အရေးကြီးသည့်တာဝန်များ ပြန်လည်အပ်နှင်းခြင်း
Vol. 40 Ch. 600
ပင်လယ်ပြင်ကျယ်၏ဒေါသမာန်ဟုန်က အချိန်အတော်ကြာအောင် ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် ဖြည်းဖြည်းချင်း ရပ်တန့်သွားကာ ပြန်ဆုတ်ခွာသွားပြီး အပျက်အဆီးများကို ချန်ရစ်ခဲ့သည်။ ဝူးခို့ပင်လယ်ဓားပြများ၏ အလောင်းများအားလုံးကို ပင်လယ်က ယူဆောင်သွားပြီး ပင်လယ်ထဲတွင် အလောင်းများ ပြည့်နှက်နေသည်။
“နောက်မှာ ကင်းစောင့်ဖို့ ချန်ထားခဲ့တဲ့အဖွဲ့လည်း ပင်လယ်ထဲ မြုပ်သွားလောက်ပြီ”
ရှောင်းကျဲယွိက ဝမ်းနည်းနေဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ထိုလူများအားလုံးက သူ့လူများဖြစ်ပြီး အလိုအပ်ပဲ အသက်ဆုံးရှုံးသွားကြရသည်။
လှိုင်းလုံးကြီးများ ပြန်ငြိမ်သွားချိန်တွင် ရှောင်းကျဲယွိနှင့် စူးချင်းတို့လည်း အသက်ဝဝရှုူနိုင်သွားပြီ ဖြစ်သည်။ ဝူးခို့ဧကရာဇ်နှင့် သူ၏ပင်လယ်ဓားပြများအားလုံး လွတ်မြောက်သွားပြီး သူတို့ တန်ပြန်တိုက်ခိုက်ခြင်း ထပ်မလုပ်ခင် ရှောင်းကျဲယွိနှင့် သူ၏စစ်သည်များလည်း အနားယူရင်း စားသောက်ရန် အချိန်ရလာကြသည်။
တိုက်ပွဲတစ်ခုအပြီးတွင် အင်အားကို ထိန်းသိမ်းရန် အာဟာရပြန်လည်ဖြည့်တင်းခြင်းက တိုက်ပွဲ အောင်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သောအရာ ဖြစ်သည်။
ရန်သူ့ဘက်မှ စစ်သည်အရေအတွက်က သူတို့ထက် အဆပေါင်းများစွာ ပိုများနေပြီး သူတို့ကိုယ်တိုင်လည်း ရန်သူ့၏ပိုင်နက်ထဲသို့ ရောက်ရှိနေသည့်တိုင် ရှောင်းမိသားစုစစ်သည်များက လုံးဝ အကြောက်အလန့် ကင်းမဲ့နေကြသည်။ ဧကရာဇ်နှင့် ဧကရီ ဤနေရာ၌ ရှိနေသရွေ့ သူတို့ အောင်နိုင်မည်ဟု အခိုင်အမာ ယုံကြည်ထားကြသည်။
ဤသည်မှာ ယုံကြည်မှု၏ စွမ်းအာ ဖြစ်သည်။ စူးချင်းက ရှောင်ချီကို စနစ်ထဲက အစားအစာများ ထုတ်ယူစေပြီး လူတိုင်းကို ဝေပေးဖို့ တောင်းဆိုလိုက်သည်။ လူတိုင်း တိုက်ခိုက်နေကြသောကြောင့် ရှောင်ချီက သူတို့၏ ခံနိုင်ရည်နှင့် အင်အားတိုးတက်လာစေရန် အင်အားနှင့် စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်မည့် ဆေးဖက်ဝင်ဟင်းရည်များပင် အထူး ပြုလုပ်ပေးခဲ့သည်။ လူတိုင်း ဟင်းရည်တစ်ပန်းကန်လုံးစီ သောက်ခွင့်ရခဲ့ပြီး ပို၍ တက်ကြွလာသလို ခံစားလာကြရသည်။ သူတို့က ပင်ပန်းနေသည်ဟုပင် လုံးဝ မခံစားရတော့ပေ။
