တန်းတန်းမတ်မတ်ဝင်တိုက်ခြင်း
Vol. 11 Ch. 154
ယဲ့ချန်းကို မြင်လိုက်ရချိန်ကတည်းက လီရှီယန်တစ်ယောက် ဆွဲဆောင်ဖမ်းစားခံလိုက်ရသည်။
ယဲ့ချန်းက အမှန်တကယ် ခန့်ညားလွန်းလှသည်။
အရေးအကြီးဆုံးအချက်မှာ ယဲ့ချန်းက ချမ်းသာပြီး အဆက်အသွယ်ကောင်းများ ရှိသည်။
ဖယ်ရာရီကားဆယ်စီးကို တစ်ပြိုင်နက်တည်းဝယ်ယူခြင်းနှင့် ဖယ်ရာရီကုမ္ပဏီ၏ အဓိကရှယ်ယာရှင်ဖြစ်နေခြင်းတို့ကပင် လီရှီယန်အား ကြွေသွားစေရန် လုံလောက်သည်။
ရှေးယခင်ခေတ်များကတည်းက အလှပဂေးများက သူရဲကောင်းများကို လေးစားချစ်ခင်ခဲ့ကြသည်။ ယခုလည်း ခန့်ညားပြီးချမ်းသာသော ယဲ့ချန်းက အမျိုးသမီးများ၏ မျက်လုံးထဲ၌ စံပြလူပျိုတစ်ယောက် ဖြစ်နေချေသည်။
ယဲ့ချန်းကို ကားအကြောင်းရှင်းပြနေစဉ် လီရှီယန်မှာ ဤကိုယ်လူချောနှင့် မည်သို့နှယ် စကားစမြည်ပြောဆိုရမလဲဆိုတာကို စဉ်းစားနေမိသည်။
ကားမှာယူမှုကို အပြီးသတ်ပြီးနောက် ယဲ့ချန်းက မေးလိုက်၏။
"မိန်းကလေး သန့်စင်ခန်းက ဘယ်မှာလဲ"
နှစ်နာရီကျော်ကြာအောင် ကားမောင်းလာရသောကြောင့် ယဲ့ချန်းလည်း သန့်စင်ခန်းဝင်ရန် အခွင့်အရေးမရသေးပေ။
ဤစကားကို ကြားလိုက်ရသည့်အခါ လီရှီယန်၏ မျက်လုံးအစုံကား လင်းလက်သွားချေသည်။
"ကျွန်မ လိုက်ပို့ပေးပါ့မယ်"
ယဲ့ချန်းက ခေါင်းညိတ်ပြပြီး အပြင်ဘက်သို့ လီရှီယန်၏အနောက်မှ လိုက်လာခဲ့သည်။
သူတို့ ငါးမိနစ်ခန့် လျှောက်လာခဲ့သော်လည်း သန့်စင်ခန်းသို့ မရောက်သေးပေ။
ယဲ့ချန်း မျက်မှောင်ကြုတ်၍ မေးလိုက်လေတော့သည်။
"သန့်စင်ခန်းက ဒီလောက်တောင် ဝေးတာလား"
လီရှီယန်ကလည်း တခစ်ခစ်ရယ်လိုက်သည်။
"ကျွန်မတို့ ရောက်ခါနီးပါပြီ"
နောက်ထပ်မီတာငါးဆယ်ခန့် လျှောက်ပြီးနောက်တွင်မူ သန့်စင်ခန်းသို့ ရောက်လာခဲ့သည်။
ယဲ့ချန်းက အမျိုးသားသန့်စင်ခန်းထဲသို့ ဝင်သွားသည်။
သူ ကိစ္စပြီးသည်နှင့် အနောက်ဘက်မှ တစ်စုံတစ်ယောက်က သူ့ကို ရုတ်တရက်ပွေ့ဖက်လိုက်သည်။
ယဲ့ချန်း၏ မျက်လုံးများမှာ အေးစက်သွားပြီး ထိုလူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ နံရံပေါ်သို့ ဖိကပ်ပစ်လိုက်သည်။
"ဥက္ကဋ္ဌယဲ့ ကျွန်မပါ"
လီရှီယန်ခမျာ ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
"ဥက္ကဋ္ဌယဲ့..ကျွန်မ နာနေပြီ"
လီရှီယန်ဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ ယဲ့ချန်းလည်း အံ့အားသင့်သွားချေသည်။
"မင်းက ဒီကိုဘာလာလုပ်တာလဲ"
လီရှီယန်လည်း ရှက်သွေးဖြာသွားပြီး ပြောလိုက်၏။
"မစ္စတာယဲ့..ကျွန်မ ရှင့်ကို မြင်မြင်ချင်းသဘောကျခဲ့တာပါ။ ကျွန်မ ရှင့်အပိုင်ဖြစ်ချင်တယ်"
ယဲ့ချန်း : "..."
