← Chapters

နောက်ဆုံးအခိုက်အတန့်

Vol. 40 Ch. 598

နောက်ဆုံးအခိုက်အတန့်

Vol. 40 Ch. 598

“ဒီလက်အောက်ငယ်သားက ဧကရာဇ်မင်းမြတ်ကို နှုတ်ခွန်းဆက်သပါတယ်”

ထို့နောက် ကျန်းကျင့်လင်းက စစ်သင်္ဘောကြီးပေါ်မှ ဆင်းသွားပြီး သူ့အင်္ကျီကို အလျင်အမြန် မတင်ကာ ဒူးထောက်လိုက်သည်။

"ဧကရာဇ်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ"

"ထပါ၊ ဧကရီက အ‌ရှေ့ကျွန်းမှာ ရှိနေတယ်လို့ မင်း ပြောလိုက်တာလား?”

သူ့ဇနီးအတွက် ပူပန်ရသည့် စိုးရိမ်သောကများကြောင့် ရှောင်းကျဲယွိ၏နှလုံးသားတစ်ခုလုံး ပူလောင်နေရသည်။

သူ့ရဲ့ညာဘက်မျက်ခွံ တဆတ်ဆတ်လှုပ်နေတာ အံ့သြစရာမရှိတော့ဘူး။ ချင်းအာက အရမ်းရဲတင်းပြီး အရာရာကို ပေါ့ပေါ့ဆဆ တွက်ဆလွန်းတယ်။ သူမက ဘာအကျိုးဆက်ကိုမှ လုံးဝ ဂရုမစိုက်ဘူး။

ဒီတစ်ခေါက် သူတို့ နန်းတော်ကို ပြန်ရောက်တာနဲ့ ချင်းအာကို အခန်းထဲမှာ သော့ခတ်ထားပြီး ပန်းထိုးတာနဲ့ လယ်လုပ်ဖို့ပဲ ခွင့်ပြုတော့မယ်။ ဒါမှ သူ့ကို စိုးရိမ်ပူပန်စေမယ့် အရာတွေကို ဘယ်တော့မှ မလုပ်တော့မှာပါ။

"ဟုတ်ပါတယ်၊ ဧကရီက ကျွန်တော်မျိုးကို မြန်မြန် ပြန်လာဖို့ အမိန့်ပေးလိုက်ပါတယ်"

ကျန်းကျင့်လင်းက ချက်ချင်း ခေါင်းညိတ်ကာ အကျိုးအကြောင်း ရှင်းပြလိုက်သည်။

ဧကရာဇ်မင်းမြတ် ရောက်လာမှတော့ သူလည်း တုန်းယန်ကို သိမ်းပိုက်ဖို့ ပိုပြီး ယုံကြည်မှုရှိလာပြီ။

"ခုချက်ချင်း အားလုံး စစ်သင်္ဘောပေါ်ကို တက်ကြစမ်း"

ရှောင်းကျဲယွိက အချိန်ခဏမျှပင် မစောင့်နိုင်တော့ဘဲ အော်ဟစ်အမိန့်ပေးလိုက်သည်။

သူ ချင်းအာကို အခုချက်ချင်း သွားကယ်ရမယ်။

"အရှင်မင်းမြတ်၊ ဟိုင်ချန်စီရင်စုအမတ်က သစ္စာဖောက်တစ်ယောက်ပါ"

ကျန်းကျင့်လင်းက ထိုသစ္စာဖောက် တစ်ခုခု ဒုက္ခပေးလာမည်ကို တားဆီးနိုင်ရန် ကမ်းပေါ်တွင် လူများ ထားခဲ့ဖို့ ရှောင်းကျဲယွိကို အမြန် ထပ်ပြောလိုက်သည်။

“စစ်သည်တို့၊ ဟိုင်ချန်စီရင်စုအမတ်ကို ဖမ်းပြီး ချုပ်နှောင်ထားလိုက်။ ခုခံရဲရင် မငဲ့ညှာပဲ ချက်ချင်း သတ်စေ”

