← Chapters

ဒီညီအကိုက တကယ်ကိုသားရဲပဲ

Vol. 28 Ch. 409

ဒီညီအကိုက တကယ်ကိုသားရဲပဲ

Vol. 28 Ch. 409

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းသည် ယွီကျိုးရှိ နံပါတ်တစ်စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုဖြစ်ပြီး အဓိက စိတ်ဝိဉာဉ်ဂိုဏ်း၃ခုတို့၏ ခေါင်းဆောင်လည်း ဖြစ်သည်။

စုမိသားစုမှာလည်း မိသားစုကြီး၅ခုထဲမှ တစ်ခုဖြစ်၏။ ယွီကျိုးတွင် ထိုအင်အားစုနှစ်ခုတို့ကို တပြိုင်နက်ထိပါးရဲသည့် မည်သည့်အင်အားစုမှ မရှိပါ။

လေလွင့်သိုင်းသမားများ အနေနှင့် ထိုအင်အားစုကြီး နှစ်ခုရှိ သိုင်းသမားများကို အနည်းငယ်ပင် ထိပါးရဲခြင်း မရှိပေ။ အနိုင်ကျင့်ခံရလျှင်တောင် ဒေါသကို မျိုချကာ တိတ်ဆိတ်စွာ သည်းခံရ၏။ မည်သည့် ခုခံမှုတစ်စုံတစ်ရာ သို့မဟုတ် လှုပ်ရှားမှုတစ်ခု ပြုခဲ့လျှင်တောင် သေဆုံးခြင်းကို ဖြစ်စေနိုင်၏။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့မှ အကြီးအကဲနှစ်ယောက်၏ အမြင်တွင် ရွှီယန်သည် အမှန်တကယ်ကို တော်တော်လေး စွမ်းအားကြီးမား၏။

သို့ပေမယ့် သူတို့သည် အင်အားစုကြီးနှစ်ခုကို ကိုယ်စားပြု၍ ရောက်လာခဲ့ခြင်း ဖြစ်သည်။ လေလွင့်သိုင်းသမားတစ်ယောက်က ဘယ်လိုလုပ်ပြီး သူတို့ကို မနာခံရဲဘဲနေမည်လဲ။

မည်သူမှ မထင်ထားသည်မှာ ရွှီယန်က အမှန်တကယ် လှုပ်ရှားမှုပြုခဲ့ခြင်း ဖြစ်သည်။ သူတို့နောက်ရှိ အင်အားစုများကို စဉ်းစားခြင်း လုံးဝမရှိပေ။

"မင်းက သေချင်နေတာပဲ.."

ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ အကြီးအကဲက ဒေါသတကြီးဖြစ်သွားပြီး လက်ကိုမြှောက်ကာ ရွှီယန်ကို တိုက်ခိုက်လိုက်သည်။ သူသည် နှောင်းပိုင်း ကောင်းကင်လူသားငယ်အဆင့် သိုင်းသမားတစ်ယောက် ဖြစ်၏။

စုမိသားစုအကြီးအကဲ၏ အကြည့်ကလည်း အေးစက်သွားပြီး ရုတ်တရက် တိုက်ခိုက်မှုပြုသည်။ ကြီးမားသော လက်သီးစွမ်းအားက သေးငယ်သည့် တောင်တစ်ခုသဖွယ် သက်ဆင်းလာခဲ့၏။

ရွှီယန်သည် ထုံးရွှမ်အဆင့်၏ အထွတ်အထိပ်၌သာ ရှိပေမယ့် အခြေခံကို သိရှိခဲ့တာ အချိန်တစ်ခု ကြာပြီးပါပြီ။ သူ၏ခွန်အားသည် နေ့စဉ်နေ့တိုင်း တိုးတက်လာနေ၏။ ထို့အပြင် လျှပ်တပြက်လေ ဓားဆန္ဒမှာ အလွန်စွမ်းအားကြီးမားလှသည်။

"ဘဇ်.."

