ဧကရီက တကယ် သည်းခံနိုင်စွမ်း ရှိတယ်
Vol. 75 Ch. 1115
နန်းကုန်းယွဲ့ဟွာသည် အမှန်တကယ်ပင် ထိန်းချုပ်နိုင်စွမ်း ကြီးမားသော မိန်းမတစ်ဦး ဖြစ်သည်ကို လုချန်း တွေ့ရှိလိုက်ရသည်။ နှစ်ဦးသား ဆယ့်ငါးမိနစ်ခန့် နမ်းရှုံ့ခဲ့ကြသော်လည်း နန်းကုန်းယွဲ့ဟွာထံ ခံစားချက် ဝင်လာခြင်း လုံးဝ မရှိသေးပေ။
ထို့ပြင် နန်းကုန်းယွဲ့ဟွာသည် လွန်ခဲ့သော လဝက်အတွင်း နဂါးဖီးနစ် လက်ဖက်ရည်ကို သောက်သုံးခဲ့သည်။ နဂါးဖီးနစ် လက်ဖက်ရည်၏ အာနိသင်များ ယခုအချိန်တွင် အကျိုးသက်ရောက်သင့်ပြီ ဖြစ်သည်။ သို့သော်လည်း နန်းကုန်းယွဲ့ဟွာက သူမ၏ ခန္ဓာကိုယ် အတွင်းမှ မငြိမ်မသက် ဖြစ်နေသော စိတ်ဝိညာဉ် စွမ်းအားကို သူမ၏ ကျင့်စဉ်မှတစ်ဆင့် လွယ်ကူစွာ ဖိနှိပ်နိုင်ခဲ့သည်။
အခြား မိန်းမတစ်ယောက်ဆိုပါက နဂါးဖီးနစ် လက်ဖက်ရည် သောက်သုံးထားခြင်း မရှိလျှင်ပင် သူ့ကို နမ်းရှုံ့ပြီးနောက် သူမ၏ သွေးနှင့် အတွင်းအားများ ဆူပွက်လာပြီး မိမိကိုယ်ကို မထိန်းချုပ်နိုင် ဖြစ်သွားမည်မှာ မလွဲဧကန် ဖြစ်သည်။
သူ၏ နမ်းရှုံ့ခြင်း အရည်အချင်းများအပေါ် လုချန်း အလွန် ယုံကြည်မှု ရှိ၏။
ယခင်က ခံစားချက်ကင်းမဲ့သော ပိုင်ချင်းချင်းထက်ပင် နန်းကုန်းယွဲ့ဟွာက ဘယ်လို ပို၍ သည်းခံနိုင်စွမ်း ရှိနေတာလဲဆိုတာကို လုချန်း အနည်းငယ် သိချင်နေမိသည်။ နဂါးဖီးနစ် လက်ဖက်ရည်ကို သောက်ပြီးနောက် ပိုင်ချင်းချင်းသည် သူ့ကို နမ်းရှုံ့ပြီး ဆယ့်ငါးမိနစ် မပြည့်မီတွင် ထိုအခြေအနေထဲသို့ ဝင်ရောက်သွားလေ့ ရှိသည်။
ပိုင်ချင်းချင်းနှင့် နှိုင်းယှဉ်လျှင်ပင် နန်းကုန်းယွဲ့ဟွာသည် ခံစားချက် ပိုမရှိသော မိန်းမတစ်ဦးကဲ့သို့ ထင်ရသည်။
သို့သော် ထိုအရာအားလုံးက လုချန်းအတွက် ကြီးမားသော ကိစ္စတစ်ရပ်တော့ မဟုတ်ခဲ့ပေ။
နန်းကုန်းယွဲ့ဟွာက သူမ၏ တည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲဖြစ်ကြောင်း မြင်သောအခါ လုချန်း အချိန် ပိုမဖြုန်းလိုတော့ပေ။ သူက သူမကို ကုတင်ပေါ်သို့ ညင်သာစွာ တွန်းလှဲလိုက်သည်။ ထို့နောက် သူ၏ လက်သည် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် စတင် လှည့်လည်လာသည်။
လုချန်း၏ မယားများကဲ့သို့ မဟုတ်ပဲ အခြား မိန်းမများသည် လုချန်း၏ နမ်းရှုံ့ခြင်းကို ခံရပြီးနောက် သူတို့၏ စိတ်များ ပျော့ခွေသွားကြတတ်သည်။ ထို့ကြောင့် လုချန်း ဘာလုပ်နေသည်ကို သူတို့ လုံးဝ သိရှိကြမည် မဟုတ်ပေ။