ရှောင်းကျဲယွိက ဟိုင်ချန်စီရင်စုအမတ်ကို ဖမ်းဆီးရန် သူ့လူတချို့အား အမိန့်ပေးလိုက်သည်။

အခု သူ့မှာ ဒီသစ္စာဖောက်ကို ကိုင်တွယ်ဖြေရှင်းဖို့ အချိန်မရှိတော့ဘူး။

စစ်သင်္ဘောကြီးက စစ်သည် ရာနှင့် ချီပြီး တင်ဆောင်လာကာ ကျန်လှေကြီးများအားလုံးက ငါးဖမ်းလှေများပေါ် ဖြစ်သည်။

ငါးဖမ်းလှေတချို့ကို တံငါရွာမှ အကူအညီ တောင်းခဲ့ပြီး အချို့ကိုတော့ ရှောင်းကျဲယွိက အပိုင်ဝယ်ယူခဲ့သည်။ ထို့ကြောင့် ငါးဖမ်းလှေကြီးများလည်း အများအပြား ရှိနေကာ လှေကြီးများပေါ်တွင် စစ်သည်အပြည့်တင်ဆောင်ပြီး အ‌ရှေ့ဘက်ကျွန်းသို့ စတင်ရွက်လွှင့်လာကြသည်။

ရှောင်းကျဲယွိက စစ်သင်္ဘောကြီး၏ဦးထိပ်တွင် ရပ်နေပြီး အရှေ့ပင်လယ်ထဲမှ ကျွန်းစုကို လှမ်းမျှော်ကြည့်နေသည်။

'ချင်းအာ၊ ကိုယ် မင်းကို ကယ်ဖို့ လာနေပြီ'

ကျွန်းပေါ်မှ စူးချင်းနှင့် သူမ၏လူများက အနားယူနေရင်း အားပြည့်အောင် စားသောက်နေကြသည်။ ရှောင်ချီက အမှန်တကယ် ဂရုစိုက်တတ်သော ကလေးငယ်လေး ဖြစ်သည်။ သူမက စစ်ပွဲတွင် ပါဝင်နိုင်သလို သခင်ဖြစ်သူအတွက် ချက်ပြုတ်ပေးရန်လည်း အားကိုးရသည်။ ကျုံးယုံက မနေ့က တနေ့လုံး အော့အန်ခဲ့ရပြီး တစ်ညလုံး တိုက်ပွဲဝင်ခဲ့ရသည်။ ထို့ကြောင့် သူ၏ကြံ့ခိုင်မှုက သိသိသာသာ လျော့ကျသွားပြီး စားစရာကို မြင်သည်နှင့် သူ့မျက်လုံးများ တောက်ပလာသည်။

ရှောင်ချီက သူမ၏သခင်တွက် သက်သတ်လွတ်မုန့်ပေါင်း လုပ်ပေးထားသည်။ ထိုမုန့်ပေါင်းများက အပေါ်မှ မုန့်သား ပါးလွှာပြီး အစာအများကြီး သွပ်ထားသောကြောင့် ဘာအသီးအရွက်မှ ထပ်ထည့်စရာ မလိုအပ်ဘဲ လွယ်လွယ်ကူကူ စားသုံးနိုင်သည်။

ရှောင်ချီက သူမ၏သခင်အတွက် အလွန်စဥ်းစားပေးတတ်သူ ဖြစ်ပြီး ကြက်ဥစွပ်ပြုတ်တစ်ပန်းကန်ကိုပင် ပြင်ဆင်ထားသောကြောင့် စူးချင်းလည်း သက်တောင့်သက်သာ စားသောက်ခွင့်ရခဲ့သည်။

သူတို့ စားသောက်ပြီးသွားချိန်တွင် မြို့တော်ဘက်မှ သူတို့ဆီသို့ ဦးတည်လာနေသည့် စစ်သည်များကို တွေ့လိုက်ရသည်။ ဝူးခို့စစ်သူကြီး ယိုကိုမိချိနိုဒ သစ်သားခြေညှပ်ဖိနပ်ကို စီးထားပြီး ရှေ့ဆုံးမှ ပြေးလာနေသည်။ သူက သူ့၏ဆာမူရိုင်းဓားကို မြှောက်ကာ အော်ဟစ်အမိန့်ပေးနေခဲ့သည်။

“တက်ကြ! ဟန်လူမျိုးတွေအားလုံးကို သတ်ပြီး အိမ်ရှေ့စံမင်းသားအတွက် လက်စားချေကြမယ်!”

