← Chapters

အခန်း (၄၀၉)

Vol. 31 Ch. 409

အခန်း (၄၀၉)

Vol. 31 Ch. 409

“ဒါ ဒါမဖြစ်နိုင်ဘူး”

ဖုန်းရွှမ်သည် သူ့ထံ ပို၍နီးကပ်လာနေသည့် လက်ဝါးရိုးချက်ကို ကြည့်နေခဲ့ရသည်။ သူသည် ထိုလက်ဝါးချက်ဆီမှ မိမိိကိုယ်ကိုယ် မရှောင်ဖယ်နိုင်ခြင်းအား မယုံကြည်နိုင်ဖြစ်နေခဲ့သည်။

“ဒါ ဒါက သံမဏိလက်ဝါးသိုင်းမဟုတ်ဘူး”

ငါ့ရဲ့သံမဏိလက်ဝါးသိုင်းမှာ ဘာလို့ ဒီအကွက်မရှိရတာလဲ။

ဖုန်းရွှမ်သည် မယုံကြည်နိုင်သော မျက်နှာအမူအရာဖြင့် မျက််လုံးအစုံမှာလည်း စိတ်ရှုပ်ထွေးကြောက်ရွံ့ခြင်းတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

သို့သော် ချန်ကျဲ့တွင် ရှင်းပြရန် ရည်ရွယ်ချက်မရှိပေ။ ဖုန်းရွှမ်၏ ရင်ဘတ်တည့်တည့်သို့သာ လက်ဝါးရိုက်ချက်ကို ကျဆင်းစေလိုက်သည်။

ဘုန်း!

ဖုန်းရွှမ်သည် သူ၏နံရိုးအားလုံး ကျိုးကြေသွားခြင်းကို ခံစားလိုက်ရသည်။ သူ၏ရင်ဘတ်သည် လုံးဝ ပေါက်ထွက်သွားကာ ပြင်းထန်လှသောအရှိန်ကြောင့် နောက်သို့လွင့်ထွက်သွားခဲ့သည်။

ဖုန်းရွှမ်လွင့်ထွက်သွားသည့် နောက်ဘက်တွင်တော့ ချန်ကျဲ့ မတိုင်မီက ပစ်ထားသည့် အနီရောင်ပန်းပွားလှံရှိနေပေသည်။

ချန်ကျဲ့၏လက်ဝါးရိုက်ချက်သည် အလွန်ပြင်းထန််လွန်းသောကြောင့် ဖုန််းရွှမ်အား လွင့်ထွက်လာသည့် သစ်ပင်ပင်စည်ကြီးတစ်ခုနှင့် တိုက်မိသည့်အလားဖြစ်ကာ အသံကျယ်ကြီးဖြင့် လှံရိုးတိုင်နှင့် ထိုးစိုက်မိသွားခဲ့သည်။

အင့်..

လှံရှည်သည် ဖုန်းရွှမ်၏နောက်ကျောကို ထိုးစိုက်သွားခဲ့ကာ ဖုန်းရွှမ်၏ခန္ဓာကိုယ်သည် လှံထိပ်ဖျားထိုးစိုက်နေရာ သစ်သားကမ္ပည်းပြားပေါ်မှ ကျုံးစာလုံးနှင့် ရိုက်မိသွားတော့သည်။

အခြောက်ခံထားသည့် ငါးဆားနယ်ကဲ့သို့ ခန္ဓာကိုယ်မှာ အထက်တွင် တွဲလောင်းဖြစ်နေခဲ့သည်။

အာ့

ဖုန်းရွှမ် သွေးများ ပါးစပ်အပြည့် အန်ထွက်သွားခဲ့သည်။ သူ၏အတွင်းကလီစာများ စုတ်ပြဲနေသည့်မြင်ကွင်းကို သူကိုယ်တိုင်ပင် ပြန်မြင်နေရ၏။

ချန်ကျဲ့၏လက်ဝါးရိုက်ချက်သည် အလွန်ပြင်းထန်လွန်းသောကြောင့် နံရိုးများကို ကျိုးကြေစေကာ အတွင်းအင်္ဂါများကိုလည်း အစိတ်စိတ်အမွှာမွှာ ကြေမွစေခဲ့သည်။ လှံရိုးတံသည်လည်း သူ၏ရင်ဘတ်ကို ထိုးဖောက်သွားခဲ့ရာ သူ၏ဒဏ်ရာများအားလုံးသည် အသက်သေစေနိုင်လောက်သည့် ဒဏ်ရာများဖြစ်ကြပေသည်။