တောင်နှင့်မြစ်ဓားဆန္ဒက ထွက်ပေါ်လာပြီး ချက်ချင်းပင် အရာအားလုံးကို လွှမ်းခြုံသွားသည်။

ညင်သာသောလေက ရုတ်တရက် ပြင်းထန်လာပြီး တောင်နှင့်မြစ်ကို ဖြတ်သန်းတိုက်ခတ်သွား၏။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ အကြီးအကဲမှာ ရုတ်တရက် အသိစိတ်၌ ထိတ်လန့်မှုတစ်ခုကို ခံစားလိုက်ရပြီး လေပြင်းတစ်ခုက သူ၏ စိတ်ပိုင်းဆိုင်ရာ အသိစိတ်ကို ဖြတ်တိုက်သွားသည့်နှယ် ရှိသည်။ စုတ်ဖြဲသည့် နာကျင်မှုတစ်ခု ပေါ်လာခဲ့၏။

"အား.."

ခံနိုင်ရည်မရှိတော့ဘဲ အော်ဟစ်ကာ သူ၏ တိုက်ခိုက်မူတို့ ရပ်တန့်သွားခဲ့သည်။ ရုတ်တရက် နာကျင်မှုက သူ့ကို သတိလက်လွတ် ဖြစ်သွားစေ၏။ သူ၏စွမ်းအားကို ပြည့်စုံစွာ ထုတ်လွှတ်နိုင်ခြင်း မရှိခင်တွင် ဓားအလင်းက ကျရောက်လာခဲ့သည်။

စွမ်းအားကြီးသူများ၏ တိုက်ပွဲတွင် သေခြင်းရှင်ခြင်းမှာ အခိုက်အတန့်တစ်ခုဖြင့် ဆုံးဖြတ်နိုင်၏။

"ဘုန်း.."

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ အကြီးအကဲမှာ လျှပ်တပြက်အတွင်း အသတ်ခံလိုက်ရသည်။

ကြီးမားသော လက်သီးစွမ်းအားကြီး၏ ကျဆင်းလာချိန်၌ ရွှီယန်က လျှပ်တစ်ပြက်ရွေ့လျားသွားပြီး သူ၏တည်နေရာကို ပြောင်းလဲလိုက်၏။ စုမိသားစုအကြီးအကဲ၏ နံဘေးသို့ ရောက်ရှိသွားသည်။

"တယ်လီပို့ခြင်း.."

သူသည် နောက်ထပ်ဓားချက်တစ်ချက်ကို ခုတ်ပိုင်းချလိုက်၏။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ အကြီးအကဲ၏ ရုတ်တရက် သတ်ဖြတ်ခံရမှုက စုမိသားစုအကြီးအကဲကို ထိတ်လန့်သွားစေသည်။ သူသည် တစ်ဖက်လူ၏ အနည်းငယ်မျှ ကာကွယ်နိုင်ခြင်းမရှိဘဲ ဓားတစ်ချက်ဖြင့် သတ်ဖြတ်ခံရမှုအတွက် နားမလည်နိုင်ဘဲ ရှိနေ၏။

ထိုအချိန်၌ အန္တရာယ်၏ ကြီးမားသည့် အငွေ့အသက်ကို ခံစားလိုက်ရသည်။

"ငါကစုမိသားစုရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ။ မင်းငါ့ကို သတ်ရဲတာလား.."

ကျယ်လောင်စွာ အော်ဟစ်မိ၏။

"မင်းကိုသတ်ဖို့များ နောက်ခံတွေဘာတွေ စဉ်းစားနေရဦးမှာလား.."

ရွှီယန်က အေးစက်စွာ ပြုံးသည်။ ဓားချက်က မိုးကြိုးမုန်တိုင်းနှင့်အတူ ကျဆင်းလာပြီး ဒီဗိုင်းအပြစ်ပေးမှုတစ်ခုနှယ် ရှိသည်။

"ဘုန်း.."

စုမိသားစု၏ အကြီးအကဲက လက်သီးချက်ဖြင့် ခုခံကာ တစ်ချိန်တည်းတွင် ရှောင်ထွက်သွားရန် ကြိုးစားသည်။

ထိုအချိန်၌ သူ၏ စိတ်ပိုင်းဆိုင်ရာအသိစိတ်သို့ ရုတ်တရက် လေညှင်းတစ်ခု ဖျက်တိုက်လာခဲ့၏။ စိတ်ဝိဉာဉ်အား ဆွဲဖြဲခံရသည့်နှယ် ရှိနေပြီး ပြင်းထန်သည့် နာကျင်မှုက မျက်လုံးများကိုပင် ထွက်ကျလုမတတ် ပြူးကျယ်လာစေသည်။

"ဒါက ဘယ်လိုကျင့်စဉ်မျိုးလဲ.."

