မင်းကောင်မလေးကို ငါ့ကိုပေး
Vol. 11 Ch. 157
ရှောင်ယာက ယဲ့ချန်းကို မျက်ဆန်လည်ပြီး ပြောလိုက်၏။
"မဟုတ်ပါဘူးနော်။ ကျွန်မက မိန်းမကောင်းလေးပါ"
ယဲ့ချန်းကလည်း ရှောင်ယာ၏စကားကို ယုံကြည်သောကြောင့် ရယ်မောလိုက်မိသည်။
လက်ဖက်စိမ်းမစစ်ဆေးရေးကိရိယာက ရှောင်ယာသည် အပြစ်ကင်းကြောင်း သက်သေပြနေပေသည်။
ဤသည်မှာ သူ(မ)အနေနှင့် ထိုကဲ့သို့သောလုပ်ရပ်မျိုးကို လုံးဝမလုပ်ဖူးကြောင်း သက်သေပင်။
ယဲ့ချန်း ကားမောင်းနေစဉ် သူ့ဖုန်းက ထမြည်လာသည်။
"ဟယ်လို ဥက္ကဋ္ဌယဲ့လား"
"ဘယ်သူလဲမသိဘူး"
"ကျွန်တော်က ဟန်သိုက်လုပ်ငန်းစုရဲ့ အထွေထွေမန်နေဂျာ ထျန်ခွန်းပါ။ ခင်ဗျားက ကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်သွားပြီလို့ ကျွန်တော်တို့ အခုပဲ သတင်းရထားပါတယ်"
"ဟုတ်ပါတယ်။ လိုအပ်တာတစ်ခုခုများရှိလို့လား"
ယဲ့ချန်းက တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။
"မရှိပါဘူးဗျ။ ကျွန်တော်တို့လုပ်ငန်းစုက ဟွမ်ဖူမြစ်ကမ်းဘေးက "ရှုခင်းသာ"လို့ခေါ်တဲ့ အိမ်ခြံမြေစီမံကိန်းတစ်ခုကို သိပ်မကြာခင်ကပဲ လက်စသတ်ပြီးပါပြီ။ အဓိကရှယ်ယာရှင်တစ်ယောက်အနေနဲ့ လုပ်ငန်းစုဘက်က ခင်ဗျားကို စတုရန်းမီတာ၁၇၀ရှိတဲ့ အိပ်ခန်းလေးခန်း၊ ဧည့်ခန်းနှစ်ခန်းပါတဲ့ တိုက်ခန်းတစ်လုံးကို ပေးချင်ပါတယ်။ ခင်ဗျား အချိန်မရွေးလာကြည့်လို့ရပါတယ်"
"ဪ ဒီလိုကိုး"
ယဲ့ချန်းလည်း ဖုန်းချပြီးနောက် ပြုံးလိုက်မိသည်။
"မင်း အားတယ်ဆိုရင် ငါနဲ့အတူ အိမ်သွားကြည့်ရအောင်"
ရှောင်ယာလည်း ခေါင်းညိတ်ပြလိုက်သည်။ ယဲ့ချန်း ဖုန်းပြောနေတုန်းက စကားများကို သူ(မ) ကြားလိုက်သည်။
ယဲ့ချန်းက စတုရန်းမီတာ၁၇၀ရှိသော အိမ်တစ်လုံးကို လက်ဆောင်အဖြစ် လက်ခံရရှိလိုက်သဖြင့် သူ ဘယ်သူဘယ်ဝါဖြစ်ကြောင်း စုရှောင်ယာ တွေးနေမိသည်။
ဪ ဟုတ်သားပဲ.. ဟွမ်ဖူမြစ်ကမ်းဘေးက ရှုခင်းသာဆိုတာ ချင်မေ့ရဲ့ရှူးဂါးဒယ်ဒီက သူ့အတွက် အိမ်ဝယ်ပေးဖို့ စီစဉ်နေတဲ့နေရာမဟုတ်လား…
ယဲ့ချန်းက ရှုခင်းသာရုံးခန်းရှေ့တွင် ကားထိုးရပ်လိုက်ပြီးနောက် နှစ်ယောက်သား ရုံးခန်းထဲသို့ ဝင်လာချေသည်။
ထိုအခိုက်မှာပင် ဟူတာ့ဟိုင်ကလည်း ချင်မေ့နှင့်အတူ အိမ်ရွေးနေသည်။
