← Chapters

ရှင်ကက ကျွန်မအပိုင်

Vol. 11 Ch. 155

ရှင်ကက ကျွန်မအပိုင်

Vol. 11 Ch. 155

မာစန်းက ဘီအမ်ဒဗလျူကား အတိုက်ခံလိုက်ရတာကို မြင်သောအခါ သူ့လူများအား ယဲ့ချန်း၏ကားကို တားခိုင်းလိုက်သည်။

"ချာတိတ်.. မင်းက ငါ့ရဲ့ဘီအမ်ဒဗလျူကားကို တိုက်ရဲတယ်ပေါ့။ ငါ့ကားက ဘယ်လောက်တန်လဲဆိုတာ မင်းသိလား။ ပြန်လျော်ပေး"

ယဲ့ချန်းကမူ အေးစက်စက်ဖြင့် ပြောလိုက်၏။

"မင်းရဲ့ကားက ငါ့ကားထက် ပိုတန်ဖိုးကြီးဦးမှာလား"

ယဲ့ချန်း၏စကားကို ကြားသောအခါ မာစန်းလည်း ချက်ချင်း ဆွံ့အသွားရသည်။

သူ့ဘီအမ်ဒဗလျူကားက သိန်းငါးဆယ်ကျော်တန်သော်လည်း ယဲ့ချန်း၏ ဖယ်ရာရီကားကမူ သန်းပေါင်းများစွာ တန်ဖိုးရှိသည်။

ဤကားနှစ်စီးမှာ အဆင့်ချင်း လုံးဝမတူပေ။

ယဲ့ချန်းက မာစန်းကို အေးတိအေးစက်ကြည့်ပြီးနောက် ပြောလိုက်သည်။

"မင်းတို့မိသားစုလုပ်ငန်းက ဝမ်သိုက်လုပ်ငန်းစုကို ဆောက်လုပ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးနေရတဲ့ ထျန်းဟန်စက်မှုလုပ်ငန်း ဟုတ်တယ်မလား"

"ဟုတ်တယ်"

မာစန်း တဒင်္ဂမျှအံ့အားသင့်သွားချေသည်။

ယဲ့ချန်းကလည်း ခေါင်းညိတ်လိုက်၏။

"မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ အခုချက်ချင်း ထွက်သွားလိုက်။ မဟုတ်လို့ကတော့ မင်းတို့မိသားစုလည်း ဝမ်သိုက်လုပ်ငန်းစုကို ဆောက်လုပ်ရေးပစ္စည်းတွေ တင်ပို့ခွင့်ရမှာမဟုတ်ဘူး"

"မင်း ဘာပြောလိုက်တယ်။ မင်းက လုပ်နိုင်တယ်ပေါ့။ ဥက္ကဋ္ဌချန်းနဲ့ ငါ့မိသားစုကြားက ဆက်ဆံရေးကို မင်းသိလား။ ချန်းဝမ်က ငါ့ရဲ့ခေါင်းကိုင်အဖေကွ။ ငါ့အဖေနဲ့ ချန်းဝမ်ကလည်း သစ္စာဆိုထားတဲ့ ညီအစ်ကိုတွေ။ မင်း သတ္တိရှိရင် ငါ့ကိုတိုက်လိုက်လေ။ မဟုတ်လို့ကတော့ မင်းက အလကားကောင်ပဲ"

ယဲ့ချန်းက ပြောလိုက်၏။

"ကောင်းပြီလေ။ ငါ မင်းကို အခွင့်အရေးပေးပြီးပြီနော်။ နောက်မှ နောင်တမရနဲ့"

ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ချန်းဝမ်၏ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။

"ဥက္ကဋ္ဌချန်း.. ခင်ဗျားမှာ မာစန်းလို့ခေါ်တဲ့ ခေါင်းကိုင်သားတစ်ယောက် ရှိလား"

ချန်ဝမ်လည်း တစ်ခဏမျှ တုံ့ဆိုင်းသွားချေသည်။

"ရှိပါတယ် ဥက္ကဋ္ဌယဲ့.. ကိစ္စတစ်ခုခုရှိလို့လား"

"ဒီနေ့ကစပြီး မာမိသားစုကို ဝမ်သိုက်လုပ်ငန်းစုရဲ့ ကုန်ပစ္စည်းတင်သွင်းသူစာရင်းထဲက ဖယ်ရှားလိုက်ပါ"

