ဝမ်းယုံနှင့်တွေ့ဆုံခြင်း၊ မြေစိတ်ဝိဉာဉ်ကျောက်စိမ်းချဉ်ဆီ
Vol. 28 Ch. 411
မြက်ချုံပုတ်အတွင်း၌ ပုန်းအောင်းရင်းမှ ရွှီယန်သည် အလင်းနှင့်မြူပေါင်းစပ်ခြင်း အတတ်ကို အဆုံးစွန်အထိ အသုံးပြုထား၏။
သူ၏ ခန္ဓာကိုယ်ကိုလည်း မြက်များအောက်တွင် လုံအောင်ဖုံးထားသည်။ အငွေ့အသက်သည် အပြစ်အနာအဆာကင်းမဲ့စွာဖြင့် မြက်ဖုတ်နှင့် တစ်သားတည်းဖြစ်လာခဲ့၏။
ရွှီယန်၏ လက်ကောက်ဝတ်တွင် ရစ်ပတ်နေသည့် ယွီရှောင်လုံမှာ အလွန်မွန်းကြပ်နေပြီး မျက်လုံးများ ထွက်ကျလုမတတ် ပြူးကျယ်နေပါသည်။
ခန္ဓာကိုယ်က အလိုလို တွန့်ခေါက်လာခဲ့၏။ သို့ပေမယ့် ရုတ်တရက် တောင့်တင်းသွားသည်။ သူ၏မသိစိတ်က ပြောနေသည်မှာ ရွေ့လျားမှုတစ်စုံတစ်ရာပြုလုပ်ပါက သေအောင် လည်ပင်းညှစ်သတ်ခံရမည်ဟု ဖြစ်၏။
လေထဲတွင် အဘိုးကြီးတစ်ယောက် ရောက်ရှိလာခဲ့သည်။ သူ၏ဒီဗိုင်းဝိဉာဉ်က အရပ်မျက်နှာအားလုံးတို့ကို စူးစမ်းရှာဖွေပြီး မည်သည့်မြက်တစ်ပင်ကိုမှ ချန်ထားခဲ့ခြင်းမရှိပေ။ မြက်ဖုတ်များကိုပင် စေ့စေ့စပ်စပ်စစ်ဆေး၏။
ရှာဖွေနေသည့်လူ မရှိကြောင်းကို အတည်ပြုပြီးနောက် မြင်ကွင်းမှ လျှင်မြန်စွာ ထွက်ခွာသွားသည်။
"စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား.."
ရွှီယန်၏ပုံစံက လေးနက်သွား၏။ သူ့ကို လိုက်လံရှာဖွေနေသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ရှိနေပါပြီ။
မိုးပြာရောင်ကောင်းကင်နဂါးသည် ယခုမျှ အာရုံစိုက်စရာ ကောင်းလှသည်လား။
"ဖြစ်နိုင်တာက မိုးပြာရောင်ကောင်းကင်နဂါးရဲ့ မသေဆုံးခင်မှာ ကိုယ့်ကိုယ်ကိုယ် အလောင်းနတ်ဆိုးတစ်ကောင်ဖြစ်အောင် ပြုလုပ်ခဲ့တဲ့ အစီအမံကြောင့် ဖြစ်ပေလိမ့်မယ်။ ဒီစိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတွေလည်း သေဆုံးပြီးရင် အလောင်းနတ်ဆိုးတစ်ကောင်လိုပဲဖြစ်ဖြစ် ပြန်လည်ရှင်သန်လာလိုတာလား.."
