← Chapters

တစ်ဦးတည်း ခရီးရှည်ကြီး သွားခြင်း

Vol. 1 Ch. 168

တစ်ဦးတည်း ခရီးရှည်ကြီး သွားခြင်း

Vol. 1 Ch. 168

ဟေးယွင်တောင်၏ အနောက်ဘက် မိုင်တစ်ထောင်ခန့် အကွာအဝေးတွင် လူတစ်စုသည် တောင်ငယ်တစ်ခု ထက်ဝယ် အမဲလိုက် နေကြသည်။ အနီးအနားရှိ နယ်မြေများတွင် နတ်ဆိုး သားရဲများ သိပ်မရှိရာ လူများသည် ထိုနေရာသို့ ရံဖန်ရံခါ လာရောက်၍ အမဲလိုက် ကြလေသည်။

လူစုသည် ပုံမှန်အားဖြင့် အဆင့်နိမ့် နတ်ဆိုး သားရဲများကို အမဲမလိုက်ကြပေ။ ကျန်းရီ ဟေးယွင်တောင်ကို ထိန်းချုပ်၍ ဝိညာဉ်သားရဲ သင်တန်းကျောင်းသို့ ပြန်သွားပြီး နောက်ပိုင်း အင်အားကြီး လူတစ်စုသည် ဟေးယွင်တောင်အား အပိုင်သိမ်း လိုက်ကြသည်။ သို့နှင့် အင်အား နည်းသူတို့သည် ဤနယ်မြေ များတွင်သာ အမဲလိုက်ကြရ တော့သည်။

“ဘန်း”

လူအုပ်သည် ဆယ့်နှစ်ယောက်ခန့် ရှိ၍ နှစ်ယောက်သည် ခရမ်းရောင် နန်းတော်ရှင် အဆင့် ဖြစ်လေသည်။ လက်ရှိအချိန်တွင် သူတို့သည် ပထမအဆင့် အထွတ်အထိပ် နတ်ဆိုးသားရဲ တစ်ကောင်အား အလွယ်တကူ သတ်လိုက် ကြလေသည်။ နတ်ဆိုးသားရဲသည် နတ်ဆိုး စွမ်းအားကို ထုတ်သုံးရန် အချိန်ပင် မရလိုက်ဘဲ သေဆုံးသွား ခဲ့လေသည်။

“အစိတ်အပိုင်း တွေကို ဖြတ်တောက်စို့”

အဖွဲ့ ခေါင်းဆောင်သည် ဓားရှည်ကို ယမ်း၍ ပတ်ဝန်းကျင်အား သံသယဖြစ်စွာ အကဲခတ် လိုက်သည်။ ဤအနီးတစ်ဝိုက်တွင် နတ်ဆိုးသားရဲ အနည်းငယ်သာ ရှိလေသည်။ ဤအတိုင်းသာ ဆက်ဖြစ်နေပါက အားလုံး ဆာလောင် လာကြပေတော့မည်။

“အမ်”

သူ့မျက်လုံးများ တောအုပ်အတွင်း ကြည့်မိလိုက်သော အခါ မျက်လုံးအိမ်များ ပြူးကျယ် လာခဲ့လေသည်။ သူသည် သူတို့ ရှိရာဘက်သို့ လေအလျင်နှင့် ပြေးလာနေသော ခရမ်းရောင် အရိပ်တစ်ခုအား မြင်လိုက် ရလေသည်။

“တတိယ ... တတိယအဆင့် နတ်ဆိုးသားရဲ ... အားလုံး ပြေးကြတော့”

တတိယအဆင့် နတ်ဆိုးသားရဲ များသာ ထိုမျှသော အမြန်နှုန်း ရှိပေလိမ့်မည်။ အဖွဲ့ ခေါင်းဆောင်သည် တတိယအဆင့် နတ်ဆိုးသားရဲအား တစ်ခါမှ မမြင်ဖူး သော်လည်း သဘောပေါက် လိုက်သည်နှင့် တခြားဘက်သို့ ချက်ချင်း ပြေးတော့သည်။

