← Chapters

ချန်းလန်ကျွန်းကို ကျူးကျော်တဲ့သူတွေ အားလုံးသေရမယ်

Vol. 28 Ch. 415

ချန်းလန်ကျွန်းကို ကျူးကျော်တဲ့သူတွေ အားလုံးသေရမယ်

Vol. 28 Ch. 415

ချန်းပိန်မြေတွင် ထန်းပေါင်စံအိမ်၏ ဌာနချုပ်၌ ခရမ်းရောင်သရဖူဝတ်လူနှင့် အကြီးအကဲအုပ်စုတို့ စုစည်းနေကြသည်။

"အခုဆိုရင် ရွှီယန် လင်းနယ်မြေကိုသွားတာ အချိန်တစ်ခုကြာပြီးနေပြီ။ သူဘယ်လိုတွေ ဖြစ်နေပြီလဲမသိဘူး.."

တစ်ယောက်ကပြော၏။

"ရွှီယန်ရဲ့ လင်းနယ်မြေကို ဝင်ရောက်မှုက သေချာပေါက် ငါတို့နဲ့တော့ ခြားနားမှာပဲ.."

ခရမ်းရောင်သရဖူနှင့်လူက ခေါင်းကိုရမ်းသည်။

"လင်းနယ်မြေက ဘာဖြစ်လဲ... အခုဆိုရင် လူအိုကြီးအချို့ သဟွဆီကို ဝင်ရောက်ပြီး သဟွရဲ့အမတ်တွေ ဖြစ်လာခဲ့ကြပြီ.."

"အဲ့ဒါက လင်းနယ်မြေကို ဝင်တာကလွဲပြီး ဒုတိယလမ်းကြောင်းတစ်ခုပဲ။ တတ်နိုင်ရင် ဘယ်သူက အစေခံဖြစ်လိုမှာလဲ.."

"အဲ့ဒါဆိုရင် ငါတို့ကရော ဘယ်လိုလုပ်ကြမလဲ.."

ထိုအချိန်၌ ထန်းပေါင်စံအိမ်၏ စွမ်းအားကြီးပုဂ္ဂိုလ်များသည် တိတ်ဆိတ်သွားကြ၏။

ထန်းပေါင်စံအိမ်မှာ အတွင်းဘက်နယ်မြေရှိ အခြားအင်အားစုများနှင့် တူညီခြင်းမရှိပေ။ တည်ထောင်သူ ခရမ်းရောင်သရဖူနှင့်လူမှာ နတ်ဆိုးအရှင်သခင်ကြီးအား စောင့်ကြည့်ရန်အတွက် စေလွှတ်ထားခြင်း ဖြစ်သည်။

လင်းနယ်မြေတွင် အထက် အဖွဲ့အစည်းရှိ၏။

လင်းနယ်မြေရှိ အဖွဲ့အစည်းက ထန်းပေါင်စံအိမ်အား စွန့်ပစ်လိုက်ပြီလား ဟူသည်မှာ သေချာခြင်းမရှိပ။

ထို့ကြောင့် မိမိကိုယ်ကို ပြဿနာအများခံပြီး သဟွသို့ ဝင်ရောက်လို့ မဖြစ်ပါ။

"ထန်းပေါင်စံအိမ်က ထန်းပေါင်စံအိမ်ပဲ... ဒါပေမယ့် အတွင်းဘက်နယ်မြေကတော့ သဟွဖြစ်လာခဲ့တယ်။ မင်းတို့အားလုံးက သဟွရဲ့ဒေသခံတွေပဲ။ သဟွရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာတာလည်း ပုံမှန်ပါပဲ.."

"အဲ့ဒီ့အပြင် အဲ့ဒါက ထန်းပေါင်စံအိမ်ရဲ့ စည်းမျဉ်းတွေကို မဆန့်ကျင်ဘူး။ ဒါ့ကြောင့်မို့လို့ မင်းတို့ဘာသာ ကိုယ်ပိုင်အမည်နဲ့ သဟွကို ဝင်ရောက်လို့ရတယ်.."

ခရမ်းရောင်သရဖူနှင့်လူက လေးနက်စွာပြော၏။ သူကတော့ ခြားနားလေသည်။ သဟွကို ဝင်ရောက်မည်မဟုတ်ပေ။

သဟွအနေနှင့် လုံလောက်အောင် စွမ်းအားကြီးမားလာပြီး လင်းနယ်မြေရှိ အင်အားစုများကို တွန်းလှန်နိုင်လျှင်တော့ တစ်မျိုးဖြစ်၏။

"ဒါဆိုရင် အဲ့လိုပဲ လုပ်တာပေါ့.."

