ယဲ့ချန်း၏ဟောကိန်း
Vol. 11 Ch. 165
ယန်ချွမ်းက ယဲ့ချန်း၏အနောက်ကတစ်ဆင့် အပြင်ဘက်သို့ လိုက်လာခဲ့ပြီး သိချင်စိတ်ဖြင့် မေးလိုက်မိသည်။
"အစ်ကိုယဲ့.. ကျွန်တော့်လက်ညှိုး ထိခိုက်မိလိမ့်မယ်ဆိုတာ ခင်ဗျား ဘယ်လိုလုပ်သိတာလဲ"
ယဲ့ချန်းကတော့ ခပ်ဖွဖွပြုံးလိုက်လေသည်။
"မင်းရဲ့လက်ညှိုး ထိခိုက်မိမယ်ဆိုတာကို သိရုံတင်မကဘူး။ မင်း သွေးမုန်တိုင်းတစ်ခုနဲ့ ကြုံတွေ့ရမယ်ဆိုတာကိုလည်း သိတယ်"
"ဘာ?"
ယန်ချွမ်း၏အမူအရာကား ပျက်ယွင်းသွားလေသည်။
ယဲ့ချန်းက ယန်ချွမ်းကို ပခုံးပုတ်ပေးလိုက်ပြိးနောက် နားနားသို့ကပ်၍ စကားတချို့ပြောလိုက်သည်။
ထိုအချိန်မှာပင် လင်ဝမ်ယိုက ကားမောင်းလာပြီး ယဲ့ချန်းဘေးသို့ ရပ်လိုက်သည်။
ယဲ့ချန်းက ယန်ချွမ်း၏ပခုံးကို ပုတ်ပေးလိုက်သည်။
"ကိုယ့်လူ..မင်းသတိထားတာ ပိုကောင်းမယ်"
ယန်ချွမ်းလည်း အသက်ပြင်းပြင်းရှူသွင်း၍ ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။
"အားဟူ ငါ့ကိုလာခေါ်ပေးဦး"
သိပ်မကြာခင်မှာပင် လန်းရိုဗာတစ်စီး ရောက်ချလာသည်။ ယန်ချွမ်း နောက်ခုံတွင်ထိုင်ရင်း နောက်မှီကို မှီထားလိုက်သည်။
ကားစက်နှိုးလိုက်ချိန်တွင် ယန်ချွမ်း ရုတ်တရက်မေးလိုက်သည်။
"အားဟူ... မင်းက အသက်ဆယ့်ရှစ်နှစ်ကတည်းက ငါ့အနားမှာ ရှိလာတာမလား"
အားဟူခမျာ တဒင်္ဂမျှကြက်သေသေသွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ် သခင်လေး.. ရုတ်တရက်ကြီး ဘာလို့မေးရတာလဲ"
ယန်ချွမ်း ခေါင်းညိတ်ပြလိုက်သည်။
"အချိန်တွေကလည်း မြန်လိုက်တာ။ မျက်စိတစ်မှိတ်အတွင်းမှာတင် မင်းတောင် ၂၃နှစ်ပြည့်ပြီးနေပြီ။ ငါးနှစ်တောင်ကျော်ခဲ့ပြီကိုး"
အားဟူက တခစ်ခစ်ရယ်မောလိုက်၏။
"ဟုတ်တယ်။ မျက်စိတစ်မှိတ်အတွင်းမှာတင် ကျွန်တော် သခင်လေးနဲ့အတူရှိခဲ့တာ ငါးနှစ်တောင်ဖြစ်သွားပြီ"
ထိုအခိုက်မှာ ယန်ချွမ်းမျက်ဝန်းထဲရှိ အေးစက်မှုအရိပ်အယောင်ကို အားဟူ သတိမထားမိလိုက်ချေ။
ယဲ့ချန်း၏စကားများကို သူ အမှတ်ရလိုက်မိသည်။
"မင်းဆီကို သွေးမုန်တိုင်းတစ်ခု သယ်ဆောင်လာမဲ့လူက မင်းနဲ့အတူ ငါးနှစ်လောက်အတူရှိလာခဲ့တဲ့လူပဲ။ အမြဲတမ်း မင်းဘေးမှာရှိနေခဲ့တဲ့လူ"
ယဲ့ချန်းက လင်းဝမ်ယိုနှင့်အတူ အိမ်ပြန်လာခဲ့သည်။
