိုးစံအိမ်အတွင်းတွင် သိုင်းသမားများစွာတို့သည် ပုံတစ်ခုကိုကိုင်ကာ ဝရမ်းတစ်ခုကို ကြေညာနေ၏။

"ဒီလူနဲ့ပတ်သက်ပြီး သတင်းအချက်အလက်ပေးတဲ့ ဘယ်သူမဆို စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်သိန်းသို့မဟုတ် စိတ်ဝိဉာဉ်စုဆောင်းခြင်းဆေးလုံးတစ်လုံးကို ဆုကြေးအဖြစ်ရမယ်.."

သူတို့က ကြေညာမောင်းထု၏။ သိုင်းသမားအုပ်စုတို့မှာ မှင်သက်သွားကြသည်။ စိတ်ဝိဉာဉ်ပုံဆောင်ခဲတစ်သိန်း သို့မဟုတ် စိတ်ဝိဉာဉ်စုဆောင်းခြင်း ဆေးလုံးတစ်လုံးလေလား။

ချင်းလင်မြို့ရှိ တိမ်မိုးကြိုးစံအိမ်မှာ ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်းများစွာတို့ တည်ထောင်ထားသည့် စံအိမ်တစ်ခုဖြစ်၏။

နေ့စဉ်နေ့တိုင်း သိုင်းသမားများဖြင့် စည်ကားနေပြီး ခွန်အား သို့မဟုတ် ချမ်းသာမှုတစ်ခုအား ပိုင်ဆိုင်ထားသည့် မည်သည့်လေလွင့်သိုင်းသမားမဆို ဒီနေရာသို့ လာရောက်နိုင်ပါသည်။

လူတိုင်းသည် ဓားတစ်ချောင်းကို ကိုင်ဆောင်ကာ ချောမောပြီး ထူးကဲသည့်အသွင်အပြင်ရှိသည့် ပုံထဲရှိလူငယ်ကို ကြည့်မိကြ၏။

"မေးခွင့်ရှိမလားဆာ။ ဒီလူငယ်က ဘာလုပ်ခဲ့လို့လဲမသိဘူး.."

စပ်စုတတ်သည့် သိုင်းသမားတစ်ယောက်က မေးသည်။

သူ၏ လေယူလေသိမ်းကို ကြည့်ရသည်မှာ လေလွင့်သိုင်းသမားတစ်ယောက်ဖြစ်ကြောင်းအား ရှင်းလင်း၏။

ပုံကိုင်ဆောင်ထားသည့် သိုင်းသမားက သူ့ကိုထူးမခြားနားသည့် ပုံစံဖြင့်ကြည့်ကာ အေးစက်စွာ ပြောသည်။

"မမေးသင့်တာကို မမေးနဲ့...သဲလွန်စရှိရင် သတင်းပေးပြီး ဆုကြေးကိုပဲလာထုတ်လှည့်.."

သူတို့ထဲရှိ တစ်ယောက်ယောက်က လှမ်းမေး၏။

"ဒီလူကို ကိုယ့်ဘာသာဖမ်းမိထားနိုင်ရင်ရော ဆုကြေးက ဘယ်လောက်ရမှာလဲ.."

ထိုမေးခွန်းကို ကြားရပြီးနောက် ပုံကိုကိုင်ထားသည့် သိုင်းသမားက ပြုံးသည်။

"ဒီလူကိုသာ ဖမ်းနိုင်ရင် စိတ်ဝိဉာဉ်စုဆောင်းခြင်းဆေးလုံး ၅ခု သို့မဟုတ် အဲ့ဒါနဲ့ညီမျှတဲ့ ဆုကြေးတစ်ခုကိုရမယ်.."

All Chapters