ထောင်ချောက်ထဲက ထောင်ချောက် (အပိုင်း ၂)
Vol. 40 Ch. 590
"မင်း ဘယ်သွားမလို့လဲ?"
အနက်ရောင်အရိပ်တစ်ခုက တံခါးဖွင့်နေသူ၏လမ်းကို ပိတ်ဆို့ထားပြီး သူ့ကို အတွင်းသို့ ပြန်ကန်ထည့်လိုက်သည်။ ထို့နောက် အနက်ရောက်အရိပ်က သူ့လက်ထဲမှ ဓားကို တံခါးဖွင့်သူ၏လည်ပင်းပေါ်သို့ တင်ထားလိုက်သည်။
"အိုက်ယား၊ ဧည့်သည်တော်ကြီး၊ လူကြီးမင်း.... ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ။ ကျွန်တော် မြင်းတွေကို အစာမကျွေးရတာ ပြန်တွေးမိသွားလို့ပါ။ အခု အနောက်ဖေးကို သွားရမယ်”
အကန်ခံလိုက်ရသူက သနားညှာတာပေးရန် စိုးရိမ်တကြီး တောင်းပန်လိုက်သည်။ တံခါးကို သွားဖွင့်သူက တည်းခိုဆောင်မှ အစေခံဖြစ်နေခဲ့သည်။
"မင်း သွားလို့ မရှိဘူး"
သူ့ကို ပိတ်ဆို့ထားသူက လူပိန်၏အခန်းထဲတွင် ရှိနေသည့်လူများထဲမှ တစ်ယောက်ဖြစ်ပြီး သူက တည်းခိုဆောင်အစေခံကို လုံးဝ အပြင်ထွက်ခွင့်မပေးတော့ပေ။
စူးချင်းက သူတို့အပေါ်သို့ ဆေးမှုန့်အနည်းငယ် ဖြန်းချလိုက်ပြီး နှစ်ယောက်လုံး လဲကျသွားမှ သူမ၏အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။
အခန်းထဲတွင် ကျုံးယုံနှင့် ရှောင်တင်းတို့က သူမကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြသည်။ စူးချင်း ပြန်ရောက်လာသည်ကို တွေ့လိုက်သည်နှင့် သူတို့က သူမကို အမြန်လာကြိုကြသည်။
"ဆရာ၊ ကျွန်တော်တို့ အနီးနားမှာ လှည့်ပတ် မေးပြီးပြီ"
ရှောင်တင်းနှင့် ကျုံးယုံတို့က သူတို့ ကြားသိခဲ့ရသမျှ စူးချင်းကို ပြန်ပြောပြနေသည်။
“ဝူးခို့တွေက နှစ်ပတ်တစ်ခါလောက်ရောက်လာတတ်ပြီး သူတို့လာတိုင်း မြောက်ဘက်ကမ်းခြေနားမှာ ကျောက်ချပြီး ကမ်းပေါ်တက်တယ်လို့ တံငါသည်တွေက ပြောပြကြတယ်”
"သူတို့ ဒီကို နောက်ဆုံးတကြိမ် ရောက်တာ ဘယ်လောက်ကြာပြီလဲ?"
