← Chapters

ရှေးခေတ်၏ ကပ်ဘေးကြီး

Vol. 75 Ch. 1111

ရှေးခေတ်၏ ကပ်ဘေးကြီး

Vol. 75 Ch. 1111

ကျိယန်ကမ္ဘာတွင် ရှိနေသော လုချန်းသည်လည်း အဖြစ်အပျက်အားလုံးကို သိမြင်ပြီးဖြစ်သည်။ ယွမ်ချင်းရှု ယွမ်ရှန်ရှန်ထံ လာရောက်ခဲ့သည့်အကြောင်းကို သူသိ၏။ ထို့ပြင် ယွမ်ချင်းရှု ထျန်းချန်ကမ္ဘာမှ ထွက်ခွာသွားပြီဖြစ်ကြောင်းကိုလည်း သူသိထားသည်။

ယွမ်ချင်းရှု ထွက်ခွာသွားပြီးနောက် မကြာမီမှာပင် လုချန်း၏ ရုပ်သေးရုပ်သည် ယွမ်ရှန်ရှန်၏ အခန်းထဲသို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် ချန်ဝမ်ရွန်သည် ထွက်ခွာသွားခြင်း မရှိသေးပဲ အခန်းထဲ၌ ရှိနေဆဲဖြစ်သည်။ လုချန်း၏ ရုပ်သေးရုပ်ကို မြင်သောအခါ ချန်ဝမ်ရွန်က ချက်ချင်းပင် အရိုအသေပေးလျက်

“မင်းကြီးကို ဂါရဝပြုပါတယ်”

လုချန်းက နွေးထွေးစွာ ပြုံးလျက်

“အစ်မကြီး။ ကိုယ်တို့ရဲ့ ဆရာမ ရှေ့မှာတော့ ထုံးစံတွေ သိပ်ထားစရာ မလိုပါဘူး။”

ချန်ဝမ်ရွန်ကို ‘အစ်မကြီး’ ဟု ရုပ်သေးရုပ်က ခေါ်ဝေါ်သည်ကို ကြားလိုက်ရသောအခါ ယွမ်ရှန်ရှန် မသိမသာ ညင်သာစွာ နှာခေါင်းရှုံ့လိုက်မိသည်။

သူမထက်ပင် အသက်ကြီးနိုင်သော ဤကောက်ကျစ်သည့် မြေခွေးအိုကြီး။

သူသည် သူမထံ တပည့်လာခံရန် ကမ္ဘာငယ်တစ်ခုမှ လာဟန်ဆောင်ခဲ့သည်။ ယခုမူ ချန်ဝမ်ရွန်ကိုလည်း ‘အစ်မကြီး’ ဟု ခေါ်ဝေါ်ရဲသေးသည်။

တကယ်ကို အရှက်မရှိလိုက်လေခြင်း။

ထို့နောက် ယွမ်ရှန်ရှန်က သူမ၏အတွေးများကို ဖယ်ရှားပြီး

“အဲဒီမိန်းမ ဒီကိုလာသွားတာ ရှင်သိသင့်တယ်။ ဘာလို့ ရှင့်လူတွေကို ဘာမှမလုပ်ခိုင်းခဲ့တာလဲ။”

လုချန်း၏ ကိုယ်အစစ် ထျန်းချန်ကမ္ဘာမှ ထွက်ခွာသွားချိန်က အစောင့်တစ်ယောက်ကို ထားခဲ့သည်။ ထိုသူမှာ နတ်ဘဝပြောင်းလဲခြင်း အဆင့် စွမ်းအားရှိသူဖြစ်ကြောင်း ယွမ်ရှန်ရှန် ကောင်းစွာ သိရှိထား၏။ အကယ်၍ လုချန်းသာ ယွမ်ချင်းရှုကို ထျန်းချန်ကမ္ဘာသို့ မဝင်စေလိုခဲ့လျှင် ထိုကျင့်ကြံသူက ဧကန်မုချ အရေးယူတားဆီးမည် ဖြစ်သည်။ ထိုသို့ မလုပ်ခဲ့ခြင်းက ယွမ်ချင်းရှု၏ ဝင်ရောက်လာမှုကို လုချန်းက တမင်တကာ ခွင့်ပြုခဲ့သည်ဟု ဆိုလိုသည်။

