ဇောက်ထိုးဆွဲလှန်ပစ်မယ်
Vol. 40 Ch. 594
ကျန်းကျင့်လင်းက ဝူးခို့စကား မပြောတတ်သေးသည့် စစ်သည်တစ်ယောက်ကို စူးချင်း၏နောက်မှ အနီးကပ်လိုက်ပါစေပြီး သူကတော့ ဝူးခို့ဘာသာစကား ပြောတတ်နေပြီဖြစ်သော အခြားစစ်များကို ဦးဆောင်ကာ ရှေ့ဆုံးမှ ဆင်းလာခဲ့သည်။ သူ့လက်က သူ့ဓားရိုးပေါ်တွင် အမြဲတမ်းရှိနေပြီး လိုအပ်လျှင် ဧကရီကို အသက်စွန့် ကာကွယ်ရန် အဆင်သင့် ပြင်ဆင်ထားသည်။
စူးချင်းက ထိုင်ခုံပေါ်တွင် တည်ငြိမ်စွာ ထိုင်နေခဲ့သည်။ ယခုအကြိမ်တွင် သူမတို့ ဝူးခိုးပိုင်နက်အတွင်းသို့ ပထမဆုံးအကြိမ် ခြေချခြင်း ဖြစ်သောကြောင့် စူးချင်းက ခုံပေါ်တွင် ထိုင်နေရင်း စူးရှသောအကြည့်များဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းနေခဲ့သည်။
သူမတို့ ဆိပ်ကပ်သို့ ရောက်လာချိန်တွင် ရထားလုံးတစ်စင်း ရောက်လာပြီး သူမတို့ကို လာကြိုခဲ့သည်။ နန်းတော်သို့သွားရန် အချိန်အကြာကြီး လမ်းလျှောက်ရမည်ဖြစ်သောကြောင့် အိမ်ရှေ့စံမင်းသားက လန်ထင်အတွက် ရထားလုံး လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ သူ လန်ထင်ကို အလွန်နှစ်သက်သော်လည်း လန်ထင်၏ အဆင့်အတန်းက နိမ့်ကျလွန်းနေသောကြောင့် သူကိုယ်တိုင် လာကြိုရန် မထိုက်တန်ဟု ယူဆထားသည်။
စူးချင်းက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေပြီး ထိုနေရာက ဂျပန်ရေတပ်အခြေစိုက်စခန်းတစ်ခု ဖြစ်နိုင်ကြောင်း ခန့်မှန်းနိုင်ခဲ့သည်။ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် လှေသင်္ဘော ဆယ်စင်းကျော်ရှိနေပြီး ထိုလှေသင်္ဘောအားလုံးက သူမ စီးသော လှေသင်္ဘောနှင့် အရွယ်အစား တူညီနေသည်။
ယခု စူးချင်းထံတွင် အကြံနှစ်ခုရှိနေပြီး တစ်ခုက ဤလှေသင်္ဘောများကို လုယူကာ ထွက်သွားရန်ဖြစ်ပြီး နောက်တစ်ခုကတော့ ဤနေရာတွင် နေကပ ဝူးခို့တို့၏အသိုက်ကို ဇောက်ထိုးဆွဲလှန်ပစ်ရန် ဖြစ်သည်။
ထို့အချိန်တွင် ကျန်းကျင့်လင်းက နောက်သို့ လှည့်လာပြီး စူးချင်းကို ကြည့်လိုက်ပြန်သည်။
ဒီမှာ ဝူးခို့ပင်လယ်ဓားပြတွေ ရာနဲ့ချီပြီး ရှိနေတယ်။ သူတို့မှာ ရှိတဲ့ စစ်သည်အရေအတွက်တစ်ဒါဇင်ကျော်လောက်နဲ့ ဒီလှေသင်္ဘောကို သိမ်းယူဖို့ တော်တော် ခက်ခဲနိုင်တယ်။