ဝူးခို့ဧကရာဇ်ကလည်း သူတို့ လှိုင်းလုံးများနှင့်အတူ မျောပါသွားပြီဟု ထင်သွားပုံရပြီး သူတို့ကို ဝန်းရံရန် တပ်များ ထပ်မံ မစေလွှတ်တော့ပေ။ ရှောင်းမိသားစုစစ်တပ်ကလည်း စစ်ကူများ ထပ်မရောက်လာသေးသောကြောင့် အဆောတလျင် မလှုပ်ရှားကြပေ။
နှစ်ဖက်စလုံးက တိုက်ခိုက်မှုကို ရပ်တန့်ထားကြပြီး သူတို့၏ ဗျူဟာများကို ချိန်ညှိကာ လိုအပ်နိုင်မည့်အရာများအတွက် ကြိုတင်ပြင်ဆင်နေကြသည်။ စနစ်အတွင်းတွင် ရှိနေသည့် စားသုံးနိုင်သော အစားအစာများအားလုံးလည်း ကုန်သွားပြီဖြစ်သည်။ စူးချင်းက ရှောင်ချီနှင့် ကျုံးယုံတို့ကို ကမာများ၊ ကဏန်းများနှင့် ဂုံးများ ကောက်ယူရန် ခေါ်ဆောင်သွားခဲ့သည်။ ဒီရေ ပြန်ကျပြီးနောက် ကမ်းစပ်တွင် တင်ကျန်နေသည့် စားစရာ အများကြီး ရှိနေသောကြောင့် စားစရာအမြောက်အမြားရရန် ခဏသာ ကောက်ယူလိုက်ရသည်။
ရှောင်းကျဲယွိက စူးချင်းအား အောက်ငုံပြီး ကောက်ယူခွင့် လုံးဝ မပေးတော့ပေ။ သူမက ဘေးနားတွင် ရပ်နေပြီး ရှောင်ချီနှင့် တခြားသူများ ကောက်ယူလာသည့် ပင်လယ်စာအားလုံးကို ရေနွေးငွေ့များ ထွက်နေသည့် အိုးကြီးထဲသို့ ထည့်ခိုင်းနေသည်။ သူမတို့ ယနေ့ညအတွက် ပင်လယ်စာ စားကြရမည် ဖြစ်သည်။
စစ်သည်အများစုက ပင်လယ်စာ မစားဘူးကြပေ။ အထူးသဖြင့် ကဏန်းနှင့် ကျောက်ပုဇွန်များကို မစားဖူးကြခြင်ူ ဖြစ်သည်။
သူတို့ ကျောက်ပုစွန်ကို ပိုးကောင်များဟု ခေါ်ကြသည်။ ထို့ကြောင့် သူတို့ခဗျာ အတွေးဖြင့်ပင် လန့်နေရှာကြသည်။
ဧကရီမယ်မယ် ဒီဧရာမပိုးကောင်ကြီးတွေကို ဘာလို့ စားခိုင်းနေရတာတုန်း?
အမှန်တကယ်တွင် စစ်သည်များ မဆိုထားနှင့် ရှောင်းကျဲယွိပင် ထိုအရာကို တစ်ခါမှ မစားဖူးခဲ့ပေ။ ထို့အတွက် သူက သူစားဖူး မြင်ဖူးသည့်အရာများကိုသာ ရွေးစားလိုက်သည်။
ရိုးရှင်းသော ညစာကို စားသောက်ပြီးနောက်တွင် ရှောင်းကျဲယွိက စစ်သည်များအားလုံး စုစည်းရန် အမိန့်ပေးကာ တာဝန်ခွဲဝေပေးလိုက်သည်။ အပြင်ဘက်ဘက် နေရာကို တာဝန်ယူ စောင့်ကြပ်ရမည့် ကင်းတာဝန်ကို သတ်မှတ်လိုက်ပြီး တစ်ဖွဲ့လျှင် လူနှစ်ဆယ်ဖြင့် အုပ်စုသုံးစု ခွဲလိုက်သည်။
“အသံတစ်ခုခု ကြားရင်တောင် လုံးဝ သွားမကြည့်နဲ့။ မင်းတို့ တာဝန်ကြနေတဲ့ နေရာကိုပဲ သေသေချာချာ စောင့်ကြပ်ရမယ်"