လုချန်းက ပေါ့ပါးစွာ ပြုံးလျက်

“ကိုယ်က သူ ကတိတည် မတည် ကြည့်ချင်လို့ပါ။”

ယွမ်ရှန်ရှန်က အေးစက်သော လေသံဖြင့် “သူက ရှင့်ရဲ့ တခြား မယားတွေဆီ သွားတွေ့တာ။ ရှင့်မိန်းမတွေကို သူ အန္တရာယ်ပေးမှာ မစိုးရိမ်ဘူးလား။”

လုချန်းက ယုံကြည်မှုအပြည့်ဖြင့် “တကယ်လို့ သူသာ တစ်ခုခုလုပ်ခဲ့ရင် နည်းဗျူဟာ ပုံစံကို ဖွင့်မယ့်သူ တစ်ယောက်ယောက်တော့ ရှိနေမှာပါ။”

“ဒါနဲ့ စကားမစပ် ကိုယ်လည်း နည်းနည်း စပ်စုချင်တယ်။ သူက မင်းဆီ ဘာကိစ္စ လာတာလဲ။ ပြီးတော့ မင်းကို ဘာတွေ ပြောသွားသေးလဲ။”

ယွမ်ရှန်ရှန်က မျက်နှာထား မပြောင်းပဲ

“သူ ဘာမှ သိပ်များများစားစား မပြောသွားပါဘူး။”

လုချန်းက ယွမ်ရှန်ရှန်ကို သံသယဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူက ရုပ်သေးခန္ဓာကိုယ်ကို ယွမ်ရှန်ရှန်ထံသို့ ပိုမိုတိုးကပ်လိုက်ရင်း သူမ၏ မျက်နှာကို စူးစိုက်ကြည့်ကာ သူမအား လက်နှစ်ဖက်ဖြင့် ရုတ်တရက် ပွေ့ဖက်ထားလိုက်သည်။

“တကယ်ကြီး ဘာမှ မပြောဘူးလား။”

“သူက မင်းကို သီးသန့် လာတွေ့တာလေ။ ဘာမှ မပြောဘဲ နေပါ့မလား။”

လုချန်းက ဤသို့ ဆက်လက် ဖိအားပေး မေးမြန်းနေသည်ကို မြင်သောအခါ ယွမ်ရှန်ရှန်လည်း ဆက်လက် ဖုံးကွယ်ထားရန် ပင်ပန်းလာဟန်တူသည်။ ထို့ကြောင့် သူမက

“သူက ကျွန်မကို ရှေးခေတ်ရဲ့ ကပ်ဘေး အချိန်တုန်းက မှတ်ဉာဏ်တွေကို ပေးသွားတယ်။ ပြီးတော့ ကပ်ဘေး မရောက်လာခင် သေမသွားအောင် ရှင် ကျင့်စဉ်တွေ ပိုအာရုံစိုက်ဖို့ ကျွန်မကို တိုက်တွန်းခိုင်းသွားတယ်။”

ရှေးခေတ်ကပ်ဘေး။

ထိုအကြောင်းအရာအား လုချန်း ချက်ချင်း စိတ်ဝင်စားသွားသည်။ ရှေးခေတ်၏ ကပ်ဘေးအကြောင်း သူ အလွန်သိချင်နေခဲ့သည်။ ထို့ကြောင့် သူက စိတ်အားထက်သန်စွာ မေးလိုက်သည်။