ဒါပေမယ့် အနည်းဆုံးတော့ သူတို့မှာ အခွင့်အရေးရှိသေးတယ်။ ဝူးခို့တွေရဲ့ မြို့တော်ထဲကို နက်နက်ရှိုင်းရှိုင်း ဝင်သွားမိရင်တော့ ပြန်ထွက်ဖို့ ခက်ခဲသွားလိမ့်မယ်။
"သခင်မလန်ထင်၊ အိမ်ရှေ့စံမင်းသားက ချင်ထျဲကို တွေ့ချင်တယ်လို့ အမိန့်ပေးလိုက်တယ်"
ဝူးခို့အရာရှိတစ်ဦးဖြစ်ဟန်တူသည့် အမျိုးသားတစ်ဦးက လန်တင်နှင့် စကားပြောရန် ရောက်ရှိလာသည်။ တုန်းယင်ပြည်ထောင်ရှိ သူမ၏အဆင့်အတန်းက မင်းသမီးမဟုတ်ဘဲ ကျော်ကြားသော ဂေရှားမယ် ဖြစ်သည်။ ထို့ကြောင့် အရာရှိ သူမအပေါ် အထူးတလည် ယဉ်ကျေးနေခြင်း မရှိပေ။
အိမ်ရှေ့စံမင်းသားက ချင်ထျဲကို တွေ့ချင်နေသော်လည်း လန်ထင်ကို တွေ့ရန် မပြောခဲ့ပေ။ ထို့ကြောင့် သူ့၏နှလုံးသားထဲတွင် သူမကို ကစားစရာတစ်ခုအဖြစ် သတ်မှတ်ထားကြောင့် သိသာနေသည်။ ထိုအရာကို ထောက်ရှုလျှင် အိမ်ရှေ့စံမင်းသားက စစ်ပွဲကိုသာ စိတ်ဝင်စားသော စစ်သွေးကြွသူဖြစ်ကြောင်း သွယ်ဝိုက်ဖော်ပြနေသည်။
သူက တာ့ထန်အင်ပါယာကို တိုက်ခိုက်ရန် ပြင်ဆင်နေပြီး မော်တာများ ပြုလုပ်နိုင်ရန် ချင်ထျဲကို ဖမ်းခိုင်လိုက်ခြင်း ဖြစ်သည်။
"တာ့ထန်ဧကရာဇ်ရဲ့လူတွေကို သူ့ကို ပြန်ခေါ်သွားတယ်၊ ငါတို့တောင် အဲ့အတွက်နဲ့ အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရတယ်"
စူးချင်းက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။ သူမက သူမ၏အကြံနှစ်ခုကို နှိုင်းယှဥ်တွေးတောကာ ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်သည်။
သူမ ဝူးခို့တွေရဲ့ မြို့တော်ထဲကို မဝင်တော့ဘူး။ ဒီနေရာက လှေသင်္ဘောတွေကိုပဲ အရင် လုယူတော့မယ်။ ဒီလှေသင်္ဘောဆိပ်မှာ ဝူးခို့ပင်လယ်ဓားပြ ရာနဲ့ချီရှိနေပြီး သူတို့အားလုံးက အရည်အချင်းရှိတဲ့ ရေတပ်သားတွေ ဖြစ်နိုင်တယ်။ တကယ်လို့ သူမ သူတို့တွေကို သတ်ဖြတ်ပြီး လှေသင်္ဘောတွေကို လုယူသွားမယ်ဆိုရင် ဝူးခိုးတွေဘက်မှာ သိသိသာသာ အင်အားလျော့နည်း သွားလိမ့်မယ်၊ ဒီအတောအတွင်းမှာ သူမတို့ရဲ့တာ့ထန်အင်ပါယာအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာမှာ မဟုတ်တော့ဘူး။
"ပြန်ခေါ်သွားခံရတာလား?"
