အစစ်မှန်ဆုံး အသံကို ကြားချင်တယ်
Vol. 75 Ch. 1116
ဤကျင့်စဉ် ကျင့်ကြံခြင်းကိစ္စသည် တစ်ရက်တည်းဖြင့် ပြီးဆုံးနိုင်မည်ဟု နန်းကုန်းယွဲ့ဟွာ တွက်ဆထားခဲ့သော်လည်း လုချန်း၏ ရည်ရွယ်ချက်အမှန်က သာမန် ကျင့်စဉ်ကျင့်ကြံခြင်း သက်သက်မဟုတ်ကြောင်း သူမ မမျှော်လင့်ထားခဲ့မိပေ။
မာနခဲ နန်းကုန်းယွဲ့ဟွာက လုချန်း၏ စိတ်အာရုံကို လှုံ့ဆော်လိုက်မိသဖြင့် သူ မခံစားရသည်မှာ ကြာမြင့်နေပြီဖြစ်သော ပြင်းထန်သည့် အနိုင်ယူလိုစိတ်နှင့် ရက်စက်မှုတစ်မျိုးသည် သူ၏ စိတ်အစဉ်၌ ထင်းမီးသဖွယ် တောက်လောင်လာခဲ့လေသည်။
အစပိုင်းတွင်မူ နန်းကုန်းယွဲ့ဟွာကို ကိုင်တွယ်ရန် လုချန်း နည်းလမ်းမျိုးစုံ သုံးခဲ့သော်လည်း သူမက ထိုနည်းလမ်းတစ်ခုချင်းစီကို အံတုတန်ပြန်နိုင်ခဲ့သည်။
ထိုအခါမှသာ နည်းဗျူဟာများ မကြာခဏ ပြောင်းလဲခြင်းက နန်းကုန်းယွဲ့ဟွာကို အသက်ရှူပေါက် ရစေပြီး သူမ၏ ကျင့်စဉ်စွမ်းအားမှတစ်ဆင့် သတိပြန်ဝင်လာစေနိုင်ကြောင်း လုချန်း သဘောပေါက်လိုက်တော့သည်။
သို့ဖြစ်လျှင် သူမ သတိပြန်မဝင်လာနိုင်စေရန် နည်းလမ်းတစ်ခုတည်းကိုသာ စွဲကိုင်ပြီး အဆုံးစွန်အထိ ဖိအားပေးလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်ဟု သူ တွေးလိုက်သည်။
သူ၏ မရပ်မနား တိုက်ခိုက်မှုအောက်တွင် သူမ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မည်လဲ ဆိုတာကို လုချန်း စမ်းသပ်ကြည့်ချင်လာသည်။
လုချန်း၏ ဆက်တိုက် တိုက်ခိုက်မှုများအောက်တွင် သူမ၏ စိတ်ဝိညာဉ် စွမ်းအားများ ပိုမို ဖရိုဖရဲ ဖြစ်လာသည်ကို နန်းကုန်းယွဲ့ဟွာ ခံစားလိုက်ရ၏။ သူမသည် ကျင့်စဉ်ကျင့်ကြံခြင်းဖြင့် အာရုံပြောင်းရန် ကြိုးစားခဲ့သော်လည်း လှိုင်းလုံးကဲ့သို့သော ခံစားမှုများက ဆက်လက် ဝင်ရောက်လာသဖြင့် ကျင့်စဉ်အပေါ် အာရုံစိုက်ရန် မဖြစ်နိုင်တော့သည်ကို မကြာမီ သတိပြုမိလိုက်သည်။
ထိုအချိန်တွင် လုချန်းက ကျင့်စဉ်ကျင့်ကြံနေခြင်း မဟုတ်တော့ပေ။ စိတ်ဝိညာဉ် စွမ်းအားကိုပင် အသုံးမပြုတော့ပဲ သားရဲတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ပြုမူနေသည်ကို နန်းကုန်းယွဲ့ဟွာ သဘောပေါက်လိုက်သည်။
ဒီလူက သူမကို ဒီလိုနည်းလမ်းဖြင့် အရှုံးပေးစေချင်နေခြင်း ဖြစ်သည်။