ယခုတွင် ဖုန်းရွှမ်သည် အနီရောင်ပန်းပွားလှံထက်တွင် တွဲလောင်းချိတ််နေခဲ့သည်။

ပါးစပ်မှ သွေးများစီးကျနေကာ မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေသော မျက်လုံးအစုံသည် ချန်ကျဲ့ထံမှ အကြည့်မလွှဲသေးပေ။

“ဒါ ဒါက ဘယ်လိုလက်ဝါးသိုင်းမျိုးလဲ”

ချန်ကျဲ့မှ ပြောသည်။

“သံမဏိလက်ဝါးသိုင်း”

“မင်း မင်းလိမ်နေတာ။ သံမဏိလက်ဝါးသိုင်းမှာ ဒီသိုင်းကွက်မရှိဘူး”

ချန်ကျဲ့မှ ပြောသည်။

“ဒီတိုင်း မင်းက ဒီသိုင်းကွက်ကို မသင်ယူခဲ့ရရုံပါ”

ထိုအခါ ဖုန်းရွှမ်၏မျက်နှာထက်တွင် စိတ်ပျက်မှု၊ စိတ်အလိုမကျမှု၊ အမျက်ဒေါသနှင့် မလိုလားမှုအရိပ်အယောင်များ ရောယှက်သွားခဲ့သည်။

“ဟားဟား.. အဲဒီအဖိုးကြီးက တကယ်ကြီး ချန်ထားလိုက်သေးတာပဲ အဟွတ် အဟွတ်… ငါ့ရဲ့တစ်ဘဝလုံးကို သူဖျက်ဆီးခဲ့တာ သူဖျက်ဆီးခဲ့တာ”

ထိုစကားများအဆုံး၌ ဖုန်းရွှမ်သည် ခေါင်းစောင်းကျသွားခဲ့သည်။ နောက်ဆုံးသော အသက်ရှူသံတစ်ချက်နှင့်အတူ ဖုန်းရွှမ်သည် သေဆုံးသွားခဲ့လေပြီ။

သူ၏ခန္ဓာကိုယ်သည် ပုံလျက်သား လဲကျသွားခဲ့သည်။

ထိုမြင်ကွင်းတွင် အားလုံးတိတ်ဆိတ်သွား၏။ သူတို့နှစ်ဦး၏တိုက်ခိုက်မှုသည် အလွန်တိုတောင်းသည့် အချိန်လေးမျှသာ ကြာမြင့်သည်ဟု ဆိုနိုင်ပေသည်။

ကြည့်ရှုနေသူများသည် မည်သို့မည််ပုံဖြစ်ပျက်သွားမှန်း နားလည်လိုက်ချိန်တွင် ဖုန်းရွှမ်သည် လှံထက်တွင် တွဲလောင်းချိတ်နေခဲ့ပြီဖြစ်သည်။

ရုတ်တရက် ခန်းမကြီးတစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်သွားတော့၏။

ထို့နောက် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ကြီးများသည် အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။ ချန််ကျိုစစ်၏ နောက်ဆုံးလက်ဝါးရိုက်ချက်သည် အမှန််တကယ်ပင် အံ့ချီးဖွယ်ကောင်း၏။ မျန့်ရွှေစီရင်စု၏ ထိပ်တန်းသိုင်းပညာရှင်ကြီးများဖြစ်သည့် နန်ပါးထျန်း၊ လျိုလောင်ကွေ့နှင့် ချီမုကောတို့သည် သူဖုန်းစားအိုကြီး၏ နဂါးနိုင်လက်ဝါးသိုင်းမှ လေးကွက်မြောက်သိုင်းကွက် နဂါးအားမာန်ကို မြင်တွေ့ဖူးကြသည်။

သူတို့အားလုံး အတွေးထဲနစ်မြောနေကြစဉ် နန်ပါးထျန်းမှ ချီမုကောကို ရုတ်တရက် မေးမြန်းလာသည်။

“တပ်မှူးချီမုကော၊ ချန်ကျိုစစ်ရဲ့ နောက်ဆုံးလက်ဝါးရိုက်ချက်က နည်းနည်းရင်းနှီးနေတယ်လို့ မထင်မိဘူးလား”

ချီမုကော အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် နန်ပါးထျန်းဘက်သို့လှည့်၍ မေးသည်။

“ခေါင်းဆောင်နန်က ဘာကိုဆိုလိုချင်တာပါလဲ”

“ဘာမှမဟုတ်ပါဘူး။ ဒီတိုင်း အဲဒီသိုင်းကွက်ကို ရင်းနှီးနေတယ်ထင်မိလို့ပါ”