ယမန်နေ့ညတွင် သူတို့၏အိမ်ရှေ့စံမင်းသားက ကျွန်းပေါ်သို့ ကျူးကျော်ဝင်ရောက်လာသည့် ရန်သူများ၏ လက်ချက်ကြောင့် သေဆုံးသွားခဲ့ရသည်။ ဧကရာဇ်မင်းမြတ်က အလွန်ဝမ်းနည်းကြေကွဲနေပြီး သူတို့ကို မည်သည့်နည်းနှင့်မဆို သတ်ပစ်ရန် အမိန့်ပေးလိုက်သည်။

ဤသည်မှာ တုန်းယန်ပြည်ထောင်ကို စတင်တည်ထောင်ချိန်မှစ၍ သမိုင်းတလျှောက် အရှက်ရဖွယ်အကောင်းဆုံးဖြစ်ရပ်ပင်။ သူတို့၏အိမ်ရှေ့စံမင်းသားက သူတို့၏မြေပေါ်တွင် အသတ်ခံခဲ့ရပြီး စစ်သင်္ဘောများလည်း လူယူခံလိုက်ရသည်။ ထို့ကြောင့် ဝူးခို့များ ကျူးကျော်သူများကို အလွန်မုန်းတီးနေပြီး မဖြစ်မနေ လက်စားချေမည်ဟု ကျိန်ဆိုခဲ့ကြသည်။

“ကောင်းပြီ၊ အခု တိုက်ပွဲအတွက် ပြင်ဆင်ကြတော့”

စူးချင်းက ထရပ်လိုက်ပြီး လက်ခုပ်တီးကာ ကျန်လူများကို ဆော်သြလိုက်သည်။ သူမ ဗိုက်ပြည့်နေအောင် စားသောက်ပြီးပြီဖြစ်သောကြောင့် လန်းဆန်းနေကာ သူမတစ်ကိုယ်လုံး စွမ်းအင်များပြည့်နေသလို ခံစားနေရသည်။

မနေ့ညက တိုက်ပွဲပြီးဆုံးသွားတော့ သူမ ဆာလောင်မွတ်သိပ်ပြီး ပင်ပန်းနွမ်းနယ်နေခဲ့တာ။ အခု ဗိုက်ပြည့်သွားတော့ စွမ်းအင်တွေ ပြည့်လာပြီး နောက်ထပ် ခက်ခဲတဲ့တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီ။

“လာ၊ လာကြ၊ တိုက်ကြစို့၊ ဘယ်သူက လူပိုသတ်နိုင်မယ်ဆိုတာ ကြည့်ရအောင်”

ကျုံးယုံကလည်း စိတ်ဓာတ် တက်ကြွလာပြီး သက်တော်စောင့်ခြောက်ယောက်ကို လှမ်းအော်လိုက်သည်။ သူက တိုက်ပွဲရှိနေသမျှ ကာလပတ်လုံး စိတ်လှုပ်ရှားနေတတ်ပြီး သူ့တစ်ကိုယ်လုံးတွင် အဆုံးမရှိသော ခွန်အားများ ပြည့်နှက့်နေသလို ပြုမှုတတ်သူ ဖြစ်သည်။