သို့သော်လည်း နန်းကုန်းယွဲ့ဟွာ အရှုံးပေးရန် ငြင်းဆန်ခဲ့ပြီး နှုတ်မှ အသံတစ်စက်မှ အထွက်မခံခဲ့ချေ။ ယခု သူတို့နှစ်ဦးသည် မဟာဗျူဟာ ပြိုင်ပွဲတစ်ခုထဲတွင် ပိတ်မိနေကြသကဲ့သို့ ဖြစ်နေသည်။
လက်မလျှော့တတ်သည့် ဇွဲစိတ်ဓာတ်ဖြင့် ဧကရီအဖြစ် ရောက်ရှိလာခဲ့သူ နန်းကုန်းယွဲ့ဟွာသည် ယောက်ျားတစ်ယောက်ကို သူမ ရှုံးနိမ့်မည်၊ သူမ ရှေ့မှောက်ရှိ ယောက်ျား၏ အနိုင်ယူခြင်းကို ခံရမည်ဟူသော အဖြစ်ကို လုံးဝ လက်မခံနိုင်သလို ယုံလည်း မယုံကြည်နိုင်ပေ။
နှစ်တစ်ထောင်ကျော် နေထိုင်ဖြတ်သန်းခဲ့သူ ဖြစ်သည့်အတွက် ယောက်ျားများအကြောင်းကို သူမ အတိုင်းအတာတစ်ခုအထိ နားလည်ထားပြီး ဖြစ်သည်။ လုချန်း၏ အရည်အချင်းများ မည်မျှပင် ထူးကဲနေပါစေ ဤမျှ ကြမ်းတမ်းမှုကို အချိန်ကြာမြင့်စွာ ထိန်းထားနိုင်မည် မဟုတ်ပေ။
သူမအနေနှင့် သည်းခံထားရန်သာ လိုအပ်သည်။
ထိုအတွေးဖြင့် နန်းကုန်းယွဲ့ဟွာ သူမ၏ စိတ်များကို ပြန်လည် စုစည်းလိုက်သော်လည်း ထိုအချိန်မှာပင် ကောင်းကင်နှင့် ဆက်စပ်နေသကဲ့သို့ ကြီးမားသော လှိုင်းလုံးကြီးတစ်ခု သူမ၏ အသိစိတ်ပင်လယ်အတွင်းသို့ ရိုက်ခတ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူမ၏ စိတ်အာရုံဆီသို့ လှိုင်းလုံးကြီး ဝင်ရောက်လာသည်ကို မြင်လိုက်ရသောအခါ နန်းကုန်းယွဲ့ဟွာ၏ စိတ်ထဲ ကြောက်ရွံ့မှု အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။
“မဖြစ်ဘူး”
“အွန်း”
နန်းကုန်းယွဲ့ဟွာ၏ လည်ချောင်းထဲမှ အသံထွက်လာသည်ကို ကြားလိုက်ရသဖြင့် သူ အောင်မြင်သွားကြောင်း လုချန်း သိလိုက်သည်။ ထို့ကြောင့် နန်းကုန်းယွဲ့ဟွာ၏ ပါးစပ်ကို ပိတ်ထားခြင်းအား ရပ်လိုက်သော်လည်း ဆက်လက်၍ အလုပ်များနေခဲ့သည်။
“ကျေးဇူးပြုပြီး မလုပ်ပါနဲ့...”
မြင့်မြတ်ပြီး ဂုဏ်ရှိန်ကြီးမားသော ဧကရီက နောက်ဆုံးတွင် တောင်းပန်လာခဲ့ရလေပြီ။
သို့သော် သူမ၏ တောင်းပန်မှုကို လုချန်းက ဂရုမစိုက်ခဲ့ပေ။ ထိုအခွင့်ကောင်းကို အသုံးချကာ သူမကို သတိလစ်သွားစေရန်သာ သူ ရည်ရွယ်လိုက်သည်။
ထိုအချိန်တွင် သူမ ရှုံးသွားပြီဖြစ်ကြောင်း နန်းကုန်းယွဲ့ဟွာ သိလိုက်သည်။ တစ်ကြိမ် စတင်လိုက်သည်နှင့် ရပ်တန့်၍ မရနိုင်တော့ပေ။
နောက်ဆုံးတွင် သူမ ရှုံးနိမ့်သွားခဲ့ရသည်။
အသိစိတ်ပင်လယ်ထဲမှ လှိုင်းလုံးကြီး၏ လွှမ်းမိုးမှုကို ခံလိုက်ရပြီးနောက် နန်းကုန်းယွဲ့ဟွာလည်း ဆက်လက် ခုခံခြင်း မပြုတော့ပဲ ဖြစ်လိုရာဖြစ်စေတော့ဟု သဘောပိုက်လိုက်တော့သည်။
…….
