← Chapters

ငါတို့က ဖြူစင်တယ်

Vol. 11 Ch. 158

ငါတို့က ဖြူစင်တယ်

Vol. 11 Ch. 158

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"ခင်ဗျား ဟန်သိုက်လုပ်ငန်းစုရဲ့ဥက္ကဋ္ဌကိုဖုန်းဆက်ပြီး သူတို့ရဲ့ဘော့စ်က ဘယ်သူလဲဆိုတာ မေးကြည့်လိုက်လို့ရတယ်လေ"

ဟူတာ့ဟိုင်မှာ ယဲ့ချန်းကို ငတုံးတစ်ယောက်ကိုကြည့်သလို စိုက်ကြည့်နေလေသည်။

"မင်းက ဟန်သိုက်လုပ်ငန်းစုရဲ့ဘော့စ်လို့ ပြောမလို့တော့ မဟုတ်ဘူးမလား"

ယဲ့ချန်းက စကားမပြောဘဲ ပြုံးရုံသာ ပြုံးနေချေသည်။

ဟူတာ့ဟိုင်က အေးတိအေးစက်သရော်လိုက်လေသည်။

ဟန်သိုက်လုပ်ငန်းစု၏ဘော့စ်က တုဇစ်ဖုန်းဖြစ်ကြောင်း လူတိုင်းသိသည်။ ထိုလူမှာ သူ့ဝမ်းကွဲနှင့် အလွန်ရင်းနှီးပေသည်။

သူငယ်နာတောင်မစင်သေးတဲ့ ဒီချာတိတ်က ဘယ်လိုလုပ်ပြီး ဘော့စ်ဖြစ်နိုင်မှာလဲ?

ရုတ်တရက်ဆန်သော အတွေးတစ်ခုက သူ့ခေါင်းထဲ လင်းလက်လာချေသည်။

ရှောင်ယာက ဤတက္ကစီဒရိုင်ဘာနှင့် ပလဲနံသင့်နေသည်မှာ အံ့ဩစရာမရှိတော့ပေ။ ဤချာတိတ်က သူ့ကိုယ်သူ ဟန်သိုက်လုပ်ငန်းစု၏ ဘော့စ်ဟု ရှောင်ယာကို လိမ်ညာထားခြင်းပင်။

ဒါပဲ။ ဒီလိုပဲဖြစ်ရမယ်..

ငါသာ စုရှောင်ယာရှေ့မှာ ယဲ့ချန်းရဲ့သရုပ်မှန်ကို ဖော်ထုတ်လိုက်မယ်ဆိုရင် စုရှောင်ယာလည်း ယဲ့ချန်းကို ထားသွားမှာပဲ..

စုရှောင်ယာကို ပိုက်ဆံတစ်ပြားမှမကုန်ဘဲ ရတော့မည်ဖြစ်ကြောင်း တွေးမိသောအခါ ဟူတာ့ဟိုင် ပို၍စိတ်လှုပ်ရှားသွားရသည်။

ဟူတာ့ဟိုင်က လှောင်ပြောင်သရော်လိုက်၏။

"ချာတိတ်.. မင်းက ဟန်သိုက်လုပ်ငန်းစုရဲ့ဘော့စ်ဆိုပြီး ဟန်ဆောင်ရဲတယ်ပေါ့။ ငါ ဖုန်းခေါ်ပြမယ်။ မင်းက လူလိမ်ဆိုတာ သက်သေပြနိုင်ခဲ့ရင် မင်းတော့ သေပြီပဲ"

ဤသို့ပြောရင်း ဟူတာ့ဟိုင်က ဟန်သိုက်လုပ်ငန်းစု၏ ဒုဥက္ကဋ္ဌဟူမင်ကို ဖုန်းခေါ်လိုက်သည်။

ဟူမင်က ဟူတာ့ဟိုင်၏ဝမ်းကွဲဖြစ်၏။ ထူးခြားလှသော ဤဆက်ဆံရေးကြောင့် ဟူတာ့ဟိုင်က ထိုကုမ္ပဏီ၏ အထွေထွေမန်နေဂျာဖြစ်လာခြင်းပင်။

ဖုန်းဝင်သွားပြီးနောက် တစ်ဖက်ခြမ်းမှ အသံတစ်သံ ထွက်ပေါ်လာသည်။

"တာ့ဟိုင် ဘာကိစ္စလဲ။ မင်းတို့တွေ အိမ်ပိုင်ရှင်တွေနဲ့ ပြဿနာတက်ပြန်ပြီလား။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ပြင်ဆင်ခအတွက် မင်းဆီက ပိုက်ဆံနှုတ်ရမှာကိုတောင် အခုလေးတင် ဖြေရှင်းပြီးတာနော်။ ငါ့ကို ပြဿနာထပ်မရှာနဲ့တော့"