ယခုတစ်ကြိမ်တွင်တော့ ဝူးခို့များ ထောင်နှင့်ချီ ချီတတ်လာကြပြီး အရှိန်ပြင်းပြင်းဖြင့် ပြေးလွှားလာကြသည်။ မြင်မြင်ရာတွင် အနက်ရောင်ဝတ်လူများ ရှိနေသောကြောင့် အနက်ရောင်အစုအဝေးကြီး ဖြစ်နေကာ သူတို့ ခုံဖိနပ်များမှ ထွက်ပေါ်နေသည့် ဆူညံသံများက နံနက်ခင်း၏ ငြိမ်သက်မှုကို နှောင့်ယှက်နေသည်။ သူတို့အားလုံးက သူတို့၏ဆာမူရိုင်းဓားရှည်များကို ဝှေ့ယမ်းနေကြပြီး သူတို့၏မျက်လုံးများက ဆာလောင်နေသော ဝံပုလွေများ၏မျက်လုံးများကဲ့သို့ ဖြစ်နေကာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

စူးချင်းက မော်တာရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေရင်း သူမ မပစ်ခတ်မီ ရန်သူတစ်ဝက်လောက်ရောက်လာမည့်အချိန်ကို အေးအေးဆေးဆေး စောင့်ဆိုင်းနေသည်။ သူမ စတင်ပစ်ခတ်လိုက်ချိန်သည်နှင့် တခဏချင်းမှာပင် လူပေါင်းများစွာ သေဆုံးသွားပြီ ဖြစ်သည်။

ယိုကိုမိချိနိုဒက ဤပြင်းအားမြင့် လူသတ်လက်နက်ကြီးကြောင့် အလွန်ထိတ်လန့်သွားခဲ့သည်။

ဒါက ဧကရာဇ်မင်းမြတ် အမြဲတမ်း အလိုရှိနေခဲ့တဲ့ လူသတ်လက်နက်ကြီးတွေပဲ။ တကယ်ကို အစွမ်းထက်ပြီး ကြောက်စရာကောင်းလွန်းတယ်။

“တက်၊ ရှေ့ကို ချီတက်ကြ၊ မရပ်ကြနဲ့”

ယိုကိုမိချိနိုဒက သူ့၏ဆာမူရိုင်းဓားရှည်ကို မြှောက်ကာ စစ်သည်များကို ရှေ့သို့ ချီတတ်ရန် အမိန့်ပေးနေခဲ့သည်။ စူးချင်းနှင့် တခြားသူများထံတွင် လက်နက်ခဲယမ်းများ နည်းနေပြီဟု သူ သေချာခန့်မှန်းထားပြီး အကယ်၍ သူတို့ အလျင်အမြန် ချီတက်သွားနိုင်လျှင် ရန်သူကို သုတ်သင်ကာ လူသတ်လက်နက်ကြီးကို သိမ်းယူနိုင်မည်ဟု သူ တွက်ဆထားသည်။

ထိုဝူးခို့စစ်သည်များကလည်း ဆာမူရိုင်းဝိညာဉ်ထံမှ ဦးနှောက်ဆေးခြင်း ခံထားရပြီး သေရမည်ကိုပင် မကြောက်ကြပေ။ တုန်းယန်ပြည်ထောင်ကို ကာကွယ်ရင်း ကျဆုံးရခြင်းက ဂုဏ်ယူစရာတစ်ခုဟု သူတို့ မှတ်ယူထားကြသည်။

လှိုင်းလုံးကြီးများသဖွယ် ပြေးဝင်လာသည့် ဝူးခို့စစ်သည်များအား မြင်လိုက်ရချိန်တွင် ကျုံးယုံက သူ့တူကြီးများကို မြှောက်ပြီး အားရပါရ အော်ဟစ်လိုက်သည်။

"ညီအစ်ကိုတို့၊ သတ်ကြ။ တစ်ယောက် သတ်နိုင်ရင် သရေ၊ နှစ်ယောက် သတ်နိုင်ရင် အမြတ်ပဲ"

“ရပ်စမ်း၊ ဒီကုန်းမြင့်ကနေ ဘယ်ကိုမှ မသွားနဲ့”

စူးချင်းက ရန်သူဆီသို့ အပြေးအလွှား သွားချင်‌နေသော ကျုံးယုံကို အော်ဟစ်တားဆီးလိုက်သည်။

ထောင်နဲ့ချီတဲ့ ရန်သူတွေကို လူခြောက်ယောက်၊ ခုနစ်ယောက်လောက်နဲ့ သွားတိုက်ချင်နေတာလား? ဒါက ကိုယ့်ကိုယ်ကိုယ် သတ်သေချင်နေတာ မဟုတ်ဘူးလား?