ရွှီယန်က နှလုံးသားထဲတွင် စဉ်းစား၏။ စွမ်းအားကြီးမားလှသည့် မိုးပြာရောင်ကောင်းကင်နဂါးပင်လျှင် ပြည့်စုံသည့် အောင်မြင်မှုမရခဲ့ပေ။
ဒီစိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများအကြားတွင်ရော ပြီးမြောက်အောင်မြင် နိုင်မည်လဲ။
နောက်ဆုံးတွင် သူတို့သည် သွေးဆာကာ ရက်စက်ကြမ်းကြုတ်သည့် နတ်ဆိုးရိုင်းတစ်ကောင်အဖြစ်သာ အဆုံးသတ်ရမှာ ဖြစ်သည်။
သို့ပေမယ့် ထိုစိတ်ဝိဉာဉ်သန့်စေခြင်းအဆင့် ကောင်းကင်လူသားများတွင် ထိုကဲ့သို့သော စိတ်ကူးမျိုး အမှန်တကယ် ရှိနေသည်လားဟုတော့ မသေချာသေးပေ။
ရွှီယန်သည် မြက်ဖုတ်ထဲတွင် လဲလျောင်းရင်းမှ လှုပ်ရှားမှုတစ်စုံတစ်ရာ မပြုပေ။ တစ်ဖက်လူပျောက်ကွယ်သွားသည်နှင့် ချက်ချင်းထွက်ခွာလာမှု မပြုပါ။
နာရီဝက်တောင် မကြာသေးဘဲ ဒီဗိုင်းဝိဉာဉ်၏ ရှာဖွေမှုက ထပ်မံရောက်ရှိလာခဲ့၏။ ခုနက ထွက်ခွာသွားခဲ့သည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားမှာ ပြန်လည်ပေါ်လာခဲ့လေသည်။
သူ၏ပုံရိပ်သည် လေထဲတွင် ခဏတာရပ်တန့်နေပြီးနောက် လားရာတစ်ခုဆီသို့ ဆက်လက်ရှာဖွေထွက်ခွာသွား၏။
ညအချိန်သို့ ရောက်ရှိလာပြီး စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား ပြန်လည်ပေါ်လာခြင်း မရှိတော့မှသာလျှင် ရွှီယန်သည် မြက်အတွင်းမှ ထွက်ခွာလာခဲ့သည်။
သွားရောက်မည့်လားရာကို အကြမ်းဖျင်းရှာဖွေပြီးနောက် နေရာမှ အလျှင်အမြန် ထွက်ခွာသွား၏။ တစ်ချိန်တည်းတွင် ယွီရှောင်လုံ၏ လည်ပင်းအား ညှစ်ထားမှုကိုလည်း လွှတ်ပေးလိုက်သည်။
"အဟွတ်အဟွတ်... မင်းငါ့ကို သေအောင်ညှစ်သတ်တော့မလို့.."
ယွီရှောင်လုံက ရှည်လျားသောလျှာကို လှုပ်ရမ်းရင်းကပြောသည်။
"ငါ့ကို သံသယဝင်မနေနဲ့။ မင်းကိုသာ ရှာတွေ့သွားရင် ငါလည်းသေရမှာပဲ။ စိတ်ဝိဉာဉ်သားရဲတစ်ကောင်ဖြစ်ပြီး နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတာ.. သူတို့တွေ ဘယ်လိုလုပ်ပြီး ငါ့ကိုလွှတ်ပေးမှာလဲ.."
ယွီရှောင်လုံမှာ အလွန်မကျေမနပ်စွာ ရှိနေ၏။ တစ်ဖက်လူသည် သူ့ကို လုံးဝမယုံပေဘူးလား။
ရွှီယန်က တည်ငြိမ်စွာ ဖြေကြားသည်။
"ဘာပဲဖြစ်ဖြစ် အာမခံချက်ရှိထားတာ ပိုကောင်းတယ်.."
"မင်းက ငါ့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မယ့် မျှော်လင့်ချက်ပဲ။ ဒါ့ကြောင့်မို့လို့ ဘယ်တော့မှ ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူး။ အဲ့ဒါကိုယုံထား.."ယွီရှောင်လုံက အလွန်စိတ်ထိခိုက်သည့်ပုံစံဖြင့် ပြော၏။
"အဲ့ကိစ္စကို နောက်မှပြောတာပေါ့... စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားရဲ့ ပေါ်လာမှုက ငါတို့တွေ ကောင်းကောင်းသတိထားရမယ့် ကိစ္စတစ်ခုပဲ.."
ရွှီယန်၏မျက်နှာက လေးနက်လာခဲ့သည်။ ထိုစကားကို ကြားရပြီးနောက် ယွီရှောင်လုံ၏ မျက်နှာက ပိုမိုတင်းမာလာခဲ့၏။
"ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုက စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကိုတောင် စေလွှတ်ခဲ့တာ။ ဖြစ်နိုင်တာက မင်းသတ်လိုက်တဲ့လူက အရေးကြီးတဲ့လူများလား.."
ထို့နောက် ချက်ချင်းပင် မဖြစ်နိုင်ကြောင်းကို တွေးမိလိုက်သည်။
"မဟုတ်လောက်ပါဘူး။ ဒါက သာမန်အကြီးအကဲလေးနှစ်ယောက်ပဲကို။ မိုးပြာရောင်ကောင်းကင်နဂါးကြောင့် ရောက်လာတာများလား.."
"ငါလည်း အဲ့လိုထင်တာပဲ.."