တစ်ချိန်တည်းမှာပင်။
အပြင်ဘက်၌။
ခေါင်မိုးပေါ်တွင် အနီရောင်မြူခိုးတစ်ခု ပေါ်လာပြီး နန်းကုန်းချင်ရအဖြစ် လျင်မြန်စွာ ပုံဖော်လိုက်သည်။
နန်းကုန်းယွဲ့ဟွာ၏ အသံကို ကြားလိုက်ရသောအခါ နန်းကုန်းချင်ရ၏ အေးစက်သော မျက်နှာပေါ်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာပြီး သူမ၏ အစ်မဖြစ်သူ လုချန်းအား နောက်ဆုံးတွင် ရှုံးနိမ့်သွားပုံရသည်ဟု တွေးလိုက်သည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ပိုင်ဆိုင်ရန် လုချန်း မည်သည့် မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံခဲ့သည်ကို မည်သူမှ မသိနိုင်ပေ။
ထိုခဏ၌ နန်းကုန်းယွဲ့ဟွာ၏ အသိစိတ်တို့ ဝေဝါးနေပြီ ဖြစ်သော်လည်း ခေါင်မိုးပေါ်ရှိ နန်းကုန်းချင်ရကို အာရုံခံမိလိုက်သည်။ သူမ၏ ရှက်ဖွယ်ကောင်းသော အခြေအနေကို နန်းကုန်းချင်ရ တွေ့ရှိသွားသည်ဟု တွေးလိုက်မိရုံဖြင့် အလွန်အရှက်ရသွားခဲ့ရသည်။
လုချန်းကို အရှုံးပေးလိုက်ရသော်လည်း သူမသည် ဧကရီတစ်ပါး ဖြစ်သည်။ ထိုကဲ့သို့ ကိစ္စကြောင့် အရှက်ကွဲရခြင်းမှာ...
ဆိုးဝါးလိုက်တာ။
ဒီလူက တမင်သက်သက် လုပ်နေခြင်း ဖြစ်သည်။
ဒီလူက
“ဒါတွေအားလုံးက အပေးအယူ သက်သက်ပဲလို့ မင်း မပြောခဲ့ဘူးလား။ ဒါဆို ဘာလို့ စိတ်ခံစားမှုတွေ ဖြစ်နေရတာလဲ။ စိတ်လှုပ်ရှားနေရုံတင် မကဘူ အော်တောင် အော်နေသေးတယ်”
ဟု ပြောကာ သူမကို အရှက်ခွဲချင်နေသည်မှာ အသေအချာပင်။
နန်းကုန်းယွဲ့ဟွာ သူမ၏ မျက်လုံးများကို အပြီးတိုင် မှိတ်ထားလိုက်တော့သည်။
ဆယ်ရက် ကြာပြီးနောက်။
အခန်းထဲရှိ လုချန်း၏ ပုံရိပ်သည် အခြားပုံရိပ်တစ်ခုနှင့် ထပ်နေဆဲဖြစ်ပြီး အချိန်တစ်ခုသို့ ရောက်သောအခါ လုချန်းက ရပ်တန့်လိုက်ကာ ကိုယ်ကိုကိုင်း၍ နန်းကုန်းယွဲ့ဟွာ၏ နားနားသို့ ကပ်ပြီး
“တကယ်ကို ဆွဲဆောင်မှု ရှိတာပဲ”
လုချန်း၏ စကားကို ကြားပြီးနောက် မူးဝေနေသော နန်းကုန်းယွဲ့ဟွာ ရုတ်တရက် သတိပြန်ဝင်လာသည်။ သတိပြန်ဝင်ချိန် မြန်ဆန်ခြင်းတွင်ပင် သူမသည် လုချန်း၏ အခြား ဇနီးမယားများထက် အနည်းငယ် သာလွန်သည်။
သို့သော် သတိပြန်ဝင်လာချိန်တွင် နန်းကုန်းယွဲ့ဟွာက လုချန်း၏ စကားကို ပြန်လည် တုံ့ပြန်ခြင်း မပြုခဲ့ပေ။ သူက သူမကို အရှက်ခွဲနေခြင်းသာ ဖြစ်ပြီး ပြန်ပြောစရာ ကောင်းကောင်းမွန်မွန် ဘာမှမရှိသောကြောင့်လည်းဖြစ်သည်။