သူမက ပြောနေရင်း လူများစွာရှိသည့်နေရာများဆီသို့ မော်တာတစ်ချက် ထပ်ပစ်လိုက်သည်။ ကျန်နေသည့် ဝူးခို့စစ်သည်များ ရှေ့သို့ အပြေးအလွှား လာနေချိန်တွင် သူမက သက်တော်စောင့်များအတွက် လက်ပစ်ဗုံးများ ဝေငှပေးလိုက်ပြီး လူအထူထပ်ဆုံးနေရာကို ပစ်ရန် ညွှန်ကြားလိုက်သည်။

ဤသက်တော်စောင့်များအားလုံးက အထူးလေ့ကျင့်သင်ကြားထားသော ထိပ်တန်းစစ်သည်များ ဖြစ်ပြီး လက်ပစ်ဗုံးအသုံးပြုနည်းကို သိထားကြသည်။ စူးချင်းက ထိုကိစ္စအတွက် စိတ်ပူစရာမလိုသလို အသုံးပြုနည်းကိုလည်း သင်ကြားပေးရန် မလိုအပ်ပေ။

သူမက ဝူးခို့ပင်လယ်ဓားပြများ၏ ခေါင်းဆောင်ကို ရှာဖွေနေပြီး အခြားပင်လယ်ဓားပြများနှင့် မကိုင်တွယ်မီ သူ့ကို အရင် သတ်ပစ်ရန် ရည်ရွယ်ထားသည်။

“တက်ကြ၊ တက်ကြ၊ သူတို့ကို အရှင်လတ်ဖမ်းမိအောင် ကြိုးစားကြစမ်း”

ယိုကိုမိချိနိုဒက သူ့၏ ဆာမူရိုင်းဓားကို ဝှေ့ယမ်းကာ ကျယ်ကျယ်လောင်လောင် အော်ဟစ်အမိန့်ပေးနေသည်။ သူတို့ထံတွင် သေခြင်းတရားကို မကြောက်သည့် စိတ်ဓာတ်ရှိမှန်း သိသာနေသည်။

"ကျုံးယုံ၊ ဒီကောင်လေးကို ဖောက်ခွဲလိုက်"

စူးချင်းက နောက်သို့ လှည့်ပြီး ကျုံးယုံကို အမိန့်ပေးလိုက်သည်။ သူက အရပ်ရှည်ပြီး ကြံ့ခိုင်ကာ သူ့၏ပစ်ပေါက်နိုင်စွမ်းကလည်း တိကျလှသည်။

ဆရာဖြစ်သူ၏အမိန့်ကို ကြားလိုက်သည်နှင့် တပြိုင်နက် ကျုံးယုံက လက်ပစ်ဗုံး၏ စနက်တံကို ဆွဲဖြုတ်ကာ ယိုကိုမိချိနိုဒဆီသို့ ပစ်ပေါက်လိုက်သည်။

ယိုကိုမိချိနိုဒက သူ့၏စစ်သည်များကို ရှေ့ဆက်တိုးရန် အော်ဟစ်အားပေးနေဆဲဖြစ်သည်။ ထိုအချိန်တွင် လက်ပစ်ဗုံးက သူ့ခြေထောက်နားသို့ ကျလာပြီး သူ နောက်သို့ ခုန်ဆုတ်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ လက်ပစ်ဗုံးက ချက်ချင်း ပေါက်ကွဲသွားပြီး သူလည်း လွင့်စင်သွားတော့သည်။