ချင်ထျဲကို လာခေါ်သည့် အရာရှိက မကျေမနပ်ဖြစ်သွားပြီး သူ့မျက်နှာကလည်း ချက်ချင်း မည်းမှောင်သွားသည်။
"သခင်မလန်ထင်၊ မင်းက ထိမ်းမြားလက်ထက်ပွဲအတွက် ကမ်းလှမ်းမှုကိုလည်း ကျရှုူံးစေခဲ့တယ်၊ အခု ချင်ထျဲကိုလည်း ပြန်လုယူခံလိုက်ရတယ်ပေါ့။ အိမ်ရှေ့စံမင်းသား သိသွားရင် ပျော်တော့မှာ မဟုတ်ဘူး”
"ငါလည်း မပျော်ဘူး"
စူးချင်းက သူ့ကို ကြည့်ကာ အေးစက်စက် တုံ့ပြန်လိုက်သည်။ ထိုအရာရှိက ချက်ချင်း မျက်မှောင်ကြုတ် သွားပြီး ထပ်ပြောလိုက်သည်။
“ကောင်းပြီလေ၊ လန်ထင်... မင်း အိမ်ရှေ့စံမင်းသားရဲ့ ပြစ်ဒဏ်ကို စောင့်နေလိုက်”
ထိုစကားကို ပြောပြီးသည်နှင့် သူက သူ့အင်္ကျီလက်များကို ခါကာ ပြန်လှည့်ထွက်သွားတော့သည်။ စူးချင်းက သူ့၏နောက်ကျောကို ကြည့်နေပြီး အနည်းငယ် ပြုံးနေခဲ့သည်။
နောက်ဆိုရင် နင်တို့ရဲ့အိမ်ရှေ့စံမင်းသား ပိုပြီးတောင် စိတ်မချမ်းမသာ ဖြစ်ရဦးမယ်။
ထို့နောက်တွင် လှေသင်္ဘောကို ပြန်လက်လွှဲယူန် ရောက်လာသည့် အရာရှိများသာ ကျန်နေတော့သည်။ ကမ်းပေါ်ရှိ ပင်လယ်ဓားပြများကလည်း တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပြီး သူတို့က လန်ထင်ကို ဤနေရာ၌ နေခွင့်မပြုနိုင်ကြပေ။ ထို့ကြောင့် သူတို့က ထိုအရာရှိကို စောင့်ခိုင်းကာ လန်ထင်တို့အဖွဲ့ကို တည်းခိုဆောင်သို့ အရင် လိုက်ပို့ရန် ပြင်ဆင်နေကြသည်။
ထို့ကြောင့် လှေသင်္ဘောကို လက်လွှဲယူမည့် အရာရှိလည်း ထိုနေရာတွင် စောင့်နေခဲ့ရသည်။ တည်းခိုဆောင်ကို သစ်သားဖြင့်ပြုလုပ်ထားပြီး ထိုနေရာမှ လမ်းလျှောက်သံများက အလွန်ဆူညံလှသည်။
ဤနေရာတွင် နေထိုင်သော အမျိုးသား၊ အမျိုးသမီးများက သစ်သား ခြေညှပ်ဖိနပ်ဝတ်ဆင်ရခြင်းကို နှစ်သက်ကြသောကြောင့် သူတို့၏ ခြေသံများက ကျယ်လောင်လွန်းလှသည်။
စူးချင်းအတွက် ဒုတိယထပ်တွင် နေထိုင်ရန် စီစဉ်ပေးခဲ့ကြပြီး ကျန်းကျင့်လင်းနှင့် စစ်သည်တစ်ဒါဇင်ကျော်တို့က အောက်ထပ်တွင် နေရန် စီစဉ်ပေးခြင်း ခံခဲ့ရသည်။ ယခုအချိန်ထိ သူတို့ လူလဲထားသည်ကို မည်သူမျှ ရှာမတွေ့ကြသေးပေ။