သို့သော် နန်းကုန်းယွဲ့ဟွာကတော့ သတိရှိနေသည်။ ထို့ကြောင့် လုချန်း၏ လက်က သူမ၏ ခန္ဓာကိုယ်အနှံ့ လှည့်လည် ကျင်လည်နေသည်ကို သူမ ထင်ရှားစွာ ခံစားနေရသည်။
ထိုအခြေအနေများအောက်တွင် သူမ၏ ခန္ဓာကိုယ် တဖြည်းဖြည်း နွေးထွေးလာခဲ့သည်။ သို့သော်လည်း နန်းကုန်းယွဲ့ဟွာ သူမကိုယ်သူမ ထိန်းချုပ်နိုင်ဆဲ ဖြစ်သည်။ သို့သော် သူမ၏ စိတ်ခံစားချက်များကိုသာ ထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်။
ဂုဏ်သိက္ခာရှိပြီး မြင့်မြတ်သော ဧကရီက အလွန် ကြိုးစား၍ သည်းခံနေသည်ကို မြင်ရသောအခါ လုချန်း၏ အောင်နိုင်လိုစိတ်များ နောက်တစ်ကြိမ် တိုးပွားလာသည်။
နန်းကုန်းယွဲ့ဟွာက ဒီလောက် သည်းခံနိုင်စွမ်း ရှိနေသောကြောင့် တိုက်ရိုက် လိုရင်းသို့ ရောက်အောင် လုပ်ဆောင်လိုက်လျှင် ပိုကောင်းမည်ဖြစ်သည်။
ဤအခိုက်တွင် သူမ၏ တစ်ကိုယ်လုံး မငြိမ်မသက် ဖြစ်မှုကို နန်းကုန်းယွဲ့ဟွာ ခံစားလိုက်ရသည်။ သူမသည် သူမ၏ ခန္ဓာကိုယ်ကို ငြိမ်သက်စေရန် ကြိုးစားရင်း သူမ၏ စိတ်ဝိညာဉ် စွမ်းအားကို နောက်တစ်ကြိမ် လည်ပတ်စေလိုက်သည်။ ခဏအကြာတွင် သူမ၏ ခန္ဓာကိုယ်ထဲမှ မငြိမ်မသက် ဖြစ်မှုကို နောက်ဆုံးတွင် ဖိနှိပ်နိုင်ခဲ့သည်။ ထိုအချိန်မှာပင် လုချန်းက သူမအပေါ်သို့ ရုတ်တရက် ဖိချလိုက်သည်။
နောက်ဆုံးတွင် နန်းကုန်းယွဲ့ဟွာ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ပဲ “အွန်း” ဟူသော တိုးညှင်းသည့် အသံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက်တွင် လုချန်းလည်း ယွမ်ရှန်ရှန်အပေါ် အသုံးပြုခဲ့သော နည်းလမ်းအတိုင်းပင် နန်းကုန်းယွဲ့ဟွာအပေါ် အသုံးပြုခဲ့သည်။ သူသည် နန်းကုန်းယွဲ့ဟွာ ခံနိုင်ရည် ရှိ မရှိကို လုံးဝ ထည့်မစဉ်းစားပဲ အစပိုင်းမှာပင် အလွန် ပြင်းထန်သော အခြေအနေသို့ ဝင်ရောက်လိုက်သည်။
မည်သို့ပင်ဖြစ်စေ နန်းကုန်းယွဲ့ဟွာသည် ဥပဒေနိယာမ အလုံးစုံ နယ်ပယ်အဆင့်တွင် ရှိနေသည်။ ထို့ပြင် လုချန်းက သူမအား ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်စွမ်းအားကို စဉ်ဆက်မပြတ် သွင်းပေးနေသဖြင့် သူမ မည်သည့် မသက်မသာ ဖြစ်မှုမှ မခံစားခဲ့ရပေ။
လုချန်းက များပြားလှသော နည်းလမ်းများကို အသုံးပြုလာသည်နှင့်အမျှ နန်းကုန်းယွဲ့ဟွာလည်း သူမ၏ ခန္ဓာကိုယ်ထဲမှ မငြိမ်မသက် ဖြစ်မှုကို စိတ်ဝိညာဉ် စွမ်းအား အသုံးပြု၍ မထိမ်းနိုင်တော့ပေ။ သူမ အံကြိတ်ကာ သည်းခံရန် ရည်ရွယ်လိုက်သည်။ သို့သော်လည်း ထိုယောက်ျားက သူမ၏ ပါးစပ်ကို ပိတ်ဆို့ထားသဖြင့် ခက်ခက်ခဲခဲ သည်းခံနေရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
