← Chapters

ကျိယန်ကမ္ဘာ၏ ပထမဆုံး ကျင့်ကြံသူများ ညီလာခံ

Vol. 75 Ch. 1117

ကျိယန်ကမ္ဘာ၏ ပထမဆုံး ကျင့်ကြံသူများ ညီလာခံ

Vol. 75 Ch. 1117

လွန်ခဲ့သည့် ဆယ်ရက်အတွင်း လုချန်း သူမအပေါ် ပြုလုပ်ခဲ့သည်များကို နန်းကုန်းယွဲ့ဟွာ တွေးမိလိုက်တိုင်း သူမ၏ ခန္ဓာကိုယ်က ထိန်းချုပ်မရအောင် တုန်ယင်လာတတ်သည်။

သူ မည်သည့် အားဆေးကို သောက်သုံးထားလဲ မသိပေ။

သူ့တွင် အလွန်ကြီးမားသော အားအင်ကို ပိုင်ဆိုင်ထားသည်။

လုချန်း၏ ဘေးနားတွင် ဆက်လက် နေထိုင်နေမည် ဆိုပါက သူ၏ ကစားစရာ အရုပ်တစ်ခု အမှန်တကယ် ဖြစ်သွားမည်လား ဟု သူမ တွေးပူမိသည်။

အတွေးထဲ နစ်မြောနေသော နန်းကုန်းယွဲ့ဟွာကို ခွာလိုက်ကာ လုချန်းက ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။ ထိုသို့ ရပ်လိုက်သည်နှင့် တပြိုင်နက် ဟာတာတာ ဖြစ်သွားသော ခံစားချက်တစ်ခုကို နန်းကုန်းယွဲ့ဟွာ ချက်ချင်း ခံစားလိုက်ရသည်။

ထိုအချိန်တွင် အိပ်ဆောင်အတွင်းရှိ ဘေးခန်းတစ်ခုဆီသို့ လျှောက်သွားရင်း

“မင်းရဲ့ ကျင့်စဉ်အခြေအနေ တည်ငြိမ်အောင် လုပ်ထားလိုက်ဦး။”

ဟု လုချန်းက လှမ်းပြောလိုက်သည်။

ဆယ်ရက်ကျော် ကာလအတွင်း ကျိယန်ကမ္ဘာရှိ အင်အားစု အများစုကို နဂါးစစ်တပ်က ဖြိုခွင်းနိုင်ခဲ့ပြီ ဖြစ်သောကြောင့် စစ်ပွဲပြီးဆုံးရန် အချိန်တန်ပြီ ဖြစ်သည်။

ထွက်ခွာသွားသော လုချန်း၏ ကျောပြင်ကို ကြည့်ရင်း ရှုပ်ထွေးပွေလီလှသော ခံစားချက်တစ်ခုကို နန်းကုန်းယွဲ့ဟွာ ခံစားလိုက်ရသည်။ သူမ လိုချင်သည့်အရာကို ရရှိခဲ့သော်လည်း လုချန်း၏ လက်တွင်းမှ နောက်ထပ် မည်သည့်အခါမှ လွတ်မြောက်နိုင်တော့မည် မဟုတ်ကြောင်းလည်း သူမ နားလည်လိုက်သည်။

သူမ၏ ရင်ထဲတွင် ထိုခံစားချက်ကို စတင် စွဲလမ်းလာခဲ့ပြီ ဖြစ်ပြီး ထိုအရာ လုပ်နေစဉ်အတွင်း သူမ၏ ကျင့်စဉ်အဆင့် အရှိန်အဟုန်ဖြင့် တိုးတက်လာသည်ကိုလည်း သတိပြုမိလိုက်သည်။

ယခင်က စုံတွဲကျင့်စဉ် ဆိုသည်မှာ ကျင့်စဉ်လမ်း၏ အထောက်အပံ့ သက်သက်သာ ဖြစ်သည်ဟု သူမ ထင်မှတ်ခဲ့ဖူးသည်။ ထို့ကြောင့် ကျင့်ဖော်ရှိခြင်းက ကျင့်ကြံသူတစ်ဦးအတွက် ထူးခြားသော ခြားနားမှု မရှိဟု ယူဆခဲ့သည်။