ထိုအရာက ည၏မှောင်မိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် အားသာချက်လည်း ဖြစ်သည်။ မည်မျှ လင်းထိန်နေစောကာမူ မီးရှူးတိုင်၏အလင်းရောက်အောက်တွင် နေ့ခင်းဘက်ကဲ့သို့ ခွဲခြားသိမြင်ရန် မလွယ်ကူပေ။ ထို့အပြင် လှေသင်္ဘောကို လက်လွှဲယူမည့်အရာရှိက စိတ်မရှည်ဖြစ်နေပုံရပြီး သူတို့ကို အနီးကပ်ပင် မကြည့်ခဲ့ပေ။ အကယ်၍ သူသာ သေသေချာချာ စစ်ဆေးခဲ့လျှင် စူးချင်း၏ဗိုက်ကြီးကို မြင်လိုက်သည်နှင့် သံသယဝင်နိုင်ဖွယ်ရှိနေသေးသည်။
လရောင်က တဖြည်းဖြည်း ပိုနက်မှောင်လာပြီး အရုဏ်မတက်မီအချိန်က အမှောင်ဆုံးအချိန် ဖြစ်သည်။ ကျွန်းပေါ်ရှိ ဝူးခို့စစ်သည်များကလည်း သူတို့ အန္တရာယ်ကျရောက်နေပြီကို မသိကြဘဲ အေးအေးဆေးဆေး ရှိနေကြသည်။ ပင်လယ်ရေက သူတို့အတွက် အတားအဆီးတစ်ခုအဖြစ် ထမ်းဆောင်ပေးနေသောကြောင့် သူတို့ အလွန်အကျွံ သတိထားနေခြင်း မရှိဘဲ ခပ်ပေါ့ပေါ့သာ ကင်းစောင့်နေကြသည်။ ထို့ကြောင့် ကင်းတာဝန်ကျသည့် ဝူးခို့ပင်လယ်ဓားပြများက သူတို့၏လက်နက်များကို ပွေ့ဖက်ကာ မတ်တပ်အိပ်နေကြသည်။
စူးချင်းက တံခါးကို တွန်းဖွင့်ကာ သူမ၏ အခန်းထဲမှ ထွက်လာခဲ့သည်။ ဝူးခို့ပင်လယ်ဓားပြများက သူတို့အရာရှိနေထိုင်သည့်အခန်းကို ပြောနေကြည့်အသံများအား သူမ ကြားထားသောကြောင့် ထိုအရာရှိကို အရင်ဆုံး သတ်ရန် ထွက်လာခဲ့သည်။
ထိုမောက်မာသော အရာရှိငယ်လေးကတော့ လုံးဝ ပြင်ဆင်ချိန် မရလိုက်ဘဲ ခိုကိုးရာမဲ့ အခြေအနေဖြင့် ငရဲဘုရင်ကို သွားတွေ့သည်။
ဒုတိယထပ်ကို ရှင်းလင်းပြီးနောက် စူးချင်းက ကျန်းကျင့်လင်းကို ရှာရန် အောက်ထပ်သို့ ဆင်းလာသည်။ သူမ အောက်ထပ်သို့ ဆင်းလိုက်သည်နှင့် အနက်ရောင်အရိပ်တစ်ခုကို တွေ့လိုက်ရပြီး ထိုအနက်ရောင်အရိပ်ကလည်း သူမကို တွေ့သွားပုံရသည်။ စူးချင်း တစ်ဖက်လူ၏အသက်ကို မြှားတစ်ချောင်းဖြင့် အဆုံးသတ်တော့မည့်အချိန်တွင် တစ်ဖက်လူက သူမကို အသံတိုးတိုးဖြင့် လှမ်းပြောလိုက်သည်။
“သခင်မ၊ ကျွန်တော်ပါ”
ထိုလူက ကျန်းကျင့်လင်း ဖြစ်နေခဲ့သည်။
"မင်း ဘယ်သွားမလို့လဲ?"