ချန်ဝမ်လည်း ခဏမျှအံ့အားသင့်သွားပြီးနောက် သဘောတူလိုက်သည်။

"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌယဲ့..ကျွန်တော် ချက်ချင်းဆောင်ရွက်လိုက်ပါ့မယ်"

မာစန်းက ယဲ့ချန်းနှင့် ချန်းဝမ်တို့ကြားရှိ စကားများကို ပြတ်ပြတ်သားသား ကြားလိုက်ရသည်။ ဂုဏ်သရေကြီးမားလှသော ဥက္ကဋ္ဌချန်းက ယဲ့ချန်းကို ဤမျှအထိ ရိုသေလေးစားလိမ့်မည်ဟု သူ လုံးဝ တွေးမထားမိချေ။

ထိုလူက အသံတစ်ချက်တောင် မထွက်ရဲဘဲ သူတို့ကုမ္ပဏီကို ကုန်ပစ္စည်းတင်သွင်းသူစာရင်းမှ ဖယ်ရှားပစ်တော့မည် ဖြစ်၏။

မာမိသားစုက ဝမ်သိုက်လုပ်ငန်းစုဟူသော သစ်ပင်ကြီးကို အားကိုးနေရခြင်းပင်။ ဝမ်သိုက်လုပ်ငန်းစုကိုသာ လက်လွှတ်လိုက်ရပါက သူတို့၏ဆောက်လုပ်ရေးသုံးပစ္စည်းအမြောက်အမြားကို မည်သူက ဝယ်တော့မည်နည်း။

မာစန်း၏မျက်နှာကား ဖြူဖပ်ဖြူရော်ဖြစ်သွားရှာသည်။ ထို့နောက် သူက အတုန်တုန်အယင်ယင်ဖြင့် မေးလိုက်၏။

"မင်း...မင်းက ဘယ်သူလဲ"

ယဲ့ချန်းက မာစန်းကို အေးတိအေးစက်ကြည့်လိုက်သည်။

"မင်း ရန်လာစလို့မရတဲ့လူပဲ"

ထို့နောက် ယဲ့ချန်းလည်း ကားမောင်း၍ ထွက်ခွာသွားသည်။

မာစန်းလည်း သူ အကြီးအကျယ်ဒုက္ခရောက်ပြီဖြစ်ကြောင်း သိလိုက်သည်။ မာမိသားစုသာ ဝမ်သိုက်လုပ်ငန်းစုမှ ကန်ထုတ်ခံလိုက်ရပါက သူ အိမ်ပြန်ရောက်သည့်အခါ သူ့အဖေက သူ့ကို ရိုက်သတ်တော့မည် မဟုတ်လား။

ဒုန်းခနဲမြည်သံနှင့်အတူ မာစန်းတစ်ယောက် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။

"ဥက္ကဋ္ဌယဲ့ ကျွန်တော်မှားသွားပါတယ်။ ကျွန်တော် စုံလုံးကန်းခဲ့မိတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"

ယဲ့ချန်းကတော့ မာစန်းကို လှည့်တောင်မကြည့်ဘဲ မောင်းထွက်သွားသည်။

ရပ်ကွက်အဝင်ဝတွင် သတို့သမီး၏ မိသားစုဝင်အားလုံးက မင်္ဂလာယာဉ်တန်းကို စောင့်ဆိုင်းနေကြသည်။

နောက်ဆုံးတော့ လိုင်ကန်ပြိုင်ကားအမိုက်စားတစ်စီးက လူတိုင်း၏ မျက်စိရှေ့သို့ ပေါ်လာသည်။

အနောက်တွင်မူ ဖယ်ရာရီကားတန်းကြီးတစ်တန်း လိုက်ပါလာသည်။

ထိုအချိန် သတို့သမီးအခန်းထဲတွင် ဝူချန်းက မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး စိုးရိမ်ပူပန်နေပုံရသည်။ သတို့သမီးအရံများကလည်း ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို ကြည့်နေကြ၏။

"ဟိုမှာကြည့်လိုက်.. သူတို့လာနေပြီ။ ဝူချန်း..နင့်ခင်ပွန်းရဲ့မင်္ဂလာကားက ဘီအမ်ဒဗလျူလို့ ပြောခဲ့တာမဟုတ်ဘူးလား"

"ဟုတ်တယ်လေ။ ဘီအမ်ဒဗလျူထက်တော့ အဆင့်နိမ့်မှာ မဟုတ်ဘူး"