စုမိသားစု၏ အကြီးအကဲမှာ ကြောက်ရွံ့ထိတ်လန့်သွားခဲ့သည်။ ဤသည်မှာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ၏ ဒီဗိုင်းဝိဉာဉ်ဖိနှိပ့်ခြင်း မဟုတ်ပေ။ ထူးခြားသည့် သိုင်းပညာတစ်ခုသာ ဖြစ်ပုံပေါ်၏။

စိတ်ပိုင်းဆိုင်ရာ အသိစိတ်တို့ကို တစ်ခါတည်း ဖျက်ဆီးနိုင်ပါသည်။

ဒီအချိန်မှသာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ အကြီးအကဲ၏ အဘယ်ကြောင့် အလွယ်တကူ သတ်ဖြတ်ခံရမှုကို နားလည်လာခဲ့၏။

စုမိသားစုအကြီးအကဲ၏ တိုက်ခိုက်မှုမှာ ဖရိုဖရဲဖြစ်လာပြီး ပြင်းထန်သည့် နာကျင်မှုကြောင့် ပြိုလဲသွားခဲ့၏။

ရှောင်ပြေးတော့မည့် ခန္ဓာကိုယ်မှာလည်း လျှပ်တပြက်ရပ်တန့်သွားခဲ့သည်။

အရေးကြီးသည့် အချိန်အခါတွင် သူသည် စိတ်ဝိဉာဉ်စုဆောင်းခြင်းအတတ်ကို အသည်းအသန် လှည့်လည်လိုက်၏။

စိတ်ထဲတွင်ပြင်းထန်သည့် နာကျင်မှုကို တွန်းလှန်ပြီး ထူးဆန်းသည့်လေ၏ တိုက်ခတ်မှုကို ဖယ်ရှားရန် ကြိုးစားသည်။ သို့ပေမယ့် မိုးကြိုးဓားချက်က ကျဆင်းလာခဲ့၏။

"စုမိသားစုက မင်းကိုအလွတ်ပေးမှာ မဟုတ်ဘူး.."

နောက်ဆုံးတွင် ဒေါသတကြီး အော်ဟစ်ကာ သေဆုံးသွားရ၏။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုရှိ အကြီးအကဲတို့ကို သတ်ဖြတ်ပြီးနောက် ရွှီယန်က လက်ကိုဆန့်ကာ သူတို့၏ သိုလှောင်အိတ်များကို ဖမ်းလိုက်သည်။ ဓားဆန္ဒက ပျံ့နှံ့သွားပြီး အလောင်းများကို ချက်ချင်းပြာအဖြစ် ပြောင်းလဲလိုက်၏။

ယွီရှောင်လုံက အင်္ကျီလက်အတွင်းမှ ခေါင်းထွက်လာပြီး အံ့သြစွာအသံပြုသည်။

"ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုရဲ့ အကြီးအကဲတွေကို မင်းသတ်လိုက်တာလား... ဒါကပြဿနာကြီးပြီ... သူတို့မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး.."

ယွီကျိုးတွင် လေလွင့်သိုင်းသမားတစ်ယောက်က ဂိုဏ်းကြီး၃ခုနှင့် မိသားစုကြီး၅ခုတို့မှ လူများကို မသတ်ဖြတ်ရဲတာ အချိန်အတော်ကြာပြီ ဖြစ်သည်။

"ဟုတ်တယ်.. သတ်လိုက်တယ်... ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုက ဘာဖြစ်လဲ.."

ရွှီယန်မှာ အလေးမစိုက်စွာ ရှိနေ၏။

"မင်းလိုက်သတ်တာခံရတော့မှာပေါ့... မြန်မြန်လေးထွက်ပြေး။ ဒါမှမဟုတ်ရင် နောက်ကျသွားလိမ့်မယ်.."

ယွီရှောင်လုံက အလောတလျှင်နိုင်သည့် လေသံဖြင့် ပြော၏။

"အခြေအနေမကောင်းရင် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတောင် မင်းကို လာရှာလိမ့်မယ်.."

ရွှီယန်က တည်ငြိမ်စွာသာ ပြောသည်။

"စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားက ဘာကောင်ကြီးမို့လို့လဲ.."