ချင်မေ့က စိတ်လှုပ်ရှားစွာဖြင့် အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခန်းပါသော တိုက်ခန်းတစ်လုံးကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။
"ဒယ်ဒီ.. ဒီအိပ်ခန်းနှစ်ခန်း ဧည့်ခန်းတစ်ခန်းပါတဲ့တိုက်ခန်းကို ဘယ်လိုသဘောရလဲ။ နေရောင်လည်း ကောင်းကောင်းရတယ်။ အခန်းနှစ်ခန်းဆိုတော့ တစ်ခန်းကို ကျွန်မတို့အိပ်ခန်းလုပ်လို့ရတယ်။ နောက်တစ်ခန်းကိုတော့ အိမ်တွင်းရုပ်ရှင်ရုံလုပ်လိုက်လို့ရတယ်လေ။ ကျွန်မ ချက်ပြုတ်ပြီးရင် ရုပ်ရှင်ကြည့်ရင်း…"
ဟူတာ့ဟိုင်က အရောင်းဝန်ထမ်းမလေးကို မေးလိုက်သည်။
"ဒီတိုက်ခန်းက ဘယ်လောက်လဲ"
အရောင်းဝန်ထမ်းမလေးက ပြုံးလိုက်လေသည်။
"ဒီအိပ်ခန်းနှစ်ခန်း ရေချိုးခန်းတစ်ခန်းပါတဲ့တိုက်ခန်းက စတုရန်းမီတာ၉၈ရှိပြီး ဈေးနှုန်းကတော့ ၅.၁၈သန်းပါ။ ဆရာ..လိုချင်တယ်ဆိုရင်တော့ မြန်မြန်ဝယ်မှဖြစ်မှာပါ။ ဒါက နောက်ဆုံးကျန်တဲ့တစ်ခန်းလေ"
ဟူတာ့ဟိုင် မျက်မှောင်ကြုတ်လိုက်မိသည်။ ၅.၁၈သန်းကို သုံးရမည့်အရေးအတွက် ရင်နည်းနည်းနာမိသည်။
မည်သို့ပင်ဖြစ်စေ ချင်မေ့က အမြောင်မယားတစ်ယောက်သာဖြစ်၏။ ပိုက်ဆံအများကြီး သုံးခြင်းကား လွန်ကဲလှသည်။
ဟူတာ့ဟိုင်က တွေဝေနေတာကို မြင်သောအခါ ချင်မေ့လည်း စိတ်ထဲမှ တိတ်တိတ်လေးဆဲဆိုလိုက်မိသည်။
"အဘိုးကြီး.. ငါ့မှာတော့ နင့်ကို နေ့တိုင်း ခွေးတစ်ကောင်လို ခယနေတာတောင် နင်က အိမ်တစ်လုံးဝယ်ပေးဖို့အရေး တွန့်ဆုတ်နေတယ်ပေါ့လေ"
သူ(မ)၏စိတ်ထဲတွင် ကျိန်ဆဲနေပါသော်ငြား အပြင်မှာတော့ ခခယယပြုံးလိုက်လေသည်။
"ဒယ်ဒီ.. ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ရုပ်ရှင်ထဲက ဇာတ်ကွက်တချို့ကို ပြောပြဖူးတယ်လေ။ ကျွန်မ အဲဒီဇာတ်ကွက်တွေကို စမ်းကြည့်ပေးဖို့ လိုလားပါတယ်။ ပြီးတော့ ရှင်ဝယ်ထားတဲ့ အဲဒီကိရိယာတွေနဲ့လည်း ကစားချင်တယ်။ ရှင်သာ ကျွန်မကို ဒီအိမ် ဝယ်ပေးရင်ပေါ့"
ချင်မေ့မှာ ဤအိမ်ကိုရဖို့အတွက် သူ(မ) တတ်စွမ်းသလောက် ကြံဆောင်နေပေသည်။ ထိုရုပ်ရှင်ဇာတ်ကွက်များကို တွေးမိလျှင် သူ(မ) ကြောက်လည်းကြောက်မိသလို ရွံလည်းရွံရှာမိသည်။
သို့သော် ရွေးချယ်စရာမရှိပေ။ အိမ်တစ်လုံးကို ပိုင်ဆိုင်ရဖို့အတွက် သူ(မ) ဘယ်အရာကိုမဆို လုပ်နိုင်သည်။