ရှောင်းကျဲယွိကတော့ သူတို့ အငတ်ဘေးမှ ထွက်ပြေးကြသည့် အချိန်ကို ပြန်ရောက်သွားသလို ခံစားနေရသည်။
အဲ့တုန်းက ချင်းအာက ဒီလိုမျိုး လူတိုင်းအတွက် စားစရာ ရှာဖွေဖို့ ဦးဆောင်ပေးခဲ့တယ်။ ပြီးတော့ သူမ အမြဲတမ်း တခုခုမဟုတ်တစ်ခုတော့ ရှာတွေ့လာတတ်တယ်။ သူမကြောင့်သာ မဟုတ်ရင် သူတို့ ဒီလိုပင်လယ်ပြင်ကျယ်ကြီးထဲမှာ စားစရာရအောင် ဘယ်လို ရှာနိုင်မှာလဲ? စားစရာမရှိရင် သုံးရက်အတွင်း ခုခံနိုင်စွမ်းမဲ့သွားလိမ့်မယ်။
ညဘက်ကင်းစောင့်ရတဲ့ အလုပ်ကတော့ သူ့တာဝန်ယူရတဲ့ အလုပ်ပေါ့လေ၊ အဲ့အချိန်တုန်းကတည်းက သူ့မှာ ကင်းတာဝန်ခွဲတဲ့ အတွေ့အကြုံတွေ ရှိလာခဲ့တယ်။
စစ်သည်များအား နေရာချပေးပြီးနောက် ရှောင်းကျဲယွိက စူးချင်း၏ နံဘေးသို့ ပြန်ရောက်ရှိလာပြီး သူမကို သူ့ပေါ်တွင် လှဲအိပ်စေကာ သူမ သက်တောင့်သက်သာ အိပ်နိုင်ရန် သူ့ကိုယ်သူ အိပ်ယာအဖြစ် အသုံးချလိုက်သည်။
ညသန်းခေါင်တွင် ဝူးခို့ပင်လယ်ဓားပြများ လာရောက်တိုက်ခိုက်ကြပြီး ကံကောင်းထောက်မစွာဖြင့် ညစောင့်ကင်းသမားများက သူတို့ကို အချိန်မီ ရှာတွေ့ခဲ့သည်။ နှစ်ဘက်စလုံးအတွက် ပြင်းထန်သည့် တိုက်ပွဲတစ်ခု ပြန်စတင်လာခဲ့ပြီး မိုးလင်းသည်အထိ တိုက်ခိုက်ကြရပြန်သည်။ တစ်စုံတစ်ခုကို လက်မလျှော့ဘဲ ဆုပ်ကိုင်ထားသရွေ့ မျှော်လင့်ချက်ရောင်ခြည်ရောက်လာနိုင်ပြီး မိုးလင်းလာချိန်တွင် စူးချင်းက လှေသင်္ဘောကြီးတစ်စင်းနှင့် လှေငယ်တစ်ဒါကျော် ပင်လယ်ပြင်မှ ချဥ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ ထိုလှေသင်္ဘောကြီးပေါ်တွင် ရှောင်းမိသားစုစစ်သည်များ အပြည့်တင်ဆောင်လာသည်။
စစ်ကူများ ရောက်လာချိန်တွင် နောက်ထပ် လူရာပေါင်းများစွာ ထပ်တိုးလာပြီး သူတို့၏ တိုက်ခိုက်ရေးအင်အားလည်း သိသိသာသာ တိုးမြှင့်လာသည်။
"ချင်းအာ၊ မင်း လှေနဲ့ ပြန်လိုက်သွားတော့"
ရှောင်းကျဲယွိကလည်း စူးချင်းတွေးသလိုမျိုး တွေးထားပြီး ကျွန်းပေါ်ရောက်ပြီးမှ ချက်ချင်း ပြန်မဆုတ်ခွာချင်တော့ပေ။ ယခု သူတို့ ဆိပ်ကမ်းကို သိမ်းပိုက်ထားပြီး ဖြစ်ကာ နောက်တစ်ကြိမ် ကျွန်းပေါ်တက်ရန် အောင်မြင်ဖို့ မလွယ်နိုင်မှန်း သူလည်း တွက်ဆနိုင်သည်။
အခုနေ သူတို့ ထွက်သွားလိုက်ရင် ပြန်လာဖို့ အရမ်း ခက်သွားလိမ့်မယ်။