ဒီမိန်းမက တော်တော်ရဲတင်းတာပဲ...
ယဲ့ချန်းက ပြောလိုက်လေသည်။
"ငါတို့က တစ်ခါပဲ တွေ့ဖူးသေးတာလေ။ မင်း ငါ့ကိုသိလို့လား"
လီရှီယန်က ရယ်မောလိုက်သည်။
"ရှင်က ခန့်ညားပြီး ချမ်းသာတယ်။ ဒီလောက်နဲ့တင် လုံလောက်ပါပြီ။ ရှင့်ချစ်သူအဖြစ်နဲ့ပဲ နေရမယ်ဆိုရင်တောင် ကျွန်မ ကျေနပ်ပါတယ်"
ယဲ့ချန်းက လက်ဖက်စိမ်းစနစ်ကို အသုံးပြု၍ စစ်ဆေးကြည့်လိုက်သည်။
လက်ဖက်စိမ်းတန်ဖိုးတစ်ဆယ်၊ သိုက်တူးသမား၊ တက်ကြွသောကိုယ်ရည်ကိုယ်သွေး၊ ရည်မှန်းချက်ကြီးသူ၊ အပျိုစင်အဆင့်။
အပျိုစင်တဲ့လား။
ဤအချက်က ယဲ့ချန်းကို အနည်းငယ်အံ့အားသင့်သွားစေသည်။
ဤမျှပွင့်လင်းမြင်သာသော အမျိုးသမီးက အပျိုစင်တဲ့လား။
ယဲ့ချန်းက အသုံးပြုပြီးသားပစ္စည်းများကို မနှစ်သက်ပေ။ ထို့ကြောင့် လီရှီယန်ကသာ အခြားတစ်စုံတစ်ယောက်နှင့် အတူနေခဲ့ဖူးပါက သူ(မ) မည်မျှလှပနေပါစေ ယဲ့ချန်းကတော့ ဘာခံစားချက်မှ ရှိမည်မဟုတ်ပေ။
သို့သော် သူ(မ)ကသာ အပျိုစင်ဖြစ်နေခဲ့ပါက..
....
"သေချာလား"
ယဲ့ချန်းက သူ့ရှေ့ရှိ ဆွဲဆောင်မှုရှိလှသော နတ်သမီးကို ကြည့်လိုက်သည်။
"သေချာတာပေါ့"
ယဲ့ချန်း အပြင်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်၏။
"တစ်ယောက်ယောက်ရောက်လာမှာ မကြောက်ဘူးလား"
လီရှီယန်က ပြုံးလိုက်၏။
"ကျွန်မ ဆိုင်းဘုတ်တစ်ခု ထားခဲ့ပြီးပြီ။ သန့်စင်ခန်းပြင်ဆင်နေတာမို့ ဘယ်သူမှ ဝင်လာမှာ မဟုတ်ဘူး"
နာရီဝက်အကြာ၌ ယဲ့ချန် သန့်စင်ခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
အမှန်တကယ်ပင်။ အိမ်သာတံခါးတွင် ဆိုင်းဘုတ်တစ်ခု ရှိနေချေသည်။
ပတ်ဝန်းကျင်တွင် မည်သူမှမရှိကြောင်း မြင်လိုက်ရသည့်အခါ ယဲ့ချန်းလည်း ဧည့်ကြိုဌာနသို့ ပြန်သွားလိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် လီရှီယန်လည်း ထွက်လာသည်။
သူ(မ)၏ဆံပင်က အနည်းငယ်ရှုပ်ပွနေပြီး မှန်ရှေ့တွင် ခဏမျှ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ပြီးမှ ဧည့်ကြိုဌာနသို့ ဦးတည်သွားလေတော့သည်။
ယဲ့ချန်းက လီရှီယန်လျှောက်လာတာကို စောင့်ကြည့်ရင်း တိတ်တိတ်လေး ချီးကျူးလိုက်မိသည်။
ဒီမိန်းမက တကယ့်ကို နတ်သမီးတစ်ပါးပါပဲ...