“အား ... နောက်ဆုတ်ကြ”

ထိုအဖွဲ့၏ အဖွဲ့သား များသည် အသက်လု၍ ပြေးကြတော့သည်။ အားလုံးသည် တွေဝေမနေကြဘဲ ရောက်ရာပေါက်ရာ အရပ်သို့ ထွက်ပြေး ကြလေသည်။ သူတို့သည် မြေပြင်ထက်မှ နတ်ဆိုးသားရဲ အသေကောင်အား ကောက်ပင် မကောက်နိုင်ပါချေ။

“ဝှစ်”

သူတို့ အမြန်နှုန်းသည် နှေးကွေး လွန်းသည်မှာ စိတ်မကောင်း စရာပင်။ ခရမ်းရောင် အရိပ်သည် သူတို့အား မီလာခဲ့ပြီး လျှပ်စီးအလား ဖြတ်သန်း သွားခဲ့လေသည်။

တတိယအဆင့် နတ်ဆိုးသားရဲသည် သူတို့အား ရန်မမူ သောကြောင့် လူတိုင်း အံ့အားသင့်သွား ခဲ့ကြသည်။ ၎င်းသည် သူတို့အား ရှောင်တိမ်းကာ မျက်စိတစ်မှိတ် အတွင်း တောင်များအကြား တိုးဝင် ပျောက်ကွယ် သွားခဲ့သည်။

“လူတစ်ယောက် ... လူငယ် တစ်ယောက်ပဲ ... အဲဒါက နတ်ဆိုးသားရဲ မဟုတ်ဘူး ... ဝိညာဉ်သားရဲပဲ”

လူတိုင်းသည် ထိတ်လန့် သွားကြလေသည်။ အဖွဲ့ ခေါင်းဆောင်သည် ခရမ်းရောင် ဝံပုလွေကြီးထက် ထိုင်နေသော လူငယ် တစ်ယောက်အား မြင်လိုက်ရ၍ အလန့်တကြား ပြောလိုက်သည်။ ဤနေရာသည် ဝိညာဉ်သားရဲ သင်တန်းကျောင်းနှင့် နီးသည်။ ထို့ကြောင့် ၎င်းသည် သိုင်းသမား တစ်ယောက်ယောက် ပိုင်ဆိုင်သော ဝိညာဉ်သားရဲ တစ်ကောင် ဖြစ်မည်မှာ မလွဲပေ။

“ဟူး ... ”

လူတိုင်းသည် မျက်နှာထက်မှ ချွေးစေးများကို သုတ်ကာ ရယ်ချ လိုက်ကြသည်။ သူတို့သည် မှားယွင်း၍ အလန့်တကြား ဖြစ်သွားကြသည် မဟုတ်ပါလား ... သူတို့ စိတ်ထဲတွင် ထိတ်လန့် နေကြဆဲပင်။ တတိယအဆင့် နတ်ဆိုးသားရဲ အဲဒါက ဒုကျောင်းအုပ်တွေ လောက်ပဲ လေ့ကျင့်နိုင်တာ မဟုတ်ဘူးလား ... ဘာလို့ အဖွဲ့ ခေါင်းဆောင်က လူငယ် တစ်ယောက်လို့ ပြောနေတာ ပါလိမ့်

“အာ ... တစ်ယောက်ယောက် ငါ့ကို မြင်သွားတယ်”

အရှိန်ဖြင့် ပြေးလွှားနေသော ဝံပုလွေထက်တွင် ထိုင်နေသော သူသည် ကျန်းရီသာ ဖြစ်လေသည်။ သူသည် မျက်မှောင် ကြုတ်လိုက်သည်။ ဝိညာဉ် သားရဲတောင် ထက်မှ ဆင်းလာ ပြီးနောက် သူသည် တောင်ကြီးများကို ရှောင်ကွင်း၍ သွားလာခဲ့ သော်လည်း တစ်ယောက်ယောက်သည် သူ့အား သတိပြုမိ သွားခဲ့သည်။

