← Chapters

အခန်း (၄၁၃)

Vol. 31 Ch. 413

အခန်း (၄၁၃)

Vol. 31 Ch. 413

ရန်ပွဲသည် အမှန်တကယ်ဖြစ်လိမ့်မည် မဟုတ်ကြောင်း ချန်ကျဲ့သိပါသည်။ ထို့ကြောင့် သိုင်းကွက်ပုံစံကို သက်သောင့်သက်သာပင် လုပ်ထားခဲ့ကာ ချင်းယင်ကို ကြည့်သည်။

“ချင်းယင် ခင်ဗျားဘာလို့ အရမ်းစိတ်လှုပ်ရှားနေရတာလဲ။ ခင်ဗျား စိတ်မလုံလို့ ဒေါသပေါက်ကွဲနေတာလား။ မဟုတ်ရင် ဘာလို့ တိုက်ခိုက်ရတာလဲ”

“မင်း…”

“ရပ်စမ်း!”

နန်ပါးထျန်းသည် ချင်းယင်ကို ဟန့်လိုက်ပြီးနောက် ချီမုကောဘက်သို့ လှည့်‌ပြောသည်။

“တပ်မှူးချီရော ဘယ်လိုသဘောရပါသလဲ”

ထိုအခါ ချီမုကောမှ ရယ်မောလိုက်သည်။

“ဟားဟား ကျုပ်အနေနဲ့ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အတွင်းရေးတွေမှာ ဝင်ပါဖို့ မသင့်တော်ပါဘူး။ ဒါပေမဲ့ ကျုပ်တော့ ကျိုစစ် မှန်တယ်လို့ ထင်တာပဲ။ ကျုပ် ဒီကိစ္စကို စီရင်စုအုပ်ချုပ်ရေးမှူးကို တင်ပြလိုက်ပါ့မယ်။ ကျန်တာကိုတော့ ခေါင်းဆောင်နန်ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်”

“ဟားဟား ကောင်းပါပြီ ကောင်းပါပြီ”

ထိုစကားကို ကြားပြီးသည့်တိုင် နန်ပါးထျန်းသည် နားမလည်နိုင်ဘဲ ရှိပါမည်လော။

ကိုယ့်ဘာကိုယ်ဆုံးဖြတ်လို့ပြောပြီး စီရင်စုအုပ်ချုပ်ရေးမှူးကို တင်ပြမယ်လည်းပြောတယ်။ ဒါပေမဲ့လည်း ငါ့ကို ကိုယ့်ဘာကိုယ်ဆုံးဖြတ်စေချင်ပြန်တယ်။

နန်ပါးထျန်းသည် ဒေါသကို အတင်းဖိနှိပ်ထိန်းချုပ်၍ ချန်ကျဲ့ကို ပြောသည်။

“ကောင်းပြီ၊ ကျားဖြူခန်းမရဲ့ပိုင်ဆိုင်မှုသုံးခုကို ပြန်ပေးဖို့ ငါသဘောတူတယ်!”

“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်!”

ချန်ကျဲ့ လက်သီးယှက်အရိုအသေပြုသည်။

“ခေါင်းဆောင်!”

ချင်းယင်မှ စိတ်မကျေမနပ်ဖြင့် ပြောသည်။ နန်ပါးထျန်းသည် ချင်းယင်ကို စူးစိုက်ကြည့်လိုက်သည်။

“ပြန်ပေးမယ်လို့ ငါပြောနေတယ်လေ။ မကြားဘူးလား”

ထိုအခါ ချင်းယင်သည် ဒေါသပေါက်ကွဲ၍ မရနိုင်ဘဲ ဒေါသများသည်တော့ အဆက်မပြတ်လှိုက်တက်လာနေခဲ့သည်။

သူသည် ချန်ကျဲ့အား စူးရဲစွာစိုက်ကြည့်နေခြင်းအား မရပ်တန့်ပေ။

ထို့နောက် နန်ပါးထျန်းမှ ပြောသည်။

“အင်း တခြားရှိသေးလား။ မရှိတော့ရင် ကျုပ်တို့ သွားလိုက်ပါဦးမယ်”

“ခဏနေပါဦး!”