ယိုကိုမိချိနိုဒ သေဆုံးပြီးနောက်တွင် သူတို့အား အမိန့်ပေးမည့်သူ မရှိနိုင်တော့ဘူးဟု စူးချင်း ထင်ထားခဲ့သော်လည်း ဝူးခို့များကလည်း တိုက်ခိုက်‌ရေးစိတ်ဓာတ် ပြင်းထန်လှသည်။ သူတို့၏တပ်မှူး သေဆုံးပြီးပြီးချင်းမှာပင် ဒုတပ်မှူးက စတင်အမိန့်ပေးနေသည်ကို သူမ တွေ့လိုက်ရသည်။ သူတို့၏တိုက်ခိုက်မှုအရှိန်က လုံးဝ မနှောင့်နှေးဘဲ ဝူးခို့များက သူမတို့ ရှိနေသည့်တောင်ကုန်းကို ဝိုင်းရံထားပြီး ဖြစ်သည်။

သူတို့က လေးနှင့် မြှားများကို စတင် ဆွဲထုတ်နေပြီး စူးချင်းတို့ကို ပစ်မလွဲပစ်မှတ်များအဖြစ် မှတ်ယူနေပုံရသည်။ စူးချင်းက မော်တာကျည်များနှင့် လက်ပစ်ဗုံးများအားလုံးကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ သို့သော် ရန်သူများက ထောင်နှင့်ချီ ရှိနေပြီး ထိုလူများက သေခြင်းတရားကို လုံးဝ မကြောက်သည့်လူများဖြစ်ကာ လှိုင်းလုံးကြီးများသဖွယ် ရှေ့သို့ ချီတက်နေကြသည်။

မော်တာကျည်များ မရှိတော့သည့်အတွက် စူးချင်းက ရှောင်ချီကို အဆိပ်များ ပြင်ဆင်ခိုင်းခဲ့သည်။ သူမတို့က အဆိပ်ဖြေဆေးကို အရင် စားထားကြပြီး အဆိပ်မှုန့်ကို လေနှင့်အတူ ဖြူးချလိုက်သည်။ ရှေ့ဆုံးမှ ပြေးလာသည့် ဝူးခို့စစ်သည်များ အဆိပ်မိကာ မြေပြင်ပေါ်သို့ လဲကျကုန်ကြသည်။ သူတို့၏ မျက်နှာများက အလျင်အမြန် ပြာနှမ်းလာပြီး မြေပြင်ပေါ်တွင် လူးလှိမ့်နေကာ တိုက်ခိုက်နိုင်စွမ်းလည်း ဆုံးရှုံးသွားကြသည်။

အခြားပင်လယ်ဓားပြများက ခေတ္တတာမျှ တုံ့ဆိုင်းသွားသော်လည်း အားမာန်တင်းကာ တောင်ကုန်းပေါ်သို့ ပြေးတက်လာကြပြန်သည်။

ကျုံးယုံက တောင်ကုန်းအစွန်းတွင် ရပ်စောင့်နေပြီး အားမာန်တင်းကာ တက်လာနေသည့် ဝူးခို့စစ်သည်များ၏ ဦးခေါင်းများကို သူ့လက်ထဲမှ တူကြီးဖြင့် လိုက်ရိုက်နေသည်။

စူးချင်းကလည်း အဆိပ်မှုန့်များကို ဖြန်းပြီးသည်နှင့် သူမက ကွေးနိုင်ညွှတ်နိုင်သော ဓားပျော့ပါးလေးကို ဆွဲထုတ်ကာ သတ်ဖြတ်မှုများ စတင်နေပြီ ဖြစ်သည်။ သို့သော် သူမက သူမထံတွင် ကိုယ်ဝန်ရှိနေသည်ကို မေ့နေကာ သတိလက်လွတ်ဖြစ်သွားခဲ့သည်။ သူမ၏ စစ်နတ်ဘုရားစွမ်းရည်ကို အကြိမ်အနည်းငယ် အသုံးပြုပြီးနောက် သူမ မောပန်းလာပြီး ချွေးသီးများ ထွက်ကျလာသည်။ သို့တိုင်အောင် စူးချင်းက သူမ၏ဓားကို မြေကြီးထဲသို့ ပြင်းပြင်းထန်ထန် ဆောင့်သွင်းလိုက်ပြီး ဓားကို အမှီပြုကာ မတ်မတ်ရပ်နေသေးသည်။ သို့သော် သူမ အသက်ရှူမဝတော့သလို ဖြစ်နေပြီး စစ်နတ်ဘုရားစွမ်းရည်ကိုလည်း ထပ်မသုံးနိုင်တော့ပေ။