(t/n: ပုံမှန်ဆို သူတို့ ကမ်းပေါ်မတတ်ခင် ရန်သူက ကမ်းပေါ်ကနေ လှေကြီးတွေကို လှမ်းဖျက်ဆီးတာတို့၊ အဝေးပစ်လက်နက်တွေနဲ့ လှမ်းပစ်တာတို့ဆိုရင် သူတို့ ကမ်းကို ကပ်ဖို့တောင် မလွယ်ဘူးပေါ့၊ အခုက စူးချင်းက လန်ထင်အယောင်ဆောင်ပြီး ရောက်လာတော့ ကမ်းပေါ်ရောက်လာပြီး ဆိပ်ကမ်းကို သိမ်းထားသလို ဖြစ်နေတာပါ)
“ကျွန်မ မသွားဘူး။ ရှင်နဲ့အတူ အရှေ့ပင်လယ်ရဲ့မြို့တော်ကို တိုက်ခိုက်ပြီး အဲ့ဒိခွေးဧကရာဇ်ကို အရှင်လတ်လတ် ဖမ်းချင်တယ်”
စူးချင်းက ထွက်သွားရန် ငြင်းဆန်နေသည်။ သူမက ရှောင်းကျဲယွိအတွက် စိတ်ပူနေပြီး သူ့ကို ကူညီရန် သူ့နားတွင် နေချင်နေသည်။
“မင်း ဒီမှာ ဆက်ရှိနေရင် ကိုယ် တိုက်ပွဲကို အာရုံစိုက်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ဧကရာဇ်ရော ဧကရီရော နှစ်ယောက်လုံး ဒီမှာ နေလို့ မရဘူး။ တစ်ယောက်က နောက်ကနေ ပံ့ပိုးပေးဖို့ လိုတယ်။ ပြီးတော့ အခု ကိုယ်တို့မှာ မ်ောတာကျည်တွေနဲ့ လက်ပစ်ဗုံးတွေ မရှိဘူး၊ အဲ့အတွက် အခြေအနေက အန္တရာယ်ပိုများနိုင်တယ်၊ မင်း ပြန်သွားမှ ကိုယ်ကို့ ကူညီပေးနိုင်မှာ"
ရှောင်းကျဲယွိက စူးချင်း ထွက်သွားရန် ချော့မော့လိုက်သည်။
"ကောင်းပြီ၊ ဒါပေမယ့် ရှင် သူတို့ကို ချက်ချင်း မတိုက်ခိုက်ဘူးလို့ ကျွန်မကို ကတိပေးရမယ်။ ဒီဆိပ်ကမ်းကိုပဲ ခြေကုတ်ယူပြီး တောင့်ခံထား"
စူးချင်းက ခဏလောက် စဉ်းစားပြီး သဘောတူလိုက်သည်။
ရန်သူက အင်အားများပြီး သူမတို့ဘက်က အင်အားနည်းနေတယ်၊ အဲ့တော့ ရန်သူကို အနိုင်ယူဖို့ လက်နက်ကောင်းတွေ ရှိမှ ဖြစ်မယ်။ သူမ ဒီနေရာမှာ လက်ပစ်ဗုံး ဒါမှမဟုတ် မော်တာကျည်တွေကို မလုပ်နိုင်ဘူး။ အဲ့တော့ သူမ ပြန်သွားမှ ဖြစ်မယ်။
သို့သေည် စူးချင်းက သူမ မထွက်ခွာမီ ရှောင်းကျဲယွိအား အရှေ့ပင်လယ်၏ မြို့တော်ကို ဝင်မတိုက်ခိုက်ရန် မှာနေပြီး သူမ ပြန်ရောက်မှ စတင် တိုက်ခိုက်ရန် တောင်းဆိုနေပြန်သည်။
"အင်း ကိုယ် သိပါတယ်၊ ကိုယ်က စစ်သည်တွေနဲ့ ကိုယ်ရဲ့ အသက်ကို အလွယ်တကူ အန္တရာယ်ဖြစ်ခံပြီး မစွန့်စားပါဘူး၊ မင်းလည်း လမ်းခရီးမှာ သတိထားရမယ်နော်"
ရှောင်းကျဲယွိက သူ သဘောတူကြောင်း ပြသသည့်အနေဖြင့် ခေါင်းညိတ်ပြနေရင်း စူးချင်းကို လှေသင်္ဘာကြီးဆီသို့ လိုက်ပို့ကာ စိုးရိမ်ပူပန်မှုအပြည့်ဖြင့် ဂရုတစိုက် မှာနေသေးသည်။ လှေသင်္ဘာကြီး ပြန်ထွက်သွားသော်လည်း ရှောင်းကျဲယွိက ဆိပ်ကမ်းတွင် ရပ်နေပြီး ထိုလှေသင်္ဘောကြီး ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေခဲ့သည်။