စူးချင်းက အပေါ်ထပ်မှ လူအားလုံး သတ်ပြီးမှ အောက်ထပ်သို့ ဆင်းလာခဲ့ခြင်း ဖြစ်သည်။ ပထမထပ်တွင် ကျန်းကျင့်လင်းနှင့် စစ်သည်များသာ ရှိနေသောကြောင့် သူမတို့ ဖော်ထုတ်ခံရမည်ကို စိတ်ပူနေစရာမလိုတော့ပေ။
"ကျွန်တော် အပြင်ထွက်ပြီး စူးစမ်းချင်လို့ပါ"
ကျန်းကျင့်လင်းက စူးချင်းကို အမှန်အတိုင်း ပြောပြလိုက်သည်။
သူ အဲဒီမှာ နေထိုင်ရတာ စိတ်မသက်မသာဖြစ်နေခဲ့တယ်။ အဲ့ဒါကို မြေပြင်အနေအထားကို သွားလေ့လာပြီး ဆုတ်ခွာဖို့ လမ်းကြောင်းကို ကြိုရှာထားချင်တာပါ။
“လူတိုင်းကို နှိုးပြီး လှေသင်္ဘောတွေကိ လုယူဖို့ ပြင်ဆင်ထား”
စူးချင်းက သူ့ကို လူသွာား ခေါ်ရန် အမိန့်ပေးလိုက်ပြီး ရှောင်ချီကို မော်တာများနှင့် မော်တာကျည်များ ထုတ်ပေးရန် တောင်းဆိုလိုက်သည်။ စနစ်ထဲတွင် မော်တာနှစ်လက်နှင့် မ်ောတာကျဥ်ဆယ်လုံး ရှိနေသောကြောင့် ဤသင်္ဘောကျင်းစောင့် ဝူးခို့စစ်သည်များကို သုတ်သင်ရန် လုံလောက်နေပြီ ဖြစ်သည်။
ကျန်းကျင့်လင်းက သူ့လက်အောက်ငယ်သားများကို သွားခေါ်ကာ ပြန်ရောက်လာပြီး စူးချင်း ကြမ်းပြင်ပေါ်တွင် ချထားသည့် မော်တာနှစ်လက်ကို တွေ့သွားကာ သူ့နှုတ်ခန်းထောင့်များ လှုပ်ယမ်းသွားသည်။
ဧကရီ လေထုထဲနေ တစ်ခုခု ထုတ်ယူတာကို သူ မြင်ဖူးခဲ့တာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူးလေ။ သူလည်း ဒါ့ကို ကျင့်သုံးရနေပါပြီ။
“ဒါတွေကို သယ်သွားပြီး ပစ်ကွင်းကောင်းရဖို့ မြင့်တဲ့နေရာမှာ နေရာချလိုက်”
စူးချင်းက ကျန်းကျင့်လင်းနှင့် စစ်သည်တစ်စုကို ထွက်သွားရန် အရင် အမိန့်ပေးပြီးမှ ညပိုင်းတာဝန်ကျသည့် တည်းခိုဆောင်တာဝန်ခံကို သွားသတ်လိုက်သည်။
ကျန်းကျင့်လင်းက သူ့စစ်သည်များအား မော်တာများနှင့် ကျည်များ သယ်ဆောင်စေကာ ဧကရီ၏နောက်သို့ လိုက်ရန် အလျင်အမြန် အမိန့်ပေးလိုက်သည်။ ည၏နက်ရှိုင်းသောအမှောင်ထုက သူတို့ကို အကောင်းဆုံး အကာအကွယ် ပေးထားပြီး စူးချင်းက သူမ၏မှတ်ဥာဏ်ကို အခြေခံ၍ သင်္ဘောကျင်းဆီသို့ ချမ်းကပ်လာခဲ့သည်။