ရွှီယန်က ခေါင်းငြိမ့်သည်။
"မဖြစ်နိုင်ဘူး။ အလောင်းနတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲနေတဲ့ မိုးပြာရောင်နဂါးက စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတွေ မင်းကိုကိုယ်တိုင် လာဖမ်းရလောက်အောင် မလုံလောက်ဘူး။ အဲ့ဒီ့စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတွေက ထည်ဝါပြီးတော့ မြင့်မားတယ်။ သူတို့ဂိုဏ်းထဲမှာလည်း ကောင်းကင်လူသားကြီးတွေ အများကြီးရှိတယ်။ ဘာလို့ကိုယ်တိုင်လှုပ်ရှားနေမှာလဲ.."
ယွီရှောင်လုံက ပြန်လည် ငြင်းဆန်၏။
"ဒါပေမယ့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား ပေါ်လာတာက အမှန်ပဲလေ.."
ရွှီယန်က နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။ ယွီရှောင်လုံတစ်ယောက် တိတ်ဆိတ်သွား၏။ သူသည် ပဟေဠိဖြစ်မိပေမယ့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားပေါ်လာသည်မှာ အမှန်တကယ်ဖြစ်သည်။
"မြေစိတ်ဝိဉာဉ်နဂါးချီရဲ့နေရာနဲ့ ဘယ်လောက်ဝေးသေးလဲ.."
ရွှီယန်က လေးနက်စွာမေး၏။
"အရမ်းဝေးသေးတယ်.."
ရွှီယန်က လျှာကိုလှုပ်ရှားရင်းက ပြောသည်။
"အခုသွားစရာလမ်းကြောင်းတစ်ခုပဲ ရှိတော့တယ်။ အဲ့ဒီ့လမ်းကြောင်းက လျှို့ဝှက်ပေမယ့် သွားရတာတော့ မလွယ်ကူဘူး။ ပုန်းအောင်းနေတဲ့ အန္တရာယ်အချို့ရှိတယ်.."
"ဘယ်လောက်အန္တရာယ်များလို့လဲ.."
"ကံဆိုးရင် ပေါ်လာတဲ့အန္တရာယ်က အလယ်အလတ်ကနေ နှောင်းပိုင်းအဆင့် ကောင်းကင်လူသားငယ် လေးငါးယောက်နဲ့ တူညီလိမ့်မယ်။ အဆိပ်ငွေ့တွေတောင် ရှိနေနိုင်တယ်.."
"အဲ့ဒါကို အန္တရာယ်ရှိတယ်လို့ မယူဆနိုင်ပါဘူး။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကိုသာ ရှောင်ရှားနိုင်မယ်ဆိုရင် အဆင်ပြေတယ်.."
"ကောင်းပြီ။ အဲ့ဒါဆိုရင် အဲ့ဒီ့ကပဲ သွားတာပေါ့။ မိုင်တစ်ရာအကွာလောက်က တောင်ကြီးရဲ့အောက်ခြေမှာ နက်ရှိုင်းတဲ့ ကန်တစ်ခုရှိတယ်။ အဲ့ဒီ့ထဲကို ငုပ်သွားပြီးရင် မြေအောက်လမ်းကြောင်းတစ်ခုထဲကို ရောက်သွားနိုင်တယ်။ အဲ့ဒီ့လမ်းကြောင်းက မိုင်ထောင်ချီရှည်လျားပြီး စွမ်းအားကြီးမားတဲ့ စိတ်ဝိဉာဉ်သားရဲတစ်ကောင်က ဖန်တီးခဲ့တာ။ အရမ်းလျို့ဝှက်ပြီး ဘယ်သူမှ မသိလောက်ဘူး.."
တုံ့ဆိုင်းခြင်းမရှိဘဲ ရွှီယန်တစ်ယောက် ယွီရှောင်လုံပြောခဲ့သည့် ကန်ဆီသို့ လျှင်မြန်စွာ ရောက်ရှိလာခဲ့သည်။
ရေထဲသို့ငုပ်ကာ မြေအောက်လမ်းကြောင်းဆီသို့ ဝင်ရောက်၏။ လမ်းကြောင်းက မဲမှောင်ကာ အကွာအဝေးတစ်ခုတိုင်းတွင် ကျောက်နံရံ၌ လကျောက်တုံးတစ်တုံးကို မြှုပ်နှံထားသည်။
လမ်းကြောင်း၏ အသွင်သဏ္ဍာန်နှင့် လက္ခဏာရပ်များကို ကြည့်ရသည်မှာ မြွေကဲ့သို့ သတ္တဝါတစ်ကောင်က တူးထားသည့်ဟန်တူ၏။
"သတိထား...မြေအောက်မှာနေထိုင်တဲ့ စိတ်ဝိဉာဉ်သားရဲအချို့ ရောက်လာတာရှိနိုင်သလို ရံဖန်ရံခါ အဆိပ်ငွေ့တွေ ထွက်တဲ့နေရာတွေတောင် ရှိနိုင်တယ်.."
