← Chapters

ကျားပါးစပ်ထဲမှ အစွယ်ကို နှုတ်ခြင်း

Vol. 1 Ch. 169

ကျားပါးစပ်ထဲမှ အစွယ်ကို နှုတ်ခြင်း

Vol. 1 Ch. 169

ဟွာယွင်တောင်သည် ရှားနိုင်ငံတော်၏ ကျော်ကြားသော နေရာတစ်ခု ဖြစ်သည်။ ထိုနေရာတွင် လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်း အကြာက မီးချီလင်ကြီး တစ်ကောင် နေထိုင်ခဲ့သည်ဟု ကောလာဟလ တစ်ခုရှိခဲ့သည်။ မီးချီလင် မွေးဖွားလာပြီးနောက် မိုင်တစ်ရာ ပတ်လည်ရှိ မြို့ရွာများအားလုံး လောင်ကျွမ်း၍ ပျောက်ကွယ် သွားခဲ့သည်။

ကောလာဟလသည် ကောလာဟလသာ ဖြစ်လေသည်။ မီးချီလင်သည် ပဉ္စမအဆင့် နတ်ဆိုးအင်ပါယာ ဖြစ်သော်လည်း ဤလောကရှိ လူတိုင်းသည် နတ်ဆိုးအင်ပါယာ တည်ရှိမှုအား သိပ်အယုံအကြည် မရှိကြပေ။ ထို့ပြင် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းခန့်က မီးငှက် တစ်အုပ်သည် ဟွာယွင်တောင်၏ မီးတောင်ရှိရာ အရပ်တွင် ပေါ်ထွက်လာခဲ့ သေးရာ အနီး ပတ်ဝန်းကျင်ရှိ လူတို့သည် အရမ်းကြီး ထိတ်လန့် မနေကြတော့ပေ။

ဟွာယွင်တောင် အတွင်းတွင် နှစ်သောင်းချီ ကြာသည်အထိ မပေါက်ကွဲပဲ ငြိမ်သက်နေသော မီးတောင်တစ်ခု ရှိလေသည်။ ထို့ကြောင့် အခိုးအငွေ့များ တလူလူ တက်နေသော မီးတောင်အနီးသို့ မည်သူမှ မသွားရဲကြပေ။

"ဝှစ်"

ကျန်းရီသည် မီးတောင်ထက် အလျင်အမြန် တက်သွားခဲ့သည်။ သူသည် မီးတောင်အတွင်းမှ ကမ္ဘာမြေ၏ မီးတောက်များကို လိုချင်ပါလျှင် မီးတောင်အဝမှ ဝင်၍ အောက်ခြေအထိ ဆင်းရ ပေလိမ့်မည်။

မီးတောင်အဝနား ရောက်လေလေ အပူချိန်သည် တိုးလာလေလေ ဖြစ်နေခဲ့သည်။ ငွေလဝံပုလွေကြီးသည် ထိတ်လန့်သွား၍ ထင်သည်။ အောက်သို့ ဖြည်းဖြည်းချင်း ပြန်ဆင်းရန် ပြင်နေလေသည်။

"ငွေလဝံပုလွေ ... ပြန်ဝင်တော့"

သူသည် ဝံပုလွေစီး၍ ပေအမြောက်အမြား တက်ခဲ့ပြီးနောက်ဖ၎င်းအား ဝိညာဉ် သားရဲအဆောင် အတွင်း ပြန်လည် သိမ်းဆည်း လိုက်လေသည်။ သူသည် တောင်ထိပ်သို့ ခြေလျင် တက်သွားခဲ့သည်။ သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ အတိုင်းသား ပေါ်နေလေသည်။ မီးတောင်အဝသည် အလွန်ပူပြင်းသည်။ မီးဝိညာဉ်ပုလဲက စွမ်းအင်တစ်မျိုး ကူးပြောင်း နေသောကြောင့် သူ့ကိုယ်သည် အပူရှိန်အား စိုးစဉ်းမျှ မခံစားရပေ။ မီးဝိညာဉ်ပုလဲမှ မီးတောက်များအား စုပ်ယူနိုင်ချေ ပိုများနေလေပြီ။

အမ် ... တစ်ယောက်ယောက် ရှိနေတာလား …

ကျန်းရီသည် ခြေလှမ်းများကို ချက်ချင်း ရပ်တန့်လိုက်သည်။ သူ၏ အကြားအာရုံသည် ပေရာချီသို့ ဖြန့်ကြက်နိုင်လေသည်။ သူသည် တောင်အောက်မှ ခြေသံပြင်းပြင်းအား အတိုင်းသား ကြားနေ ရလေသည်။ ဤနေရာတွင် အပူဒဏ်အား မခံနိုင်သော တစ်ယောက်ယောက် ပုန်းအောင်းနေခဲ့သည်။