သူ့မျက်လုံးများ မှေးကျဉ်း သွားခဲ့ပြီး အကြံတစ်ခု ရလာခဲ့လေသည်။ သူသည် ငွေလဝံပုလွေအား ရပ်တန့် စေလိုက်ကာ မီးဝိညာဉ် ပုလဲတွင်းမှ အမှုန့်တချို့ ထုတ်၍ ဝံပုလွေကြီးထက် ဖြူးချလိုက်သည်။  ၎င်း၏ အမွေးများသည် ခရမ်းရောင်မှ အပြာရောင် ဖြစ်သွား ခဲ့လေသည်။ အမှုန့််များသည် သူချမ်ဝမ်ကွမ်ကို ပြင်ဆင်ခိုင်း ခဲ့သော ဆိုးဆေးတစ်မျိုး ဖြစ်လေသည်။ သူ၏ ခရမ်းရောင် ဝံပုလွေကြီးသည် ထင်ရှား လွန်းနေရာ သူ့အား နောက်ယောင်ခံ သူများ ရှိလာနိုင်လေသည်။

ငွေလဝံပုလွေအား အပြာရောင် ပြောင်းလိုက် ပြီးနောက် ကျန်းရီသည် မီးဝိညာဉ်ပုလဲ အတွင်းမှ ငွေရောင်နတ်ဆိုး မျက်နှာဖုံးကို ထုတ်ယူကာ ဝတ်ဆင် လိုက်သည်။ သူသည် ဝံပုလွေပေါ် ပြန်တက်လိုက်ပြီး အနောက်ဘက်သို့ ဆက်ပြေးသွား စေလိုက်သည်။

ရှန်ဝူနိုင်ငံတော်၏ တော်ဝင် မြို့တော်သည် အနောက်မြောက် ဘက်တွင် တည်ရှိသော်လည်း သူတန်းတန်း မတ်မတ် မသွားခဲ့ပေ။ သူသည် ရှားနိုင်ငံတော်၏ တောင်ဘက် နယ်မြေကို ဖြတ်သန်းကာ ကျန်းရှန်နိုင်ငံကို ဝင်ရောက်၍ ရှန်ဝူနိုင်ငံတော် အတွင်း ပြန်ဝင်ရန် ကြံစည် ထားခဲ့သည်။

ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ လူများသည် တော်ဝင်မြို့တော်သို့ ခြောက်ပတ်အတွင်း ရောက်ရှိ ပေလိမ့်မည်။ ထို့ကြောင့် ကျန်းရီသည်လည်း ခြောက်ပတ် အချိန်ရလေသည်။ သူ့တွင် ငွေလဝံပုလွေ မရှိလျှင် တော်ဝင်မြို့တော်သို့ တန်းသွားရမည် ဖြစ်၍ ကွေ့ပတ် သွားနေရန် မလိုပေ။

ဝံပုလွေကြီး ရှိနေသည်ဖြစ်ရာ ကျန်းရီသည် မြေပုံကြည့်၍ ထိုလမ်းကြောင်းကို ရွေးချယ် လိုက်သည်။ ကျန်းရီ၏ ခန့်မှန်းချက် အရဆို ခြောက်ပတ်သည် အတော်လေး လုံလောက်ပေသည်။

သင်တန်းကျောင်းတွင် ကျန်းစွန်းဂိုဏ်းမှ ကင်းထောက်များ အပြည့် ရှိနေသည်။ သူ သင်တန်းကျောင်းမှ ထွက်ခွာသည်နှင့် ကျန်းစွန်းဝူကျိသည် ချက်ချင်း သတင်း ရမည်သာ ... အဘွားဟွင်းသာ သူ့နောက် ထပ်မံလိုက်လံ ဖမ်းဆီးလျှင် သူသည် နိုင်ငံအဆင့် ပြိုင်ပွဲသို့ မဝင်လိုက်ရခင် သေသွား ပေလိမ့်မည်။