သူသည် အမှန်တကယ်ကို စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်၏ ပြိုင်ဘက်မဟုတ်ပေ။ သို့ပေမယ့် အလင်းနှင့်မြူ ပုန်းအောင်းခြင်းအတတ်က ရှာဖွေမှုမှ ရှောင်ရှားနိုင်၏။

"မြန်မြန်လေးပြေးတော့... စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတွေက အလွယ်တကူလှုပ်ရှားမှု မပြုကြဘူး။ ဒါပေမယ့် ကောင်းကင်လူသားကြီးအဆင့်တွေတော့ သေချာပေါက် ရောက်လာကြမှာ.."

ယွီရှောင်လုံက လေးနက်စွာပြောသည်။

"ကောင်းကင်လူသားကြီး လောက်နဲ့လား... အဲ့ဒါဆိုရင် ပြဿနာကြီးမဟုတ်ဘူး.."

ရွှီယန်က ခဏတာစဉ်းစားမှု ပြုသည်။ သူ့အတွက် ကောင်းကင်လူသားကြီးအဆင့် တစ်ယောက်၏ ခြိမ်းခြောက်မှုမှာ ကြီးမားခြင်း မရှိပေ။

သို့ပေမယ့် သတိမထားဘဲ နေလို့မရပါ။ ၄ ၅ယောက်လောက်စုပြီး ဝိုင်းဝန်းသတ်ဖြတ်လာလျှင် မည်ကဲ့သို့ လုပ်မည်နည်း။

အခုအချိန်၌ ချင်းလင်မြို့သို့သွားရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် စိတ်ထဲတွင် အခြေခံကို လျှင်မြန်စွာ စုဆောင်းပြီး ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်ရန်အတွက် စိတ်လောလာခဲ့၏။

သူသာ ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်ပြီးပါက စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားအောက်ရှိ မည်သူထက်မဆို စွမ်းအားကြီးမားနေမှာ ဖြစ်သည်။

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို ရင်ဆိုင်ရလျှင်တောင် အလင်းနှင့်မြူပေါင်းစပ်ခြင်းအတတ်ကို အသုံးပြုခြင်းမရှိဘဲ တစ်ဖက်လူ၏ မျက်စိရှေ့မှ ထွက်ပြေးလွတ်မြောက်နိုင်၏။

ဒီဗိုင်းဆန္ဒအဆင့်မှာ ကြီးမားသည့် တိုးတက်မှုတစ်ခုဖြစ်သည်။

"သွားရအောင်... မြေစိတ်ဝိဉာဉ်နဂါးချီကို သွားရှာကြမယ်.."

ရွှီယန်သည် ကောင်းကင်၌ ပျံသန်းကာ ယွီကျိုး၏အစွန်ရှိ ကျယ်ပြောသည့် တောင်များဆီသို့ ဦးတည်ခဲ့၏။

ထိုနေရာတွင် မြေစိတ်ဝိဉာဉ်နဂါးချီ ရှိနေသည်။

"ခန်းမသခင်... ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစု

တို့ရဲ့ အကြီးအကဲတွေ အဲ့ဒီ့ပါရမီရှင်လူငယ်ကို လိုက်ဖမ်းနေပါတယ်.."

မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ ဒေသခံ အဖွဲ့ခွဲအတွင်းတွင် ရွှီယန်ကို သတိပေးခဲ့သည့်လူက အလျှင်အမြန် လာရောက်သတင်းပို့၏။

"အဲ့ဒါဆိုရင် ချက်ချင်းပဲ ငါသွားမှရမယ်.."

ခန်းမသခင်၏ မျက်နှာက ပြောင်းလဲသွား၏။ ချက်ချင်းပင် ထိုလူကိုဆွဲခေါ်ကာ လေထဲသို့မြင့်တက်သွားပြီး လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွား၏။

"ငါတို့တွေ ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီး။ အဲ့ဒီ့ပါရမီရှင် အဖမ်းခံလိုက်ရတာ ဖြစ်မယ်.."

လူလတ်ပိုင်းလူကြီးက သက်ပြင်းချသည်။

ခန်းမသခင်၏အကြည့်က တိုက်ပွဲပြင်ပေါ်သို့ ကျရောက်နေပြီး စူးစမ်း၏။ သဲလွန်စများကို ကြည့်ရသည်မှာ တိုက်ပွဲသည် လျှင်မြန်စွာ အဆုံးသတ်ခဲ့ပြီး ပြင်းထန်မှုမရှိခဲ့သည့်ဟန် ရှိသည်။

All Chapters