သူ့မျက်လုံးများ မှေးကျဉ်းသွားခဲ့ပြီး အံ့သြနေခဲ့သည်။ မီးတောင်အတွင်း နတ်ဆိုးသားရဲ တွေရော ရတနာရော မရှိဘူးမဟုတ်လား ... ဘာလို့ တစ်ယောက်ယောက် လာမှာလဲ ... ပုံမှန် သိုင်းသမားများသည် ဖင်ယား၍ မဟုတ်လျှင် ဤနေရာသို့ ရောက်လာရန် အကြောင်းမရှိပေ။

နေရာနှင့် စိမ်းသက်နေသေးရာ ကျန်းရီသည် တစ်ယောက်ယောက်နှင့် ထိပ်တိုက် မတွေ့ချင်ပါပေ။ သူသည် ဆုံးဖြတ်လိုက်ပြီး ရှောင်တိမ်းကာ ကွေ့ပတ်၍ မီးတောင်အား အခြားဖက်မှ တက်လိုက်သည်။

မီးတောင်ထက် တက်ရာ လမ်းတစ်လျှောက်တွင် သူသည် ကင်းထောက် ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ကို သတိပြုမိလိုက်သည်။ အားလုံးသည် ခရမ်းရောင် နန်းတော်ရှင် ပထမအဆင့် ဒုတိယ အဆင့်တော့ အနည်းဆုံး ရှိပေလိမ့်မည်။ မီးတောင်ထက်မှ ပြင်းထန်လှသော အပူရှိန်ကြောင့်သာ မဟုတ်လျှင် သူ ထိုသူများအား သတိပြုမိမည် မဟုတ်ပေ။

တောင်ထိပ်မှာ တစ်ယောက်ယောက် ရှိနေတယ် ... မီးတောင်ထဲမှာ ထူးဆန်းတဲ့ ရတနာ တစ်ခုခုများ ထွက်ပေါ် လာလို့လား ... သူတို့က ရတနာ လာရှာကြတာ များလား။

ကျန်းရီသည် မီးတောင်အဝနှင့် ပေတစ်ထောင်ခန့် ဝေးသော နေရာအရောက်တွင် ရပ်တန့်လိုက်သည်။ သူသည် တောင်ပေါ်မှ လူများ၏ အသက်ရှူသံ ပြင်းပြင်းကို ပီပီသသ ကြားနေလေသည်။ ထိုသူများသည် မီးတောင်အဝ အနီးတစ်ဝိုက်တွင် ပုန်းအောင်း နေကြသည်။ သူတို့ စောင့်နေသည့် အရာကိုတော့ ဘုရားမှသာ သိပေလိမ့်မည်။

"ငါအခု ဘာလုပ်သင့်လဲ"

ကျန်းရီတစ်ယောက် တွေဝေနေခဲ့သည်။ သူသည် အပေါ်ရှိလူများ၏ အရှိန်အဝါ တစ်ခုကိုမှ မခံစား မိသောကြောင့် သူတို့၏ အင်အားအား မခန့်မှန်းနိုင်ပေ။ သို့သော် အောက်ရှိ ကင်းထောက်များ အားလုံးသည် ခရမ်းရောင် နန်းတော်ရှင်အဆင့်များ ဖြစ်ကြ၍ သူတို့ထဲတွင် စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့်များ ရှိနေနိုင်လေသည်။ သူတို့သာ သူ့အား သတိပြုမိသွားလျှင် သေချာပေါက် ရင်ဆိုင်ရပေ တော့မည်။

တောင်ပေါ်က ပြန်ဆင်းရမလား …

သူသည် ရှားနိုင်ငံတော်သို့ ခရီးရှည်ကြီး ဖြတ်သန်းပြီးမှ ရောက်ရှိလာခဲ့သည်။ ထို့ပြင် မီးဝိညာဉ်ပုလဲသည် ကမ္ဘာမြေ၏ မီးတောက်များအား စုပ်ယူနိုင်ချေ မြင့်မားလေရာ ကျန်းရီသည် လက်မလျှော့ချင်ပေ။