စူးချင်းက တွေးတွေးဆဆဖြင့် ပြန်မေးလိုက်သည်။ သူတို့ နောက်ဆုံးတကြိမ် ရောက်လာသည့်အချိန်ကို သိလျှင် သူတို့ နောက်တစ်ကြိမ် ရောက်လာမည့်အချိန်ကို အလွယ်တကူ တွက်ချက်နိုင်ပေလိမ့်မည်။
“ဆယ့်နှစ်ရက် ရှိပြီ။ သူတို့ နောက်သုံးရက်အတွင်း ဒီကို ရောက်လာလိမ့်မယ်”
ရှောင်တင်းနှင့် ကျုံးယုံတို့က သူတို့ စုဆောင်းခဲ့သည့်အချက်အလက်အရ ပြန်ပြောပြနေကြသည်။
“အင်း”
အချိန်အတိအကျကို သိရပြီဖြစ်သော်လည်း စကားဝှက်ကို သူမတို့ မသိရသေးပေ။ လှေသင်္ဘောက ပင်လယ်ထဲတွင် ရှိနေမည်ဖြစ်ပြီး အခြေအနေ တစ်ခုခု လွဲချော်နေသည်ကို မြင်သည်နှင့် ထိုပင်လယ်ဓားပြများ ပြန်ထွက်ပြေးသွားမည်မှာ အသေအချာပင်။
စူးချင်းက စကားဝှက်နှင့် သူတို့အချင်းချင်း ဆက်သွယ်မည့်အချိန်ကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
“ခပ်ပိန်ပိန်တစ်ယောက်ကို ချန်ထားလိုက်။ ကျန်တဲ့သူတွေကို သတ်လိုက်တော့”
စူးချင်းက ရှောင်းတင်းနှင့် ကျုံးယုံတို့ကို ဘေးခန်းသို့ သွားပြီး လူသတ်ခိုင်းလိုက်သည်။
လူပိန်ကတော့ ဤသက်တော်စောင့်အဖွဲ့၏ခေါင်းဆောင်ဖြစ်နိုင်ပြီး စကားဝှက်ကို သိနိုင်သောကြောင့် သူကို အချိန်တစ်ခုအထိ အသက်ရှင်ခွင့်ပေးရန် သူမ ဆုံးဖြတ်လိုက်သည်။
ခဏအကြာတွင် ဘေးခန်းမှ တိုက်ခိုက်သံများ ထွက်ပေါ်လာသည်။ စူးချင်းကတော့ သူမ၏အခန်းထဲတွင် အေးအေးဆေးဆေး ထိုင်စောင့်နေပြီး သိပ်မကြာခင်မှာပင် ရှောင်တင်းက ခပ်ပိန်ပိန်လူကို ဆွဲခေါ်လာခဲ့သည်။ ကျန်လူများအားလုံးကတော့ ကျုံးယုံ၏ တူနှစ်ချောင်းအောက်တွင် အသက်ပျောက်သွားကြရသည်။ အလောင်းများအားလုံးကိုလည်း အလောင်းဖျော်ဆေးမှုန့်ဖြင့် ဖျက်ဆီးခဲ့ပြီး သဲလွန်စပင် မကျန်တော့ပေ။
မြောင်ကျားတောင်မှ စူးချင်း ယူဆောင်လာခဲ့သည့် အဆိပ်ကလည်း စစ်ဆေးရေးအတွက် လုံးဝ ထိရောက်လှသည်။ လက်ဖက်ရည်ခွက်တစ်ဝက်ကုန်စာ မတိုင်မီ ခပ်ပိန်ပိန်လူက အရာအားလုံးကို ဝန်ခံခဲ့သည်။
စူးချင်းက ဂျပန်လူမျိုးများ မည်မျှကောက်ကျစ်ကြောင်း သိထားပြီး ဖြစ်သောကြောင့် လူပိန်ကို ချုပ်နှောင်ထားပြီး လန်ထင်နှင့် သံတမန်ကို စစ်မေးရန် အပေါ်ထပ်သို့ ပြန်တက်လာခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ သူမက ဖုံးကွယ်ထားခြင်း မရှိတော့ဘဲ သူမ၏မူလအသွင်အပြင်ဖြင့် ရောက်လာခဲ့သည်။
အိပ်ဆေးမှုန့်၏အာနိသင်ကို ဖယ်ရှားပေးပြီးနောက်တွင် လန်ထင်တစ်ယောက် စူးချင်းကို တွေ့လိုက်ရသည်။ သူမ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကာ သူမ၏မျက်လုံးများ ပြူးကျယ်လာပြီးနောက် သူမ၏မျက်လုံးများထဲမှ အမုန်းတရားများ လျှံတက်လာသည်။
"နင်...."
"ဟုတ်တယ်၊ ငါ ၊ ဒါပေမယ့် နင့် ဒါကို တွေးတောင်မတွေးမိဘူးမလား?”
စူးချင်းက အေးစက်သော အပြုံးဖြင့် လန်ထင်ကို စိုက်ကြည့်နေခဲ့သည်။
ပြီးခဲ့တဲ့တစ်ခေါက်က သူမ လန်ထင်ရဲ့ခြေထောက်တွေကိုပဲ လိုချင်ခဲ့တာ။ ဒါကို ဒီ စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ ဂျပန်လူမျိုးတွေက အရမ်းသေချင်လို့ သေလမ်းလာရှာကြတယ်။
“နင်က ရက်စက်တဲ့မိန်းမပဲ၊ နင် ကလေးမွေးရင်း....”