ဟူတာ့ဟိုင်၏မျက်ဝန်းအစုံကား လင်းလက်သွားလေသည်။
ယခင်က ထိုကစားနည်းများကို ကလိကြည့်ရန် ချင်မေ့ကို အကြံပြုခဲ့ဖူးသော်လည်း သူ(မ)ကတော့ အမြဲတမ်း ပြတ်ပြတ်သားသားငြင်းဆန်ခဲ့သည်။
ထို့ကြောင့် အံတင်းတင်းကြိတ်ရင်း လက်ခံတော့မည့်ဆဲဆဲမှာပင် ယဲ့ချန်းနှင့် ရှောင်ယာတို့ ရုံးခန်းထဲသို့ ဝင်လာတာကို မြင်လိုက်ရသည်။
ရှောင်ယာကိုမြင်သည်နှင့် ဟူတာ့ဟိုင်လည်း သူ့စကားများကို ပြန်ချုပ်တည်းထားလိုက်၏။
ဟူတာ့ဟိုင်၏အကြည့်လားရာအတိုင်း လိုက်ကြည့်မိသောအခါ သူသည် ဝင်ပေါက်ကို လှမ်းကြည့်နေကြောင်း ချင်မေ့ သိလိုက်ရသည်။
ထိုနေရာတွင် ရှောင်ယာရပ်နေသည်ကို မြင်လိုက်ရချိန်ဝယ် သူ(မ) ရင်ထိတ်သွားရသည်။
ချင်မေ့မှာ ဒေါသူပုန်ထလုနီးပါးပင်။
ယုတ်ညံ့တဲ့ ဒီမိန်းမက ဘာလို့ပေါ်လာရတာလဲ? ငါတို့က ရန်သူတွေလား? သူက ငါ့အကြံအစည်တွေကို ဖျက်ဆီးဖို့ ရောက်လာတာလား?
ချင်မေ့က ဟူတာ့ဟိုင်၏လက်ကိုကိုင်၍ ပြောလိုက်သည်။
"ဒယ်ဒီ..ဘာတွေတွေဝေနေတာလဲ"
ဟူတာ့ဟိုင်က ပြန်ဖြေလိုက်သည်။
"ချင်မေ့.. မင်းကို အိမ်တစ်လုံးဝယ်ပေးရတာ ပြဿနာမရှိပါဘူး။ ဘီအမ်ဒဗလျူတစ်စီးတောင် ဝယ်ပေးနိုင်တယ်။ ဒါပေမဲ့ မင်းရဲ့သူငယ်ချင်းမလေးကို ငါ့ဆီရောက်လာအောင် ကူညီပေးရမယ်"
ဤစကားကိုကြားသော် ချင်မေ့ အံတင်းတင်းကြိတ်လိုက်မိသည်။
"ကောင်းပြီလေ။ ရှင်ပြောတာနော်"
ဟူတာ့ဟိုင်က ရယ်မောလိုက်ချေသည်။
"ဟုတ်တယ်။ ပြီးရင် မင်းတို့နှစ်ယောက် ငါ့ကို အတူပြုစုကြပေါ့။ ဘယ်လောက်ကောင်းလိုက်သလဲ"
ဟူတာ့ဟိုင်က စွဲဖက်ဖွယ်ကောင်းသော ထိုအခိုက်အတန့်လေးကို ကြိုမြင်ယောင်နေမိလေပြီ။
ချင်မေ့ကတော့ ဟူတာ့ဟိုင်ကို စိတ်ထဲတွင် လူယုတ်မာဟု ဆဲဆိုလိုက်သော်ငြား အပြင်ဘက်တွင်မူ ဤသို့ဆို၏။
"ရှောင်ယာရဲ့ရည်းစားက တက္ကစီမောင်းတာလေ။ ကျွန်မ ရှောင်ယာကို အာရုံလွှဲထားပေးမယ်။ ဘာဆက်လုပ်ရမလဲဆိုတာတော့ ရှင်သိတယ်မလား"
ဟူတာ့ဟိုင်လည်း ခေါင်းညိတ်ပြသည်။
"ကိစ္စမရှိဘူး"
ချင်မေ့ ပြုံးလိုက်လေသည်။
"ရှောင်ယာ နင်လည်း ဒီကိုရောက်နေတာလား"
ယဲ့ချန်းကို မြင်လိုက်ရချိန်တွင်မူ ချင်မေ့ ကြက်သေသေသွားရသည်။
ရှောင်ယာ စိတ်ဝင်စားနေတာလည်း မထူးဆန်းတော့ပါ။ ယဲ့ချန်းက အံ့ဖွယ်ကောင်းလောက်အောင် ချောမောလွန်းလှသည်။