နန်ပါးထျန်းနှင့် ချင်းယင်တို့ ထွက်သွားလုနီးတွင် ချန်ကျဲ့မှ ထပ်မံ၍ ပြောလာပြန်သည်။ နန်ပါးထျန်းနှင့် ချင်းယင်တို့နှစ်ဦးစလုံးသည် ချန်ကျဲ့ကို စူးရဲခက်ထန်စွာ စိုက်ကြည့်လာကြသည်။

သို့သော် ချန်ကျဲ့သည် ရေနွေးပူကို မကြောက်ရွံ့သည့် ဝက်တစ်ကောင်ကဲ့သို့ ဤမျှအထိ အပြစ်ပြုခဲ့ပြီးပြီဖြစ်ပြီး မည်သို့ပင်ဖြစ်စေ သူတို့သည်လည်း သူ့ကို အလွတ်ပေးကြလိမ့်မည် မဟုတ်ရာ ချန်ကျဲ့သည် နောက်ထပ်ပြီး အနည်းငယ် တရားလွန်လုပ်ဆောင်ရခြင်းငှာ ဂရုမစိုက်တော့ပါချေ။

ခေါင်းဆောင်နန်နဲ့ ခန်းမအရှင်သခင်ချင်းတို့က ပိုင်ဆိုင်မှုတွေကိုတော့ ပြန်ပေးပြီးပါပြီ။ ဒါပေမဲ့ လွန်ခဲ့တဲ့ရက်တွေအတွင်းမှာ ရခဲ့တဲ့ အကျိုးအမြတ်တွေကရော?

“ချန်ကျိုစစ် မင်းရဲ့ကံကောင်းမှုကို တွန်းထုတ်မနေစမ်းနဲ့!”

ချင်းယင်သည် သည်းမခံနိုင်တော့ပေ။

ငါတို့ ပိုင်ဆိုင်မှုတွေကိုလည်း ပြန်ပေးပြီးပြီကို မင်းက ဒီရက်တွေအတွင်း ရှာရခဲ့တဲ့အကျိုးအမြတ်တွေကိုပါ လိုချင်နေသေးတာလား။

မင်း ဒါက ငါတို့မျက်နှာကို ဖြတ်ရိုက်ဖို့ကြိုးစားနေတာ မဟုတ်ဘူးလား။

ချန်ကျဲ့သည် ချင်းယင်ကို တစ်ချက်ပင် မကြည့်ဘဲ နန်ပါးထျန်းကိုသာ တည်ကြည်လေးနက်စွာ ကြည့်နေခဲ့သည်။

“ခေါင်းဆောင်နန်၊ ဒါကလည်း ခေါင်းဆောင်နန်ရဲ့ ထက်မြက်လှတဲ့ အမြော်အမြင်အတွက်ပါပဲ။ ခေါင်းဆောင်နန်လည်း လူတွေက ခေါင်းဆောင်နန်ကို အကျိုးအမြတ်နည်းနည်းလေးကိုတောင် လောဘတက်တယ်လို့ စွပ်စွဲကြမှာကို မလိုလားဘူးမဟုတ်လား”

နန်ပါးထျန်းသည် သူ၏မျက်လုံးများထဲမှ သတ်ဖြတ်လိုခြင်းအငွေ့အသက်ကို ခက်ခက်ခဲခဲ ဖိနှိပ်ထိန်းချုပ်ကာ ချန်ကျဲ့ကို ကြည့်နေခဲ့သည်။

ချန်ကျဲ့သည်တော့ ဂရုမစိုက်ပေ။

“ပြန်ပေးမယ်”

နန်ပါးထျန်းသည် တစ်ခွန်းသာ ပြောခဲ့ပြီး လှည့်ထွက်သွားခဲ့သည်။

“ခဏနေပါဦး!”

“‌သောက်ခွေးကောင်~”

ချင်းယင်သည် ထပ်၍ သည်းမခံနိုင်တော့ပေ။

“ထပ်ခါ ထပ်ခါ နေခိုင်းနေတာ အဆုံးမရှိတော့ဘူးလား။ မင်း တကယ်ပဲ ဘာလိုချင်လို့လဲ!”