“မင်းမှာ အခု ရှေးခေတ် ခေတ်ကပ်ဘေးရဲ့ မှတ်ဉာဏ်တွေ ရှိနေပြီဆိုတော့ ကိုယ့်ကို ပြောပြပါဦး။ အဲဒီ ကပ်ဘေးဆိုတာ တကယ်တော့ ဘာကြီးလဲ။”

ထိုအခိုက်တွင် ယွမ်ရှန်ရှန် အရေးကြီးသည့် လျှို့ဝှက်ချက်တစ်ခုခုကို ပြောတော့မည်ဟု ချန်ဝမ်ရွန် ခံစားမိလိုက်သည်။ ထို့ကြောင့် သူမက ချက်ချင်းပင်

“မင်းကြီး။ ဆရာမ... ကျွန်မ အပြင်ကို ခဏ ရှောင်လိုက်ပါဦးမယ်။”

ထိုသို့ပြောရင်း ချန်ဝမ်ရွန် လှည့်ထွက်ရန် ပြင်လိုက်သည်။ သို့သော် သူမ ထိုသို့ပြုလိုက်သည်နှင့် တစ်ပြိုင်နက် မမြင်ရသော စွမ်းအားတစ်ခုက သူမကို နောက်သို့ ဆွဲခေါ်လိုက်သည်။ နောက်တစ်ခဏတွင် သူမ၏ ခန္ဓာကိုယ်သည် လုချန်း၏ ရင်ခွင်ထဲသို့ အလိုက်သင့် ပျံသန်းဝင်ရောက်သွားသည်။

ရုပ်သေး လုချန်းသည် လက်တစ်ဖက်ဖြင့် ချန်ဝမ်ရွန်ကို ပွေ့ဖက်ထားလိုက်ပြီး ကျန်တစ်ဖက်ဖြင့် ယွမ်ရှန်ရှန်ကို ဆက်လက် ပွေ့ဖက်ထားသည်။

ယွမ်ရှန်ရှန်က လုချန်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ဤလူသည် ရုပ်သေးရုပ် တစ်ရုပ်သာ ချန်ထားခဲ့ခြင်း ဖြစ်သဖြင့် များများစားစား လုပ်နိုင်စွမ်း မရှိပေ။ သို့ပါလျက် အဘယ်ကြောင့် ဤမျှ တင်းကျပ်စွာ ပွေ့ဖက်ထားရန် လိုအပ်သနည်း။

ထို့နောက် လုချန်းက

“ရွန်ရွန် မင်းလည်း နေပြီး နားထောင်သွား”

သူမ၏ ခါးပေါ်တွင် တင်ထားသော လက်၏ အထိအတွေ့ကို ခံစားမိလျက် ချန်ဝမ်ရွန်လည်း “အင်း” ဟု သဘောတူလိုက်ပြီး နောက်ထပ် ဘာမှ မပြောတော့ပေ။

ယွမ်ရှန်ရှန်က စတင် ရှင်းပြလိုက်သည်။

“ခေတ်ကပ်ဘေးလို့ ခေါ်တာမှာ အဆင့်နှစ်ဆင့် ခွဲထားတယ်။ ပထမအဆင့်က ရှေးခေတ်တုန်းက အင်အားကြီးမားတဲ့ ကောင်းကင်နတ်ဆိုးတွေ ရုတ်တရက် ပေါ်ထွက်လာခဲ့တယ်။ ဒီ ကောင်းကင်နတ်ဆိုးတွေက ကျင့်ကြံသူတွေကို အမဲလိုက်ပြီး ရှေးခေတ်က ကျင့်ကြံသူတွေကို ဝါးမျိုစားသောက်ခဲ့ကြတာ။ ဧကရာဇ်ကြီးတွေတောင်မှ သူတို့ကို မယှဉ်နိုင်ခဲ့ဘူး။”