ချင်မေ့ကိုယ်တိုင်ပင် ဆွဲဆောင်ခံလိုက်ရသည်။
သို့သော် ယခုလောလောဆယ်တွင် သူ(မ)၏စိတ်ထဲ၌ အိမ်အကြောင်းသာ ပြည့်နှက်နေသောကြောင့် ရှောင်ယာကို ပြောလိုက်၏။
"နင့်ကို မိတ်ဆက်ပေးရဦးမယ်။ ဒါက ဟန်သိုက်ကုမ္ပဏီရဲ့လက်ထောက်မန်နေဂျာဟူတဲ့။
ဟူတာ့ဟိုင်က သူ့ဗိုက်ပူကြီးကိုပုတ်ရင်း ရှောင်ယာနှင့် လက်ဆွဲနှုတ်ဆက်ရန် ကမ်းဆန့်ထုတ်လိုက်သည်။
သို့သော် ရှောင်ယာကတော့ လက်ဆန့်မထုတ်ဘဲ ခေါင်းသာညိတ်ပြသည်။
ဤအဘိုးကြီး၏ရည်ရွယ်ချက်များက မကောင်းလှကြောင်း သတိထားမိသည့်အတွက် ယဲ့ချန်းက ရှောင်ယာ့ရှေ့သို့ တိုးသွားလိုက်သည်။
ထိုအခါ ဟူတာ့ဟိုင် မျက်နှာပျက်သွားပြီး သိသိချည်းဖြင့် မေးလိုက်သည်။
"မင်းက ဘာအလုပ်လုပ်တာလဲ လူငယ်လေး"
ယဲ့ချန်းကတော့ အမှုမထားဟန်ဖြင့် ပြန်ဖြေလေသည်။
"ကျွန်တော်က တက္ကစီမောင်းပါတယ်"
ဒီတော့ သူ တကယ်ပဲ တက္ကစီမောင်းတာကိုး…
ဟူတာ့ဟိုင် ထိုသို့တွေးရင်း ရှောင်ယာကို အရယူမည့် သူ့အစီအစဉ်က ပိုသေချာသွားရသည်။
ဟူတာ့ဟိုင်သည် လူငယ်စုံတွဲများစွာကို လိုက်ဖြတ်ခဲ့ပြီး သူတို့၏ချစ်သူကောင်မလေးများကို သူ့မယားငယ်များဖြစ်လာအောင် လုပ်ခဲ့ဖူးသည်။ ထို့ကြောင့် ဤကဲ့သို့သောကိစ္စများတွင် သူသည် အတွေ့အကြုံရင့်သန်လှသူဖြစ်၏။
ချင်မေ့ကို သူ အဓိပ္ပာယ်ပါသော အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။ ချင်မေ့ကလည်း သဘောပေါက်သွားလေသည်။
သူက ရှောင်ယာ၏လက်ကို ဆွဲကိုင်၍ ပြောလိုက်၏။
"ရှောင်ယာ..ငါသဘောကျတဲ့ အိမ်တစ်လုံးတွေ့ထားတယ်။ နင် ငါ့ကို ကူကြည့်ပေးလို့ရမလား"
ချင်မေ့က ရှောင်ယာကို ခေါ်သွားလေရာ ဟူတာ့ဟိုင်နှင့် ယဲ့ချန်းတို့သာ ကျန်ရစ်ခဲ့တော့သည်။
ဟူတာ့ဟိုင်က လက်နောက်ပစ်ထားပြီး မောက်မာစွာဖြင့် ပြောလိုက်သည်။
"လူငယ်လေး..အမှန်အတိုင်းပြောရရင် ငါ မင်းကောင်မလေးကို စိတ်ဝင်စားတယ်"
ယဲ့ချန်းကတော့ မျက်ခုံးပင့်လိုက်မိသည်။ ထင်ထားသည့်အတိုင်းပင်။ ဤလူ့တွင် ရည်ရွယ်ချက်ကောင်းများ မရှိချေ။ု
ဟူတာ့ဟိုင် တဟားဟားအော်ရယ်လိုက်သည်။
"တက္ကစီမောင်းရတာဆိုတော့ မင်းလည်း တစ်လကို သုံးလေးထောင်လောက်ပဲ ရမှာပေါ့။ ဟုတ်တယ်မလား။ ငါ မင်းကို ငါးသိန်းပေးမယ်။ ရှောင်ယာ့ကို လက်လွှတ်လိုက်"