နောက်ဆုံးတွင် သူသည် အံကြိတ်၍ ကျောက်စွန်း တစ်ခုအောက် ပုန်းနေလိုက်သည်။ ထိုလူများသည် ရတနာကို မြန်မြန်ဆန်ဆန် သွားယူကာ တောင်ပေါ်မှ ဆင်းသွားလျှင် သူသည် ကမ္ဘာမြေ၏ မီးတောက်များကို စုဆောင်းနိုင် ပေလိမ့်မည်။

ထိုစောင့်ဆိုင်းမှုသည် တစ်နေကုန်သွားခဲ့သည်။

ကင်းထောက် တစ်ယောက်သည် အလွန် အားနည်းနေပြီမှန်း ကျန်းရီး သိလိုက်ချိန်တွင် တောင်ပေါ်တွင် မည်သည့် လှုပ်ရှားမှုမှ ရှိမနေခဲ့ပေ။ သူတို့၏ အသက်ရှူသံသည် ပို၍ နှေးကွေးလာခဲ့ပြီး ထပ်မံ သည်းခံနိုင်ဟန် မရတော့ပေ။ သို့သော် သူတို့သည် လုံးဝ လှုပ်ရှားမလာခဲ့ပေ။

ကျန်းရီသည် အပူဒဏ်အား မခံစားရပါသော်လည်း စောင့်ဆိုင်း နေရခြင်းအား စိတ်မရှည်တော့ပေ။ ထိုအုပ်စုသည် သုံးရက်နှင့် သုံးညတိုင်တိုင် စောင့်ဆိုင်းနေပါလျှင် သူမည်သို့ လုပ်ရမည်နည်း ... သူသာ နိုင်ငံအဆင့် ပြိုင်ပွဲတွင် မဝင်ပြိုင်နိုင်လျှင် အကုန်လုံး အလဟဿ ဖြစ်သွား ပေလိမ့်မည်။

ကောင်းကင်သည် အလျင်အမြန် မှောင်မည်း လာခဲ့သည်။ မီးတောင်အဝတွင် မီးတောက်တို့ ထွက်ပေါ်နေခြင်း မရှိရာ လုံးဝ မှောင်မည်းနေခဲ့သည်။ ထိုအချိန်တွင် အပေါ်မှ တစ်ယောက် လှုပ်ရှား လာခဲ့လေသည်။ အပူရှိန်သည် သိသိသာသာ ကျဆင်းသွားခြင်း မရှိရာ အောက်ရှိလူများ၏ အသက်ရှူသံ များသည် ပိုမို လေးလံလာခဲ့သည်။

တစ်နာရီခန့် ကြာပြီးနောက် ငှက်တွန်သံ တစ်ခု ထွက်ပေါ်လာခဲ့ပြီး အသက်ရှူသံများ အားလုံး တိတ်ဆိတ် သွားခဲ့သည်။ ကျန်းရီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ ထိုလူများ လှုပ်ရှားကြ တော့မည် ထင်သည်။ သူတို့တွေ မီးတောင်ထဲက နတ်ဆိုးသားရဲကို သတ်ဖို့ ဒီရောက်လာကြ တာလား …

"ဟူး … ဟူး"

အပူလှိုင်းကြီး တစ်ခု ဖြစ်တည်သွားခဲ့ပြီး ကောင်းကင်သည် ရုတ်တရက် လင်းထိန်သွားခဲ့သည်။ အနီရောင် မီးငှက်ကြီး တစ်ကောင်သည် တစ်ကိုယ်လုံး မီးများ တောက်လောင်လျက် ထွက်ပေါ် လာခဲ့သည်။ မီးတောက်များသည် ပြင်းထန်လွန်းရကား ချုံများအကြား ပုန်းအောင်း နေကြသူများ အားလုံး အရည်ပျော်သွား ကြလေသည်။

တတိယအဆင့် နတ်ဆိုးသားရဲ ... ဖီးနစ်ငှက် …

ကျန်းရီသည် အံ့အားသင့်သွား ခဲ့သော်လည်း ထိတ်လန့်မသွားပေ။ မီးဝိညာဉ်ပုလဲ ရှိနေရာ အနက်ရောင် ချီလင်၏ မီးတောက်များသည် သူ့အား အန္တရာယ် မဖြစ်စေခဲ့ပေ။ သို့ဖြစ်ရာ ဤ ဖီးနစ်ငှက်၏ မီးတောက်များ သည်လည်း ပြဿနာ မရှိပေ။

ဖီးနစ်ငှက်ကြီးသည် ချုံထဲမှ လူများကို စူးစမ်းမနေတော့ပဲ ကောင်းကင်သို့ ထိုးတက်သွား မြောက်ဘက် အရပ်သို့ ပျံသန်း ပျောက်ကွယ် သွားခဲ့သည်။