ထိုအခိုက်တွင် နန်းကုန်းယွဲ့ဟွာ စိတ်ထဲ တွေးလိုက်သည်။
‘ဒါက တစ်ရက်တည်းပါပဲ။ သည်းခံလိုက်ရင် ပြီးသွားမှာပဲ။ ဒါတွေအားလုံးက အပေးအယူတစ်ခုပဲ။ ငါ ဒီယောက်ျားအပေါ်မှာ အဲ့ဒီလို ခံစားချက်မျိုးတွေ ရှိလာလို့ မဖြစ်ဘူး’
နန်းကုန်းယွဲ့ဟွာ၌ စိတ်ခံစားချက်များကို ကြောက်ရွံ့သည့် သဘာဝရှိ၏။ ယောက်ျားတစ်ဦးကို ချစ်မိသွားမည်ကို သူမ စိုးရိမ်သည်။ အဘယ်ကြောင့်ဆိုသော် သူမကဲ့သို့ အာဏာရှိသော မိန်းမတစ်ဦးအတွက် ယောက်ျားတစ်ဦးကို ချစ်မိသွားခြင်းသည် အားနည်းချက်တစ်ခု ရှိသွားခြင်းဟု ဆိုလိုသောကြောင့် ဖြစ်သည်။
မည်သည့်ခေတ်တွင်မဆို မိန်းမတစ်ဦးအနေနှင့် အာဏာကို ဆုပ်ကိုင်ထားလိုလျှင် သူမသည် ယောက်ျားများထက် ပို၍ပင် ရက်စက်ရမည်။
နန်းကုန်းယွဲ့ဟွာသည် သူမ၏ စိတ်အားလုံးကို ကျင့်ကြံခြင်းနှင့် အာဏာလွန်ဆွဲပွဲများတွင် မြှုပ်နှံထားသည်။ ထို့အတွက်ကြောင့် သူမ၏ ယောက်ျားများအပေါ် စိတ်ခံစားချက်များကို ကလေးဘဝကတည်းက ချိပ်ပိတ်ထားခဲ့သည်။
သူမသည် အာဏာ၏ တိုက်စားမှုကို ခံထားရသူတစ်ဦး ဖြစ်သည်။ ၎င်းကို ဆုံးရှုံးလိုက်ရခြင်းသည် သူမအတွက် အလွန် ခက်ခဲလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် လုချန်းက သူမအား ကျိယန်ကမ္ဘာကို ဆက်လက် ထိန်းချုပ်ခွင့် ပြုနိုင်သည်ဟု ပြောသောအခါသူ၏ ရည်ရွယ်ချက်များအပေါ် သူမ သံသယအချို့ ရှိခဲ့သည်။ သို့သော်လည်း သူမ လုချန်း ပေးသောလမ်းကို ရွေးချယ်ခဲ့သည်။
သူမသည် ထိုသို့ရွေးချယ်ခဲ့ရုံသာမက သူမကိုယ်သူမ ပေးအပ်ရန် လနက်မြို့သို့ တက်ကြွစွာ လာရောက်ခဲ့သည်။
ထိုအခိုက်တွင် နန်းကုန်းယွဲ့ဟွာ၏ အသိစိတ် များ ပို၍ ပို၍ ဝေဝါးလာကာ နှလုံးခုန်သံ တစ်ချက် ရပ်သွားသည်။
ဒါ မဖြစ်သင့်ပေ။ သူမ ဒီယောက်ျားအပေါ်မှာ အဲဒီလို ခံစားချက်မျိုးတွေ လုံးဝ မထားရှိနိုင်ပေ။
သူမ ကျရှုံးသွားသည်နှင့် သူမ၏ ဘဝသည် သူမ၏ ထိန်းချုပ်မှုအောက်တွင် ရှိတော့မည် မဟုတ်ချေ။
ယခုအချိန်တွင် လုချန်းနှင့် သူမ၏ သဘောတူညီချက်သည် အပေးအယူတစ်ခုမျှသာ ဖြစ်သည်။ အပေးအယူ ပြီးဆုံးသွားပြီးနောက် ကျိယန်ကမ္ဘာနှင့် လုချန်းကို သူမ ဆန္ဒရှိသည့် အချိန်ထားခဲ့နိုင်သည်။