ဟူတာ့ဟိုင်ကလည်း တလေးတစားပြောလိုက်ချေသည်။

"အစ်ကိုရာ မဟုတ်ပါဘူး။ ကျွန်တော်က တစ်ခုလောက်အတည်ပြုချင်လို့ပါ"

"ဘာလဲ"

ဟူမင်က အေးတိအေးစက်လေသံဖြင့် မေးလိုက်သည်။

"ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌက တုဇစ်ဖုန်းပဲမလား"

ဤစကားကိုကြားသောအခါ ဟူမင်လည်း ခဏမျှတုံ့ဆိုင်းသွားလေသည်။

"မင်း ဘာလို့မေးတာလဲ"

ဟူတာ့ဟိုင်က ဆို၏။

"သူ့ကိုယ်သူ ဟန်သိုက်လုပ်ငန်းစုရဲ့ဥက္ကဋ္ဌပါဆိုပြီး ပြောနေတဲ့ လူတစ်ယောက်နဲ့တွေ့လို့။ ရယ်ရတယ်မလား"

ဤစကားကိုကြားပြီးနောက် ဟူမင်၏အမူအရာကား အနည်းငယ်ပြောင်းလဲသွားသည်။

"အဲဒီလူက ယဲ့ချန်းလို့ခေါ်တဲ့ လူငယ်လေးလား"

ဟူတာ့ဟိုင်၏လက်အစုံကား တုန်ယင်သွားလေရာ ဖုန်းလွတ်ကျတော့မတတ်ပင်။

"အစ်ကို ဘယ်လိုလုပ်သိတာလဲ"

"အကောင်စုတ်..သူက ငါတို့ရဲ့ဥက္ကဋ္ဌအသစ်ပဲ"

"ဟင်"

ဟူတာ့ဟိုင်ခမျာ သူ့ဘေးရှိ ယဲ့ချန်းကိုကြည့်ပြီး မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်သွားလေတော့သည်။

ယဲ့ချန်းကမူ ဟူတာ့ဟိုင်ကို နောက်ပြောင်ကျီစယ်လိုဟန်အမူအရာဖြင့် ကြည့်၍ အသာမေးလိုက်သည်။

"ကဲ ခင်ဗျားယုံပြီလား"

"ဥက္ကဋ္ဌယဲ့..မဟုတ်ပါဘူး ကျွန်တော် မှားသွားပါတယ်..."

ယဲ့ချန်းက ဖုန်းကိုဆွဲယူလိုက်သည်။

"ခင်ဗျားက ဟူမင်လား"

တစ်ဖက်ခြမ်းရှိ အေးတိအေးစက်အသံကို ကြားလိုက်ရချိန်ဝယ် ဟူမင်လည်း ကပျာကယာပြန်ပြောလိုက်၏။

"ဥက္ကဋ္ဌယဲ့.. မင်္ဂလာပါ။ ကျွန်တော်က ဟန်သိုက်လုပ်ငန်းစုရဲ့ဒုဥက္ကဋ္ဌဟူမင်ပါ။ ဘာများညွှန်ကြားချင်လို့လဲဗျ"

ယဲ့ချန်းက အမှုမထားဟန်ဖြင့် ပြောလိုက်သည်။

"ညွှန်ကြားစရာနှစ်ခုရှိတယ်။ ပထမတစ်ခုက ခင်ဗျားရဲ့ဝမ်းကွဲဟူတာ့ဟိုင်ကို ဟန်သိုက်လုပ်ငန်းစုကနေ အလုပ်ထုတ်လိုက်"

ဤစကားကိုကြားလိုက်ရချိန်၌ ဟူတာ့ဟိုင်၏မျက်နှာကား ဖြူဖျော့သွားလေတော့သည်။

သူအကြောက်ဆုံးအရာကား ဖြစ်ပျက်သွားလေပြီ။

ယဲ့ချန်း ဆက်ပြောလိုက်သည်။

"ဒုတိယတစ်ခုကတော့ ရဲစခန်းကိုသွားပြီး တရားမဝင်လုပ်ရပ်တွေအားလုံးကို ဝန်ခံလိုက်"

ဟူမင် : “…”

"ဘော့စ် ကျွန်တော်မှားသွားပါတယ်"