"သခင်လေး.. ကုမ္ပဏီတွေဆီက ရှယ်ယာလွှဲပြောင်းရေးစာချုပ်တချို့ ရထားပါတယ်။ ကျွန်မ အဲဒါတွေကို လင်းယောင်ယောင်နဲ့အတူ စီမံခန့်ခွဲထားပြီးပါပြီ"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်၏။
"ဝမ်ယို.. ကြိုးစားပေးလို့ ကျေးဇူးပါပဲ"
"သခင်လေးကို ခစားရတာနဲ့တင် ကျွန်မက ဝမ်းသာနေတာပါ"
ထိုအချိန်မှာပင် ယဲ့ချန်း၏ဖုန်းက မြည်လာလေသည်။ စုဝမ်ယိ ဖုန်းခေါ်နေခြင်းပင်။
"ယဲ့ချန်း.. ရှင်ပြန်သွားပြီလို့ ကောင်းလဲ့ဆီက ကျွန်မကြားလိုက်လို့"
"ဟုတ်တယ်။ အိမ်ပြန်ရောက်နေပြီ"
စုဝမ်ယိခမျာ သက်မချလိုက်မိတော့သည်။
"အဲဒီကောင်တွေက ရှင့်ကို ခက်ခဲအောင်မလုပ်ခဲ့ဘူးမလား"
ယဲ့ချန်းကတော့ ရယ်ရယ်မောမောသာ။
"လုံးဝပဲ။ တော်တော်အဆင်ပြေခဲ့ပါတယ်။ သခင်လေးယန်နဲ့ သခင်လေးကောင်းက ကြိုဆိုလက်ဆောင်ဖြစ် သန်းနှစ်ဆယ်ကျော်တောင် ပေးလိုက်သေးတယ်"
စုဝမ်ယိကလည်း စိုးရိမ်ပူပန်စွာ ပြောလာလေသည်။
"ကျွန်မ ရှင့်ကိုဖုန်းဆက်ရတဲ့ အကြောင်းအရင်းက ရှင် ယန်ချွမ်းကို သတိထားမှဖြစ်မယ်နော်။ သူက အငြိုးကြီးတယ်။ ရှင်က သူ့ဆီက ပိုက်ဆံတွေအများကြီး နိုင်သွားတာဆိုတော့ သူလည်း ရှင့်ကို အငြိုးထားနေမှာ သေချာတယ်။ သူ့အကြောင်း ကျွန်မသိသလောက်ဆိုရင် ရှင့်ကို နောက်ကျောကနေ ဓားနဲ့ထိုးဖို့ အခွင့်ကောင်းချောင်းနေမှာ"
ယဲ့ချန်းကမူ ခပ်ဖွဖွပြုံးလိုက်မိသည်။
"သူမလုပ်ရဲပါဘူး။ အခုလေးတင် သူက ငါ့ညီငယ်လေးဖြစ်သွားပြီ"
"ယန်ချွမ်းက ရှင့်ညီလေးဖြစ်သွားပြီတဲ့လား"
စုဝမ်ယိခမျာ ယဲ့ချန်း၏စကားကြောင့် အံ့အားသင့်သွားရသည်။ ထို့နောက် ခါးသက်သက်ရယ်လိုက်မိသည်။
"မဖြစ်နိုင်တာ။ မိုတုမြို့မှာ ယန်ချွမ်းအောက်ကျို့တဲ့လူရယ်လို့ မရှိဘူး"
ယဲ့ချန်းကလည်း ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"အချိန်ကျရင် မင်းသိပါလိမ့်မယ်"
နောက်တစ်နေ့မနက်စောစောတွင် စုရှောင်ယာထံမှ ဖုန်းဝင်လာခဲ့သည်။
"အစ်ကိုချန်း ကျွန်မအိမ်ပြောင်းတာကို ကူညီပေးလို့ရမလား"
ယဲ့ချန်းလည်း သဘောတူလိုက်သည်။
"ရတယ်လေ။ ကိစ္စမရှိပါဘူး"
အငှားတိုက်ခန်းထဲတွင် မိန်းကလေးများမှာ စုရှောင်ယာ အိမ်ပြောင်းတော့မည်ဟု သိလိုက်ရသောအခါ အံ့ဩမှင်တက်ကုန်ကြသည်။
