ညဥ့်နက်နေပါပြီ
Vol. 75 Ch. 1118
ထျန်းချန်ကမ္ဘာတွင် စိတ်ဝိညာဉ်စွမ်းအားများ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သော်လည်း နှစ်ပေါင်းများစွာ အခြေကျနေသော ကျိယန်ကမ္ဘာနှင့် ယှဉ်လျှင်မူ များစွာ ပါးလွှာနေသေးသည်။
ထို့ကြောင့် ကျိယန်ကမ္ဘာမှ ကျင့်ကြံသူများ၏ အင်အားအခြေခံသည် ထျန်းချန်ကမ္ဘာမှ ကျင့်ကြံသူများထက် ပိုမို တောင့်တင်းခိုင်မာနေခြင်း ဖြစ်သည်။
အကယ်၍ ကျိယန်ကမ္ဘာမှ ကျင့်ကြံသူများ ထျန်းချန်ကမ္ဘာသို့ အလုံးအရင်းဖြင့် ဝင်ရောက်သွားပါက မလိုလားအပ်သော ပြဿနာအချို့ ဖြစ်ပေါ်လာနိုင်သည်။
သို့သော် အခြားတစ်ဖက်တွင်မူ ကျိယန်ကမ္ဘာမှ ကျင့်ကြံသူများ ထျန်းချန်ကမ္ဘာသို့ ဝင်ရောက်ပြီး ထိုနေရာရှိ ကျင့်ကြံသူများနှင့် ဆက်သွယ်ကာ ကျင့်စဉ်များကို မျှဝေနိုင်ပါက ထျန်းချန်ကမ္ဘာမှ ကျင့်ကြံသူများ၏ စွမ်းရည်များ တိုးတက်စေရန် များစွာ အထောက်အကူ ပြုနိုင်ပေလိမ့်မည်။
ဤအရာတွင် ကောင်းကျိုးနှင့် ဆိုးကျိုးတို့သည် ဒွန်တွဲနေလျက်ရှိသည်။
ခဏခန့် စဉ်းစားချင့်ချိန်ပြီးနောက် လုချန်းက
“နောက်နှစ်နှစ်နေရင် ထျန်းချန်ကမ္ဘာမှာ ကမ္ဘာချင်းဆက် ကျင့်ကြံသူများ ညီလာခံ ကျင်းပမယ်။ ညီလာခံပြီးရင် ကမ္ဘာနှစ်ခုလုံးက ကျင့်ကြံသူတွေ ကြိုက်တဲ့ကမ္ဘာကို ဝင်ထွက်သွားလာနိုင်အောင် ကန့်သတ်ချက်တွေကို ဖြည်းဖြည်းချင်း ဖယ်ရှားပေးမယ်။”
လုချန်း၏ စကားကို ကြားသောအခါ ဆွမ်ဧကရာဇ်သည် ထျန်းချန်ကမ္ဘာမှ လာသူဖြစ်သောကြောင့် ထိုကမ္ဘာသည် ကျိယန်ကမ္ဘာထက် ပိုကောင်းမွန်ရမည်ဟု တွေးကာ ခန်းမထဲ၌ ရှိနေကြသော ကျင့်ကြံသူများ စိတ်လှုပ်ရှားသွားကြသည်။ အကယ်၍ သူတို့သာ ထျန်းချန်ကမ္ဘာသို့ သွားရောက် ကျင့်ကြံနိုင်ပါက သူတို့၏ အင်အားသည် ကျိယန်ကမ္ဘာမှာထက် ပိုမိုမြန်ဆန်စွာ တိုးတက်လာမည်မှာ သေချာသည်ဟု ယူဆလိုက်ကြသည်။
ထိုအချိန်တွင် လုချန်းက တက်ရောက်လာသူများကို တစ်ချက်ဝေ့ကြည့်ပြီး
“ဆွေးနွေးစရာ ရှိသေးလား။ မရှိရင် ဒီနေ့ အစည်းအဝေး ဒီမှာပဲ ရပ်နားကြပါစို့။”
အင်အားကြီး အဖွဲ့အစည်းများ၏ ခေါင်းဆောင်များသည် တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် မည်သူမှ မတ်တပ်ရပ်မလာကြပေ။ သူတို့သည် လုချန်း၏ စည်းမျဉ်း သတ်မှတ်မှုကို နားထောင်ရန်သာ လာကြခြင်း ဖြစ်ပြီး စကားမှား ပြောမိမည်ကို စိုးရိမ်နေကြသည်။