သူ(မ)က အမှုမထားဟန်ဆောင်လျက် ပြောလိုက်၏။
"မစ္စတာယဲ့.. ကျွန်မ စီစဉ်ထားပြီးပါပြီ။ ကားက မနက်ဖြန်မနက်ဆိုရင် အဆင်သင့်ဖြစ်ပါလိမ့်မယ်"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"ဒါနဲ့ ဒီမှာ ဒရိုင်ဘာတွေ ရှိလား။ ကျွန်တော့်သူငယ်ချင်းက မင်္ဂလာဆောင်တော့မှာ။ ဒီကားဆယ်စီးကလည်း မင်္ဂလာဆောင်ယာဉ်တန်းအတွက်လေ။ အဆင်ပြေရဲ့လား"
လီရှီယန်က ခေါင်းညိတ်ပြလိုက်၏။
"စိတ်မပူပါနဲ့ မစ္စတာယဲ့..အစစအရာရာ ကျွန်မကိုသာ အပ်ထားလိုက်ပါ"
"သြော်.. ပြီးတော့ ကားဆယ်စီးလုံးကို ပန်းဆိုင်မှာ မင်္ဂလာဆောင်ကားပုံစံမျိုး အလှဆင်ခိုင်းလိုက်ပါ။ ပြေစာကိုတော့ နောက်မှပို့လိုက်လို့ရပါတယ်"
ညွှန်ကြားချက်များ ပေးထားခဲ့ပြီးနောက် ယဲ့ချန်းလည်း လှည့်ပြန်လာခဲ့လိုက်သည်။
လီရှီယန်က ယဲ့ချန်း၏အနောက်မှ လိုက်သွားချေသည်။
"သခင်လေး..ရှင့်အစေခံမလေးရဲ့ ဝန်ဆောင်မှုက ဘယ်လိုနေလဲ"
ယဲ့ချန်းလည်း သူ့ဘေးရှိ ဆွဲဆောင်အားပြင်းရှလှသော နတ်သမီးလေးကို တစ်ချက်ကြည့်လိုက်သည်။
"အရမ်းကျေနပ်တယ်။ နောက်မှ အဲဒီကားဆယ်စီးထဲက တစ်စီးကိုရွေးလိုက်"
လီရှီယန်လည်း တစ်ခဏမျှ ကြက်သေသေသွားလေသည်။
ဆယ်သန်းကျော်တန်ဖိုးရှိသော ကားတစ်စီးကို ဤမျှလွယ်လင့်တကူ လက်ဆောင်ပေးရလောက်သည်အထိ ယဲ့ချန်း အလွန်ရက်ရောလိမ့်မည်ဟု သူ(မ) မမျှော်လင့်ထားပေ။
ယဲ့ချန်းကတော့ ရယ်မောလိုက်လေသည်။
"ငါက ငါ့အမျိုးသမီးတွေကို ဘယ်တော့မှ လျှော့မအမ်းတတ်ဘူး"
လီရှီယန်ခမျာ စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။ ယနေ့ သူ(မ) လောင်းကြေးထပ်လိုက်သည်မှာ အမှန်တကယ် ဉာဏ်ရှိလှသည်ဟု တွေးလိုက်မိသည်။
အချို့သူဌေးသားများက ချမ်းသာသော်ငြား ကိစ္စပြီးသည်နှင့် အသိအမှတ်မပြုကြတော့ချေ။ ယဲ့ချန်းကတော့ ထိုလူများကဲ့သို့ မဟုတ်သည်မှာ သိသာထင်ရှားလှသည်။
ယဲ့ချန်းလည်း ကားမောင်း၍ မြို့ငယ်လေးဆီသို့ ပြန်သွားလိုက်သည်။
"လောင်ကွမ်း အကုန်အဆင်ပြေသွားပြီ။ မင်္ဂလာကားတွေ မနက်ဖြန်မနက်ကျရင် ရောက်လာလိမ့်မယ်"
"ကျေးဇူးတင်ပါတယ်ကွာ။ ဒီတစ်ခါတော့ ငါ မင်းကို တကယ်ကျေးဇူးကြွေးတင်သွားတာပဲ"
ယဲ့ချန်းက ရယ်မောလိုက်မိသည်။
"ငါ့ကို ယဉ်ကျေးနေဖို့မလိုပါဘူး"
နောက်တစ်နေ့ မနက်စောစောတွင် စူးရှလှသော အင်ဂျင်သံများက အပြင်ဘက်၌ ဟိန်းထွက်လာသည်။
လူတိုင်းက ဖယ်ရာရီကားအတန်းလိုက်ကြီးကို ကြည့်ရင်း ကြက်သေသေသွားကြသည်။
သောက်ကျိုးနည်း.. ဖယ်ရာရီတွေကို သုံးတာက ဘယ်လောက်တောင် ခမ်းနားလိုက်သလဲ..