"ကောင်းတယ် ... ဒီဖီးနစ်က အမဲလိုက် ထွက်သွားပြီ ... ဟုန်လောင် ... မင်းတို့တွေ မြန်မြန်လှုပ်ရှားကြ ... မီးလင်ဇီးမှိုကို သွားယူကြ ... ဒီသခင်လေးက မင်းတို့ကို ကောင်းကောင်း ဆုချပေးမယ် ... မီးလင်ဇီးမှိုနဲ့ဆိုရင် ဒီသခင်လေး စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့်ကို ရောက်နိုင်တော့မယ်"

တက်တက်ကြွကြွ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး လူများစွာသည် လှုပ်ရှားကြသည်။ အရိပ်ဆယ်ခု ကျော်သည် မီးတောင်ဝအနီး ချဉ်းကပ်သွားကာ အနက်ရောင် ကြိုးများ ထုတ်လိုက်ကြ၍ မီးတောင်အောက်သို့ လျှောဆင်း သွားကြလေသည်။

သူတို့တွေ တကယ်ကြီး ရတနာ လာရှာကြတာပဲ …

ကျန်းရီ စိတ်ချမ်းသာ သွားခဲ့သည်။ ထိုလူများသည် ရတနာရသည်နှင့် ထွက်သွား ကြတော့မည်။ မီးငှက် ထွက်ခွာသွားချိန်တွင် သူသည် ကမ္ဘာမြေ၏ မီးတောက်များကို စုစည်း နိုင်ပေတော့မည်။ သို့သော် ဤအုပ်စုတွင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် ငါးယောက်၊ ခြောက်ယောက်ခန့် ရှိနေလေရာ သူအလျင်စလို မလှုပ်ရှားဝံ့ပေ။

"အကြာကြီး စောင့်ပြီးတဲ့နောက် ဒီဖီးနစ်ငှက် ထွက်သွားခဲ့ပြီ ... ဒီသခင်လေးက ပူလွန်းလို့ သေတော့မယ် ... အဲဒီ သူတော်စင်အဆင့် မီးလင်ဇီးမှိုကိုသာ ရလို့ကတော့ ငါ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် ဖြစ်လာတော့မယ်"

ကျန်းရီသည် ထိုသခင်လေး၏ စကားများကို ကြားလိုက်သော အခါ အံ့အားသင့် သွားခဲ့သည်။ ထိုသခင်လေး၏ အရှိန်အဝါအရ ခရမ်းရောင် နန်းတော်ရှင် အဋ္ဌမအဆင့် လောက်သာ ရှိပေလိမ့်မည်။ မီးလင်ဇီးမှို တစ်ခုက သူ့ကို စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့် ရောက်သွား စေမယ်တဲ့လား ... ဘယ်လိုဆေးပင် အမျိုးအစားများလဲ …

ကျန်းရီသည် ရတနာအား လုယူရန် စိတ်ကူးမရှိပေ။ ထို့ပြင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များလည်း ရှိနေသေးရာ သူ့အတွက် မလွယ်ကူပေ။ သူသည် လက်ရှိ အခြေအနေတွင် ချက်ချင်း ထွက်ပြေးရန် အဆင်သင့်တောင် ဖြစ်နေပြီ ဖြစ်လေသည်။ ဘာလို့ ကျားခံတွင်းထဲက အစွယ်ကို သွားနုတ်ရမှာလဲ …

ဖီးနစ်ငှက်အော်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ချောက်ချားဖွယ် အော်သံများပါ ကပ်ပါ လာလေသည်။ မီးတောင်အဝမှ လူတစ်ယောက် ပြေးတက်လာကာ ထိတ်လန့်တကြား အော်ဟစ် လိုက်သည်။

"သခင်လေး ... ပြေးတော့ ... မင်းတို့တွေ အားလုံး ... မီးတောင်ပေါ်က ချက်ချင်း ဆင်းကြတော့ ... အထဲမှာ ဖီးနစ်ငှက် အထီးတစ်ကောင် ရှိနေတယ်"

"အရူး ... ဘယ်သူက ဖီးနစ် တစ်ကောင်တည်း ရှိတာလို့ ပြောခဲ့တာလဲ"

သခင်လေးအား စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် တစ်ယောက်မှ သယ်ဆောင်ကာ တောင်ပေါ်မှ ချက်ချင်း ပြေးဆင်းသွားခဲ့သည်။