ယွီရှောင်လုံက သတိပေး၏။
ရွှီယန်၏ ခန္ဓာကိုယ်၌ ဓားဆန္ဒတစ်ခု ထွက်ပေါ်လာပြီး လူတစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ သူသည် လျှင်မြန်စွာ ရှေ့သို့ရွေ့လျားသွား၏။
ဝမ်းယုံသည် စိုစွတ်နက်မှောင်သည့် ကျောက်နံရံကိုမှီကာ မောဟိုက်စွာ အသက်ရှူနေ၏။ နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေပြီး သူ၏မျက်နှာက အဖြူရော်နေပါသည်။
သူသည် တုန်ယင်စွာဖြင့် အိတ်အတွင်းမှ ဆေးလုံးအနည်းငယ်ကိုထုတ်ကာ ပါးစပ်အတွင်းသို့ ထည့်လိုက်သည်။
"သိုက်ယင်ယင်ကို ဘယ်ကောင်ကများ သတ်လိုက်တာလဲ။ ဒါငါ့ကို တမင်ချောက်ချတာမှတ်လား.."
ဝမ်းယုံ၏မျက်လုံးများက မျက်ရည်များဖြင့် ပြည့်နက်နေ၏။
သူသည် စိတ်လိုက်မာန်ပါ ခြိမ်းခြောက်ခဲ့မှုအတွက် အလွန်နောင်တရနေမိသည်။ သိုက်ယင်ယင်မှာ အမှန်တကယ်ကို လွန်ကျူးလှ၏။ လေလွင့်သိုင်းသမားများအပေါ် အနိုင်ကျင့်လွန်းရာ ဒေါသထွက်နေသည့် အခြေအနေတွင် စိတ်လွတ်သွားခဲ့သည်။
သိုက်မိသားစု၏ လိုက်လံဖမ်းဆီးခြင်းကို ခံရမည်ဟု သူအနေနှင့် မျှော်လင့်ထားပြီးဖြစ်၏။ ဘာပဲဖြစ်ဖြစ် မိသားစုကြီးများ၏ ဂုဏ်သရေနှင့် လေလွင့်သိုင်းသမားတစ်ယောက်၏ ခြိမ်းခြောက်မှုကို သည်းခံနေမည် မဟုတ်ပေ။
သို့ပေမယ့် ထိုကိစ္စအတွက် ဝမ်းယုံတစ်ယောက် အရမ်းကြီး စိတ်မပူမိပါ။ ဘာပဲဖြစ်ဖြစ် သူသည် မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး သိုက်မိသားစုအနေနှင့် သူ့ကိုသတ်ဖြတ်ရန် လွယ်ကူခြင်း မရှိပေ။
ထို့အပြင် အရမ်းကြီး အန္တရာယ်များလာပါက ကိုယ့်ကိုယ်ကို သေဆုံးပြီဟု အတုလုပ်လို့ရ၏။ မျိုးဆက်စုံမဟာမိတ်အဖွဲ့က သူ့အတွက် ထိုဗျူဟာများကို စီစဉ်ပေးပြီးဖြစ်သည်။
သူ့ကိုထင်မထားစေသည်မှာ သိုက်ယင်ယင်မှာ အသတ်ခံခဲ့ရပြီး သူသည် လူသတ်သမားဟု နံပါတ်တစ် သံသယရှိစရာအကောင်းဆုံးလူ ဖြစ်လာခဲ့၏။
သိုက်မိသားစုလည်း သူ့ကိုသိုက်ယင်ယင်အား သတ်ဖြတ်ခဲ့သည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် ကောင်းကင်လူသားကြီးသာမက စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားဘိုးဘေးပင်လျှင် ကိုယ်တိုင်လှုပ်ရှားမှုပြုလာခဲ့သည်။
"ဒီတစ်ခေါက်မိတော့မလို့.."
ဝမ်းယုံ၏မျက်နှာက ထိတ်လန့်သည့်အသွင်ဖြင့် ရှိနေ၏။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုက ဒီလူကို ဘာလို့များ လိုက်ဖမ်းနေတာပါလိမ့်.."