ထန်းပေါင်စံအိမ်ရှိ တစ်ဝက်တစ်ပြက် ကောင်းကင်လူသားများက သဘောတူစွာ အားလုံးခေါင်းငြိမ့်ကြသည်။

အဆင့်မြင့်ပုဂ္ဂိုလ်များ အနေနှင့် သူတို့အားလုံးသည် အစေခံများ ဖြစ်လာလိုခြင်း မရှိပါ။ ရွေးချယ်စရာ ရှိကတည်းက ထိုအခြားရွေးချယ်စရာကိုသာ ဦးတည်ရပေမည်။

ထန်းပေါင်စံအိမ်၏ တစ်ဝက်တစ်ပြက်ကောင်းကင်လူသားများ၏ သဟွစံအိမ်သို့ တိတ်တဆိတ် ဝင်ရောက်သွားမှုနှင့်အတူ အတွင်းဘက်နယ်မြေရှိ အခြေအနေမှာ ထပ်မံပြောင်းလဲသွားခဲ့ပြန်၏။

သဟွစံအိမ်၏အတွင်းတွင် စွမ်းအားကြီးပုဂ္ဂိုလ်များ အတူတူထိုင်ကာ အတွင်းဘက်နယ်မြေ၏ အနာဂတ်အကြောင်းကို ဆွေးနွေးနေကြ၏။

ထိုလူများသည် အတွင်းဘက်နယ်မြေ သိုင်းလောက၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူများ ဖြစ်ကြသည်။ အတွင်းဘက်နယ်မြေ၏ ကံကြမ္မာအား ပြောင်းလဲရန်မှာ သူတို့၏လက်ထဲတွင် လုံးဝရှိနေ၏။

"ငါတို့တွေအားလုံး သဟွလက်အောက်ကို ဝင်ပြီးပြီဆိုကတည်းက အတွင်းဘက်နယ်မြေကိုလည်း အတိတ်မှာပဲ ထားခဲ့ကြရအောင်.."

တစ်ယောက်က ပြော၏။

"ဟုတ်တယ်... အတွင်းဘက်နယ်မြေက အတိတ်ကနာမည်တစ်ခုပဲ။ သဟွသိုင်းပညာကမှ မှန်ကန်တဲ့ လမ်းစဉ်ပဲ.."

မကြာခင် အတွင်းဘက်နယ်မြေ၌ အံ့သြစရာကောင်းသည့် အရှိန်အဟုန်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

ယန်နိုင်ငံသည် သဟွအတွင်းသို့ ဝင်ရောက်ကြောင်းအား ကြေငြာပြီး ဧကရာဇ်ယန်မှာ သဟွ၏ တတိယဧကရာဇ်ဖြစ်လာခဲ့သည်။

ယခုအချိန်၌ ယန်တော်ဝင်မိသားစုရှိ မျိုးဆက်များသည် သဟွ၏ ဧကရာဇ်ရာထူးအား ယှဉ်ပြိုင်ခွင့် ရှိလာခဲ့၏။

ယနေ့မှစတင်ပြီး ယန်နိုင်ငံကို သဟွကောင်စီက အုပ်ချုပ်လေသည်။

ရလဒ်အနေနှင့် အတွင်းဘက်နယ်မြေရှိ နိုင်ငံကြီးသုံးခုအတွင်းတွင် ကျစ်ယွင်နိုင်ငံသာလျှင် ကျန်ရှိတော့၏။

လောကတလွှားရှိ သိုင်းသမားများ၏ အာရုံများက ကျစ်ယွင် တော်ဝင်မိသားစုအပေါ်သို့ ကျရောက်လာခဲ့သည်။

ကျစ်ယွင်နိုင်ငံ အတွင်းရှိ သိုင်းသမားများပင်လျှင် သဟွသို့ဝင်ရောက်မည်လားဟူ၍ သူတို့နိုင်ငံ၏ တိုးတက်ရေးအတွက် စိုးရိမ်လာကြ၏။

ကျစ်ယွင်တော်ဝင်နန်းတော် အတွင်းတွင် ဧကရာဇ်ကျစ်ယွင်မှာ ဒေါသတို့ဖြင့် ပြည့်နက်နေ၏။

"ဧကရာဇ်ယန်က ရူးသွားတာလား။ သဟွက ဒီလောက်အားနည်းတာကို ဘယ်လိုလုပ်ပြီး လင်းနယ်မြေနဲ့ နှိုင်းယှဉ်နိုင်မှာလဲ.."

သူက အသက်ကိုနက်ရှိုင်းစွာရှူပြီး လေးနက်စွာမေးသည်။

"ငါ့ရဲ့ ပုန်ကန်ထကြွတဲ့သမီးတော်ကို ရှာတွေ့ပြီလား.."

"အရှင်မင်းကြီး... သခင်လေးစု မင်းသမီးကျစ်ယွင်ကို သွားရှာနေပါတယ်.."