ထို့ပြင် ဤကမ္ဘာရှိ စုံတွဲကျင့်စဉ်များသည် ထူးခြားမှု မရှိလှသော်လည်း လုချန်းနှင့် အတူ စုံတွဲကျင့်ကြံခြင်းကမူ ကြီးမားသော အကျိုးသက်ရောက်မှုများ ရှိနေကြောင်း လက်တွေ့ သိရှိလိုက်ရသည်။

လုချန်း မြင်ကွင်းမှ ပျောက်ကွယ်သွားပြီးနောက် သူမ၏ ကျင့်စဉ်အဆင့်ကို နန်းကုန်းယွဲ့ဟွာ အာရုံခံကြည့်လိုက်သည်။

နတ်ဘဝပြောင်းလဲခြင်း နယ်ပယ်သို့ ဝင်ရောက်လုနီးပါး ဖြစ်နေသော မိမိ၏ ကျင့်စဉ်အဆင့်ကို သိရှိလိုက်ရသောအခါ နန်းကုန်းချင်ရ အဘယ်ကြောင့် နတ်ဘဝပြောင်းလဲခြင်း နယ်ပယ်သို့ ဤမျှ လျင်မြန်စွာ ရောက်ရှိသွားခဲ့သလဲ ဆိုတာကို နန်းကုန်းယွဲ့ဟွာ နောက်ဆုံးတွင် နားလည်သွားခဲ့လေသည်။

နန်းကုန်းချင်ရ နတ်ဘဝပြောင်းလဲခြင်း အဆင့်သို့ လျင်မြန်စွာ တိုးတက်သွားခြင်းမှာ လုချန်း ပိုင်ဆိုင်သော သူတော်စင်အဆင့် ကျင့်စဉ်တစ်ခုတည်းကြောင့်ဟု သူမ ထင်မှတ်ခဲ့သေးသည်။ သို့သော် ဒါက လုချန်းနှင့် စုံတွဲကျင့်ကြံခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ပေါ်လွင်နေသည်။

ဤအရာကို တွေးမိလိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်ကို နန်းကုန်းယွဲ့ဟွာ ငုံ့ကြည့်လိုက်မိသည်။ လုချန်းသည် သူမအတွက် ကြီးမားသော အခွင့်အလမ်းတစ်ခု ဖြစ်သည်။ လုချန်း၏ ကစားခြင်းကို ခံရနိုင်သော်လည်း အခွင့်အရေးကို ဆုပ်ကိုင်နိုင်ပါက အနာဂတ်တွင် ပိုမိုမြင့်မားသော အဆင့်များသို့ ရောက်ရှိနိုင်ပေလိမ့်မည်။

နန်းကုန်းယွဲ့ဟွာလည်း ဆက်လက် တွေးတောနေခြင်း မပြုတော့ပဲ တင်ပျဉ်ခွေ ထိုင်လိုက်ကာ စတင် ကျင့်ကြံလိုက်တော့သည်။

ရေချိုးသန့်စင်ပြီးနောက် ကျိယန်ကမ္ဘာရှိ အင်အားစုများကို ပေါင်းစည်းရန်အတွက် နဂါးစစ်တပ်ကို ဆက်လက် ဦးဆောင်ရန် လုချန်း ရှေ့တန်းသို့ ပြန်သွားခဲ့သည်။

တစ်လမပြည့်မီ အချိန်အတွင်း ကျိယန်ကမ္ဘာရှိ အင်အားစုများ အားလုံး အရှုံးပေးခဲ့ကြသည်။ ကျိယန်ကမ္ဘာ၏ ပထမဆုံးသော ကျင့်ကြံသူများ ညီလာခံကို ကျင်းပရန်အတွက် အင်အားကြီး အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ အားလုံးအား ကျိရှောင်နိုင်ငံတော်၏ နေပြည်တော်သို့ ချက်ချင်း ဆင့်ခေါ်လိုက်သည်။

…….