ဝူချန်းက ခပ်မဲ့မဲ့ပြုံးရင်း ပြောလိုက်သည်။

"မဟုတ်ဘူး။ ဖယ်ရာရီကားအတန်းလိုက်ကြီးဟ"

သတို့သမီးအရံတစ်ယောက်က ပြောလိုက်သည်။

"ဘာ! သူ ဖယ်ရာရီကားတွေ ငှားထားတာလား။ အဲဒါက ဘယ်လောက်တောင်ပေးရမလဲ"

ဝူချန်းက စိုးရိမ်နေဟန်အမူအရာဖြင့် ပြောလိုက်မိသည်။

လီကွမ်းက သူ(မ)အတွက် ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲတစ်ခု လုပ်ပေးချင်ကြောင်း သူ(မ) သိသော်လည်း ဖယ်ရာရီကားများကို ငှားရမ်းခြင်းမှာ စျေးကြီးလှသည်။ ကားတစ်စီးလျှင် တစ်ထောင်ကျော်ကုန်ကျပြီး ဆယ်စီးဆိုလျှင် တစ်သောင်းဖြစ်ပေလိမ့်မည်။

လီကွမ်းကတော့ ပိုက်ဆံကို လက်လွတ်စပယ်သုံးနေတာပဲ! ငါ သူ့ကို ဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်နေလိုက်!

ထိုအချိန်၌ ပြတင်းပေါက်နားတွင် ရပ်နေသော သတို့သမီးအရံတစ်ယောက်က ရုတ်တရက်ကြီး တအံ့တသြရေရွတ်လိုက်သည်။

"ဝိုး..အဲဒီသတို့သားအရံက အရမ်းချောတာပဲ"

"သူ့ကို လာမလုကြနဲ့။ သူက ငါ့အပိုင်နော်"

"သူက နင့်အပိုင်ဆိုတာ ဘာသဘောလဲ။ သူက ငါ့အပိုင်ပါနော်"

ဝူချန်းကတော့ သူတို့ပြောနေကြသူမှာ ယဲ့ချန်းဖြစ်ကြောင်း အတပ်သိသည်။

ယဲ့ချန်းနှင့် သတို့သားအရံများက သတို့သားကို အပေါ်ထပ်သို့ စောင့်ကြပ်ခေါ်ဆောင်လာကြသည်။

"မြန်မြန်လုပ်.. သူတို့လာနေပြီ။ တံခါးပိတ်ထားကြရအောင်"

ဒေါက် ဒေါက် ဒေါက်!

အပြင်ဘက်မှ တံခါးခေါက်သံ ကြားလိုက်ရသည်။

သတို့သမီးအရံများကလည်း တံခါးကို ပိတ်ထားလိုက်ကြ၏။

"ကျွန်မတို့အတွက် သီချင်းတစ်ပုဒ်ဆိုပြနိုင်ရင် ဝင်လို့ရပြီ"

"ဟုတ်တယ်။ သီချင်းတစ်ပုဒ်ဆိုပြ။ ကျွန်မတို့ကျေနပ်ရင် ဝင်လို့ရတယ်"

ရှေ့ဆုံးမှ သတို့သားအရံများက သီချင်းတချို့ ဆိုပြကြသော်လည်း သတို့သမီးအရံများက မကျေနပ်ကြပေ။ ယခုမူ ယဲ့ချန်းတစ်ယောက်သာ ကျန်တော့သည်။

ယဲ့ချန်းလည်း ခဏမျှစဉ်းစားကြည့်ပြီးနောက် သီချင်းစဆိုလိုက်သည်။

ဆောင်းရာသီရဲ့ဝမ်းနည်းမှုတွေကို နွေဦးပန်းပွင့်တွေက ဖယ်ရှားလိုက်ပြီ..

လေပြေက ကဗျာဆန်တဲ့အငွေ့အသက်ကို ဆောင်ကြဉ်းပေးလေရဲ့

အချစ်သီချင်းတိုင်းက ရုတ်တရက်ကြီး အဓိပ္ပာယ်ပြည့်ဝလာတယ်..

ဒီအခိုက်အတန့်လေးမှာ မင်းကို ကိုယ် ရုတ်တရက်တွေ့လိုက်ရတယ်

.....