စူးချင်းက လှေသင်္ဘောကြီး၏နောက်ဖျားတွင် ရပ်ကာ ရှောင်းကျဲယွိ၏ခန္ဓာကိုယ်ကြီး တဖြည်းဖြည်း သေးငယ်သွားသည်ကို လှမ်းကြည့်နေသည်။ ထို့နောက် သူမက ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် တာ့ထန်ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
စစ်ပွဲဆိုတာမျိုးက အမြဲတမ်း ရက်စက်ကြမ်းကြုတ်မှုတွေ ပြည့်နေတာ သဘာဝပဲ။ သူမ ရှောင်းကျဲယွိက ကူညီဖို့ တပ်ဖွဲ့ဝင်တွေ ပြန်ခေါ်ရမယ်၊ ပြီးတော့ သူ တိုက်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်ဖို့ လက်နက်တွေ ပြန်ယူလာရမယ်။
"ရှောင်ချီ၊ သူ့ကို ကာကွယ်ပေးပါဦး"
စူးချင်းက ရှောင်ချီကို နေရစ်ခဲ့ပြီး ရှောင်းကျဲယွိကို ကာကွယ်ပေးရန် တောင်းဆိုလိုက်သည်။ ရှောင်ချီက စနစ်ထဲမှ ထွက်လာပြီး ကမ်းစပ်ဆီသို့ ပျံသန်းသွားသည်။
ရှောင်းကျဲယွိကလည်း ရှောင်ချီ ပျံသန်းလာသည်ကို မြင်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ရှောင်ချီ၊ ချင်းအာကိုပဲ ကာကွယ်ပေးပါ"
ရှောင်ချီကတော့ ပင်လယ်ပြင်ပေါ်မှ လေထဲတွင် ရပ်တန့်နေပြီး အနည်းငယ် ဝေခွဲမရ ဖြစ်နေပုံရသည်။
သူမ ဘယ်သူကို ကာကွယ်ပေးရတော့မှဘာလဲ?
“အဲဒီမှာ နေခဲ့”
စူးချင်းက ရှောင်ချီကို စိတ်ချင်းဆက်သွယ်ကာ အမိန့်ပေးလိုက်သည်။ ရှောင်ချီက သခင်ဖြစ်သူ၏စကားကို နားထောင်ရန် ရွေးချယ်ခဲ့ပြီး ရှောင်းကျဲယွိကို ကာကွယ်ရန် သူ့အနားသို့ ဆက်ပျံသွားတော့သည်။
စူးချင်း စီးနှင်းလာသည့် လှေသင်္ဘောကြီးက ဟိုင်ချန်ကမ်းစပ်သို့ ပြန်ရောက်လာသည်။ စစ်သည်များက ကမ်းစပ်တွင် ထိုင်စောင့်နေကြပြီး လှေကြီး ချည်းကပ်လာသည်ကို မြင်လိုက်သည်နှင့် အမြန်ထရပ်လိုက်ကြသည်။
လှေသင်္ဘောကြီး ဆိုက်ကပ်သည်နှင့် တပြိုင်နက် ထိုစစ်သည်များက လှေသင်္ဘောကြီဆီသို့ ပြေးလာကြသည်။ သူတို့ သွားရမည့် လမ်းက အန္တရာယ်ရှိမှန်းသိနေသည့်တိုင် မည်သူကမျှ နောက်မဆုတ်ကြပေ။
"ဧကရီမယ်မယ်ကို နှုတ်ခွန်းဆက်သပါတယ်"
စူးချင်းကို တွေ့လိုက်ချိန်တွင် စစ်သည်များက ကမန်းကတန်း ဦးညွှတ်အရိုအသေပေးနှုတ်ဆက်လိုက်ကြသည်။
"အရှင်မင်းကြီး!"