"ရှောင်ယာ.. နင် ချမ်းသာတဲ့ရှူးဂါးဒယ်ဒီတစ်ယောက်ကို တိတ်တိတ်လေးရှာထားတာလား"
စုရှောင်ယာကတော့ ခေါင်းခါယမ်းပြလေသည်။
"မဟုတ်ပါဘူး"
"နင့်ရည်းစားလား"
အခြားတစ်ယောက်က မေးလာပြန်သည်။
စုရှောင်ယာက ပြောလိုက်၏။
"ကျွန်မကောင်လေးက တက္ကစီမောင်းတာပါ"
စုရှောင်ယာ ကြွားလုံးထုတ်နေတာကို ကြားသောအခါ ချင်မေ့လည်း သည်းမခံနိုင်တော့ချေ။
မနေ့တုန်းက သူ(မ)မှာ ကိုယ်ပိုင်အိမ်တစ်လုံးရတော့မည်ဖြစ်သော်ငြား ယဲ့ချန်းက သူ(မ)၏အစီအစဉ်များကို ဖျက်ဆီးပစ်လိုက်သည်။
ဟူတာ့ဟိုင်လည်း အဖမ်းခံလိုက်ရသဖြင့် နှစ်ပေါင်းများစွာ သူ(မ)ကြိုးစားခဲ့ရသော ကြိုးစားအားထုတ်မှုများမှာ အလကားဖြစ်သွားခဲ့ရသည်။ ချင်မေ့မှာ စုရှောင်ယာကို နာကျည်းမုန်းတီးနေပေသည်။
သို့သော် ယဲ့ချန်းကြောင့် သူ(မ)ကို အပြစ်မပြုရဲပေ။ ယဲ့ချန်း၏နောက်ခံက ကြောက်မက်ဖွယ်ကောင်းလှသည်။
ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က မေးလာသည်။
"ချင်မေ့.. နင့်ရဲ့ရှူးဂါးဒယ်ဒီက မနေ့တုန်းက အိမ်ဝယ်ပေးမယ်လို့ ပြောထားတာမလား"
ချင်မေ့ သက်ပြင်းချလိုက်မိလေတော့သည်။
"မပြောပါနဲ့တော့။ အဲဒီလူယုတ်မာဟူတာဟိုင်ကို ရဲတွေက အလွဲသုံးစားလုပ်မှုနဲ့ ဖမ်းသွားပြီ"
"ကံဆိုးလိုက်တာ"
ချင်မေ့က စုရှောင်ယာကို လှမ်းကြည့်ပြီး တမင်ပြောလိုက်လေသည်။
"ဟုတ်ပါရဲ့။ ရှောင်ယာ့လို ရည်းစားကောင်းတစ်ယောက်ရနိုင်လောက်တဲ့အထိ ငါ့ကံက မကောင်းဘူးလေ"
"ရှောင်ယာ့ရဲ့ကောင်လေးက တက္ကစီမောင်းတာမဟုတ်ဘူးလား"
ချင်မေ့ကတော့ လှောင်ပြုံးပြုံးလိုက်မိသည်။
"နင်က အဲဒါကို တကယ်ကြီးယုံနေတာလား။ သူက ဟန်သိုက်လုပ်ငန်းစုရဲ့ဘော့စ်ပဲ။ ဟူတာ့ဟိုင်တောင်မှ ကုမ္ပဏီမန်နေဂျာအဆင့်ပဲရှိတာ"
"ဝိုး ရှောင်ယာ.. နင့်ကောင်လေးက တော်တော်အထင်ကြီးဖို့ကောင်းတာပဲ"
စုရှောင်ယာလည်း လျှို့ဝှက်ထားလို့မရနိုင်တော့ကြောင်း သိလိုက်သဖြင့် ရိုးရိုးရှင်းရှင်းသာ ပြောလိုက်သည်။
"ဟုတ်တယ်။ သူက အရမ်းတော်တာ။ ဟွမ်ဖူမြစ်ကမ်းဘေးက အိပ်ခန်းလေးခန်း ဧည့်ခန်းနှစ်ခန်းပါတဲ့ အိမ်တစ်လုံးကိုလည်း ဝယ်ပေးသေးတယ်။ ပြီးတော့ ဆယ်သန်းကျော်တန်တဲ့ ဖယ်ရာရီကားကိုလည်း ပေးဦးမယ်တဲ့"
ထိုအချိန်မှာပင် စုရှောင်ယာ၏ဖုန်းက မြည်လာလေသည်။