ကျိရှောင်နိုင်ငံတော်။

နိုင်ငံရေးရာ ခန်းမဆောင်။

အင်အားကြီး အဖွဲ့အစည်းများ၏ ခေါင်းဆောင်များသည် အသက်ပြင်းပြင်းပင် မရှူရဲကြပေ။ ရွှေနက်ရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော လုချန်းသည် နန်းကုန်းယွဲ့ဟွာ ထိုင်လေ့ရှိသည့် ဖီးနစ်ပလ္လင်ထက်တွင် ဝင်ရောက်ထိုင်နေပြီး သူ၏ ဘေးတစ်ဖက်တစ်ချက်စီ၌ နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့ ထိုင်နေကြသည်။

ထို့နောက် လုချန်းက ခန်းမဆောင် အတွင်းရှိ လူများကို ဝေ့ဝဲကြည့်လိုက်ပြီး

“ခင်ဗျားတို့အားလုံးကို ဒီနေရာ ခေါ်လိုက်ရတဲ့ အကြောင်းရင်းကို သိပြီးကြပြီလို့ ကျွန်‌ေတာ်ယူဆတယ်။”

“နတ်မဟာမိတ်အဖွဲ့ကို တည်ထောင်ဖို့နဲ့ ကျိယန်ကမ္ဘာကို နှစ်ပိုင်းခွဲဖို့ ကျွန်တော်စီစဉ်ထားတယ်။ နယ်မြေတစ်ဝက်ကို နတ်မဟာမိတ်အဖွဲ့ဆီ ခွဲပေးပြီး ကျန်တစ်ဝက်ကို ကျိရှောင်နိုင်ငံတော်ဆီ ပေးအပ်မယ်”

ဟု အမိန့်သံပါပါ ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်သည်နှင့် လုချန်း၏ ရည်ရွယ်ချက်ကို လူတိုင်း ချက်ချင်း သဘောပေါက်သွားကြသည်။

ဆွမ်ဧကရာဇ်သည် ကျိယန်ကမ္ဘာ တစ်ခုလုံးကို လွယ်ကူစွာ ထိန်းချုပ်နိုင်ရန်အတွက် အဓိက အင်အားစုကြီး နှစ်ခုကို ပြိုင်ဘက်အဖြစ် ထားရှိကာ ခွဲခြားအုပ်ချုပ်လိုခြင်း ဖြစ်သည်။

လုချန်း၏ ရည်ရွယ်ချက်များကို သိရှိကြသော်လည်း ရှိနေသူများက ကန့်ကွက်ရန် မရဲကြပေ။ ကျိယန်ကမ္ဘာ တစ်ခုလုံးသည် ဆွမ်ဧကရာဇ်၏ လက်တွင်းသို့ ကျရောက်နေပြီးဖြစ်သည်။ ယခု သူအလိုရှိသလို ပြုလုပ်နိုင်သည်။

ရှနိုင်ငံတော်ကို သာမန်လူသား နိုင်ငံတစ်ခုအဖြစ် သတ်မှတ်၍ မရနိုင်တော့ပေ။ အကယ်၍ သာမန်နိုင်ငံသာ ဖြစ်ပါက ဧကရာဇ်၌ ကိုယ်ပိုင် စစ်ရေးအင်အား ရှိမည်မဟုတ်သလို သူလုပ်ဆောင်မည့် လုပ်ရပ်များတွင်လည်း အဟန့်အတားများ ရှိနေမည်ဖြစ်သည်။

သို့သော် ဆွမ်ဧကရာဇ်ကမူ ကွဲပြားခြားနားသည်။ သူသည် အကြွင်းမဲ့ အာဏာကို ပိုင်ဆိုင်ထားပြီး မူဝါဒ တစ်စုံတစ်ရာကို အကောင်အထည် ဖော်လိုပါက အမိန့်တစ်ချက် ပေးလိုက်ရုံသာ ဖြစ်သည်။ မည်သူမှ သူ့ကို ဆန့်ကျင်ရဲမည် မဟုတ်ပေ။

စကားပြောပြီးနောက် လုချန်းက ရှိနေသူများကို တစ်ချက်ကြည့်လိုက်ပြီး

“ကန့်ကွက်ချင်တဲ့သူ ရှိမလား မသိဘူး။”

လုချန်း၏ စကားဆုံးသည်နှင့် ခန်းမဆောင် အတွင်းရှိ လူတိုင်းက

“မင်းကြီးရဲ့ အမိန့်တော်အတိုင်း လိုက်နာပါ့မယ်”