လန်ထင်က စူးချင်း ကလေးမီးဖွားရင်း သေသွားရန် ကျိန်စာတိုက်လိုက်သော်လည်း သူမ၏စကားမဆုံးမီ ကျန်းယွိရန်က သူမကို ပါးရိုက်ချလိုက်သည်။ ထိုရိုက်ချက်က ပြင်းလွန်းသောကြောင့် သူမ ကြယ်များကိုပင် မြင်လိုက်ရပြီး သူမ၏နားရွက်များ တုန်ခါသွားကာ သူမ၏ပါးစပ်ထဲတွင် ချိုမြမြသွေးအရသာကို ခံစားလိုက်ရသည်။
"သူ့(မ)ကို ဒါ တိုက်လိုက်"
စူးချင်းက သူမ၏ အသုံးမဝင်သော စကားများကို နားမထောင်တော့ဘဲ လန်ထင်အား ဆေးတစ်လုံး တိုက်ပေးရန် ကျန်းယွိရန်ကို တောင်းဆိုလိုက်သည်။
"နင် ဘာလုပ်တာလဲ? ဘာတွေ လုပ်ချင်နေတာလဲ? ငါ မစားဘူး၊ ငါ လုံးဝ မစားဘူး”
လန်ထင်က စိုးရိမ်တကြီး အော်ဟစ်ငြင်းဆန်နေပြီး ခုတင်ပေါ်မှ လှိမ့်ချရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့သော်လည်း ကျန်းယွိရန်က သူမကို ကြမ်းကြမ်းတမ်းတမ်း ဆွဲဆောင့်လိုက်သည်။ လန်ထင်၏ မျက်လုံးများထဲတွင် ကောက်ကျစ်သောအရိပ်တစ်ခု ထွက်ပေါ်လာပြီး ခေါင်းအုံးအောက်တွင် ဝှက်ထားသည့် ဓားမြှောင်ကို ဆွဲထုတ်ကာ ကျန်းယွိရန်၏နှလုံးဆီသို့ ထိုးစိုက်လိုက်သည်။
အစပိုင်းတွင် သူမက စူးချင်းကို လှည့်စားကာ ဓားဖြင့် ထိုးသတ်ချင်ခဲ့သော်လည်း စူးချင်းက သူမ၏လှည့်ကွက်ထဲသို့ မဝင်နိုင်ကြောင်း သူမ နားလည်သွားသောကြောင့် ပစ်မှတ်ပြောင်းလိုက်ခြင်း ဖြစ်သည်။ ကျန်းယွိရန်က လန်ထင်ထံတွင် ဓားတစ်ချောင်း ရှိနေမည်ဟု မမျှော်လင့်ထားသောကြောင့် သူမ၏နှလုံးဆီသို့ တိုးဝင်လာသည့် ဓားကို ကြောင်တောင်တောင် စိုက်ကြည့်နေသည်။ သို့သော် ထိုဓားက သူမ၏နှလုံးဆီသို့ မရောက်ခင် ရပ်တန့်သွားသည်။
"အား"
စူးချင်း လန်ထင်၏ လက်ကောက်ဝတ်ကို လိမ်းချိုးလိုက်သောကြောင့် လန်ထင်က သူမ၏ခေါင်းကို မော့ကာ စူးစူးဝါးဝါး အော်ညည်းလိုက်သည်။ ကျန်းယွိရန်က ထိုအချိနက်ု အခွင့်ကောင်းယူကာ သူမ၏ပါးစပ်ထဲသို့ ဆေးထိုးထည့်လိုက်သည်။
ခြောက်သွေ့သည့် ဆေးမှုန့်များကြောင့် လန်ထင်တစ်ယောက် သီးသွားပြီး ခုတင်ပေါ်သို့ ပြန်လှဲသွားကာ ပြင်းပြင်းထန်ထန် ချောင်းဆိုးရင်း မျက်ရည်များ စီးကျလာသည်။
“ပြောစမ်း၊ နင်တို့ လှေသင်္ဘောက နင့်ကို ဘယ်အချိန် လာခေါ်မှာလဲ? စကားဝှက်က ဘာလဲ?"
စူးချင်း၏ အေးစက်သော အသံက လန်ထင်၏ နားထဲသို့ တိုးဝင်လာပြီး လန်ထင်က စူးချင်းကို ဒေါသတကြီး ပြန်စိုက်ကြည့်နေသည်။
“အဲ့အကြောင်းကို တွေးတောင် မတွေး....”