"ကောင်းပြီလေ။ ကျွန်မ အောက်ဆင်းခဲ့မယ်"
စုရှောင်ယာက သူ(မ)၏ခရီးဆောင်အိတ်ကိုသယ်၍ ကျန်လူများကို ပြောလိုက်သည်။
"အားလုံးပဲ နှုတ်ဆက်ပါတယ်"
"ရှောင်ယာ မသွားနဲ့ဦး။ နင့်မှာ သယ်စရာတွေအများကြီးပဲလေ။ ငါ နင့်ကိုကူသယ်ပေးမယ်"
"ဟုတ်တယ်။ ငါတို့က အဆောင်တစ်ခုတည်းမှာနေလာတာ ကြာလှနေပြီ။ လိုက်ပို့ပေးရမှာပေါ့"
"ဟုတ်တယ်။ ငါတို့ နင့်ကိုလိုက်ပို့ပေးရမယ်"
အဆောင်ခန်းထဲရှိ မိန်းကလေးများက အဝတ်အစားလဲ၍ မိတ်ကပ်လိမ်းလိုက်ကြသည်။ သူတို့က သူ(မ)ကို လိုက်ပို့ချင်သောကြောင့် မဟုတ်ပါဘဲ ယဲ့ချန်းကို အီစီကလီလုပ်ချင်နေကြောင်း စုရှောင်ယာ သိသည်။
"တော်ပါပြီ။ ကျေးဇူးပဲ"
စုရှောင်ယာကတော့ သူတို့အား နည်းနည်းလေးမှ မျက်နှာသာမပေးဘဲ သူ(မ)၏ခရီးဆောင်အိတ်ကိုသယ်ကာ ဓာတ်လှေကားထဲသို့ ဝင်လာခဲ့လိုက်သည်။
ကျန်မိန်းကလေးများမှာ အပြေးအလွှားလိုက်သွားကြသော်ငြား ခြေတစ်လှမ်း နောက်ကျသွားလေသည်။
ယဲ့ချန်း၏ကားက မြေအောက်ကားပါကင်တွင် ရပ်ထားလေသည်။ စုရှောင်ယာတစ်ယောက် ခရီးဆောင်အိတ်ကိုသယ်၍ အမောတကောပြေးလာတာကို မြင်လိုက်ရ၏။
"ဘာဖြစ်လာတာလဲ"
စုရှောင်ယာကလည်း ကူလီနန်ကားပေါ်သို့ ခရီးဆောင်အိတ်ကို ပစ်တင်လိုက်သည်။
"အစ်ကိုချန်း မြန်မြန်မောင်းတော့"
ယဲ့ချန်းလည်း ခပ်မြန်မြန်ပင် ကားစက်နှိုးလိုက်ရသည်။ စုရှောင်ယာ၏အခန်းဖော်များက အပြေးအလွှားထွက်လာကြသော်ငြား ကားနောက်မီးကိုသာ မြင်လိုက်ရသည်။
ကားထဲတွင်မူ စုရှောင်ယာခမျာ ရင်ဘတ်ကိုပုတ်ရင်း စိတ်သက်သာရာရသွားချေသည်။
ယဲ့ချန်းကလည်း နေရခက်ဟန်ဖြင့် မေးကြည့်လိုက်သည်။
"ဘာတွေဖြစ်နေတာလဲ"
"ချင်မေ့က ရှင့်အကြောင်း ဖော်လိုက်လို့ အဆောင်ခန်းထဲက နတ်သမီးတွေအကုန်လုံးက ရှင့်ကို ဝါးမျိုပစ်ချင်နေတာ"
ယဲ့ချန်း ရယ်လိုက်မိတော့သည်။
"မင်းတို့အဆောင်က အရမ်းကြောက်ဖို့ကောင်းတာပဲ။ ဒီတော့ မင်းကလည်း နတ်သမီးလေးပဲပေါ့"
သူတို့နှစ်ယောက်သားလည်း အိမ်အသစ်သို့ ရောက်လာခဲ့ကြသည်။ ထိုအိမ်ထဲတွင် ပရိဘောဂအစုံအလင်ဖြည့်ထားလေရာ ပြောင်းရွှေ့ရန် အဆင်သင့်ပင်။
စုရှောင်ယာက ပျော်ရွှင်မှုအပြည့်ဖြင့် အိပ်ရာအကြီးကြီးထက်တွင် လဲလျောင်းလိုက်သည်။ ယဲ့ချန်းလည်း ပြုံးလိုက်မိ၏။