လက်ချင်းတွဲလို့ ပျော်ရွှင်တဲ့ဘဝတစ်ခုကို ဖန်တီးဖို့အတွက် ကိုယ့်နောက်ကိုလိုက်ခဲ့ပေးပါ...

မနေ့က အရမ်းနောက်ကျလွန်းတယ်။ မနက်ဖြန်ကလည်း နောင်တရချင်စရာကောင်းနေမှာ..

မင်း ကိုယ့်ကို ဒီနေ့ လက်ထပ်ပေးနိုင်မလား...

"ဝိုး အရမ်းချောတာပဲ"

"ချောလည်းချောတယ်။ သီချင်းဆိုတာလည်း အရမ်းကောင်းတယ်။ ကြိုက်လိုက်တာ"

"အားလုံးပဲ..သူ့ကို လာမလုကြနဲ့နော်။ သူက ငါ့အပိုင်"

ယဲ့ချန်းလည်း သီချင်းဆိုပြီးနောက် မေးလိုက်လေတော့သည်။

"အခု တံခါးဖွင့်ပေးလို့ ရပြီလား"

သတို့သမီးအရံများမှာ တံခါးကိုဖွင့်ပြီး ယဲ့ချန်းကို ဝိုင်းထားရန် မစောင့်နိုင်ကြတော့ပေ။

"အချောလေး...ရှင့်ဝီချက်လေး ပေးလို့ရမလား"

"အချောလေး..ကျွန်မရဲ့ရည်းစား လုပ်ပေးနိုင်မလား"

"ကျွန်မက ထျန်းထျန်းပါ။ ကျွန်မတို့ ခင်လို့ရမလား"

သတို့သမီးအရံများ၏ အာရုံစိုက်မှုအလုံးစုံက ယဲ့ချန်းအပေါ်တွင်သာ ရှိနေသဖြင့် လီကွမ်းလည်း သတို့သမီးဆီသို့ အသာလေးချဉ်းကပ်နိုင်ခဲ့သည်။

သူတို့တစ်သိုက် ကားနားသို့ ရောက်လာခဲ့ကြသည်။ သတို့သမီးအရံများကမူ ယဲ့ချန်း၏ကားနားတွင် ဝိုင်းအုံနေကြသည်။

"အချောလေး..ကျွန်မ ရှင့်ကားနဲ့လိုက်ချင်တယ်"

"မတိုးကြပါနဲ့။ ကျေးဇူးပြုပြီး..ငါအရင်ရောက်တာနော်"

"ငါ အရင်ရောက်တာပါ။ အချောလေး.. ကျွန်မ ရှင့်ကားနဲ့ လိုက်လို့ရမလား"

ယဲ့ချန်းခမျာ ကားရှေ့တွင်ရပ်ရင်း အနည်းငယ်စိတ်ရှုပ်ထွေးနေသည်။

သူ့ကားက လူနှစ်ယောက်သာ စီးနိုင်သဖြင့် မိန်းကလေးအများကြီးကို တင်မခေါ်နိုင်ချေ။ မိန်းကလေးများကတော့ တစ်ယောက်ကိုတစ်ယောက် အလျှော့မပေးကြပေ။ အကုန်လုံးက ယဲ့ချန်း၏ကားထဲသို့ ဝင်ချင်နေကြသည်။

ထိုအချိန်မှာပင် သူ့ဘေးရှိ အတွေ့အကြုံရင့်အမျိုးသမီးတစ်ယောက်က ယဲ့ချန်း၏လက်ထဲရှိ ကားသော့ကို ဆွဲယူလိုက်သည်။

လီရှီယန်က သော့ကိုယူပြီး ပြုံးလိုက်၏။

"အားလုံးပဲ... ကျေးဇူးပြုပြီး ဖယ်ပေးကြပါ"

လီရှီယန်၏လက်ထဲရှိ သော့ကို ကြည့်ရင်း မိန်းကလေးများအားလုံး အံ့အားသင့်သွားကြသည်။

မဖြစ်နိုင်တာ! ဒီလိုလာလုပ်လို့ရလို့လား?

ကားသော့က လီရှီယန်၏လက်ထဲတွင် ရှိနေသဖြင့် မိန်းကလေးများကလည်း နာနာခံခံဖြင့် လမ်းဖွင့်ပေးလိုက်ကြသည်။

ကားထဲသို့ရောက်သောအခါ ယဲ့ချန်းက ရယ်လိုက်သည်။

"မင်းရှိနေလို့ တော်သေးတာပေါ့။ မဟုတ်ရင် ဒုက္ခများဦးမှာ"

လီရှီယန်က ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။

"ရှင်က ကျွန်မအပိုင်လေ။ တခြားဘယ်သူကမှ ရှင့်ကို လာလုလို့မရဘူး"

မင်္ဂလာဧည့်ခံပွဲတွင်..