ဟူမင် စကားဆုံးအောင် မပြောရသေးခင်မှာပင် ယဲ့ချန်းက ဖုန်းချပစ်လိုက်သည်။

ဤလူငယ်လေးက ယဲ့ချန်းဖြစ်နေလိမ့်မည်ဟု ဟူတာ့ဟိုင် လုံးဝထင်မထားပေ။

သူ့ခမျာ မျက်နှာဖြူဖပ်ဖြူရော်ဖြင့် ကြမ်းပြင်ပေါ်သို့ ဒုန်းခနဲပြိုလဲသွားလေသည်။

ထိုအချိန်မှာပင် စုရှောင်ယာက ချင်မေ့နှင့်အတူ ပြန်ရောက်လာခဲ့သည်။ ဟူတာ့ဟိုင်က မျက်နှာဖြူဖပ်ဖြူရော်နှင့် ကြမ်းပြင်ပေါ်သို့ လဲကျနေတာကို မြင်သောအခါ ချင်မေ့ ကပျာကယာပြေးသွားလိုက်သည်။

"ယဲ့ချန်း.. ရှင် လူကို ဘာလို့ရိုက်လိုက်တာလဲ။ လုံခြုံရေး..လုံခြုံရေးက ဘယ်မှာလဲ။ ဒီကောင်လေးကိုဖမ်းဖို့ ရဲကို မြန်မြန်ဖုန်းဆက်လိုက်စမ်း"

ချင်မေ့ အပျော်လုံးစို့သွားချေသည်။ ဟူတာ့ဟိုင် အရိုက်နှက်ခံလိုက်သည့်အတွက် သူ(မ)လည်း စိတ်ပူကြောင်းပြသရန် အပြေးအလွှားသွားလိုက်သည်။ ဟူတာ့ဟိုင်တော့ အလွန်ကျေနပ်သွားလိမ့်မည်ဟု တွေးနေမိသည်။

ဖြောင်း!

ဟူတာ့ဟိုင်က လက်မြှောက်၍ ချင်မေ့၏မျက်နှာကို ရိုက်ချလိုက်သည်။ ချင်မေ့ခမျာ အကြောင်သားဖြစ်သွားလေသည်။

"ဒယ်ဒီ..ကျွန်မကို ဘာလို့ရိုက်တာလဲ"

ဟူတာ့ဟိုင်က အေးတိအေးစက်ပြန်ပြောလိုက်သည်။

"မင်း ဘာဖြစ််နေတာလဲ။ ဥက္ကဋ္ဌယဲ့ကို ဒီလိုစကားမျိုး ပြောရဲရသလား"

ဤသို့ပြောရင်း ဟူတာ့ဟိုင်က ကြမ်းပြင်ပေါ်မှ ကုန်းထ၍ ယဲ့ချန်းရှေ့တွင် ဒုန်းခနဲဒူးထောက်ချလိုက်၏။

"ဥက္ကဋ္ဌယဲ့.. ကျွန်တော် မှားသွားပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျွန်တော် ခင်ဗျားကို မသိလိုက်လို့ပါ။ ခွင့်လွှတ်ပေးပါ"

ဟူတာ့ဟိုင်က လူရမ်းကားတစ်ယောက်ပင်။

သူ့ဝမ်းကွဲက တရားမဝင်ရာထူးတိုးပေးထားသောကြောင့်သာ မဟုတ်ပါက ဤကုမ္ပဏီ၏ အထွေထွေမန်နေဂျာရာထူးကို မည်သို့ရနိုင်မည်နည်း။

ယဲ့ချန်း၏သရုပ်မှန်ကို သိလိုက်ရပြီဖြစ်သောကြောင့် သူ့အနေနှင့် ဒူးထောက်ပြီး တောင်းပန်ရုံသာရှိတော့သည်။

ယဲ့ချန်း၏အမူအရာကား အေးစက်သွားချေသည်။

ဟန်သိုပ်လုပ်ငန်းစုက သူ့ကုမ္ပဏီဖြစ်သွားလေပြီ။ သို့ဖြစ်လေရာ ဤကဲ့သို့သော ကင်ဆာမြစ်ပွားနာတစ်ခုကို ကုမ္ပဏီထဲတွင် မထားနိုင်ပေ။

ယဲ့ချန်းဘက်က မတုန်မလှုပ်ဖြစ်နေတာကို မြင်သောအခါ ဟူတာ့ဟိုင် အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။ သူကျူးလွန်ထားသောကိစ္စများမှာ စုံစမ်းစစ်ဆေးလို့မဖြစ်ပေ။