သူမ၏စကားမဆုံးမီမှာပင် လန်ထင်တစ်ယောက် ပြင်းထန်သောနာကျင်မှု၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ခုတင်ပေါ်တွင် လူးလှိမ့်နေရသည်။ လန်ထင်ကလည်း ညှဉ်းပန်းနှိပ်စက်မှုများကို တောင့်ခံနိုင်ရန်ပင် လေ့ကျင့်သင်ကြားခဲ့ပြီး ဤသာမန်နာကျင်မှုက သူမအတွက် ဘာမှ မဖြစ်ဟု တွေးနေခဲ့သည်။ သို့သော်လည်း လက်တွေ့တွင် ဤနာကျင်မှုမျိုးကို သူမလုံးဝ တောင့်မခံနိုင်တော့ပေ။ ထောင်ပေါင်းများစွာသော ပုရွက်ဆိတ်များက သူမ၏နှလုံးထဲသို့ စိမ့်ဝင်ကာ ကိုက်ခဲနေသလို နာကျင်နေပြီး သူမ၏အရိုးများထဲမှ နာကျင်မှုကလည်း မခံမရပ်နိုင်လောက်အောင် ပြင်းထန်နေပြန်သည်။
အချိန်ခဏလေးအတွင်းမှာပင် လန်ထင်က ရေထဲမှ ဆွဲထုတ်ခံလိုက်ရသလို ဖြစ်လာပြီး သူမတစ်ကိုယ်လုံး ချွေးများ စိုရွဲနေသည်။ နာကျင်မှုကြောင့် သူ့မျက်လုံးများ ပြူးထွက်နေပြီး အလှတစ်ခုဟူ၍ ဆံခြည်တစ်ထောက်စာပင် မရှိတော့ပေ။
"စကားဝှက်၊ အချိန်၊ နေရာ.... ပြီးတော့ အလယ်ပိုင်းလွင်ပြင်နဲ့ပတ်သတ်တဲ့ နင်တို့ရဲ့အစီအစဥ်တွေ"
စူးချင်း၏အသံက ပိုကျယ်လာပြီး လန်ထင်၏ နားထဲတွင် မိုင်းကွဲနေသလို ခံစားနေရသည်။ သူမကပ သူမ၏ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းနေပြီး စူးချင်းကို သတ်နိုင်ရန် သူမကိုယ်သူမ တွန်းအားပေးရုန်းကန်နေရင်း ကျိန်ဆဲနေလေသည်။
သို့သော် အကြွင်းမဲ့ ခွန်အား၏ရှေ့တော်မှောက်၌ အရာအားလုံး အသုံးမဝင်ဘဲ ပျက်သုံးသွားရသည်။ သူမ ပါးစပ်ကို ဖွင့်လိုက်မိသည်နှင့် သူမ၏အသံအိုးပေါ်မှ အကြောကို ဖိနှိပ်ခံလိုက်ရသည်။ သူမ တစ်ရှီးချန်ကျော်ကြာအောင် နာကျင်မှုကို တောင့်ခံနေခဲ့သော်လည်း နောက်ဆုံးတွင် သူမ အရှုံးပေးလိုက်ရသည်။ လက်ရှိတွင် သူမ ကြမ်းပြင်ပေါ်တွင် လူးလှိမ့်ရင်း စူးချင်း၏ခြေရင်းသို့ တွားသွားလာကာ ဦးညွှတ်တောင်းပန်းနေရပြီ ဖြစ်သည်။ သူမ၏ စိတ်ဝိညာဉ်ကလည်း လုံးဝ ပြိုလဲသွားခဲ့သည်။
စူးချင်းက သူမ၏အပ်စိုက်မှတ်ကို ပြန်ဖွင့်ပေးလိုက်သည်။ ယခုတစ်ကြိမ်တွင် လန်ထင်က အချက်အလက်များကို ဖွင့်ဟလာခဲ့သော်လည်း သူမ ပြောနေသည့်စကားများက အောက်ထပ်မှ လူပိန် ပြောခဲ့သည့်စကားများနှင့် ကွဲလွဲနေသေးသည်။ စူးချင်းက မီးထဲသို့ လောင်စာနည်းနည်း ထပ်ထည့်လိုက်သောကြောင့် သူမ အခန်းထဲတွင် လူးလှိမ့်နေရပြန်သည်။