"ကောင်းတယ်ကောင်းတယ်... တူလေးစု သွားတာကောင်းတယ်။ စိတ်ဝိဉာဉ်နယ်မြေက သွေးမျိုးဆက်က ဘယ်လိုလဲဆိုတာကို အဲ့ကောင်မလေးကို သိအောင်လုပ်ရမယ်။ တူလေးစုကို လက်ထက်နိုင်တာက သူမရဲ့ကောင်းချီးပဲ.."

ဧကရာဇ်ကျစ်ယွင်က ဝမ်းသာစွာပြော၏။

"စိတ်ဝိဉာဉ်နယ်မြေ ဂိတ်တံခါးရဲ့ ဖွင့်လှစ်မှုက မဝေးတော့ဘူး။ တူလေးစုရှန်းက စိတ်ဝိဉာဉ်နယ်မြေရဲ့ သွေးမျိုးဆက်ကို သယ်ဆောင်ထားတယ်။ ငါတို့တွေ စိတ်ဝိဉာဉ်နယ်မြေကို ဝင်ပြီးတဲ့အခါ ကျွန်တွေဖြစ်တော့မှာမဟုတ်ဘူး.."

"အတွင်းဘက်နယ်မြေပဲဖြစ်ဖြစ် သဟွပဲဖြစ်ဖြစ် သူတို့အားလုံးက အရိုင်းနယ်မြေမှာပဲ ရှိနေကြတာ။ စိတ်ဝိဉာဉ်နယ်မြေကမှ သိုင်းသမားတွေအတွက် မြင့်မြတ်တဲ့နယ်မြေတစ်ခုပဲ.."

ဧကရာဇ်ကျစ်ယွင်၏ အသွင်က မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေ၏။

ရုတ်တရက် ပုံရိပ်တစ်ခု ထိတ်လန့်တကြား ဝင်ရောက်လာခဲ့သည်။

"အရှင်မင်းကြီး...မကောင်းတော့ဘူး.."

ဧကရာဇ်ကျစ်ယွင်၏အကြည့်က စူးရှသွားပြီး နက်ရှိုင်းစွာပြော၏။

"သဟွက တိုက်ခိုက်လာတာလား.."

သူ၏စိတ်ထဲတွင် ပထမဆုံးပေါ်လာသည်မှာ ကျစ်ယွင်နိုင်ငံအား သဟွက တိုက်ခိုက်လာခြင်း ဖြစ်သည်။

သူ၏ ပုံစံက လေးနက်သွား၏။ သို့ပေမယ့် တည်ငြိမ်စွာသာ ရှိနေပါသည်။

စိတ်ဝိဉာဉ်နယ်မြေ၏ သွေးမျိုးဆက်အား ပိုင်ဆိုင်ထားသည့် သခင်လေးစု၏ တည်ရှိမှုနှင့် သဟွရှိ စွမ်းအားကြီးပုဂ္ဂိုလ်များအားလုံးကို ခြောက်လှန့်နိုင်၏။

"မဟုတ်ပါဘူး... အဲ့ဒါက သခင်လေးစု သေသွားတာပါ.."

ရောက်ရှိလာသူက သေလောက်အောင် ဖြူရော်နေပြီး တုန်ရီသည့်အသံဖြင့် ပြော၏။

"ဘာ.."

ဧကရာဇ်ကျစ်ယွင်၏ မျက်နှာက ပြောင်းလဲသွားသည်။

"သူ့ကို ဘယ်သူသတ်လိုက်တာလဲ။ ဘယ်ကောင်ကများ သတ်ရဲတာလဲ.."

ဤသည်မှာ စိတ်ဝိဉာဉ်နယ်မြေသို့ ဝင်ရောက်ရန်အတွက် သူ၏ အားကိုးရာလူ ဖြစ်သည်။ ယခုသေဆုံးသွားသည်လား။

"အဲ့ဒါက မင်းသမီးကျစ်ယွင်ပါ.."

ရောက်ရှိလာသူက တုန်ရီသည့်အသံဖြင့် ပြောသည်။

ဧကရာဇ်ကျစ်ယွင်၏ပုံစံက ထိတ်လန့်သွားပြီး သူ၏မျက်နှာက ချက်ချင်းပင် ဖြူရော်သွား၏။ မျက်လုံးများ၌ ကြမ်းကြုတ်သည့်အလင်းတို့ ဖြတ်သန်းသွားသည်။

"ဒီပုန်ကန်ထကြွတဲ့သမီး.. သူမက ဘယ်လိုလုပ်ပြီး လုပ်ရဲတာလဲ။ အကြီးအကဲစုရော.. သူရောဘယ်သွားလဲ.."

"သူတို့တွေ မင်းသမီးကျစ်ယွင်ကို လိုက်ပြီးတော့ဖမ်းနေပါတယ်.."