အကယ်၍ စုံစမ်းစစ်ဆေးလိုက်ပါက သူ့လက်ကျန်ဘဝတစ်ခုလုံး ထောင်ထဲမှာသာ နေရလိမ့်မည်။

ဟူတာ့ဟိုင်၏မျက်ဝန်းထဲ၌ ကြမ်းကြုတ်ရက်စက်မှုများဖြင့် ပြည့်နှက်သွားပြီး ရုတ်တရက်ကြီး ယဲ့ချန်းကို လည်ပင်းညှစ်ရန် ကြိုးစားလေတော့သည်။

ယဲ့ချန်းကလည်း ကြိုတင်ပြင်ဆင်ထားပြီးဖြစ်လေရာ တစ်ဖက်လူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်၍ ကြမ်းပြင်ပေါ်သို့ ဖိချထားလိုက်သည်။

ထိုအချိန်မှာပင် လုံခြုံရေးများက အပြေးအလွှားရောက်ချလာ၏။ ယဲ့ချန်းကလည်း ပြောလိုက်သည်။

"ကျွန်တော်က ဝမ်သိုက်လုပ်ငန်းစုရဲ့ဥက္ကဋ္ဌ ယဲ့ချန်းပါ။ ချက်ချင်းရဲခေါ်လိုက်ပါ"

အရောင်းဌာန၏ အထွေထွေမန်နေဂျာမှာ ဤစကားကြောင့် အမူအရာပြောင်းသွားလေသည်။

ဘုတ်အဖွဲ့ဝင်များ ပြောင်းလဲသွားကြောင်း ဤမနက်ကပင် သူ ကြားထားသည်။ ထို့ကြောင့် ဟူတာ့ဟိုင်ကိုချုပ်ထားပြီး ရဲတိုင်ရန် လုံခြုံရေးများကို ညွှန်ကြားလိုက်လေသည်။

မကြာခင်မှာပင် ရဲများ ရောက်ချလာပြီး ဟူတာ့ဟိုင်ကို ဆွဲခေါ်သွားကြသည်။

ထိုအခိုက်ဝယ် ဟန်သိုက်လုပ်ငန်းစု၏အမှုဆောင်များက ဤသတင်းကိုကြားပြီး အပြေးအလွှားရောက်လာကြသည်။

ယဲ့ချန်းက အေးတိအေးစက်လေသံဖြင့် ပြောလိုက်သည်။

"ဟူမင်နဲ့ ဟူတာ့ဟိုင်ရဲ့ တရားမဝင်လုပ်ရပ်တွေကို အသေးစိတ်စုံစမ်းစစ်ဆေးဖို့အတွက် ဥပဒေဌာနကို ။အကြောင်းကြားလိုက်။ ပြီးရင် ကုမ္ပဏီတစ်ခုလုံးကို ပြန်နေရာချမယ်"

အမှုဆောင်များလည်း တုန်လှုပ်သွားပြီး ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်ကြသည်။

ယဲ့ချန်းက လင်းယောင်ယောင်ကို ဖုန်းဆက်လိုက်သည်။

"ယောင်ယောင်.. ငါ အခုလေးတင် နောက်ထပ်ကုမ္ပဏီတစ်ခုကို ဝယ်ထားတယ်။ ဒါပေမဲ့ ပြုပြင်ဖို့လိုနေသေးတယ်။ အဲဒါကြောင့် မင်းကိုပဲ တာဝန်ပေးလိုက်တော့မယ်နော်"

လင်းယောင်ယောင်က ယဲ့ချန်းကို မျက်စောင်းထိုးလိုက်မိသည်။

"ရှင်ဆိုတဲ့ ဘော့စ်က ကိစ္စတိုင်းကို ကျွန်မဆီကို ပစ်ပေးပြီး ရှောင်ထွက်နေတယ်ပေါ့"

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"ဟုတ်တာပေါ့။ မင်းလည်း အလကားလုပ်ရမှာမဟုတ်ပါဘူး။ ငါ မင်းအတွက် ဖယ်ရာရီတစ်စီး ဝယ်ပေးထားတယ်။ အခုလောက်ဆိုရင် အရောင်းပြခန်းက မင်းဆီကို လာပို့နေလောက်ပြီ။ မင်းရဲ့ကြိုးစားမှုအတွက် ဆုလာဘ်လို့ သဘောထားလိုက်လေ"

လင်းယောင်ယောင်က အေးတိအေးစက်နှာမှုတ်လိုက်၏။

"ကျွန်မက ရှင့်ပိုက်ဆံတွေကိုမက်တဲ့ တခြားမိန်းမတွေလိုများ ထင်နေလား။ ကျွန်မ ရှင့်ရဲ့ဘယ်အရာကိုကြိုက်လဲဆိုတာ ရှင်သိပါတယ်"