စူးချင်းက ကျန်းယွိရန်ခေါ်ကာ ဘေးခန်းသို့ ထပ်ဝင်သွားလိုက်သည်။ သံတမန်နှင့် အခြားတစ်ယောက်က သတိလစ်နေဆဲဖြစ်ကာ တည်းခိုခန်းအတွင်းမှ အဖြစ်အပျက်များကို လုံးဝ မသိသေးပေ။
စူးချင်းက သံတမန်ကို နှိုးလိုက်ပြီး လန်ထင်ကို ကိုင်တွယ်ခဲ့သည့်အတိုင်း တထပ်တည်း ပြုမှုလိုက်သည်။ သို့သော် သံတမန်ကတော့ ရှီးချန်တစ်ဝက်မပြည့်မီ အရာအားလုံးကို ဝန်ခံခဲ့သည်။
သံတမန်၏ဝန်ခံချက်က လူပိန်၏စကားများနှင့် တူညီပြီး သူတို့က ဤနေရာတွင် သုံးရက်စောင့်နေကြခြင်း ဖြစ်သည်။ ထိုအချိန်အတွင်း စူးချင်းကို လုပ်ကြံသတ်ဖြတ်ရန် ချန်ထားခဲ့သည့်သူများလည်း ပြန်ရောက်လာမည်ဟု သူတို့ တွက်ဆထားပြီး လှေသင်္ဘောရောက်လာလျှင် အတူတကွ ထွက်ခွာကြမည်ဖြစ်သည်။
စူးချင်းက သူတို့အချင်းချင်း ဆက်သွယ်မည့်စကားဝှက်ကိုလည်း သိသွားပြီး ရဲတင်းသော အစီအစဉ်တစ်ခုကို စတင် တွေးတောနေပြီ ဖြစ်သည်။
နောက်တစ်နေ့ နေက အစောကြီး ထွက်လာပြီး တစ်ညလုံး ကြမ်ပြင်ပေါ်တွင် အိပ်နေသည့် တည်းခိုဆောင်အစေခံလည်း ပြန်နိုးလာပြီ ဖြစ်သည်။ သူက နိုးလာလာချင်း သူ့လည်ပင်းကို အရင်ပြန်စမ်းလိုက်သည်။ သူ့လည်းပင်းပေါ်တွင် ခေါင်းရှိနေသေးသည်ကို သိသွားမှ သူက သက်ပြင်းတစ်ချက်ချကာ ထိုနေရာတွင် ထိုင်နေရင်း လူပိန်၏အခန်းကို ကြောင်တက်တက် စိုက်ကြည့်နေပြန်သည်။
“အစေခံကောင်လေး၊ ငါတို့အတွက် ရေပူယူလာပေးဦး”
ကျန်းယွိရန်က သူမတို့၏အခန်းထဲမှ ထွက်လာပြီး ရေနွေးယူလာပေးရန် ညွှန်ကြားလိုက်သည်။
တည်းခိုဆောင်အစေခံက တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေကာ ရေနွေးကျိုးရန် မီးဖိုချောင်သို့ ပြေးသွားတော့သည်။ သူ အခန်းထဲ၌ စူးချင်းနှင့် ကျန်းယွိရန်တို့သာ ရှိနေသည်ကို လှမ်းမြင်သွားခဲ့ပြီး အနည်းငယ် တွေဝေသွားကာ လျှောက်တွေးနေပြန်သည်။
မနေ့ညက ဟိုလူနှစ်ယောက် ပြန်လာတယ်မဟုတ်ဘူးလား? သူတို့ ဘယ်တုန်းက ပြန်ထွက်သွားတာလဲ?