ထိုစကားများကို ကြားသောအခါ လုချန်းလည်း အတွေးနက်ထဲသို့ ချက်ချင်း နစ်မြောသွားသည်။

အင်အားကြီးမားတဲ့ ကောင်းကင်နတ်ဆိုး အမြောက်အမြား ရုတ်တရက် ပေါ်ထွက်လာခဲ့တာလား။

ထိုကောင်းကင်နတ်ဆိုးများ အခြား စကြဝဠာများမှ လာရောက်ကြတာ သေချာသလောက် ရှိသည်။ ဖြစ်နိုင်သည်မှာ ဤစကြဝဠာနှင့် အခြားစကြဝဠာများအကြားတွင် လမ်းကြောင်းတစ်မျိုးမျိုး ရှိနေနိုင်သည်။ ထိုလမ်းကြောင်း ပွင့်သွားသောအခါတွင်မှ ထိုကောင်းကင်နတ်ဆိုးများ ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်ရမည်။

ဤသို့ တွေးမိလျက် လုချန်းက

“ဒုတိယအဆင့်ကရော ဘယ်လိုလဲ”

ယွမ်ရှန်ရှန်က

“ဒုတိယအဆင့်ကတော့...”

ဤနေရာတွင် ယွမ်ရှန်ရှန် ရုတ်တရက် တုံ့ဆိုင်းသွားသည်။ ထို့ပြင် သူမ၏ မျက်နှာလည်း အနည်းငယ် ဖြူဖျော့သွားခဲ့သည်။ သူမသည် ယွမ်ချင်းရှု၏ မှတ်ဉာဏ်များ လွှမ်းမိုးမှုကို ခံနေရသည်။ ထို့ကြောင့် ယွမ်ချင်းရှု မြင်တွေ့ခဲ့ရသည့် အရာအားလုံးသည် သူမကိုယ်တိုင် မြင်တွေ့ခဲ့ရသကဲ့သို့ ဖြစ်နေသည်။

ယွမ်ရှန်ရှန်၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်ကို မြင်သောအခါ ကပ်ဘေး၏ ဒုတိယအဆင့်က ပထမအဆင့်ထက်တောင် ပိုပြီး ကြောက်စရာကောင်းနေနိုင်သလားဟု လုချန်း မတွေးဘဲ မနေနိုင်တော့ပေ။

“ကောင်းကင်နတ်ဆိုးများ၏ စားသောက်ပွဲတော်” ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော အရာကား အဘယ်အရာ ရှိနိုင်ဦးမည်နည်း။

စိတ်ကို ပြန်လည်စုစည်းပြီးနောက် ယွမ်ရှန်ရှန်က

“ကပ်ဘေးကြီးရဲ့ ဒုတိယအဆင့်မှာ မရေမတွက်နိုင်တဲ့ သွေးမျှင်တွေက ဒီစကြဝဠာထဲမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့တယ်။ အဲဒီ သွေးမျှင်တွေက သူတို့နဲ့ ထိတွေ့မိတဲ့ သက်ရှိတိုင်းရဲ့ စိတ်ဝိညာဉ်တွေကိုစုပ်ယူသွားခဲ့တယ်”

ဟု ထိတ်လန့်မှုတို့ လျှံတက်နေသော အသံဖြင့် ဆက်ပြောလိုက်သည်။

“ပထမအဆင့်တုန်းက ကောင်းကင်နတ်ဆိုးတွေ လက်ကလွတ်ခဲ့တဲ့ သူတွေတောင် ဒုတိယအဆင့်ရဲ့ သွေးမျှင်တွေကို ရှောင်နိုင်ခဲတယ်။ ဒီသွေးမျှင်တွေက စကြဝဠာထဲက ဘယ်နေရာမှာမဆို ပေါ်လာတယ်။ လူတွေ ဘယ်နေရာမှာပဲ ပုန်းနေပါစေ ဒီသွေးမျှင်တွေက ရှာတွေ့သွားပြီး စကြဝဠာကြီးကို အချိန်တိုအတွင်း သက်ရှိ ကင်းမဲ့လုနီးပါး ခြောက်သွေ့သွားစေခဲ့တယ်။”