ထို့နောက် နန်ပါးထျန်းသည် လျိုလောင်ကွေ့ဘက်သို့လှည့်ပြီး မေးသည်။

“ခေါင်းဆောင်လျို ခင်ဗျားရော ရင်းနှီးနေတယ် မထင်မိဘူးလား”

လျိုလောင်ကွေ့မှ ပြန်ပြောသည်။

“နည်းနည်းရင်းနှီးနေသလိုပါပဲ။ သူဖုန်းစားအိုကြီးရဲ့ နဂါးနိုင်လက်ဝါးသိုင်းနဲ့ အတော်လေးဆင်တူတယ်။ အထူးသဖြင့် သိုင်းကွက်အစပိုင်းပေါ့”

ထိုအခါ ချီမုကော မျက်မှောင်ကြုတ်သွားပြီး မေးသည်။

“ခင်ဗျားတို့ပြောချင်တာက ခုနက ချန်ကျိုစစ်သုံးသွားတဲ့သိုင်းကွက်က နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်လို့လား”

လျိုလောင်ကွေ့မှ ပြောသည်။

“မဟုတ်ဘူး။ လုံးဝကြီး နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်တော့ မဟုတ်ဘူး။ နဂါးနိုင်လက်ဝါးသိုင်းက ပိုတိကျပြတ်သားပြီး ခုနက သိုင်းကွက်ထက် ပိုပြီး အင်အားကြီးတယ်။ ဒါပေမဲ့ အဲဒီသိုင်းကွက်ထဲမှာ နဂါးနိုင်လက်ဝါးသိုင်းရဲ့အငွေ့အသက် ပါဝင်နေတာတော့ သေချာတယ်”

“အဲဒါက ဘာအဓိပ္ပာယ်လဲ။ နဂါးနိုင်လက်ဝါးသိုင်း ဟုတ်တာလား မဟုတ်တာလား”

ချီမုကောမှ နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့နှစ်ဦးကို မေးသည်။

“ခင်ဗျားတို့နှစ်ယောက်လုံး အရင်က သူဖုန်းစားအိုကြီးနဲ့ တိုက်ခိုက်ဖူးကြတယ်။ ကျုပ်ကို ပြောကြည့်ပါ၊ အဲဒါက နဂါးနိုင်လက်ဝါးသိုင်း ဟုတ်သလား”

“မဟုတ်ဘူး”

လျိုလောင်ကွေ့မှ အသေအချာ ပြောလာသည်။

နန်ပါးထျန်းမှ ပြောသည်။

“ဒါပေမဲ့ ဆယ်ပုံမှာ တစ်ပုံနှစ်ပုံတော့ ဆင်တူတယ်”

ချီမုကော မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် ချောင်ဟုန်ယန်မှ ပြောသည်။

“ဟားဟား.. လူကြီးမင်းတို့၊ ချန်ကျိုစစ်က ကျွန်မတို့ရှေ့က စင်မြင့်ပေါ်မှာပဲ ရှိနေတာပါ။ ဘာလို့ သူ့ကိုပဲ မမေးလိုက်တာလဲ”

ထိုအခါ သုံးဦးသည် အပြန်အလှန်ကြည့်လိုက်ကြပြီးနောက် ချောင်ဟုန်ယန်ကို ပြန်ကြည့်သည်။

ချောင်ဟုန်ယန်မှ ပြုံးရယ်လျက် ပြောသည်။

“ကောင်းပါပြီ၊ ကျွန်မကပဲ လူဆိုးလုပ်ပေးပါ့မယ်”

ချောင်ဟုန်ယန်သည် ချန်ကျဲ့အား လက်ဟန်ပြ၍ လှမ်းခေါ်လိုက်သည်။

“ကျိုစစ်”

ထိုအချိန်၌ ချန််ကျဲ့သည် စင်မြင့်ပေါ်တွင် ရပ်နေရင်း ကျိုးချူကို လက်ယက်ခေါ်သည်။ ကျိုးချူသည် ချက်ချင်းနားလည်သွားပြီး သူ၏သစ္စာရှိနောက်လိုက်၈ဦးကို ခေါ်ကာ စင်မြင့်ပေါ်သို့ တက်သွားခဲ့သည်။ ထို့နောက် အသံကျယ်ဖြင့် ပြောဆိုသည်။

“အားလုံးပဲ ကျေးဇူးပြုပြီး ခဏလောက် တိတ်ပေးကြပါ။ ဒီနေ့ ကျွန်တော်တို့ကျားဖြူခန်းမမှာ မိသားစုကိစ္စအချို့ ဖြေရှင်းဖို့ရှိနေပါတယ်။ အဲဒါကြောင့် လူကြီးမင်းတို့ကို စိတ်အနှောင့်အယှက်ပြုမိတာရှိခဲ့ရင် တောင်းပန်ပါတယ်”