“အိုက်ယိုး ခန်းမအရှင်သခင်ချင်းရယ် စိတ်လျှော့ပါဦး။ ဒေါသကြီးတာက ကျန်းမာရေးအတွက် မကောင်းဘူးဗျ”

ချန်ကျဲ့၏မျက်နှာအမူအရာသည် ရွှင်ပျနေခဲ့သည်။

“မင်းတကယ်ပဲ ဘာလုပ်ချင်နေတာလဲ!”

ချင်းယင်သည် လုံးဝ ဒေါသပေါက်ကွဲတော့သည်။

ချန်ကျဲ့မှ ခပ်ဖျော့ဖျော့ ရယ်မော၏။

“‌နောက်သုံးရက်နေရင် ကျားဖြူခန်းမမှာ ကျွန်တော့်ရဲ့ရာထူးဆက်ခံပွဲကို ကျင်းပပါမယ်။ အဲဒီအခါကျ ခေါင်းဆောင်နန်နဲ့ ခန်းမအရှင်သခင်ချင်းတို့ တက်ရောက်ချီးမြှင့်ပေးဖို့ မျှော်လင့်ပါတယ်”

“မင်းဘိုးအေကြီးကို တက်ရောက်ချီးမြှင့်! ငါတော့ မလာဘူးပဲ”

ချင်းယင်သည် ဆဲရေးပြောဆိုပြီးနောက် လှည့်ထွက်သွားခဲ့သည်။ နန်ပါးထျန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး တွေးလိုက်သည်။

အကယ်၍ ကုန်သည်အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ငါသာ အခမ်းအနားကို မတက်ရင် မင်းရဲ့ရာထူးဆက်ခံပွဲကို ကျင်းပလို့ရော ဘာများ အထူးတလည် အဓိပ္ပာယ်ရှိဦးမှာလဲ!

သို့သော် ထို့နောက်တွင် ချီမုကောမှ လည်ချောင်းရှင်းလိုက်ပြီး ကြေညာသည်။

“အဟမ်း… နောက်သုံးရက်နေရင် ကျင်းပမယ့် ကျိုစစ်ရဲ့ ရာထူးဆက်ခံပွဲအခမ်းအနားကို စီရင်စုအုပ်ချုပ်ရေးမှူးကိုယ်တိုင် တက်ရောက်လိမ့်မယ်!”

ဟမ်???

နန်ပါးထျန်းသည် ရုတ်ချည်း ကိုယ်ကိုပြန်လှည့်၍ ချီမုကောကို မျက်နှာအမူအရာကင်းမဲ့စွာ စိုက်ကြည့်လာသည်။

သောက်ကျိုးနည်း ဉာဏ်များလိုက်တဲ့အကွက်ပဲ!

ထွီ~

“ဟားဟား~”

နန်ပါးထျန်း၏ ရယ်ချင်ဖွယ်ကောင်းသည့် မျက်နှာအမူအရာကို မြင်သောအခါ လျိုလောင်ကွေ့သည် မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ ရုတ်တရက် ရယ်မောတော့သည်။ သို့သော် ဤသို့အခြေအနေမျိုးတွင် ‌ကုန်သည်အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေဖြင့် ရယ်မောခြင်းငှာ မသင့်လျော်ပေ။

ဒါပေမဲ့ ဒါကြီးက အရမ်းရယ်စရာကောင်းလွန်းတယ်။

လျိုလောင်ကွေ့သည် ရယ်ချင်သည်ကို ထိန်းချုပ်နေရသောကြောင့် တစ်ကိုယ်လုံး တုန်နေတော့သည်။

လျိုလောင်‌ကွေ့၏ ခန္ဓာကိုယ်မှာ ပေါ့ပါးလွန်းသည့်အစေ့ခွံအလား တဆတ်ဆတ် တုန်နေခဲ့သည်။

ငါတို့က ဘယ်လောက်ရယ်ဖို့ကောင်းနေတဲ့ အခြေအနေမျိုးမှာဖြစ်ဖြစ် ရယ်ချင်စိတ်ကို ထိန်းချုပ်ဖို့အတွက် သင်ယူခဲ့ကြရတာပါ။ ဒါပေမဲ့…