"ဘယ်လိုလဲ။ ကျေနပ်ရဲ့လား"
စုရှောင်ယာက ခေါင်းညိတ်ပြလေသည်။
"ယဲ့ချန်း.. ကျွန်မလိုချင်တဲ့ဘဝမျိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ယဲ့ချန်း တဟားဟားရယ်လိုက်မိတော့သည်။
"ငတုံးမလေး.. ငါတို့က ကံပါလို့ပဲလေ"
စုရှောင်ယာက ယဲ့ချန်း၏ရင်ခွင်ထဲသို့ တိုးဝင်ပြီး တီးတိုးဆိုလိုက်၏။
"ယဲ့ချန်း.. ရှင့်အနားမှာ ပိုထက်မြက်တဲ့မိန်းမတွေအများကြီးရှိတယ်ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မ လောဘမကြီးပါဘူး။ ရှင့်ချစ်သူဖြစ်ရရုံနဲ့တင် ကျေနပ်ပါတယ်"
ယဲ့ချန်းက စုရှောင်ယာ၏ သနားစဖွယ်အမူအရာလေးကိုကြည့်ပြီး သူ(မ)၏နှာခေါင်းကို တို့လိုက်သည်။
"ငတုံးမလေး"
ထိုညက ယဲ့ချန်း အိမ်မပြန်ခဲ့ပေ။
....
နောက်တစ်နေ့တွင် သူ့ရင်ခွင်ထဲရှိ စုရှောင်ယာကိုကြည့်၍ ယဲ့ချန်း မပြုံးဘဲ မနေနိုင်တော့ပေ။
ယခင်တုန်းက သူသည် စားဝတ်နေရေးအတွက် နေ့တိုင်းရုန်းကန်ပြီး မစို့မပို့ငွေလေးနည်းနည်းသာရပြီး အိမ်ငှားခပေးရလေ့ရှိသည်။
စနစ်ကို ပိုင်ဆိုင်ရပြီးကတည်းက သူ့ဘဝမှာ လုံးဝပြောင်းလဲသွားခဲ့သည်။
ယဲ့ချန်း ဤခံစားချက်ကို သဘောကျသည်။
တက္ကစီမောင်းမယ်။ ရုပ်ရှင်ရိုက်မယ်။ အလှလေးတွေကို အဖော်ပြုခိုင်းမယ်။
ထိုအချိန်မှာပင် ယဲ့ချန်း၏ဖုန်းက ထမြည်လာသည်။ ဖုန်းခေါ်ဆိုသူကား ယန်ချွမ်းပင်။
"အစ်ကိုယဲ့ ကျေးဇူးတင်ပါတယ်။ ခင်ဗျားကြောင့်သာမဟုတ်ရင် ကျွန်တော့်ကို အဲဒီလူယုတ်မာက သတ်တော့မှာ"
ယဲ့ချန်း ရယ်မောလိုက်မိသည်။
"ပြဿနာကိုရှင်းပြီးပြီလား"
ယန်ချွမ်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့။ သခင်လေးယဲ့ ဒီနေ့ကစပြီး ကျွန်တော်က ခင်ဗျားရဲ့လက်အောက်ငယ်သားပါပဲ"
မနေ့ညတုန်းက ယန်ချွမ်းသည် ထိုဘော်ဒီဂတ်ကိုစုံစမ်းရန် လူလွှတ်ခဲ့သည်။ ထိုလူသည် သူ့ကိုလုပ်ကြံရန်အတွက် လာဘ်ထိုးခံထားရသည်။
ကံကောင်းချင်တော့ ယဲ့ချန်းက သူ့ကိုသတိပေးခဲ့သည်။ မဟုတ်ပါက သူလည်း သေနေလောက်ပြီဖြစ်၏။
ယန်ချွမ်းမှာ ယဲ့ချန်းကို ကျေးဇူးလည်းတင်သလို လေးလည်းလေးစားမိသည်။
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်၏။
"အဲဒီလိုဆိုရင် ငါ့ကို တစ်ခုလောက်ကူညီစမ်းပါ"
•••••••••••••