ထိုသို့ ရှင်းပြလိုက်စဉ် ယွမ်ရှန်ရှန်၏ မျက်ဝန်းများ အနည်းငယ် ကျုံ့သွားခဲ့သည်။ ထို့ပြင် သူမ၏ အမူအရာသည် အတိတ်က မှတ်ဉာဏ်များကြောင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

‘သွေးမျှင်တွေက ဘယ်လိုအရာတွေလဲ။

အဲ့ဒါတွေက စကြဝဠာထဲရှိ သက်ရှိအားလုံးကို အမှန်တကယ် သတ်ဖြတ်နိုင်စွမ်း ရှိ နေသလား’

ဟု လုချန်း၏ အတွေးထဲ မေးခွန်းထုတ်လိုက်သည်။

စကြဝဠာထဲရှိ မည်သည့်နေရာတွင်မဆို ပေါ်လာနိုင်စွမ်းရှိသည်ဆိုလျှင် စကြဝဠာကိုယ်တိုင်က ၎င်း၏ အတွင်းပိုင်းရှိ သက်ရှိများကို ရှင်းလင်းနေခြင်း ဖြစ်နိုင်လား။

ဖြစ်နိုင်ခြေတစ်ခုကို လုချန်း ရုတ်တရက် တွေးမိသွားသည်။ ထို့ကြောင့် သူက

“ အဲဒီသွေးမျှင်တွေက ဒီစကြဝဠာက သက်ရှိတွေကို တိုက်ခိုက်တာအပြင် ကောင်းကင်နတ်ဆိုးတွေကိုရော တိုက်ခိုက်ခဲ့သေးလား”

ယွမ်ရှန်ရှန်က

“ဟုတ်တယ်။ ရှေးခေတ်က ကောင်းကင်နတ်ဆိုးတွေလည်း အဲ့ဒီအချိန်မှာ ရှင်းလင်းခံခဲ့ရတယ်။”

လုချန်း စိတ်ထဲ ခြောက်ကပ်စွာ ရယ်လိုက်သည်။ ကပ်ဘေးကြီး၏ အကြောင်းရင်းကို သူ သိသွားပြီဟု အဘယ်ကြောင့် ခံစားလိုက်ရသနည်း။

စကြဝဠာသည် လူ့ခန္ဓာကိုယ်တစ်ခုနှင့် တူနေ၏။ ကောင်းကင်နတ်ဆိုးများ အလုံးအရင်း ဝင်ရောက်လာမှုကို ရင်ဆိုင်ရန် စကြဝဠာက တုံ့ပြန်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။ ထိုကောင်းကင်နတ်ဆိုးများကို ရှင်းလင်းရန်အတွက် စကြဝဠာသည် ခွဲခြားမှုမရှိသော တိုက်ခိုက်မှုတစ်ခုကို စတင်ခဲ့သည်။ ထို့နောက် ၎င်းက ကပ်ဘေးဒုတိယအဆင့်ကို ဖြစ်ပေါ်စေခဲ့သည်။

ထိုသွေးမျှင်များသည် ပြင်ပမှ ကျူးကျော်သူများကို ခုခံကာကွယ်သည့် စကြဝဠာ၏ နည်းလမ်း ဖြစ်နိုင်ဖွယ်ရှိသည်။ သို့သော်လည်း ၎င်းတို့သည် ကောင်းကင်နတ်ဆိုးများကို သတ်ဖြတ်ခဲ့ရုံသာမက စကြဝဠာ၏ ဌာနေသတ္တဝါများကိုပါ သတ်ဖြတ်ခဲ့သည်။