ကျန်းရီသည် မလှုပ်ရှားရဲပဲ အသက်အောင့်၍သာ ငြိမ်နေလိုက်သည်။ ကံကောင်းစွာပင် အားလုံးသည် တောင်ပေါ်မှ ထိတ်လန့်တကြား ပြေးဆင်းကြ၍ သူ့အား တစ်ယောက်မှ သတိမထား မိလိုက်ကြပေ။

ထင်ထားသည့် အတိုင်း ဖီးနစ်ငှက် တစ်ကောင်သည် မီးတောင်ထဲမှ ထွက်လာခဲ့သည်။ ၎င်းသည် မီးတောက်များ တောက်လောင် နေသော အတောင်ပံကြီး များကို ဖြန့်ကားရင်း လူများနောက် ပြေးလိုက်လေသည်။ အနှေးဆုံး လူနှစ်ယောက်သည် ဖီးနစ်ငှက် မှုတ်ထုတ်လိုက်သည့် မီးတောက်များ ထိမှန်သွားကာ ပြာအဖြစ် ပြောင်းလဲ သွားခဲ့လေသည်။

ထွက်ပြေးရမလား ... မပြေးဘဲ နေရမလား …

ကျန်းရီ၏ စိတ်သည် တွေဝေနေခဲ့သည်။ သူဆက်နေလျှင် အန္တရာယ် ရှိသည်ဟု သူ့မသိစိတ်က သူ့အား ပြောနေလေသည်။ သို့သော် မီးတောင်အတွင်းရှိ မီးလင်ဇီးမှိုသည် သူ့အား ဆွဲဆောင် နေလေသည်။ သူသည် အစက ထိုအရာအား သွားယူရန် အစီအစဉ် မရှိပါသော်လည်း စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့်များ အားလုံးသည် ဖီးနစ်ငှက်၏ ပြေးလိုက်ခြင်း ခံနေရပြီ ဖြစ်လေသည်။ ကံတရားက ပေးသော အခွင့်အရေးအား မစွန့်ပစ်သင့်ပေ။

ငါသွားမယ် ... ချမ်းသာ ကြွယ်ဝမှုတွေက အန္တရာယ်ကနေ လာတာပဲ ... အဆိုးဆုံးမှ ငါသေရုံပေါ့ …

ကျန်းရီသည် အံကြိတ်၍ မီးတောင်အဝထံ ချက်ချင်း ပြေးသွားလိုက်သည်။ သူသည် မီးလင်ဇီးမှိုအကြောင်း မသိသော်လည်း ထိုသခင်လေးသည် အလွန်ချီးမွမ်း ပြောဆိုသွားခဲ့သည် မဟုတ်ပါလား …

သေစမ်း …

ကျန်းရီ လှုပ်ရှား လိုက်သည်နှင့် ထွက်ပြေးနေသော စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့် လူတစ်ဦးသည် သူ့အား သတိထားမိ သွားခဲ့သည်။ ထိုလူသည် မီးတောင်ဝထံ ပြေးသွား၍ ခုန်ချလိုက်သော အရိပ်တစ်ရိပ်အား မြင်လိုက် ရလေသည်။ သူချက်ချင်း ဒေါသတကြီး အော်ဟစ် လိုက်သည်။

"သခင်လေး ... ဒီမှာ သခင်လေးရဲ့ မီးလင်ဇီးမှိုကို လုချင်နေတဲ့ မျိုးမစစ် တစ်ကောင်ရှိတယ်"

"ဘာ"

အဖိုးတန် အဝတ်အစားများ ဝတ်ဆင်ထားသော သခင်လေး ဆိုသူသည် စိတ်ဝိညာဉ် မျောလွင့်ခရီးသည် တစ်ဦး၏ သယ်ဆောင်ထားခြင်း ခံနေရရာမှ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ကျောက်လောင် ... ချောင်လောင် ... မင်းတို့နှစ်ယောက် ဒီဖီးနစ်ကို အချိန်ဆွဲထားလိုက် ... ဟုန်လောင် ... မီးလင်ဇီးမှိုကို မြန်မြန်သွားယူ ... ပြီးတော့ အဲဒီမျိုးမစစ်ကောင် ကိုလည်း တစ်စစီလုပ်ခဲ့ ... မင်းက ဒီသခင်လေးရဲ့ ပစ္စည်းကို အလစ်သုတ်ဖို့ ကြံရဲတယ် ... အသက်မရှင်ချင် တော့တာလား"

***

All Chapters