ယဲ့ချန်းကလည်း အေးတိအေးစက်ရယ်မောလိုက်ချေသည်။
"ငါးသိန်းတည်းနဲ့ ကျုပ်ကောင်မလေးကို ဝယ်ချင်တယ်ပေါ့။ အိပ်မက်မက်နေလိုက်လေ"
ဟူတာ့ဟိုင်ကတော့ ယဲ့ချန်း၏တုံ့ပြန်မှုကို မအံ့ဩပေ။ သူ့အမြင်တွင် ယဲ့ချန်း၏ငြင်းဆန်မှုက သူ့ကမ်းလှမ်းငွေ မလုံလောက်သောကြောင့်ဟု ထင်နေခြင်းပင်။
ယခင်လူများတုန်းကလည်း အစပိုင်းတွင် ဆုံးဖြတ်ချက်ခိုင်မာခဲ့ကြသော်ငြား ဈေးနှုန်းမြင့်လာသည်နှင့် ဆန်ကုန်မြေလေးများအဖြစ်ပြောင်းလဲသွားကြသည်သာ။
ဟူတာ့ဟိုင် ရယ်မောလိုက်မိသည်။
"အလျင်စလိုမငြင်းပါနဲ့ဦး။ ငါ မင်းကို တစ်သန်းပေးမယ်။ ပြီးတော့ တစ်လကို တစ်သောင်းကျော်ရတဲ့ အလုပ်တစ်ခုနဲ့လည်း မိတ်ဆက်ပေးမယ်။ ဘယ်လိုလဲ"
ယဲ့ချန်း လှောင်ပြောင်သရော်လိုက်လေတော့သည်။
"ဆောရီးပဲ။ ဘယ်လောက်ပဲပေးပေး သဘောတူမှာမဟုတ်ဘူး"
ဟူတာ့ဟိုင် မျက်နှာပျက်ရလေပြီ။ ထို့နောက် သူ အေးတိအေးစက်လေသံဖြင့် ပြောလိုက်သည်။
"တစ်သန်းခွဲကွာ။ ပြီးတော့ လစာတစ်သောင်းခွဲရမဲ့ အလုပ်တစ်ခုလည်း ပါမယ်။ ချာတိတ်..ဒါက နောက်ဆုံးကမ်းလှမ်းမှုနော်။ ငြင်းမယ်ဆိုရင် တစ်ပြားမှရမှာမဟုတ်တော့ဘူး။ ငါကတော့ မင်းကောင်မလေးကို အရယူသွားမှာ"
ယဲ့ချန်း ဟွန့်ခနဲနှာမှုတ်လိုက်သည်။
"ဘာလဲ။ ခင်ဗျားက ကျွန်တော့်ဆီက လုမလို့လား"
ဟူတာ့ဟိုင်က မောက်မောက်မာမာရယ်မောလိုက်လေသည်။
"ငါဆိုတဲ့ ဟူတာ့ဟိုင်မျက်စိကျသွားတဲ့ မိန်းမတွေက ဘယ်တုန်းကမှ ငါ့လက်ကမလွတ်ဖူးဘူး"
ယဲ့ချန်းကား ခေါင်းတညိတ်ညိတ်။
"ခင်ဗျား လူရွေးမှားသွားတာတော့ နှမြောစရာပဲ။ အိုး..ခင်ဗျားက ဟန်သိုက်လုပ်ငန်းစုရဲ့ အထွေထွေမန်နေဂျာလို့ပြောလိုက်တာနော်။ ဟုတ်တယ်မလား"
"ဟမ့်! မင်းက ငါ့အကြောင်းသိနေတာတောင် မောက်မာရဲတုန်းပဲနော်"
ဟူတာ့ဟိုင်က ကြွားလုံးထုတ်လိုက်သည်။
ယဲ့ချန်းကတော့ ခေါင်းညိတ်ပြသည်။
"ဒီနေ့ကစပြီး ခင်ဗျားကို အလုပ်ဖြုတ်လိုက်ပြီ"
"ဘာ?"ု
ဟူတာ့ဟိုင်ခမျာ ကြက်သေသေသွားလေသည်။ ထို့နောက် သူ့မျက်နှာထက်တွင် ထီမထင်ဟန်အမူအရာတစ်ခု ပေါ်ပေါက်လာသည်။
"ချာတိတ် မင်းကိုယ်မင်း ဘယ်သူများအောက်မေ့နေတာလဲ။ ငါ့ကိုအလုပ်ဖြုတ်မယ်ပေါ့။ မင်းမှာ လုပ်ပိုင်ခွင့်ရှိတယ်များ ထင်နေတာလား"
ဟူတာ့ဟိုင် လှောင်ရယ်ရယ်လိုက်ချေသည်။
•••••••••••••