မနေ့ညက ကျုံးယုံနှင့် ရှောင်တင်းတို့က အပေါ်ထပ်၌ အိပ်စက်ခဲ့ကြသည်။ လန်ထင်နှင့် သံတမန်တို့ကိုတော့ ကြိုးတုပ်ပြီး ကြမ်းပြင်ပေါ်သို့ ပစ်ချထားခဲ့ကြသည်။ စူးချင်းက သူတို့အတွက် ဖြေဆေးမပေးခဲ့သောကြောင့် လန်ထင်နှင့် သံတမန်တိုအတွက် ငရဲထက်ဆိုးသောညကို ရင်ဆိုင်ခဲ့ကြရသည်။
မနက်မိုးလင်းပြီး အခြားသူများ အိပ်ယာမှ နိုးလာချိန်တွင် သူတို့ ဝေဒနာကြောင့် မေ့မျော်နေပြီဖြစ်ကာ ခွန်အားလည်း မရှိတော့ပေ။
စူးချင်းကတော့ တစ်ညလုံး ကောင်းကောင်း အိပ်စက်နိုင်ခဲ့သည်။ သူမနှင့် ကျန်းယွိရန်တို့ နှစ်ယောက်လုံးတွင် အိပ်ယာခင်းနှစ်ခုစီနှင့် စောင်နှစ်ထည်စီ ရှိနေပြီး နွေးနွေးထွေးထွေး သက်တောင့်သက်သာ အိပ်ခွင့်ရသောကြောင့် မနက်မိုးလင်း နိုးလာချိန်တွင် စိတ်ကြည်လင်ပြီး လန်းဆန်းတက်ကြွနေသည်။
တည်းခိုဆောင်အစေခံက ရေနွေး လာပို့ပေးပြီး တံခါးဖွင့်ရန် ပြန်ထွက်သွားသည်။ တံခါးကို ဖွင့်နေသည့်အချိန်တွင်ပင် သူက လူပိန်၏အခန်းကို ထိတ်လန့်တကြား လှမ်းကြည့်လိုက်သေးသည်။ သူ့ကို တားမည့်သူ ထွက်မလာကြောင်း သေချာသွားမှ သက်ပြင်းချကာ ပြေးထွက်သွားတော့သည်။
စူးချင်းက ရှောင်တင်းကို သူ့နောက်သို့ လိုက်သွားရန် ညွှန်ကြားလိုက်ပြီး ထိုအစေခံကို စောင့်ကြည့်ခိုင်းလိုက်သည်။
သူမတို့ ရေချိုးသန့်စင်ပြီးနောက် ကျန်းယွိရန်နှင့်အတူ တည်းခိုဆောင်မှ ထွက်ကာ လမ်းတစ်လျှောက် အေးအေးဆေးဆေး လမ်းလျှောက်လာခဲ့ကြသည်။ မနက်ပိုင်းတွင် ဖွင့်ထားသည့်ဆိုင် သိပ်မရှိဘဲ လမ်းဘေးတွင် ဝမ်တန်ဆိုင်လေးတစ်ဆိုင်သာ ရှိနေသည်။ စူးချင်းနှင့် ကျန်းယွိရန်တို့က ဝမ်တန်တစ်ပွဲစီ စားခဲ့ကြပြီး အစားကောင်းကြိုက်ပြီး အစားကြီးသည့် ကျုံးယုံအတွက် သုံးပွဲဝယ်ကာ ပြန်လာခဲ့ကြသည်။
သူမတို့ တည်းခိုခန်းဆောင်သို့ ပြန်ရောက်လာချိန်တွင် တည်းခိုင်ဆောင်ပိုင်ရှင် ရောက်နေပြီကို တွေ့လိုက်ရသည်။ သူက တည်းခိုဆောင်၏အဝင်ဝတွင် ရပ်နေပြီး ဒေါသထွက်နေဟန် ရှိသည်။
သို့သော် စူးချင်းနှင့် ကျန်းယွိရန်တို့ ပြန်ရောက်လာသည်ကို မြင်လိုက်ချိန်တွင် တည်းခိုဆောင်ပိုင်ရှင်က သူမတို့ကို ဖော်ဖော်ရွှေရွှေ နှုတ်ဆက်လိုက်သည်။
"ဧည်သည်တော်ကြီးတို့၊ မင်းတို့ အစောကြီး နိုးနေတာပဲ"
“အင်း”
စူးချင်းက သူ့ကို ခေါင်းပြန်ညိတ်ပြလိုက်ပြီး အခန်းထဲသို့ ပြန်ဝင်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် ကျုံးယုံ ရောက်လာပြီး တစ်ခုခု သတင်းပို့စရာ ရှိကြောင်း မျက်လုံးဖြင့် အချက်ပြနေသည်။
စူးချင်းက တည်ငြိမ်နေဆဲဖြစ်ကာ ကျန်းယွိရန်ကို ခေါ်ပြီး အခန်းဆီသို့ လျှောက်သွားနေခဲ့သည်။ ထိုအခိုက်အတန့်တွင် ရုတ်တရက် လမ်းပေါ်မှ မြင်းခွာသံများ ထွက်ပေါ်လာသောကြောင့် စူးချင်းက သူမ၏ခြေလှမ်းကို ရပ်လိုက်ပြီး အပြင်သို့ လှမ်းကြည့်လိုက်သည်။