ထို့ကြောင့် သူသည် ဤလမ်းအား ရွေးချယ်ခဲ့ခြင်း ဖြစ်လေသည်။ သူရှန်ဝူ နိုင်ငံတော်၏ တော်ဝင် မြို့တော်သို့ မရောက်မချင်း ရှားနိုင်ငံတော်နှင့် ကျင်းရှန် နိုင်ငံတော်ထံ သွားရာလမ်းထက် ရောက်နေမည်ဟု မည်သူမှ ထင်ထားကြမည် မဟုတ်ပေ။

ထို့ပြင် ကျန်းရီ ဤလမ်း အရှည်ကြီးအား ရွေးရသော အကြောင်းတစ်ခု ရှိပါသေးသည်။

သူသည် မီးတောက်များကို ရှာဖွေနေခြင်း ဖြစ်သည်။ ကြောက်စရာ ကောင်းသော မီးတောက်များ

ချမ်ဝမ်ကွမ်၏ ညွှန်ကြားချက် အရ ရှားနိုင်ငံတော်၏ မြောက်ဘက်တွင် ဟွာယွင်တောင်ဟု အမည်တွင်သည့် မီးတောင်တစ်ခု ရှိလေသည်။ ကျင်းရှန် နိုင်ငံတော်၏ အနောက်ဘက်တွင်  အမှောင် တောအုပ်နှင့် နီးသော နေရာတစ်ခုလည်း ရှိသေးသည် ဆိုသည်။ ထိုနေရာတွင် တမလွန် လောကမှ အသက်မဲ့သော မီးတောက်များ ပြည့်နေသည့် ဝိညာဉ်ပျက်သုဉ်း ချိုင့်ဝှမ်း ရှိလေသည်။

မီးဝိညာဉ် ပုလဲသည် မီးတောက်များကို စုပ်ယူနိုင်စွမ်း ရှိသည်။ ၎င်းသည် မီးတောင်မှ မီးတောက်များနှင့် ဝိညာဉ်ပျက်သုဉ်း ချိုင့်ဝှမ်းမှ မီးတောက်များကို စုပ်ယူနိုင်မနိုင် သူ မသိသော်လည်း ကြိုးစား ကြည့်ချင် sသေးသည်။

နိုင်ငံအဆင့် ပြိုင်ပွဲသည် အလွန် အန္တရာယ်များရာ သူ့လက်ရှိ အင်အားနှင့် အသက် ရှင်နိုင်ရန် မသေချာသေးပေ။

“ဝှစ်”

ငွေလဝံပုလွေသည် ကြောက်စရာ အမြန်နှုန်းနှင့် အနောက်ဘက်သို့ ပြေးလွှား နေခဲ့သည်။ လေတိုးနေသော အရှိန်သည် ပြင်းထန်လွန်းရာ ကျန်းရီသည် မျက်လုံး ဖွင့်ရန်ပင် အနိုင်နိုင် အားယူ နေရသည်။ သူသည် ငွေလဝံပုလွေကို ထိန်းချုပ်ရင်းမှ ပတ်ဝန်းကျင် အားလည်း သေချာ အကဲခတ်ရ သေးသည်။ တစ်နေ့လုံး ခရီးနှင် ပြီးနောက် အမှောင်ထု ကြီးစိုးလာခဲ့ပေပြီ။ ကျန်းရီသည် တောင်ငယ် တစ်လုံးထက် ရပ်တန့် လိုက်သည်။

သူသည် ငွေလဝံပုလွေအား ဝိညာဉ်သားရဲ အဆောင်တွင်း ပြန်လည် သိမ်းဆည်း လိုက်သည်။ ဝိညာဉ်သားရဲ ဖြစ်လာသည်နှင့် ၎င်းတို့သည် အစာစား ရေသောက်ရန် မလိုအပ်တော့ပေ။ ရံဖန်ရံခါမှသာ အတွင်းအား အနည်းငယ် ထည့်သွင်း ပေးရလေသည်။

သူသည် နေရာအား အကဲခတ်ကာ နတ်ဆိုးသားရဲများ လူများ အရိပ်အယောင် မရှိအောင် သေချာစစ်ဆေး လိုက်သည်။ ကျန်းရီသည် သစ်ပင် တစ်ပင်ထက် ခုန်တက်လိုက်၍ စားသောက်ရန် ရေနှင့် အသားခြောက် အချို့ကို ထုတ်ယူ လိုက်သည်။