သို့သော် သူမသာ ဤယောက်ျားအပေါ် ထိုသို့သော ခံစားချက်များ ဖြစ်ပေါ်လာခဲ့ပါက အနာဂတ်တွင် သူ့ကို ချစ်မိသွားနိုင်သည်။ ချစ်ခင်တွယ်တာမှု ပါဝင်လာသည်နှင့် ထိုမှစ၍ သူမ၏ ကိုယ်ပိုင်ဘဝကို ထိန်းချုပ်ရန် အလွန် ခက်ခဲလာပေလိမ့်မည်။
အချိန်ကြာလာသာ်လည်း နန်းကုန်းယွဲ့ဟွာ သူမ၏ အသိစိတ်ကို ခေါင်းမာစွာ ဆုပ်ကိုင်ထားဆဲဖြစ်သည်။ သို့သော်လည်း နောက်ဆုံးတွင် သူမ၏ စိတ်ဝိညာဉ် စွမ်းအားသည် လုချန်း၏ ဆွဲငင်ခြင်းကို ခံလိုက်ရသည်။
လုချန်း၏ စိတ်ဝိညာဉ် စွမ်းအား သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့် ၎င်းတို့၏ စိတ်ဝိညာဉ် စွမ်းအားများ အတူတကွ လည်ပတ်နေသကဲ့သို့ ထင်ရသည်။ ဤလုပ်ငန်းစဉ်တွင် သူမ၏ ကျင့်ကြံမှု အဆင့် တိုးတက်လာနေသည်ကိုလည်း နန်းကုန်းယွဲ့ဟွာ ရုတ်တရက် သဘောပေါက်သွားသည်။
ဒါက ထိုကိစ္စတစ်ခုတည်း သက်သက်သာ မဟုတ်ပေ။ လုချန်း အသုံးပြုနေသည့်အရာသည် စုံတွဲကျင့်စဉ်တစ်ခု ဖြစ်ရမည်ဟု နန်းကုန်းယွဲ့ဟွာ ချက်ချင်း နားလည်လိုက်သည်။ ဤ စုံတွဲကျင့်စဉ်သည် တစ်ဖက်သတ် မဟုတ်ပဲ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိစေသည်။
ကျင့်ကြံခြင်းမှတစ်ဆင့် သူမ၏ အာရုံကို ပြောင်းလဲရန် ကြိုးစားရင်း သူမ၏ စိတ်ဝိညာဉ် စွမ်းအားကို ချက်ချင်း လည်ပတ်စေလိုက်သည်။ သို့သော် မကြာခဏဆိုသလို သူမ၏ စိတ်ဝိညာဉ် စွမ်းအားသည် ထိန်းချုပ်မရနိုင်ပဲ ပေါက်ကွဲ ထွက်ပေါ်လာဆဲ ဖြစ်သည်။
တစ်ရက်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ နောက်နေ့ မနက်၏ နေရောင်ခြည်တစ်တန်း အခန်းထဲသို့ ဝင်ရောက်လာသော်လည်း လုချန်းကတော့ အလုပ်များနေဆဲ ဖြစ်သည်။
ကျင့်ကြံခြင်း၏ အဆိပ်ဖြေသော သဘာဝကြောင့် လားမသိ နန်းကုန်းယွဲ့ဟွာ၏ ဖြူဖွေးသော အသားအရေသည် ယခုအခါ များပြားလှသော ချွေးစက်များဖြင့် ဖုံးလွှမ်းနေသည်။
နန်းကုန်းယွဲ့ဟွာသည် ပြတင်းပေါက်အပြင်ဘက်သို့ သူမ၏ မျက်လုံးထောင့်ဖြင့် လှမ်းကြည့်လိုက်သည်။ ထိုအခါ အပြင်ဘက်တွင် ရွှေရောင်အလင်းတန်း သေးသေးလေးတစ်ခု တောက်ပနေသည်ကို တွေ့လိုက်ရသည်။
‘နောက်ဆုံးတော့ ဒါ ပြီးဆုံးနိုင်ပြီ’
ဟု သူမ စိတ်ထဲမှ တွေးလိုက်သည်။
သို့သော် လုချန်းတွင် ရပ်တန့်ရန် ရည်ရွယ်ချက် မရှိသည်ကို နန်းကုန်းယွဲ့ဟွာ မကြာမီ သဘောပေါက်သွားသည်။ တစ်ချိန်တည်းမှာပင် နားမလည်နိုင်လည်း ဖြစ်သွားသည်။
ကျင့်ကြံခြင်းဆိုသည်မှာ စနစ်တကျ တိုးတက်အောင် ပြုလုပ်ခြင်း ဖြစ်သည်။ ထို့ပြင် စုံတွဲကျင့်စဉ်သည် ကျင့်ကြံခြင်းအတွက် အရန်နည်းလမ်းတစ်ခုမျှသာ ဖြစ်သည်။ ထို့ကြောင့် လူအများစုသည် ဤနည်းလမ်းကို အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ခြင်း မရှိကြပေ။