ပြောစရာရှိသူ မမြင်သောအခါ လုချန်းက
“ပြောစရာ ကိစ္စ မရှိတော့ဘူးဆိုရင် အစည်းအဝေး ပြီးဆုံးပြီ။”
စကားဆုံးသည်နှင့် လုချန်း၏ ပုံရိပ် ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
လုချန်း ထွက်ခွာသွားသည်ကို မြင်လိုက်ရမှ ခန်းမဆောင်ကြီးထဲရှိ လူများ စိတ်လက်ပေါ့ပါးစွာဖြင့် သက်ပြင်းချနိုင်ကြတော့သည်။ ညီလာခံ တက်ရောက်ရာတွင် သူတို့ အကြောက်ဆုံးအရာမှာ ဆွမ်ဧကရာဇ်က တစ်စုံတစ်ယောက်ကို မနှစ်သက်ပဲ စံပြအဖြစ် ရွေးထုတ်၍ အပြစ်ပေးမည့် ကိစ္စဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ဆွမ်ဧကရာဇ်သည် စည်းမျဉ်းများ သတ်မှတ်ရုံမှလွဲ၍ အခြားဘာမျှ မလုပ်ခဲ့ပဲ သူတို့၏ အသက်များကို ချမ်းသာပေးခဲ့သည်။ ယခုအခါ သူတို့ရင်ဆိုင်ရမည့် နောက်ထပ် ပြဿနာမှာ အာဏာခွဲဝေမှု ကိစ္စရပ်သာ ဖြစ်သည်။
ကျိယန်ကမ္ဘာကို ခွဲခြားလိုက်ခြင်းသည် ကျိယန်ကမ္ဘာ၌ အဓိက အင်အားကြီး နှစ်ခု ရှိလာမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဆွမ်ဧကရာဇ်သည် ထိုအင်အားစုနှစ်ခု အပြိုင်အဆိုင် ဖြစ်နေသည်ကို နှစ်သက်ပုံရသည်။
ထို့ကြောင့် အခြားအင်အားစုများသည် ဘက်တစ်ခုခုကို မဖြစ်မနေ ရွေးချယ်ရမည် ဖြစ်သည်။ ကြားနေမည့်သူများသည် ဆိုးရွားသော ကံကြမ္မာနှင့် ကြုံတွေ့ရမည်မှာ သေချာပြီး ဆွမ်ဧကရာဇ်က အရေးမယူလျှင်ပင် အဓိက အင်အားကြီး နှစ်ခုက ကြားနေသူများကို အလွတ်ပေးမည် မဟုတ်ပေ။
သူတို့ကို ကာကွယ်ပေးမည့် အင်အားစု တစ်ခုကို ရွေးချယ်ရမည်သာ ဖြစ်သည်။
ထို့နောက်တွင် အင်အားစု အသီးသီးမှ ခေါင်းဆောင်များသည် မဟာမိတ်များ စတင် ဖွဲ့စည်းကြသဖြင့် ခန်းမဆောင်အတွင်း အတော်လေး ဆူညံသွားသည်။ အချို့က ကျိရှောင်နိုင်ငံတော်နှင့် ပူးပေါင်းရန် ရွေးချယ်ကြပြီး အချို့က နတ်မဟာမိတ်အဖွဲ့နှင့် ပူးပေါင်းရန် ရွေးချယ်ကြသည်။
ဤသို့ဖြင့် ကျိယန်ကမ္ဘာရှိ အဓိက အင်အားကြီး နှစ်ခု၏ အစပျိုးပုံစံ ပေါ်ပေါက်လာခဲ့သည်။
……
ဆယ်ရက် ကြာပြီးနောက်။
ကျိရှောင်နိုင်ငံတော်။
နန်းတော်။
နန်းတော် နေရာအနှံ့အပြားတွင် အနီရောင် မီးအိမ်များနှင့် အလှဆင် ပစ္စည်းများ ချိတ်ဆွဲထားပြီး ပျော်ရွှင်ဖွယ်ရာ မင်္ဂလာပုံစံ ပေါ်လွင်နေသည်။