“ဟားဟား…”

ရယ်မောခြင်းသည် အလွယ်တကူ ကူးစက်တတ်၏။ နန်ပါးထျန်း လှောင်ရယ်ခံနေရသည့် မြင်ကွင်းတွင် ချောင်ဟုန်ယန်သည်လည်း မထိန်းချုပ်နိုင်စွာ ရယ်မောတော့သည်။

နန်ပါးထျန်းမှ သူမကို ကြည့်လာသောအခါ ချောင်ဟုန်ယန်သည် အဝေးသို့ အမြန် အကြည့်လွှဲလိုက်သည်။

မလုံမလဲသော မြင်ကွင်းပင်။

ထိုအခါ ဒေါသထွက်နေသည့် နန်ပါးထျန်းသည် အင်္ကျီလက်ကို ခါရမ်းလိုက်ပြီး အဝေးသို့ ထွက်ခွာပျောက်ကွယ်သွားတော့သည်။

နန်ပါးထျန်း ခန်းမထဲမှ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် လျိုလောင်ကွေ့သည် ခွက်ထိုးခွက်လှန် ရယ်မောတော့သည်။

“ဟားဟားဟား… ရယ်ရ‌လို့သေတော့မယ်။ အဲဒီငတုံးအဖိုးကြီးကတော့ ဟားဟားဟား… တောင်းပန်ပါတယ် တောင်းပန်ပါတယ်”

ကျားဖြူခန်းမအပြင်ဘက်၌ နန်ပါးထျန်သည် အလွန်ဒေါသထွက်လွန်းသောကြောင့် တံခါးဝမှ ကျောက်ခက်တိုင်တစ်တိုင်ကို လက်ဝါးတစ်ချက်ဖြင့် ဖောက်ခွဲပစ်လိုက်သည်။

ဘုန်း!

ထိုအချိန်တွင် ကျိုးချူသည် အပြင်ဘက်သို့ ချောင်းကြည့်နေခဲ့သည်။ ထို့နောက် ချန်ကျဲ့ကို လှမ်းခေါ်၏။

“သခင်၅၊ ခေါင်းဆောင်နန်က ကျောက်ခက်တိုင်တစ်တိုင်ကို ဖောက်ခွဲပစ်လိုက်တယ်။ ငါတို့ အလျော်တောင်းသင့်လား”

ထိုအခါ ချန်ကျဲ့မှ ပြန်ပြောသည်။

“ပေါက်ကရတွေ၊ အဲဒါက ကုန်သည်အဖွဲ့ခေါင်းဆောင်ကွ။ ကျောက်ခက်တိုင်တစ်တိုင်မကလို့ ကျားဖြူခန်းမတစ်ခုလုံးကို ရိုက်ခွဲဖျက်ဆီးပစ်လိုက်ရင်တောင်မှ လျော်ဖို့မလိုနေဘူး”

“ညီနောင်ရ ခေါင်းဆောင်နန်က ဘက်မလိုက်ဘဲ တရားမျှတဲ့သူပါ။ နန်ရေကန်၊ ယုံချန်းလမ်းမကြီးနဲ့ မြောက်ပိုင်းတောင်သတ္တုတွင်းတို့ကို ငါတို့ကိုပြန်ပေးလိုက်တယ်။ ခေါင်းဆောင်နန်ကို ကျေးဇူးတင်စမ်းပါ!”

ထိုအခါ အားပေးချီးမြှောက်သံများဖြင့် ခန်းမတစ်ခုလုံး ပြည့်နှက်သွားခဲ့သည်။

“ဝိုး!”

“ခေါင်းဆောင်နန်ကို ကျေးဇူးတင်ပါတယ်!”

“ကျေးဇူးအများကြီးတင်ပါတယ် ခေါင်းဆောင်နန်!”