"အင်း အခု လှေကြီးတစ်စီးပဲ ထားခဲ့ပြီး ကျန်တဲ့သူတွေအားလုံးက ဧကရာဇ်ကို ကူညီဖို့ ချက်ချင်း ထွက်ခွာကြတော့"
စူးချင်းက သူတို့ကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီး စစ်သည်များအား လှေသင်္ဘောကြီးပေါ်တက်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် လှေသမားများအား တတ်နိုင်သမျှ တုန်းယန်သို့ အမြန်ပြန်သွားရန် ညွှန်ကြားလိုက်သည်။
"အစ်မစူးချင်း"
ကျန်းယွိရနလည်း အပြေးအလွှား ရောက်လာခဲ့သည်။ သူမက ကမ်းစပ်တွင် တချိန်လုံး စောင့်နေခဲ့ပြီး ညဘက်တွင် မအိပ်ထားမှန်း သိသာနေကာ မျက်လုံးများ နီရဲနေသည်။
"အင်း၊ မြို့ထဲကို သွားကြမယ်"
စူးချင်းက ကျန်းယွိရန်ကို မြို့ထဲသို့ ပြန်ခေါ်လာခဲ့သည်။
လက်ပစ်ဗုံးလုပ်ဖို့ပဲဖြစ်ဖြစ်၊ မော်တာကျည်လုပ်ဖို့ပဲဖြစ်ဖြစ် ပန်းပဲဖိုတစ်ဆိုင်ရှိမှ ဖြစ်မယ်။
"အစ်မစူးချင်း၊ ချင်ထျဲက အဲ့ဒါတွေကို လုပ်ထားပြီးပြီ"
ကျန်းယွိရန်က စူးချင်း ဒေါသထွက်မည်ကို ကြောက်နေပုံဖြင့် တိုးတိုးလေး ပြောလိုက်သည်။
စူးချင်းနှင့် ကျန်းကျင့်လင်းတို့အဖွဲ့ ဟိုင်ချန်မှ ထွက်ခွာသွားချိန်တွင် ချင်ထျဲကို ထိုနေရာ၌ ထားခဲ့ကြသည်။ ကျန်းယွိရန်က သူ့ကို ပြုစုစောင့်ရှောက်ရန်နှင့် စောင့်ကြည့်ရန် တာဝန်ယူရသည်။ စူးချင်းက လူသေကိုပင် အသက်ပြန်ရှင်စေမည့် ဆေးကောင်းအချို့လည်း ချန်ထားပေးခဲ့သည်။ ထိုဆေးကို သောက်ပြီးနောက် ချင်ထျဲက ပို၍ ထူထူထောင်ထောင် ဖြစ်လာသည်။ သူက ကျန်းယွိရန်ကို သိနေသည့်အပြင် သူ့လိုမျိုး သေတော့မည့်သူကို အသက်ပြန်ရှင်စေနိုင်မည့်ဆေးများ ထုတ်ပေးနိုင်သည်က ဧကရီတစ်ပါးတည်းသာ ရှိကြောင်းလည်း သူ အသေအချာ သိနေသေးသည်။
ထိုအရာက ချင်ထျဲကို အလွန်စိတ်လှုပ်ရှားသွားစေပြီး မျက်ရည်များ စီးကျလာသည်။
သူ ဧကရီမယ်မယ်ကို တောင်းပန်ဖို့ အခွင့်အရေး ရလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ တွေးတောင် မတွေးရဲခဲ့ဘူး။
စူးချင်း လူတစ်ချို့ကို ခေါ်ကာ ဝူးခို့များအား သွားတိုက်ခိုက်နေကြောင်း ကြားလိုက်ရချိန်တွင် ချင်ထျဲက ကျန်းယွိရန်ရှေ့တွင် ဒူးထောက်ပြီး ပန်းပဲဖိုတစ်ဖို ကူညီရှာဖွေပေးရန် သူမကို တောင်းဆိုခဲ့သည်။ ထိုနောက် သူက စူးချင်း တိုက်ခိုက်ရာတွင် ကူညီနိုင်ရန် ပန်းပဲသမားများ၏အကူအညီဖြင့် မော်တာကျည်များ ပြုလုပ်နေခဲ့သည်။