သူသာ တစ်နေ့လုံး ခရီးနှင်လာခဲ့ရရာ အတော်လေး မောပန်းနေခဲ့ပြီ ဖြစ်သည်။ ဤတစ်ကြိမ်သည် ခရီးရှည်ကြီးအား သူတစ်ဦးတည်း လာခဲ့ရခြင်း ဖြစ်လေသည်။ တောထဲတွင် တစ်ဦး တစ်ယောက်မှ ရှိမနေခဲ့ဘဲ ကောင်းကင်ကြီးက မည်းမှောင် နေလေသည်။ ပတ်ဝန်းကျင် အခြေအနေသည် သူ့အား တစ်လောကလုံးမှ ပစ်ပယ်ခံ ထားရသည့် လူနှယ် ခံစားရစေသည်။

နောက်တစ်နေ့တွင် သူသည် ဆက်လက် ခရီးဆက် ခဲ့သည်။ ချမ်ဝမ်ကွမ်သည် သူ့အား အသေးစိတ် ကျသော မြေပုံတစ်ခု ပေးလိုက်ရာ သူသည် လမ်းများကို လွယ်လင့်တကူ ရွေးချယ် နိုင်လေသည်။ လမ်းတစ်လျှောက်တွင် ကျန်းရီ၏ စိတ်သည် အတော်လေး ငြိမ်းချမ်း နေခဲ့သည်။ မည်သူမှ သူ၏နောက်မှ လိုက်မလာ ခဲ့သလို သူသည်လည်း အလျင်စလို ထွက်ပြေး မနေရပေ။ ငါးရက်မြောက် နေ့တွင် သူသည် ရှားနိုင်ငံတော်၏ နယ်နိမိတ်အတွင်း အောင်မြင်စွာ ရောက်ရှိသွား ခဲ့သည်။

“ဟုတ်ပြီ ... ဒါက လရိပ်ကန် ဖြစ်ရမယ် ... ဟွာယွင်တောင်က လရိပ်ကန်ရဲ့ အနောက်ဘက် မိုင်တစ်ထောင် အကွာမှာ ရှိတယ်”

ကျန်းရီသည် ငွေလဝံပုလွေ၏ ကျောထက် ထိုင်၍ တောင်ကုန်း တစ်ခုထက်မှ ရှေ့ရှိ ရေကန် ကျယ်ကြီးအား ကြည့်လိုက်သည်။ သူသည် ကန်ထဲသို့ ဆင်း၍ ရေချိုးချင် ပါသော်လည်း တစ်ယောက်ယောက်သည် သူ့အား တွေ့ရှိသွားမည်ကို စိုးရိမ်နေခဲ့သည်။ သူသည် စိတ်ဆန္ဒတို့ကို ချိုးနှိမ်၍ ငွေလဝံပုလွေအား အနောက်ဘက်သို့ ဦးတည် လိုက်သည်။

ငွေရောင်မျက်နှာဖုံး အောက်မှ မျက်လုံး အစုံသည် နွမ်းလျ နေခဲ့သည်။ တစ်နာရီခန့် ကြာပြီးနောက် သူသည် နီရဲနေသော တောင်ကို မြင်လိုက်ရရာ မျက်လုံးများ တောက်ပ သွားခဲ့သည်။ သူသည် မီးဝိညာဉ် ပုလဲအား ထုတ်လိုက်ပြီး အသာ ပွတ်သပ်ကာ ရေရွတ် လိုက်သည်။

“မီးဝိညာဉ်ပုလဲ ... ငါ့ကို စိတ်မပျက်စေနဲ့ ... ဒီမီးတောင်ထဲက ကမ္ဘာမြေရဲ့ မီးတောက်တွေ အကုန်လုံးကို ဒီသခင်လေး အတွက် စုပ်ယူပေးစမ်းပါ”

***

All Chapters