“ပြီးတော့ အားလုံးပဲ ကျေးဇူးပြုပြီး ဆက်လက်သောက်စားကြပါ။ ကျားဖြူခန်းမအဖွဲ့သားအားလုံးကိုလည်း ကိုယ့်နေရာမှာကိုယ် ဆက်လက်တာဝန်ထမ်းဆောင်ဖို့ အမိန့်ပေးတယ်။ ပြဿနာရှာရဲတဲ့သူ ဘယ်သူမဆို ကျားဖြူခန််းမရဲ့စည်းမျဉ်းအတိုင်း အပြစ်ပေးခံရမယ်။ တခြားကိစ္စတွေကိုတော့ ကျွန်တော်တို့ ဒီကိစ္စတွေကို သေချာဖြေရှင်းပြီး ရလဒ်ထွက်လာတဲ့အထိ စောင့်ဆိုင်းကြပါမယ်”

ထိုစကားအဆုံး၌ နောက်လိုက်၈ဦးသည် အမိန့်အတိုင်း ဆောင်ရွက်ရန်အတွက် စင်ပေါ်မှ ဆင်းသွားကြသည်။

ကျားဖြူခန်းမအဖွဲ့သားများသည်လည်း အဖြစ်အပျက်များကို မျက်မြင်ကြုံတွေ့ရပြီးနောက်တွင် အမိန့်အတိုင်းလိုက်နာဆောင်ရွက်ကြသည်။ ကျိုးချူသည် ဖုန်းရွှမ်၏အလောင်းကို ရှင်းလင်းရန် အချက်ပြလိုက်ပြီးနောက် ဒီနေ့ ကျားဖြူခန်းမမှ စားသောက်ပွဲဧည့်ခံမည်ဟု ကြေညာသည်။

နောက်ထပ်ဖြစ်ပျက်လာမည့်အရာများအတွက်မူ ၎င်းမှာ သူပူပန်ဖို့ မလိုအပ်ပါချေ။ ချန်ကျိုစစ််မှ ကိုင်တွယ်လိမ့်မည်။

သို့သော်ငြား သူ၏စိတ်နှလုံးသည် ခံစားချက်များ လှိုက်တက်နေခဲ့သည်။

နောက်ဆုံးတွင်တော့ ကျိုစစ် အပြစ်ကင်းကြောင်း သက်သေထူနိုင်ခဲ့လေပြီ။

ယခုတွင် ဖုန်းရွှမ်သေဆုံးသွားပြီဖြစ်ရာ ကျိုစစ်သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ယောက်အနေဖြင့် သူ၏ရာထူးကို ခိုင်မာအောင် ထိန်းသိမ်းထားနိုင်လိမ့်မည်။

အဲဒါဆို နောက်ထပ် ကျားဖြူခန်းမအရှင်သခင်ဖြစ်လာမယ့်သူက ဘယ်သူဖြစ်မလဲ ခန့်မှန်းကြည့်စမ်းပါဦး။

ထိုအချိန်၌ ကျားဖြူခန်းမအဖွဲ့သားများသည် ရှုပ်ထွေးတွေဝေနေခဲ့ကြသည်။ သခင်ကြီးဖုန်းရွှမ်က ဒီလိုအဆုံးသတ်သွားပြိီးတော့ အခု ကျားဖြူခန်းမကို ဦးဆောင်ဖို့ သခင်၅ရဲ့အလှည့်ကို ရောက်ပြီ။ သခင်၅ကရော သခင်ကြီးဖုန်းရွှမ်လိုမျိုး ရိုကျိုးခယနေဦးမှာပဲလား။

အမြင့်ကိုတက်လှမ်းဖို့ဆိုရင် သခင်၅အနေနဲ့ ကျားဖြူခန်းမရဲ့ အကျိုးအမြတ်တွေကို သိမ်းယူဖို့လိုအပ်တယ်။

ကျားဖြူခန်းမအဖွဲ့သားများသည် ဝပ်တွားခယနေသည့် ခန်းမအရှင်သခင်မျိုး ထပ်ရလာမည်ကို အလွန်ကြောက်ရွံ့နေခဲ့ကြပါ၏။

သခင်၅ကလည်း အတူတူပဲဆိုရင် ကျားဖြူခန်းမကတော့ အဆုံးသတ်ပြီပဲ။

All Chapters