ပင်လယ်ပြင်တွင် ကျုံးယုံက သူ၏ စစ်သည်များနှင့် အတွေ့အကြုံရင့် တံငါသည် အနည်းငယ်ကို ဦးဆောင်နေပြီး လှေလှော်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေခဲ့သည်။ ဤတံငါသည်များ အားလုံးက ဝူးခို့ပင်လယ်ဓားပြများကို တွန်းလှန်တိုက်ခိုက်နေသော လူကောင်းများ ဖြစ်သည်။ သူတို့ သူလျှိုဖြစ်နေမည်ကို မစိုးရိမ်ရသည့် အကြောင်းရင်းက သူတို့အားလုံး၏မိသားစုဝင်များ ဝူးခို့ပင်လယ်ဓားပြများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသောကြောင့် ဖြစ်သည်။
သူတို့ချစ်ရတဲ့သူတွေအတွက် လက်စားချေနိုင်သရွေ့ သူတို့ သေရမှာကိုတောင် မကြောက်ကြတော့ဘူး။ သူတို့ လိုချင်တာက သူတို့ချစ်ရတဲ့ မိသားစုဝင်တွေအတွက် လက်စားချေနိုင်ဖို့ပဲ။
တော်ဝင်နန်းတော်က ပင်လယ်ဓားပြများအား ကိုင်တွယ်တော့မည်ဟု ကြားလိုက်ရသည်နှင့် ဤတံငါသည်များ အလွန်စိတ်လှုပ်ရှားနေကြပြီ ဖြစ်သည်။ သူတို့က လက်ရှိဧကရာဇ်မင်းမြတ်၏ ဇာတ်လမ်းကို ကြားသိထားကြပြီး အမှုထမ်းရန် စိတ်အားထက်သန်နေကြသည်။ သူတို့ထံတွင် စိုးရိမ်ရမည့် ဆွေမျိုးသားချင်းပင် မရှိတော့သည့်အတွက် ဧကရာဇ်၏နောက်သို့ လိုက်ကာ အောင်မြင်မှုများ ရယူရန် စိတ်ပိုင်းဖြတ်ထားကြသည်။
သူတို့ထဲမှ တံငါသည်အိုကြီးတစ်ယောက်က အလွန်အတွေ့အကြုံ ရင့်ကျက်သူ ဖြစ်သည်။ သူက အရှေ့သမုဒ္ဒရာ၏ရေပြင်ထဲသို့ မတော်တဆ ဝင်ရောက်ခဲ့ဖူးပြီး ထိုနေရာကို ရင်းနှီးနေသူ ဖြသ်သည်။ စူးချင်းကြောင့် သူတို့၏လှေများ ကျန်နေခဲ့သော်လည်း ထိုတံငါသည်အိုကြီးက သူ့၏မှတ်ဥာဏ်ကို အခြေခံကာ တာ့ထန်အင်ပါယာ၏စစ်သည်များကို လမ်းညွှန်ပေးရင်း ပင်လယ်ပြင်ကို ဖြတ်ကျော်နေကြသည်။ ကျုံးယုံက မှောင်မိုက်သောပင်လယ်ပြင်ကို စိုက်ကြည့်နေပြီး အလွန်အမင်း စိုးရိမ်ပူပန်နေသည်။
သူ့ရဲ့ဆရာသာ အန္တရာယ်နဲ့ ကြုံရရင် သူ အသက်ရှင်ဖို့တောင် ရှက်ရွံ့နေရလိမ့်မယ်။
"မြန်မြန် မြန်မြန်လှော်ကြ"
ကျုံးယုံက တခြားလူများကို အဆက်မပြတ် တိုက်တွန်းနေသည်။ တံငါသည်အိုကြီးက သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။
“ညဘက်ဆိုတော့ ရေလမ်းကြောင်းကို လုံးဝ မခန့်မှန်းနိုင်ဘူး။ ဒီနေရာတစ်ဝိုက်မှာ ပုန်းကွယ်နေတဲ့ ကျောက်ဆွယ်ကျောက်တန်းတွေ ရှိတယ်။ မဆင်မခြင် ဝင်သွားမိရင် လှေဝမ်းတွေတောင် ကွဲသွားနိုင်တယ်”