လီကွမ်းလည်း အံ့အားသင့်နေချေသည်။
“ချန်းဇီ..မင်း ဖယ်ရာရီတွေကို ငှားလာတာလား။ ဒါက ဘယ်လောက်တောင်ပေးရတာလဲ"
ယဲ့ချန်းက ပြုံးလိုက်သည်။
"ဒါတွေက ငှားထားတာမဟုတ်ဘူး။ ဝယ်ထားတာ"
“ဘာ! ဝယ်ထားတာ.. ဟုတ်လား"
လီကွမ်းခမျာ ပို၍ပင် စိတ်ရှုပ်ထွေးသွားရသည်။
ယဲ့ချန်းကတော့ ရယ်ရယ်မောမောပင်။
"သွားကြမယ်။ သတို့သမီးကို သွားခေါ်ကြစို့"
ထိုအချိန်တွင် ပထမဆုံးဖယ်ရာရီကား၏ ကားတံခါးပွင့်လာပြီး ခြေတံရှည်ရှည်အလှပဂေးလေးတစ်ဦး ထွက်လာသည်။
"ဥက္ကဋ္ဌယဲ့ ကျေနပ်ရဲ့လား"
ယနေ့ လီရှီယန်က အနီရောင်ချီပေါင်ဝတ်စုံကို ဝတ်ဆင်ထားလေရာ ဆွဲဆောင်မှုရှိလှသော သူ(မ)၏ခန္ဓာကိုယ်ကို အပြည့်အဝ ပေါ်လွင်စေသည်။
"လှလိုက်တဲ့နတ်သမီး"
ယဲ့ချန်း စိတ်ထဲက တွေးလိုက်မိသည်။
"အရမ်းကျေနပ်တယ်"
ယဲ့ချန်း ခေါင်းတညိတ်ညိတ်လုပ်လိုက်၏။
လီရှီယန်ကလည်း ယဲ့ချန်း၏ကားထဲရှိ ခရီးသည်ထိုင်ခုံတွင် ချက်ချင်းဝင်ထိုင်လိုက်သည်။
သူ(မ)က အနားသို့ကိုင်း၍ တီးတိုးပြောလိုက်၏။
"ကျွန်မကိုလည်း တစ်ဘီလျံတန်လိုင်ကန်ကားထဲမှာ စီးခွင့်ပေးပါဦး။ ရှင် စိတ်မရှိဘူးမလား"
"ပြဿနာမရှိပါဘူး"
ယဲ့ချန်းက နေရခက်လေဟန်အပြုံးတစ်ပွင့် ပြုံးလိုက်လေသည်။
လိုင်ကန်ကားတစ်စီးနှင့် ဖယ်ရာရီကားဆယ်စီးက လမ်းမပေါ်တွင် ခမ်းနားထည်ဝါစွာ မောင်းနှင်သွားလာနေချေသည်။
ယခုလိုဇိမ်ခံကားတန်းကြီးကို ဤမြို့ငယ်လေးထဲတွင် တစ်ခါမှ မမြင်ဖူးကြပေ။ ထို့ကြောင့် ချက်ချင်းဆိုသလို လမ်းမထက်တွင် ကြည့်ရှုသူများဖြင့် ပြည့်နှက်သွားလေသည်။
"သောက်ကျိုးနည်း.. ဘယ်သူဌေးသား မင်္ဂလာဆောင်တာပါလိမ့်"
"သူဌေးသားကတောင် သာမန်သူဌေးသားမဟုတ်ဘူးဟေ့။ လီမိသားစုက လီကွမ်းနော်"
"မယုံနိုင်စရာပဲ။ ရှေ့ဆုံးမှာရှိတဲ့ကားက လိုင်ကန်ပြိုင်ကားကြီး။ 'Fast and Furious'ထဲက ပြိုင်ကားထင်တယ်။ ငါ အွန်လိုင်းမှာ ရှာကြည့်ပြီးပြီ။ အဲဒီကားက တစ်ဘီလျံကျော်တယ်"
"အနောက်က ဖယ်ရာရီကားတွေကလည်း အကန့်အသတ်နဲ့ ထုတ်ထားတာတွေချည်းပဲ။ တစ်စီးကို ဆယ်သန်းကျော်ပေးရတယ်"
....