ယနေ့သည် နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရကို လက်ထပ်မည့် မင်္ဂလာနေ့ရက် ဖြစ်သည်။ ကျိယန်ကမ္ဘာရှိ အဓိက အင်အားစုများမှ ခေါင်းဆောင်များ ရောက်လာကြပြီး တန်ဖိုးကြီး လက်ဖွဲ့များစွာ ယူဆောင်လာခဲ့ကြသည်။
မင်္ဂလာ ညစာစားပွဲ ပြီးဆုံးပြီးနောက် လုချန်းသည် နန်းကုန်းယွဲ့ဟွာ၏ အဆောင်သို့ ထွက်ခွာလာခဲ့သည်။ ထိုအချိန်၌ နန်းကုန်းယွဲ့ဟွာသည် ကုတင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေပြီး အနီရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။
သူမသည် မျက်နှာဖုံး ဇာပဝါကို ဝတ်ဆင်မထားပေ။ လုချန်းသည် ထိုကဲ့သို့သော သေးငယ်သည့် ထုံးတမ်းအစဉ်လာများကို မလိုက်နာခဲ့သည်မှာ ကြာပြီဖြစ်သည်။
အခန်းထဲသို့ ဝင်ရောက်ပြီး နန်းကုန်းယွဲ့ဟွာတစ်ယောက် ကုတင်ပေါ်တွင် ဂရုမစိုက်သလို ထိုင်နေသည်ကို မြင်သောအခါ သူက ပြုံးပြီး
“ဘာဖြစ်လို့လဲ။ ကိုယ့်မိန်းမက မပျော်ဘူးလား”
“ကိုယ့်မိန်းမက ကိုယ့်ကို လက်မထပ်ချင်ဘူးလား”
နန်းကုန်းယွဲ့ဟွာက
“မင်းကြီးက အင်အားကြီးမားပါတယ်။ မင်းကြီးနဲ့ လက်မထပ်ချင်တဲ့ မိန်းမဆိုတာ လောကမှာ ရှိမှာမဟုတ်ပါဘူး”
ဟု ခပ်အေးအေး ပြန်ဖြေလိုက်သည်။
အလင်းအရိပ်ဖြင့် ကုတင်ဘေးသို့ ရွှေ့လိုက်ပြီး လုချန်းက လက်ကို ဆန့်ထုတ်ကာ နန်းကုန်းယွဲ့ဟွာ၏ မေးစေ့ကို မော့လိုက်ပြီး သူမ၏ လှပသော မျက်နှာကို စိုက်ကြည့်လိုက်သည်။
“မင်းက အဲဒီလို ပြောပေမယ့် ကိုယ့်ကို တကယ် လက်မထပ်ချင်သလို ခံစားနေရတယ်မလား။”
နန်းကုန်းယွဲ့ဟွာက
“မင်းကြီး... ဒီအစီအစဉ်က ကျွန်မအတွက် တော်တော် အကျိုးရှိပါတယ်။ ကျွန်မ ငြင်းဆန်နေတာ မဟုတ်ပါဘူး။”
ပြီးခဲ့သည့် အချိန်က လနက်မြို့တွင် လုချန်း၏ ကြမ်းတမ်းမှုက သူမကို လွှမ်းမိုးခဲ့သော်လည်း အချိန်အတန်ကြာ ကုန်လွန်ခဲ့ပြီ ဖြစ်သောကြောင့် သူမ ပြန်လည် သက်သာလာခဲ့ပြီး ယခု ယောက်ျားမိန်းမကိစ္စကို စိတ်မဝင်စားတော့ပေ။
နန်းကုန်းယွဲ့ဟွာ၏ စကားကို ပြန်မတုံ့ပြန်ပဲ ဆောင်းဦးရေကန်ကဲ့သို့ တောက်ပနေသော သူမ၏ မျက်လုံးများကိုသာ ဆက်လက် စိုက်ကြည့်နေသည်။
သူ၏ ပြင်းထန်သော အကြည့်ကို ခံစားရသဖြင့် လနက်မြို့တွင် လုချန်း သူမအပေါ် ပြုလုပ်ခဲ့သည်များကို ပြန်လည် သတိရကာ နန်းကုန်းယွဲ့ဟွာ၏ ရင်ခုန်သံများ မြန်ဆန်လာခဲ့သည်။