နန်းကုန်းယွဲ့ဟွာ စကားမပြောသည်ကို မြင်သောအခါ လုချန်းက ကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ နန်းကုန်းယွဲ့ဟွာဆီမှ “အင်း” ဟူသော အသံတိုးတိုး ထွက်ပေါ်လာသည်။ ထိုလူ ထပ်စတော့မည်ဟု ထင်လိုက်သဖြင့် သူမက လျင်မြန်စွာ မေးလိုက်သည်။
“မင်းကြီး... တကယ်လို့ ရှင့်စကားကို နားထောင်ချင်တယ်ဆိုရင် ဘာလို့ အမိန့်မပေးလိုက်တာလဲ။ ဘာလို့ ဒီလို... လုပ်ရတာလဲ”
လုချန်း၏ ဆန္ဒကို နန်းကုန်းယွဲ့ဟွာ မြင်ခဲ့ပြီးဖြစ်သည်။ သူက သူမ၏ အသံကို ကြားချင်ရုံသာမက အနိုင်ယူခြင်း အရသာကို ခံစားလိုခြင်း ဖြစ်သည်။
လုချန်းက ပြုံးရင်း
“အမိန့်ပေးရမယ်ဆိုရင် သိပ်စိတ်ဝင်စားဖို့ မကောင်းတော့ဘူးလေ။ ကိုယ်က မင်းရဲ့ အစစ်မှန်ဆုံး အသံကို ကြားချင်တာ။”
မည်သူမဆို အော်ဟစ်နိုင်သော်လည်း ဟန်ဆောင်ထားသော အသံသည် ထိုအရသာ ကင်းမဲ့နေမည်မှာ သေချာသည်။
လုချန်း၏ အဖြေစကားကို ကြားသောအခါ နန်းကုန်းယွဲ့ဟွာ၏ စိတ်ထဲ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ အဓိကအားဖြင့် ဒီလူက သူမကို အရှက်ခွဲချင်နေခြင်းသာ ဖြစ်သည်။
ဖြစ်ချင်ရာ ဖြစ်စေတော့။
ပြောစရာ ဘာမှ မကျန်တော့ပေ။
ဤဆယ်ရက်အတွင်း သူမ မူးဝေနေခဲ့သော်လည်း ဆယ်ရက်ခန့် ကုန်ဆုံးသွားသည်ကိုတော့ ခန့်မှန်းနိုင်သေးသည်။
ဒီလူက သူမကို ကစားစရာ အစေခံတစ်ယောက်အဖြစ်သာ သဘောထားခဲ့ခြင်းဖြစ်သည်။
သူမ၏ အော်ဟစ်သံများကို လနက်မြို့ စံအိမ်အတွင်းရှိ လူတိုင်း ကြားပြီသွားပြီဟု တွေးမိလိုက်သောအခါ နန်းကုန်းယွဲ့ဟွာ အလွန် ရှက်သွားခဲ့သည်။
ယခု သူမသည် လုချန်း၏ အမျိုးသမီး ဖြစ်နေပြီ ဆိုသော်လည်း အနာဂတ်တွင် ကျိယန်ကမ္ဘာ၌ ဆက်လက် နေထိုင်ရဦးမည် ဖြစ်ပြီး လုချန်းအတွက် ကျိယန်ကမ္ဘာ တစ်ဝက်ကို ကူညီအုပ်ချုပ်ပေးရမည် ဖြစ်သည်။
ဧကရီတစ်ပါးဖြစ်သော သူမသည် လုချန်းနှင့် ဤမျှ အရှက်မဲ့စွာ ပြုမူခဲ့သည်ကို အခြားသူများ သိသွားပါက ဧကရီတစ်ပါး၏ ဂုဏ်သိက္ခာ မည်သည့်နေရာ၌ ရှိတော့မည်နည်း။
ထားလိုက်ပါတော့။
အရာအားလုံး ဖြစ်ပြီးသွားပြီမို့ သိချင်လည်း သိကြပါစေတော့။
ထိုအချိန်တွင် လုချန်း၏ နဖူးထဲမှ ရွှေရောင်စက်လုံးတစ်လုံး ပျံထွက်လာပြီး နန်းကုန်းယွဲ့ဟွာ၏ နဖူးထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။