ယဲ့ချန်းခမျာ ကိုးရိုးကားရားပြုံးလိုက်လေသည်။

"ကောင်းပါပြီ။ ကောင်းပါပြီ။ ငါ မင်းကို ဂရုစိုက်ဖို့လည်း အချိန်ပေးပါ့မယ်"

ဖုန်းချလိုက်ပြီးနောက် ယဲ့ချန်းက စားပွဲပေါ်ရှိ အိမ်ပုံစံမော်ဒယ်လ်တစ်ခုကို လက်ညှိုးထိုးပြပြီး စုရှောင်ယာကို ပြုံးပြလိုက်သည်။

"အိပ်ခန်းလေးခန်းပါတဲ့ ဒီတိုက်ခန်းက မင်းအတွက်ပဲ"

ယဲ့ချန်းတွင် အိမ်ရာပေါင်းများစွာရှိသည့်အတွက် အိမ်ငှားရမည်ဆိုလျှင်လည်း အလွန်ဒုက္ခများလှသည်။ ရိုးရှင်းလှသော စုရှောင်ယာ၏စိတ်နေသဘောထားကို သူ အမြဲသဘောကျခဲ့ရသည်။ ထို့ကြောင့် ဤတိုက်ခန်းကို သူ(မ)အတွက် ဝယ်ပေးလိုက်ခြင်းပင်။

ဘေးနားတွင် မတ်တတ်ရပ်နေသော ချင်မေ့ကတော့ အကြောင်သားဖြစ်နေလေသည်။

စုရှောင်ယာက ရိုးသားနုံအလှသော မိန်းကလေးတစ်ယောက်ဖြစ်သည်ဟု သူ(မ) အမြဲတွေးထင်ထားမိသည်။ သို့သော် ငယ်ရွယ်ချောမောရုံသာမက ချမ်းသာကြွယ်ဝသည့် လူတစ်ယောက်ကို အရယူနိုင်ခဲ့သည်။

ချင်မေ့၏မျက်ဝန်းအစုံကား တောက်ပသွားရပြီး ယဲ့ချန်း၏လက်မောင်းကို ရုတ်တရက်ပွေ့ဖက်လိုက်ချေသည်။

"မစ္စတာယဲ့..ကျွန်မကို အဲဒီလူယုတ်မာအိုကြီးဆီက ကယ်ထုတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မလည်း ရှင့်ဆီမှာ ကိုယ့်ကိုယ်ကိုယ်အပ်နှံချင်တယ်။ ရှင့်အမျိုးသမီးဖြစ်ချင်တယ်"

ယဲ့ချန်းက "လက်ဖက်စိမ်းမ"စစ်ဆေးရေးစနစ်ကိုသုံးလိုက်သည်။

"လက်ဖက်စိမ်းရမှတ် တစ်ရာ"

သေစမ်း.. ဒီအမှတ်ကိုရဖို့ဆိုရင် ယောကျ်ားဘယ်နှယောက်နဲ့ ပတ်သက်ခဲ့ရမလဲဆိုတာ ဘယ်သူသိမှာလဲ...

ယဲ့ချန်းလည်း ချင်မေ့ကို တွန်းထုတ်ပစ်လိုက်သည်။

"တောင်းပန်ပါတယ်။ ကျွန်တော်က လက်ဖက်စိမ်းမတွေကို စိတ်မဝင်စားဘူး"

ဤသို့ပြောရင်း ယဲ့ချန်းက စုရှောင်ယာ၏လက်ကို ဆုပ်ကိုင်၍ ပြုံးလိုက်သည်။

"ရှောင်ယာ သွားရအောင်"

စုရှောင်ယာခမျာ ရှက်သွေးဖြာသွားပြီး ယဲ့ချန်း၏ဘေးမှ လိုက်သွားချေသည်။ ထို့နောက် သတ္တိမွေးပြီး ပြောလိုက်၏။

"အစ်ကိုယဲ့.. ဒီသဘောက ကျွန်မက ရှင့်အပျော်မယားဖြစ်သွားပြီဆိုတဲ့သဘောလား"

ယဲ့ချန်း : “…”

ယဲ့ချန်းလည်း စုရှောင်ယာ၏နှာခေါင်းကို တို့လိုက်မိလေတော့သည်။

"ငတုံးမလေး.. ငါက စိတ်ဓာတ်ပုပ်သိုးနေတဲ့ အဲဒီအဘိုးကြီးတွေလို မဟုတ်ဘူး။ မင်းသဘောမကျတဲ့ ဘယ်အရာကိုမှ အတင်းမလုပ်ခိုင်းပါဘူး။ ငါတို့က အရမ်းဖြူစင်တယ်"

•••••••••••••

All Chapters