ဟုတ်ပါသည်။ ဤအရာအားလုံးက လုချန်း၏ ကိုယ်ပိုင်အတွေးအမြင်အပေါ် အခြေခံသော ခန့်မှန်းချက်တစ်ခုမျှသာ ဖြစ်သည်။ အမှန်တကယ် ထိုသို့ ဟုတ်မဟုတ်ကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်သည်။ ခေတ်ကပ်ဘေး အမှန်တကယ် ရောက်ရှိလာမှသာလျှင် အတိအကျ ဖြစ်ပျက်နေသည့်အရာကို သူ နားလည်နိုင်မည်ဖြစ်သည်။

သူ၏ ခန့်မှန်းချက် မှန်ကန်ပြီး ကပ်ဘေး၏ ဒုတိယအဆင့်မှ လွတ်မြောက်လိုပါက လမ်းကြောင်းမှာ တစ်ခုသာရှိသည်။ ကောင်းကင်နတ်ဆိုးများ ကျူးကျော် ကြံ့ကြံ့ခံနိုင်ရမည် ဖြစ်သည်။

ထို့ပြင် ကောင်းကင်နတ်ဆိုးများအားလုံးကို ဤစကြဝဠာထဲမှ နှင်ထုတ်ရမည် ဖြစ်သည်။ မဟုတ်လျှင် စကြဝဠာက ထိုထူးဆန်းသော သွေးမျှင်များကို နောက်တစ်ကြိမ် ထုတ်လုပ်ပြီး သက်ရှိအားလုံးကို မခွဲခြားပဲ သတ်ဖြတ်ပေလိမ့်မည်။

လုချန်းက သူ၏လက်ကို မြှောက်လိုက်ပြီး ယွမ်ရှန်ရှန်၏ ကျောကို ညင်သာစွာ ပုတ်ပေးလိုက်သည်။ ထို့နောက် သူက

“မစိုးရိမ်ပါနဲ့။ တကယ်လို့ ဒီခေတ်မှာ နောက်ထပ် ကပ်ဘေးကြီးတစ်ခု ကြုံလာခဲ့ရင်တောင် ကိုယ်တို့အားလုံး ဒါကို ဖြတ်ကျော်နိုင်မယ့် နည်းလမ်း ရှာတွေ့အောင် ကိုယ်လုပ်ပေးမှာပါ။”

လုချန်း၏ နှစ်သိမ့်စကားများကို နားထောင်ရင်း ယွမ်ရှန်ရှန်သည် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူမ၏ စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းပြီးနောက် သူမက

“ရှင်က နေ့တိုင်း မိန်းမတွေနဲ့ အချိန်ဖြုန်းနေပြီး ကျင့်စဉ်ကို အာရုံမစိုက်ဘူး။ ကပ်ဘေးကြီးကို ဖြတ်ကျော်ဖို့ ဦးဆောင်တာ အသာထားဦး ဧကရာဇ်အဆင့် ဖြစ်လာနိုင်ပါ့မလားတောင် မေးခွန်းထုတ်စရာပဲ။”

လုချန်းက

“ဆရာမ စိတ်ချပါ။ ကိုယ် ဧကရာဇ် ဖြစ်လာဖို့က အချိန်တစ်ခုပဲ လိုတော့တာပါ”

“ကိုယ်က မင်းနဲ့ ကလေးတောင် မရသေးဘူးလေ။ ပြီးတော့ ကိုယ်က မင်းထက်တောင် ဧကရာဇ် ပိုဖြစ်ချင်နေသေးတာ။”

ထိုစကားကို ကြားလိုက်ရသောအခါ ယွမ်ရှန်ရှန်၏ အေးစက်သော ပါးပြင်ပေါ်တွင် သွေးရောင် လွှမ်းသွားတော့သည်။

ဤတပည့်က အလွန် ရဲတင်းနေသည်။ သူသည် သူမအား ကိုယ်ဝန်ဆောင်စေရန် ခုထိ တွေးတောနေသေးသည်။

All Chapters