ဝူးခို့စစ်သည်များကတော့ အရှိန်အဟုန်ဖြင့် ရှေ့တိုးလာဆဲဖြစ်ပြီး သူမတို့တစ်ဖွဲ့လုံး ‌ပျောက်ကွယ်သွားရတော့မလို ဖြစ်လာခဲ့သည်။

စူးချင်းက အသက်ကို ပြင်းပြင်းရှူကာ သူမ၏ခန္ဓာကိုယ်တွင်းမှ လက်ကျန်ခွန်အားကို စုဆောင်းလောက်ပြီး သူမ၏ စစ်နတ်ဘုရားစွမ်းရည်ကို ထပ်မံအသုံးပြုရန် ပြင်ဆင်နေသည်။

စစ်ကူတွေ ရောက်လာတဲ့အထိ မဖြစ်မနေ တောင့်ခံထားရမယ်။

စူးချင်း ချွေးများ ဖုံးလွှမ်းနေပြီး မတ်တပ်ရပ်ရန် သူမ၏ဓားကို အမှီပြုနေရကြောင်း နားလည်သွားသည့် ဒုတပ်မှူးက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သူ့စစ်သည်များကို အော်ဟစ်အမိန့်ပေးလိုက်သည်။

“သူတို့မှာ အင်အား မကျန်တော့ဘူး၊ သူတို့ ပင်ပန်းနေကြပြီ၊ မြန်မြန်ရှေ့တိုးပြီး တိုက်ကြစမ်း၊ အဲ့ဒီမိန်းမကို အရှင်လတ်လတ်ဖမ်းနိုင်ရင် ဧကရာဇ်မင်းမြတ်က ဆုလာဒ်တွေ ချီးမြှင့်တော်မူလိမ့်မယ်”

ကျုံးယုံနှင့် သက်တော်စောင့်ခြောက်ယောက်တို့လည်း သွေးများ ဖုံးလွှမ်းနေပြီ ဖြစ်သည်။ သူတို့က စူးချင်းကို ကာကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားနေကြပြီး ရှောင်ချီ၏အဖြူရောင် ခန္ဓာကိုယ်လေးတွင်လည်း အနီရောင်သွေးများ စိုရွဲနေပြီ ဖြစ်သည်။ သူမက သခင်ဖြစ်သူ၏ရှေတွင် အမြဲရှိ‌နေပြီး သူမ၏သခင်ကို အချိန်တိုင်း ကာကွယ်ပေးနေခဲ့သည်။

တိုက်ပွဲက အလွန်ပြင်းထန်နေပြီး နှစ်ဘက်စလုံးက ပင်လယ်ပြင်မှ ချဥ်းကပ်လာနေသော ရေယာဉ်စုများကို မမြင်ကြသေးပေ။ ရှောင်းကျဲယွိက စစ်သင်္ဘောကြီး၏ဦးထိပ်တွင် ရပ်နေပြီး စူးချင်း ပေးထားသည့် မှန်ပြောင်းကို အသုံးပြုကာ ကျွန်းပေါ်သို့ လှမ်းကြည့်နေသည်။ စူးချင်းနှင့် သူမ၏လူများ အဝိုင်းခံထားရပြီး သူမ၏ခန္ဓာကိုယ်တွင် သွေးများဖုံးလွှမ်းနေသည်ကို သူ မြင်လိုက်ရသည်။ ရှောင်းကျဲယွိ၏နှလုံးခုန်သံက တဒိတ်ဒိတ် မြည်ဟီးလာပြီး သူက အသံကျယ်ကျယ်ဖြင့် အော်ဟစ် အမိန့်ပေးလိုက်သည်။

“အရှိန်ပြင်းပြင်းနဲ့ သွားကြစမ်း”

All Chapters