တစ်ရက်လုံး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ လုချန်းက သူမကို ကျင့်ကြံရန်အတွက် အသုံးပြုနေသည် ဆိုလျှင်ပင် အချိန်တန်သင့်ပြီ ဖြစ်သည်။
မသိနိုင်သော အချိန်တစ်ခု ကြာသွားပြီးနောက် လုချန်း နောက်ဆုံးတွင် ရပ်တန့်လိုက်သည်။ ထို့နောက် သူ၏ ရင်ဘတ်ကို ဖြည်းညင်းစွာ ကြွကာ နန်းကုန်းယွဲ့ဟွာကို ငုံ့ကြည့်လိုက်သည်။
သူ၏ အောက်မှ မြင့်မြတ်သော ဧကရီသည် ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး ဖီးနစ်ဆံထိုးသည် တစ်ဖက်သို့ စောင်းနေသည်။ သူမသည် သူမ၏ ခန္ဓာကိုယ်ထဲမှ မငြိမ်မသက် ဖြစ်မှုကို ထိန်းချုပ်ရန် အလွန် ကြိုးစားနေခဲ့သော်လည်း သူမ၏ ပါးပြင်များပေါ်တွင် ပန်းရောင်သန်းမှုတစ်ခု ပေါ်လာဆဲ ဖြစ်သည်။ နန်းကုန်းယွဲ့ဟွာ၏ အနည်းငယ် ဝေဝါးနေသော မျက်လုံးများသည် ခေါင်းမာသော ခုခံမှု အတိုင်းအတာတစ်ခုကို သယ်ဆောင်ထားဆဲ ဖြစ်သည်။
လုချန်း နောက်ဆုံးတွင် ထသွားသည်ကို မြင်သောအခါ သူမ၏ နှလုံးသားထဲမှ အလေးချိန်ကြီးတစ်ခု လျော့ကျသွားသလို နန်းကုန်းယွဲ့ဟွာ ခံစားလိုက်ရသည်။ ယခုတော့ ပြီးဆုံးသွားပြီ ဟုထင်ရသည်။ ပြီးလျှင် လုချန်းက သူမကို သူတော်စင်အဆင့် ကျင့်စဉ်ကို ပေးအပ် တော့မည်ဟုလည်း ခန့်မှန်းလိုက်သည်။
နန်းကုန်းယွဲ့ဟွာ ထိုသို့ တွေးနေစဉ် လုချန်းက သူ၏ လက်ကို မြှောက်ကာ နန်းကုန်းယွဲ့ဟွာ၏ မျက်နှာကို ပွတ်သပ်ရင်း ပြုံးလျက်
“ဧကရီက တကယ် သည်းခံနိုင်စွမ်း ကြီးတာပဲ။”
သူမ၏ ခန္ဓာကိုယ် အတွင်းမှ မငြိမ်မသက် ဖြစ်နေသော စိတ်ဝိညာဉ် စွမ်းအားကို ငြိမ်သက်စေပြီးနောက် နန်းကုန်းယွဲ့ဟွာက
“ဟူး... မင်းကြီး အခု ပေးလို့...”
နန်းကုန်းယွဲ့ဟွာ စကားမဆုံးမီမှာပင် လုချန်းက သူမ၏ စကားကို ဖြတ်လိုက်သည်။
“ကိုယ်က ဧကရီ့ကို အပြည့်အဝ မကျေနပ်စေသေးဘူး ထင်တယ်”
နန်းကုန်းယွဲ့ဟွာ၏ နှလုံးခုန်နှုန်း မြန်ဆန်သွားသည်။
လုချန်း၏ ဆိုလိုရင်းက.....
ဖြစ်နိုင်တာက...
နန်းကုန်းယွဲ့ဟွာ သဘောမပေါက်မီမှာပင် လုချန်းနောက်တစ်ကြိမ် ငုံ့ကျလာသည်။
လုချန်း ဆက်လက် လုပ်ဆောင်နိုင်ဦးမည်ဟု နန်းကုန်းယွဲ့ဟွာ မမျှော်လင့်ထားခဲ့ပေ။ ထို့နောက် သူမ၏ လှုပ်ရှားနေသော စိတ်ဝိညာဉ် စွမ်းအားကို ပြန်လည် ထိန်းချုပ်နိုင်ရန် ကြိုးစားရင်း အလျင်အမြန်ပင် နောက်တစ်ကြိမ် စတင် ကျင့်ကြံလိုက်သည်။