လီကွမ်းနှင့် ဝူချန်းတို့က ယဲ့ချန်းကို အထူးတလည် ခွက်မြှောက်ဂုဏ်ပြုကြသည်။

"ယဲ့ချန်း..တကယ်ကျေးဇူးတင်ပါတယ်ကွာ။ မင်းသာ မရှိရင် ငါတို့လည်း ပေါင်းဖက်နိုင်မှာမဟုတ်ဘူး။ ဒီလို ခမ်းနားတဲ့ မင်္ဂလာပွဲမျိုးလည်း လုပ်နိုင်မှာမဟုတ်ဘူး"

လီကွမ်းက ကျေးဇူးတင်စကားပြောလိုက်သည်။

ယဲ့ချန်းကတော့ ခပ်ပြုံးပြုံးသာ။

"ဒါက ငါလုပ်ပေးသင့်တဲ့အရာပါ။ ငါတို့က ညီအစ်ကိုတွေပဲမဟုတ်လား"

ဝူချန်းကလည်း ဝင်ပြောလေသည်။

"ယဲ့ချန်း.. လီကွမ်းနဲ့ငါက အစွမ်းအစမရှိပေမဲ့ နင် ငါတို့ဆီက ဘာပဲလိုအပ်လိုအပ် ပြောသာပြောနော်"

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ မရီး.. ငါ့ရဲ့ညီအစ်ကိုကို စောင့်ရှောက်ပေးဖို့ ရှေ့လျှောက် နင့်ကိုပဲ အားကိုးရတော့မယ်"

"စိတ်မပူပါနဲ့"

ဝူချန်းက ပြုံးလျက် ပြောလိုက်၏။

ယဲ့ချန်းလည်း စာအိတ်တစ်အိတ်ကို ထုတ်လိုက်သည်။

"ဒါက ငါတတ်နိုင်သလောက်လေးပါ။ နင်နဲ့ လောင်ကွမ်းတို့ ပျော်ရွှင်တဲ့အိမ်ထောင်တစ်ခု ထူထောင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"

လီကွမ်းက စာအိတ်ထဲတွင် ဖယ်ရာရီကားသော့နှင့် ဘဏ်ကတ်တစ်ခုရှိကြောင်း တွေ့လိုက်ရသောအခါ အံ့အားသင့်သွားချေသည်။

"ရှောင်ချန်း..မဟုတ်သေးဘူးနော်။ ဒီလက်ဆောင်က အရမ်းများလွန်းတယ်။ ငါ လက်မခံနိုင်ဘူး"

ဘဏ်ကတ်ထဲမှာ ဘယ်လောက်ရှိသလဲဆိုတာကို သူ မသိသော်ငြား ဤဖယ်ရာရီ၏တန်ဖိုးကတင် သန်းပေါင်းများစွာ တန်ဖိုးရှိသည်။

ယဲ့ချန်းက ပြောလိုက်ပြန်သည်။

"လောင်ကွမ်း.. မင်း ငါ့ကို ညီအစ်ကိုလို့သတ်မှတ်ရင် ဒီလက်ဆောင်ကို လက်ခံစမ်းပါ"

ယဲ့ချန်း၏စရိုက်ကို နားလည်သူပီပီ လီကွမ်းလည်း လက်ဆောင်ကို လက်ခံရရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။

မင်္ဂလာဧည့်ခံပွဲကား ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့သည်။

မင်္ဂလာပွဲတက်ရောက်ပြီးနောက် ယဲ့ချန်းလည်း လီရှီယန်ကို မြို့ထဲသို့ ပြန်လိုက်ပို့သည်။

"မင်းရဲ့အိမ်က ဘယ်မှာလဲ"

ယဲ့ချန်း မေးလိုက်သည်။

လီရှီယန်ကတော့ ခပ်ပြုံးပြုံးသာ။

"အိမ်ပြန်ရမှာ ပျင်းစရာကြီး။ ကျွန်မတို့ တစ်ခုခုလုပ်ကြမလား..."

••••••••••••

All Chapters