“ခေါင်းဆောင်နန်က အရမ်းကောင်းတဲ့သူပါ!”

…

မွန်းကြပ်မှုများကို ရက်သတ္တပတ်ခန့် သည်းခံခဲ့ရပြီး နောက်ဆုံးတွင်တော့ ကျားဖြူခန်းမအဖွဲ့သားများသည် ခေါင်းမတ်မတ်ထောင်နိုင်လေပြီ။ သူတို့သည် ဤအခိုက်အတန့်တွင် အလွန်တရာ ဝမ်းသာပျော်ရွှင်နေခဲ့ကြသည်။ သို့ဖြင့် ချန်ကျဲ့သည် သူတို့၏စိတ်နှလုံးအတွင်းမှ အကောင်းဆုံးသော ခန်းမအရှင်သခင်ဖြစ်သွားခဲ့သည်။

သူတို့၏ ချန်ကျဲ့အပေါ် ထောက်ခံအားပေးမှုသည် ဖန်းရှစ်ကျုံးကို ထောက်ခံအားပေးမှုထက် မလျော့နည်းပါချေ။

ခန်းမကို ကောင်းစွာ ကာကွယ်စောင့်ရှောက်သူသည် ခန်းမအရှင်သခင်ကောင်းတစ်ဦး ဖြစ်ပါ၏။

“ခေါင်းဆောင်နန်!”

ချင်းယင်သည် ကျားဖြူခန်းမကို နောက်ပြန်လှည့်ကြည့်ရင်း နန်ပါးထျန်းအား ဒေါသတကြီးဖြင့် ပြောသည်။

နောက်ဘက်မှ ကျယ်လောင်သည့် ဆူညံသံများကို ကြားရသည်တွင် နန်ပါးထျန်း၏ မျက်နှာအမူအရာသည် မည်းမှောင်နေရာမှ တည်ငြိမ်ခြင်းသို့ ‌ထို့နောက် နောက်ဆုံးတွင် ရေသေအလား ပြောင်းလဲသွားခဲ့သည်။

“သွားကြစို့”

“ခေါင်းဆောင်!”

နန်ပါးထျန်းသည် ဒေါသမထွက်တော့ဟန်သို့ ပြောင်းလဲသွားရာ ချင်းယင်သည် နန်ပါးထျန်းကို အံ့အားသင့်စွာ ခေါ်လိုက်သည်။

နန်ပါးထျန်းသည် ဣိန္ဒြေမပျက်ထိန်းသိမ်း၍ သူ၏ရထားလုံးဆီသို့ ဦးတည်လျှောက်သွားသည်။ ရထားလုံးပေါ်သို့ မတက်မီ နန်ပါးထျန်းသည် ကျားဖြူခန်းမကို တစ်ချက်ပြန်လှည့်ကြည့်ခဲ့သည်။ သူ၏ထိုအကြည့်များတွင် အန္တရာယ်အငွေ့အသက်များ မထင်မရှားပါဝင်နေခဲ့သည်။

ချန်ကျိုစစ် စီရင်စုအုပ်ချုပ်ရေးမှူးရဲ့ နောက်ခံရှိနေတာနဲ့ပဲ ငါနဲ့ လက်မှောင်းယှဉ်လှဲနိုင်မယ်ထင်မနေနဲ့။ မင်းရဲ့ကံကြမ္မာကလည်း ဖန်းရှစ်ကျုံးရဲ့ကံကြမ္မာလိုပဲ အဆုံးသတ်ရလိမ့်မယ်။

စောင့်ကြည့်ကြတာပေါ့~

ရထားလုံးထဲသို့ ဝင်ပြီးနောက် နန်ပါးထျန်းသည် နောက်မှီထိုင်လိုက်ကာ ဌာနချုပ်ဆီသို့ ဦးတည်ပြန်လာခဲ့သည်။ ရုတ်တရက် သူ တစ်စုံတစ်ခုကို သတိရသွား၏။

“ဟုတ်သား၊ သခင်မ ပြန်ရောက်နေသင့်ပြီ ဟုတ်တယ်မလား”

All Chapters