ဟု ချက်ချင်း ပြန်လည် ဖြေကြားလိုက်ကြသည်။

ယခုအခါ ကျိယန်ကမ္ဘာ တစ်ခုလုံး ဆွမ်ဧကရာဇ်၏ လက်ထဲ ရောက်ရှိနေပြီ ဖြစ်ရာ မည်သူက ကန့်ကွက်ရဲဦးမည်နည်းဟု လူတိုင်း တွေးမိလိုက်ကြသည်။ ကန့်ကွက်သူ ရှိခဲ့လျှင်ပင် ရှနိုင်ငံတော်၏ အင်းလက်နက်များဖြင့် အမှုန့်ချေ ဖျက်ဆီးခံရပြီး ဖြစ်လောက်ပေသည်။

ခန်းမဆောင်ကြီး အတွင်းတွင် မည်သူမှ မတ်တပ်ရပ်လာခြင်း မရှိသည်ကို မြင်သောအခါ လုချန်းက

“ကန့်ကွက်မယ့်သူ မရှိဘူးဆိုတော့ ဒီကိစ္စ အတည်ပဲ။ ဒီနေ့ကစပြီး နန်းကုန်းချင်ရက နတ်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်လိမ့်မယ်။”

လုချန်း စကားပြောပြီးနောက် လူတိုင်း၏ အကြည့်များက နန်းကုန်းချင်ရထံသို့ အလိုအလျောက် ရောက်ရှိသွားသော်လည်း မည်သူမှ အံ့သြခြင်းတော့ မရှိကြပေ။ လုချန်းသည် နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရကို လက်ထပ်မည်ဟူသော သတင်းများ ထွက်ပေါ်နေပြီး ဖြစ်သည်။ ဆွမ်ဧကရာဇ်သည် သူ၏ အုပ်ချုပ်မှုကို ထိုနည်းဖြင့် ခိုင်မာအောင် လုပ်ဆောင်နေခြင်း ဖြစ်နိုင်သည်။

သူတို့ နှစ်ဦးစလုံး ဆွမ်ဧကရာဇ်နှင့် လက်ထပ်လိုက်ပါက အနာဂတ်တွင် သူနှင့် မိသားစု ဖြစ်လာကြမည်။ သူတို့နှစ်ဦးကြားတွင် ပြိုင်ဆိုင်မှုအချို့ ရှိခဲ့လျှင်ပင် ဆွမ်ဧကရာဇ်ကို ဝိုင်းဝန်းထောက်ပံ့ကြမည်သာ ဖြစ်သည်။

ထို့နောက် လုချန်းက

“ပြီးတော့ လူတိုင်း ကြားပြီးကြလောက်တဲ့အတိုင်း နန်းကုန်းယွဲ့ဟွာနဲ့ နန်းကုန်းချင်ရကို လက်ထပ်ဖို့ ကျွန်‌တော်ရည်မှန်းထားတယ်။ မင်္ဂလာပွဲကို နောက်ဆယ်ရက်နေရင် ကျင်းပမယ်။”

လုချန်း၏ စကားဆုံးသည်နှင့် ခန်းမဆောင်ကြီး အတွင်း၌

“မင်းကြီးကို ဂုဏ်ပြုပါတယ်”

ဟူသော အသံများ တညီတညွတ်တည်း ထွက်ပေါ်လာသည်။

လုချန်းက ဆက်လက်၍

“ဒီအချိန်ကစပြီး ကျိယန်ကမ္ဘာမှာ ဆယ်နှစ်တစ်ကြိမ် ကျင့်ကြံသူများ ညီလာခံ ကျင်းပမယ်။ ကျိရှောင်နိုင်ငံတော် နေပြည်တော်နဲ့ လနက်မြို့မှာ တစ်လှည့်စီ ကျင်းပရမယ်”

ကျင့်ကြံသူများ ညီလာခံအတွက် နေရာနှစ်ခု သတ်မှတ်လိုက်သည်ကို မြင်သောအခါ လုချန်း၏ ရည်ရွယ်ချက်ကို လူများ နားလည်လိုက်ကြသည်။ လနက်မြို့သည် အသစ် ဖွဲ့စည်းလိုက်သော နတ်မဟာမိတ်အဖွဲ့ အတွင်း၌ တည်ရှိပြီး နန်းကုန်းချင်ရ၏ ပိုင်နက်ဖြစ်သည်။