"ငါ့ရဲ့အမိန့်ကို ချက်ချင်းပဲထုတ်ပြန်လိုက်။ ပုန်ကန်ထကြွတဲ့သမီးကိုဖမ်းပြီး လောကကြီးကို ကျစ်ယွင်မင်းသမီးက ငါတို့ကျစ်ယွင်နိုင်ငံရဲ့ မင်းသမီးမဟုတ်တော့ဘူးလို့ ကြေငြာချက်ထုတ်လိုက်.."

ဧကရာဇ်ကျစ်ယွင်၏အသံက တုန်ယင်နေ၏။ သူ၏ပုံစံမှာ အဆုံးစွန်သောဒေါသများ ထွက်ပေါ်နေပြီး ရူးသွပ်လုမတတ် ရှိနေပါသည်။

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး.."

သတင်းသစ်တစ်ခုသည် ရုတ်တရက် အတွင်းဘက်နယ်မြေတစ်လျှောက် ပျံ့နှံသွား၏။

ဧကရာဇ်ကျစ်ယွင်က မင်းသမီးကျစ်ယွင်နှင့် သားအဖဆက်ဆံရေးကို ဖြတ်တောက်ကာ သူမ၏ မင်းသမီးဟူသည့် ဘွဲ့ရာထူးကို ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။ဖမ်းဆီးရန်ပင် ဝရမ်းထုတ်ခဲ့ပြီး မြင့်မားသောဆုကြေးကို ထုတ်ပြန်ခဲ့၏။

ခဏတာအတွင်း အတွင်းဘက်နယ်မြေရှိ အင်အားစုကြီးများအားလုံး မှင်သက်သွားကြသည်။ ကျစ်ယွင်မှာ အတွင်းဘက်နယ်မြေရှိ အငယ်ဆုံးသော သိုင်းသခင်များထဲမှ တစ်ယောက်ဖြစ်ခဲ့၏။ ထိုကဲ့သို့သော ပါရမီရှင်တစ်ယောက်ကို ကျစ်ယွင်နိုင်ငံက စွန့်ပစ်ခဲ့သည်လား။ ထို့အပြင် ဝရမ်းပင် ထုတ်ထားလေသည်။

ဧကရာဇ်ကျစ်ယွင်သည် ရူးသွပ်သွားသည်လား။

ချန်းလန်ကျွန်းပေါ်တွင် လီရွှမ်က လေပူများကို မှုတ်ထုတ်၏။ နောက်ဆုံးတွင် ပထမဆုံး အခင်းအကျင်းတာအို စာအုပ်အား ပြီးမြောက်ခဲ့ပါပြီ။

"စုစုပေါင်း အခင်းအကျင်း၃၆ခုရှိတယ်။ အဓိကအခင်းအကျင်း၉ခုနဲ့.. ဒီလောက်ဆိုရင် လုံလောက်လောက်ပါပြီ.."

ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ဆန်းကြယ်သည့် သင်္ကေတတို့ ထည့်သွင်းထားသည့် အခင်းအကျင်းပုံကြမ်းများကို စီမံမှုအပြီးတွင် လီရွှမ်သည် စုစုပေါင်း ပုံကြမ်း၃၆ခုတို့ကို ရရှိခဲ့၏။ အဓိကအခင်းအကျင်းကြီး ၉ခုလည်း ပါဝင်ပါသည်။ တယ်လီပို့ခြင်း အခင်းအကျင်းမှာ အဓိကအခင်းအကျင်းကြီး ၉ခုထဲမှ တစ်ခုဖြစ်၏။

"အခင်းအကျင်းငယ်တွေက နားလည်ဖို့အတွက် လွယ်ကူတယ်။ ဒါပေမယ့် အဓိက အခင်းအကျင်းကြီးတွေကတော့ ပိုပြီးတော့ ခက်ခဲတယ်။ အဲ့ဒါတွေမှာ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမတွေ အမှန်တကယ် ပါဝင်ပြီး ထူးကဲတဲ့ပါရမီကို လိုအပ်တယ်.."

လီရွှမ်က သက်ပြင်းချသည်။ ချီမန်သိုင်းပညာ လမ်းစဉ်တွင် ထူးကဲလှသည့် ပါရမီကို လိုအပ်၏။ မဟုတ်ပါက လက်နက်ကိရိယာထုလုပ်ခြင်း၊ အခင်းအကျင်းနှင့်ချိတ်တံဆိပ် အစရှိသည်တို့ကို တတ်မြောက်နိုင်မည် မဟုတ်ပေ။ ထို့အပြင် ချီမန်သိုင်းပညာသည် သတ်မရိုးကျမဟုတ်ဘဲ အစဥ်အလာနှင့် ကွဲထွက်နေ၏။

All Chapters