ကျုံးယုံတစ်ယောက် ဝူးခို့များဆီသို့ အလျင်စလို ကျားကုတ်ကျားခဲ လှော်ခတ်နေစဉ်တွင် စူးချင်းနှင့် ကျန်းကျင့်လင်းတို့က စစ်စခန်းဆီကို ဦးတည်နေသည့် မြင့်မားသော မြေပြင်နေရာတစ်ခုကို ရှာတွေ့သွားပြီ ဖြစ်သည်။
သူတို့က မော်တာများ တပ်ဆင်ခြင်းနှင့် ကျည်ဖြည့်သွင်းခြင်းစသော ပြင်ဆင်မှုများကို ပြုလုပ်နေပြီး ရန်သူ၏အင်အားက သူတို့ထက် များစွာ သာလွန်သောကြောင့် လှေသင်္ဘောများကို မသိမ်းယူခင် ထိုရန်သူများကို ရှင်းထုတ်ရန် ပြင်ဆင်နေကြသည်။
စူးချင်းက သူမ၏ မှန်ပြောင်းကို ထုတ်ကာ ပတ်ပတ်လယ်ကို ကြည့်လိုက်သည်။ ဆိပ်ကမ်းက အလွန်လင်းထိန်နေသောကြောင့် ပစ်မှတ်ကို ရှာရန် လွယ်ကူလွန်းလှသည်။
"ဘယ်ဘက်ကို ပစ်"
စူးချင်းက စစ်စခန်းဆီသို့ ညွှန်ပြလိုက်ပြီး ကျန်းကျင့်လင်းကို အမိန့်ပေးသည်။ အိပ်ပျော်နေသည့် ပင်လယ်ဓားပြများကတော့ ဒုက္ခတွင်းထဲသို့ ကျရောက်သွားပြီး ပေါက်ကွဲမှုနှစ်ခုကြောင့် သူတို့၏စစ်တပ်တစ်ခုလုံး မီးပင်လယ်အဖြစ် ပြောင်းလဲသွားသည်။
ထိုပေါက်ကွဲမှုကြောင့် မသေသေးသည့်လူများကတော့ တဲထဲမှ ထွက်လာကာ မီးတောက်များကြားထဲ၌ ကမူးရူးထိုး လျောက်ပြေးနေကြသည်။ ညအမှောင်၏ပံ့ပိုးပေးမှုနှင့်အတူ သူတို့၏ နာကျင်ကြီးစွာ စူးရှရှအော်သံများက အလွန်ကြောက်စရာကောင်းနေလေသည်။
“ဘယ်ဘက် သုံးနာရီ နေရာကို ထပ်ပစ်”
စူးချင်းက သူမ၏မှန်ပြောင်းကို လက်မှမချဘဲ နေရာစုံကို လိုက်ကြည့်နေရင်း ကျန်းကျင့်လင်းနှင့် အခြားလူများ ပစ်ခတ်နိုင်ရန် ဆက်တိုက်အမိန့်ပေးနေခဲ့သည်။ ဝူးခို့တို့၏ တော်ဝင်နန်းတော်တွင် အိမ်ရှေ့စံမင်းသားက ချင်ထျဲကို တွေ့ရန် စောင့်မျှော်နေခဲ့သည်။ သူက အလွန်ရည်မှန်းချက်ကြီးပြီး ကြီးမားသော လူသတ်လက်နက်ကို အမြန်ဖန်တီးနိုင်ရန် မျှော်လင့်နေခဲ့သည်။
ဒီလိုပြင်းထန်တဲ့ လက်နက်ကြီးတစ်ခုရှိရင် သူ အလယ်ပိုင်းလွင်ပြင်ကို အေးအေးဆေးဆေး ဝင်ရောက်ပြီး သူတို့ရဲ့နယ်မြေကို ချဲ့ထွင်နိုင်လိမ့်မယ်။
သူ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေစဉ် မော်တာများ၏ပစ်ခတ်မှုမှ ထွက်ပေါ်လာသော ကျယ်လောင်သည့် ပေါက်ကွဲသံကို ကြားလိုက်ရသည်။