ကျင့်ကြံသူများသည် ဤကမ္ဘာကို အုပ်ချုပ်သော အဓိက အင်အားစုများ ဖြစ်ကြသည့်အတွက် ကျင့်ကြံသူများ ညီလာခံ တည်နေရာကို ခွဲခြားလိုက်ခြင်းသည် ကျိရှောင်နိုင်ငံတော်နှင့် နတ်မဟာမိတ်အဖွဲ့၏ ဩဇာလွှမ်းမိုးမှုကို တစ်ဖက်စောင်းနင်း မဖြစ်စေရန် တားဆီးခြင်းလည်း ဖြစ်သည်။

ထို့နောက် ကျိယန်ကမ္ဘာအတွက် စည်းမျဉ်းသစ် အများအပြားကို လုချန်း ကြေညာခဲ့သည်။ ဤပထမအကြိမ် ကျင့်ကြံသူများ ညီလာခံသည် ကျိယန်ကမ္ဘာရှိ အင်အားစု အသီးသီးအတွက် စည်းကမ်းစံနှုန်းများကို အဓိကထား သတ်မှတ်ခြင်း ဖြစ်ပြီး တက်ရောက်လာသော ခေါင်းဆောင်များ အနေနှင့် ဝင်ရောက်ပြောဆိုခွင့် မရှိပဲ သဘောတူကြောင်းသာ ပြောဆိုခွင့် ရှိကြသည်။

စည်းမျဉ်းသစ် အားလုံးကို ပြောကြားပြီးနောက် ရှိနေသူများကို လုချန်းက နောက်တစ်ကြိမ် ဝေ့ဝဲကြည့်လိုက်ပြီး

“မေးစရာ မေးခွန်းတွေ၊ သံသယတွေ ရှိရင် အခု မေးလို့ရပါပြီ။”

လုချန်း စကားဆုံးပြီးနောက် ခန်းမထဲတွင် မည်သူမှ ဦးဆောင်၍ မတ်တပ်ထမလာကြပေ။ အချိန်အတန်ကြာပြီးနောက် ထိပ်တန်း အဖွဲ့အစည်းတစ်ခုမှ ဂိုဏ်းချုပ်တစ်ဦး တုန်တုန်လှုပ်လှုပ်ဖြင့် မတ်တပ်ရပ်လာသည်။

လူတစ်ယောက် မတ်တပ်ရပ်လာသည်ကို မြင်သောအခါ လုချန်းက

“ခေါင်းဆောင်ချင်... ဘာမေးစရာ ရှိလို့လဲ”

ထိုလူက

“မင်းကြီး... အခု ထျန်းချန်ကမ္ဘာနဲ့ ကျိယန်ကမ္ဘာ ဆက်သွယ်ပြီးပြီ ဆိုတော့ ကျိယန်ကမ္ဘာက ကျင့်ကြံသူတွေကို ထျန်းချန်ကမ္ဘာထဲ ဝင်ခွင့်ပြုမလား ဆိုတာ သိချင်ပါတယ်။”

ထိုအခါ ခန်းမဆောင်ကြီး အတွင်းရှိ လူတိုင်း လုချန်းဘက်သို့ လှည့်ကြည့်လိုက်ကြ၏။ ထျန်းချန်ကမ္ဘာသို့ ဝင်ရောက်ခွင့် ပြုမပြုကို သူတို့လည်း သိလိုစိတ် ပြင်းပြနေကြသည်။

သူတို့အမြင်တွင် ထျန်းချန်ကမ္ဘာသည် လုချန်းကဲ့သို့ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်ကို မွေးထုတ်ပေးနိုင်ခဲ့သဖြင့် သာမန်ကမ္ဘာတစ်ခု မဟုတ်နိုင်ပေ။

ထို့ပြင် ယခုအခါ ကျိယန်ကမ္ဘာကို ဆွမ်ဧကရာဇ် ထိန်းချုပ်ထားပြီ ဖြစ်ရာ ကျိယန်ကမ္ဘာမှ အရင်းအမြစ်များကို ထျန်းချန်ကမ္ဘာသို့ လွှဲပြောင်းပေးနိုင်ပြီး အနာဂတ်တွင် ထျန်းချန်ကမ္ဘာကို ပိုမို စည်ပင်ဝပြောလာစေနိုင်သည်။

လုချန်း ခဏခန့် တိတ်ဆိတ်သွားသည်။ ဤကိစ္စကို သူ မကြာသေးမီက အမှန်တကယ် စဉ်းစားခဲ့ဖူးသည်။

All Chapters