အချိန်အတော်ကြာသွားသည်ဟု ထင်ရပြီးနောက် နန်းကုန်းယွဲ့ဟွာက
“မင်းကြီး... ညဥ့်နက်နေပါပြီ”
ယခုအချိန်တွင် ကျားမ ကိစ္စများကို စိတ်မဝင်စားသော်လည်း သူမသည် လုချန်းနှင့် လက်ထပ်ထားသူ ဖြစ်ပြီး ဇနီးသည် တစ်ဦး၏ တာဝန်ကို နားလည်သည်။
သူမ၏ စကားကို ကြားပြီးနောက် လုချန်းက ပြုံးကာ
“ကိုယ့်မိန်းမက ဒီလောက်တောင် စိတ်လောနေတာလား”
နန်းကုန်းယွဲ့ဟွာ၏ မျက်နှာထား ပြောင်းလဲခြင်း မရှိသော်လည်း ရုတ်တရက် လုချန်းက သူမကို ကုတင်ပေါ်သို့ တွန်းလှဲလိုက်သည်။
ဒီကိစ္စပြီးရင် လုချန်း ထျန်းချန်ကမ္ဘာကို ပြန်သွားမှာပဲဟု မျှော်လင့်ရင်း နန်းကုန်းယွဲ့ဟွာ စိတ်ထဲ သက်ပြင်းချလိုက်သည်။ လုချန်းတွင် ထိုနေရာ၌ မိန်းမများစွာ ရှိလောက်ပြီး သူပြန်သွားသည်နှင့် သူမ သူနှင့် အိပ်ရာတူစရာ မလိုတော့ပေ။
နန်းကုန်းယွဲ့ဟွာ အတွေးထဲ နစ်မြောနေစဉ် အဝတ်စုတ်ဖြဲသံ ကြားလိုက်ရသဖြင့် ပြောစရာစကားမဲ့သွားခဲ့သည်။ လုချန်းသည် အင်အားကြီးမားသော်လည်း အတော်လေး စိတ်မြန်လက်မြန် ရှိလှသည်ဟု သူမ တွေးလိုက်မိသည်။
ထိုအချိန်တွင် သူမ၏ နှုတ်ခမ်းများကို လုချန်းက ပိတ်ဆို့လိုက်သည်ကို ရုတ်တရက် ခံစားလိုက်ရပြီးနောက် ထူးဆန်းသော ခံစားချက်တစ်ခု စတင် ပေါ်ပေါက်လာသည်။
လနက်မြို့တွင် ကြုံတွေ့ခဲ့ရသလို ခံစားချက်များကို တွန်းလှန်ရန် သူမ၏ ကျင့်စဉ်များကို အသုံးပြုဖို့ နန်းကုန်းယွဲ့ဟွာ လျင်မြန်စွာ ကြိုးစားလိုက်သည်။
သို့သော် ဒီတစ်ကြိမ်တွင် လုချန်းက နည်းဗျူဟာ ပြောင်းလိုက်သည်။ လနက်မြို့တုန်းက သူ၏ ဇနီးမယားများ သူတို့၏ ခံစားချက်များကို ဖုံးကွယ်ထားခြင်း မပြုနိုင်ရန်အတွက် စိတ်ဝိညာဉ်စွမ်းအားကို မပိတ်ဆို့ထားခဲ့ပေ။ စွမ်းအား ပိတ်ဆို့ခြင်းက စိတ်ဝင်စားစရာ မကောင်းလှဟု သူယူဆခဲ့သည်။
ယခုတော့ သူ၏ အမြင်ကို ပြောင်းလဲလိုက်သည်။ အကယ်၍ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားကို မပိတ်ဆို့ပါက သည်းခံနိုင်စွမ်း မြင့်မားသော နန်းကုန်းယွဲ့ဟွာကဲ့သို့ လူမျိုးသည် အချိန်ကြာမြင့်စွာ တွန်းလှန်နိုင်ပေလိမ့်မည်။
ရုပ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုကို တွန်းလှန်နေခြင်းက စစ်မှန်သော တုံ့ပြန်မှု မဟုတ်ပေ။