ကားများက ဝူချန်း၏အိမ်သို့ ခမ်းခမ်းနားနားဦးတည်သွားလေသည်။ သို့သော် လမ်းဆုံတစ်ခုသို့အရောက်တွင် ရုတ်တရက် ရပ်တန့်သွားချေသည်။
အရှေ့တွင် ဘီအမ်ဒဗလျူကားဆယ်စီးကျော်ရှိပြီး လူတစ်စုကလည်း ကားများ၏အရှေ့တွင် ရပ်နေကြသည်။
ယဲ့ချန်းက ကားပေါ်ကဆင်းလာပြီး လီကွမ်း၏ကားနားသို့ လျှောက်သွားလိုက်သည်။
"ဒီလူတွေကို မင်းသိလား"
လီကွမ်း မျက်မှောင်ကြုတ်လိုက်မိသည်။
"အင်း.. မာစန်းလေ။ သူက မင်းရဲ့မရီးကို တစ်ချိန်လုံးသဘောကျနေတာ။ ပြီးတော့ မနေ့က ငါ ဘိုကင်ယူထားတဲ့ ကားတွေအကုန်လုံးကိုလည်း သူပဲ ငှားသွားတာလေ"
ဤသို့ပြောပြီးနောက် လီကွမ်းက ကားထဲက ဆင်းလာပြီး တစ်ဖက်သို့ လျှောက်သွားလိုက်၏။
"မာစန်း..ဒါက ဘာသဘောလဲ"
မာစန်းက နှာခေါင်းရှုံ့လိုက်ချေသည်။
"ဘာသဘောလဲတဲ့လား။ ဝူချန်းက ငါ့အပိုင်။ မင်း သူ့ကို ငါ့ဆီက လုယူရဲတယ်ပေါ့။ ငါဆိုတဲ့ မာစန်းက မင်းကို ပြောလိုက်မယ်။ မင်း မင်္ဂလာဆောင်လို့ရမှာမဟုတ်ဘူး"
"မာစန်း လွန်မလာနဲ့နော်။ ဝူချန်းက မင်းကိုမကြိုက်ဘူး။ ပြဿနာရှာနေလည်း အသုံးမဝင်ဘူး"
"ငါက ပြဿနာရှာဖို့ရောက်လာတာ။ ဒီတော့ရော ဘာဖြစ်လဲ။ မင်းဘာလုပ်နိုင်မှာလဲ"
လီကွမ်းက အချိန်ကို တစ်ချက်ကြည့်လိုက်သည်။ သတို့သမီးကိုသွားခေါ်ရန် အချိန်နီးနေပြီဖြစ်၏။
ယဲ့ချန်းကတော့ အနားသို့လျှောက်သွားပြီး အေးတိအေးစက်လေသံဖြင့် ပြောလိုက်၏။
"ဖယ်မှာလား။ မဖယ်ဘူးလား"
မာစန်းက ယဲ့ချန်းကို တစ်ချက်ကြည့်လိုက်၏။
"ချာတိတ်.. မင်းက ဘယ်သူလဲ။ ဒါက မင်း ဝင်ပြောရမဲ့နေရာလား။ လစ်စမ်းပါ"
ယဲ့ချန်းက ဒုတိယမြောက်ဖယ်ရာရီကားဆီသို့ လျှောက်သွားပြီး ဒရိုင်ဘာကို ပြောလိုက်၏။
"ဆင်းခဲ့။ ငါ မောင်းလိုက်မယ်"
ဒရိုင်ဘာကလည်း ကားထဲက ဆင်းသွားသည်။ ထို့နောက် ယဲ့ချန်းက ကားကို အရှိန်တင်လိုက်သည်။
ဘန်း!
မယုံကြည်နိုင်လောက်အောင်ပင် ဖယ်ရာရီကားက ဘီအမ်ဒဗလျူကားကို တည့်တည့်ဝင်တိုက်ပစ်လိုက်သည်။
မာစန်း ကြက်သေသေသွားသည်။
လီကွမ်းလည်း ကြက်သေသေသွားသည်။
ဝိုင်းကြည့်နေသူများနှင့် ဒရိုင်ဘာများအားလုံးလည်း ကြက်သေသေသွားကြသည်။
သေလိုက်ပါတော့!
ဆယ်သန်းကျော်တန်ကားနဲ့ ဝင်တိုက်လိုက်တာတဲ့!
ရူးလောက်တယ်!
•••••••••••