ကျန်းယွိရန်၏ စကားကို ကြားပြီးနောက်တွင် စူးချင်း၏မျက်လုံးထဲမှ ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူမက ကျန်းယွိရန်နှင့်အတူ မြို့ထဲသို့ ပြန်ဝင်လာပြီး ပန်းပဲဖိုတွင် ချင်ထျဲကို တွေ့လိုက်သည်။
သူက ထိုင်ခုံပေါ်တွင် ထိုင်နေပြီး ပန်းပဲသမားနှစ်ယောက်ကို မော်တာကျည်ခွံ ထုရန် ညွှန်ကြားပေးနေသည်။ မြေပြင်ပေါ်တွင် ကျည်ခွံငါးလုံးရှိနေပြီ ဖြစ်ပြီး ယမ်းမှုန့်များ အပြည့်ထည့်ပြီးသည်နှင့် အဆင်သင့် ပစ်ခတ်နိုင်ပေလိမ့်မည်။
စူးချင်းက ထိုကျည်ခွံများကို ကောက်ယူလိုက်ပြီး ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ သူမက ချင်ထျဲကို အပြည့်အဝ မယုံကြည်နိုင်သေးပေ။ ဤမော်တာကျည်ခွံများ မှန်ကန်စွာ မပြုလုပ်ထားပါက အလွယ်တကူ ပေါက်ကွဲနိုင်သလို ဖောက်ခွဲနေစဥ်အတွင်း နောက်ပြန်ထွက်ကာ ကိုယ့်လူများကို ပြန်သတ်ပစ်သလို ဖြစ်သွားစေနိုင်သည်။
"ဧကရီမယ်မယ်"
စူးချင်းကို တွေ့လိုက်ရချိန်တွင် ချင်ထျဲကလည်း အံ့ဩမှင်သက်နေသေးသည်။ ထို့နောက်မှ သူက ဒူးထောက်လိုက်ပြီး စူးချင်းကို နှုတ်ဆက်လိုက်သည်။
" ဧကရီမယ်မယ်ကို နှုတ်ခွန်းဆက်သပါတယ်"
စူးချင်းက သူ့ကို လျစ်လျူရှုထားပြီး ကျည်ခွံများကိုသာ ဆက်စစ်ဆေးနေတယ်။ မည်သည့် ပြသနာမှ မရှိကြောင်း သေချာသွားပြီးနောက် သူမက ချင်ထျဲကို လှမ်းကြည့်ကာ အမိန့်ပေးလိုက်သည်။
"မင်း ဒီနေရာကို တာဝန်ယူပြီး ဆက်ကြီးကြပ်ပေးရမယ်"
ချင်ထျဲက စူးချင်းကို မယုံနိုင်သလို စိုက်ကြည့်နေပြီး သူ့မျက်လုံးများက ချက်ချင်း တောက်ပလာသည်။
ဧကရီမယ်မယ်က သူ့ကို ခွင့်လွှတ်လိုက်ပြီလား?
နှစ်ရက်အကြာတွင် စူးချင်းက ပေါက်ကွဲစေနိုင်သည့် ယမ်းများအပြည့်ထားထားသည့် မ်ောတာကျည်ဆယ်လုံးဖြင့် တုန်းယန်ဘက်သို့ အပြေးအလွှား ပြန်ထွက်ခွာလာခဲ့သည်။ နှစ်ရက်ကြာနေပြီ ဖြစ်သောကြောင့် သူမ စိတ်စောနေမိတယ်။
နှစ်ရက်တောင် ရှိနေပြီ၊ ရွှေ့ရှန့်ဘက်မှာ ဘယ်လိုအခြေအနေ ရှိနိုင်လဲ? သူ အန္တရာယ်ကျရောက်နေတာ ဖြစ်နိုင်လား?