ထို့ကြောင့် ယခုတစ်ကြိမ်တွင် နန်းကုန်းယွဲ့ဟွာ၏ စိတ်ဝိညာဉ်စွမ်းအားကို တိုက်ရိုက် ပိတ်ဆို့ရန် သူ ဆုံးဖြတ်လိုက်သည်။
ပြင်းထန်စွာ တွန်းလှန်ရန် ကြိုးစားနေစဉ်မှာပင် သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို အာရုံမခံနိုင်တော့ပဲ သာမန်လူများကဲ့သို့ ဖြစ်သွားသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရသဖြင့် နန်းကုန်းယွဲ့ဟွာ အလွန်အံ့အားသင့်သွားသည်။
ခဏခန့် ကြောင်အသွားပြီးနောက် ပြင်းထန်သော ခံစားမှုတစ်ခု၏ လွှမ်းမိုးခြင်းကို သူမ ခံလိုက်ရသည်။
အခြေအနေကို နန်းကုန်းယွဲ့ဟွာ ချက်ချင်း နားလည်လိုက်သည်။ လုချန်းက သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို ပိတ်ဆို့ရန် နည်းလမ်းတစ်ခုခု သုံးလိုက်ခြင်းဖြစ်ကြောင်း ထင်ရှားသည်။
ယခု သူမ လုံးဝ လွှမ်းမိုးခံလိုက်ရပြီဖြစ်ပြီး အတွင်းစိတ် လှုပ်ရှားမှုကို ထိန်းချုပ်ရန် ကျင့်စဉ်ကို အသုံးမပြုနိုင်တော့သဖြင့် သူမ၏ လက်များဖြင့် လုချန်း၏ လည်ပင်းကို တင်းကျပ်စွာ ဖက်တွယ်ထားရုံမှတစ်ပါး အခြား မတတ်နိုင်တော့ချေ။
နှစ်နာရီခန့် အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။
ကပ်လျက် အခန်းထဲတွင် ဖြစ်သည်။
အနီရောင် ဝတ်ရုံရှည် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ကုတင်ပေါ်တွင် ထိုင်နေသည်။
လုချန်း ဘေးခန်းသို့ ဝင်သွားသည်ကို နန်းကုန်းချင်ရ အစောကတည်းက အာရုံခံမိခဲ့သည်။ အဘယ်ကြောင့် အသံဗလံများ မကြားရသေးသနည်း ဟုလည်း သူမ သိချင်နေမိသည်။
နန်းကုန်းချင်ရ ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ ကောင်းကင်ပေါ်ရှိ လပြည့်ဝန်းကို မော့ကြည့်ရင်း မျက်နှာပေါ် ဖြတ်သန်းတိုက်ခတ်လာသော လေပြေအေးကို ခံစားလိုက်သည်။
‘လုချန်းက ဘေးခန်းထဲ ရောက်နေတာ ကြာလှပြီ အခုထိ မစကြသေးဘူးလား’
ဟု သူမ တွေးနေမိသည်။
ဘေးခန်းတွင် ဘာဖြစ်နေသည်ကို သိရှိရန် သူမ၏ စိတ်အာရုံကို လွှတ်ထုတ်နိုင်သော်လည်း ထိုသို့မလုပ်ရန် ရွေးချယ်လိုက်သည်။ အကယ်၍ သူမ ထိုသို့လုပ်ပါက လုချန်း သတိထားမိသွားပြီး သူ့ကို အနှောင့်အယှက် ပေးသလို ဖြစ်သွားလိမ့်မည်။ သူစိတ်ကို အနှောင့်အယှက် ဖြစ်စေရန် သူမ လုံးဝ မလိုလားပေ။