နောက်တစ်ခဏတွင် ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်၏ အကြောင်းအရာများ နန်းကုန်းယွဲ့ဟွာ၏ စိတ်ထဲတွင် ပေါ်လာသည်။ ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်၏ အာနိသင်များကို ခံစားလိုက်ရသဖြင့် နန်းကုန်းယွဲ့ဟွာ၏ ဦးနှောက် ခေတ္တရပ်တန့်သွားသည်။
ဒါက သူတော်စင်အဆင့် ကျင့်စဉ်လား။
လူတွေကို တကယ်ပဲ အသက်ပြန်ရှင်စေနိုင်တာလား။
ဤကဲ့သို့သော ကျင့်စဉ်မျိုးကို နတ်ဘုရားအဆင့် ကျင့်စဉ်အဖြစ်ပင် သတ်မှတ်နိုင်သည်။
အမှန်စင်စစ်အားဖြင့် ပြန်လည်ရှင်သန်ခြင်းသည် အဆင့်မြင့် ကျင့်စဉ်လောကတွင် အလွန် အဖြစ်များ၏။ အထူးသဖြင့် ခန္ဓာကိုယ်မှ ဝိညာဉ်ခွာနိုင်လောက်အောင် စွမ်းအားကြီးသူများအတွက် ဖြစ်သည်။ ကျင့်ကြံသူ အများစုအတွက် ဝိညာဉ် ကျန်ရှိနေသရွေ့ သေဆုံးသည်ဟု မသတ်မှတ်ကြပေ။
ထို့ကြောင့် ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်သည် နတ်ဘုရားအဆင့် ကျင့်စဉ် အဆင့်သို့ မရောက်ပေ။ သို့သော် နန်းကုန်းယွဲ့ဟွာ ကိုယ်တိုင်က အဆင့်နိမ့် ကျင့်စဉ်ကမ္ဘာမှ လာသူဖြစ်သောကြောင့် ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်၏ စွမ်းရည်များကို အံ့အားသင့်သွားခြင်း ဖြစ်သည်။
ဒီလူက သူ့အပေါ် ဘာကြောင့် ဒီလောက် ရက်စက်ပြီး အညှာအတာမဲ့ခဲ့လဲ ဆိုတာ အံ့သြစရာ မဟုတ်တော့ကြောင်း နန်းကုန်းယွဲ့ဟွာ တွေးလိုက်မိသည်။ သူမ မည်သည့် နာကျင်မှုကိုမှ မခံစားခဲ့ရပေ။
သူက ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်၏ အသက်စွမ်းအားကို အသုံးပြုပြီး သူမကို တောက်လျှောက် ကုသပေးနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ ဘာလုပ်လုပ် သူမ မသက်မသာ မဖြစ်ခြင်းဖြစ်သည်။ တိုက်ခိုက်နေရင်း သူမ အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားလျှင်ပင် သူမ ဘာမှဖြစ်သွားလိမ့်မည် မဟုတ်ပေ။
ဝမ်းနည်းစရာကောင်းသည်မှာ ဤသူတော်စင်အဆင့် ကျင့်စဉ်သည် အင်အားတိုးပွားစေရန် ရည်ရွယ်ထားခြင်း မဟုတ်ပေ။
သို့သော် ကိစ္စမရှိပေ။ လုချန်းက သူတော်စင်အဆင့် ကျင့်စဉ်တစ်ခုကို အခြားသူတစ်ဦးအား အလွယ်တကူ သင်ပေးနိုင်သည် ဆိုကတည်းက သူ့တွင် သူတော်စင်အဆင့် ကျင့်စဉ်များ ပိုမို ပိုင်ဆိုင်ထားနိုင်ဖွယ် ရှိသည်။
လုချန်း၏ ဘေးနားတွင် သူမ ဆက်လက် နေထိုင်နေသရွေ့ သူမ၏ အင်အားကို တိုးမြှင့်ရန် သူတော်စင်အဆင့် ကျင့်စဉ်တစ်ခုကို နောက်ဆုံးတွင် ရရှိလာပေလိမ့်မည်။
သို့သော်...