ယွမ်ရှန်ရှန် ရင်သွေးကမ္ဘာ လွယ်ခြင်း
Vol. 75 Ch. 1121
လုချန်း စိတ်ထဲ အကြံအစည်တစ်ခု ချမှတ်လိုက်သည်။ ထိုအရာမှာ ကျိယန်ကမ္ဘာမှ ရရှိထားသော ကံစွမ်းအားများကို ယွမ်ရှန်ရှန်ထံသို့ ကူးပြောင်းပေးပြီး သူမကို ရင်သွေးကမ္ဘာ လွယ်ထားစေရန် ကူညီပေးဖို့ ဖြစ်သည်။ ဤနည်းလမ်းအားဖြင့် ယွမ်ရှန်ရှန်၏ အင်အားသည် လက်ရှိထက် များစွာ တိုးတက်လာနိုင်လိမ့်မည်။
ရင်သွေးကမ္ဘာ လွယ်ထားခြင်းသည် သူ့အတွက်သာ အကျိုးရှိသည် မဟုတ်ပဲ လွယ်ထားရသည့် အမျိုးသမီးအတွက်လည်း အလွန်အကျိုးရှိလှသည်။ ထိုသို့ သက်သေသာဓကများလည်း ရှိခဲ့ဖူးသည်။
ချူးယုချင်နှင့် မုကျိရွှမ်းတို့ နှစ်ဦးစလုံးသည် ရင်သွေးကမ္ဘာများကို လွယ်ထားပြီးနောက် သူတို့၏ ကျင့်စဉ်အဆင့်များ အလွန်လျင်မြန်စွာ တိုးတက်လာခဲ့ကြသည်။
မူလက မုကျိရွှမ်းသည် သာမန်ပါရမီအဆင့်ရှိသူ တစ်ဦးသာ ဖြစ်ခဲ့သော်လည်း ရင်သွေးကမ္ဘာ လွယ်ထားပြီးနောက် သူမ၏ ကျင့်စဉ်အဆင့်သည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ ယခုအခါ သူမသည် မူလအစကမ္ဘာ နယ်ပယ်၏ အဆင့်ကိုးအလွာသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ယွမ်ရှန်ရှန်သည် မူလကပင် ကျင့်စဉ်အဆင့် မြင့်မားပြီးသား ဖြစ်သည့်အပြင် သူမ၏ ပါရမီကလည်း ထူးကဲသည်။ အကယ်၍ သူမသာ ရင်သွေးကမ္ဘာကို လွယ်ထားရပါက သူမ၏ ကျင့်စဉ် တိုးတက်မှု အရှိန်အဟုန် ပိုမို မြန်ဆန်လာနိုင်သည်။ ထို့ကြောင့် ဤအခွင့်အရေးကို ယွမ်ရှန်ရှန်အား ပေးအပ်ရန် လုချန်း စီစဉ်လိုက်ခြင်း ဖြစ်သည်။
ယွမ်ရှန်ရှန် ပိုမို အားကြီးလာသည်နှင့် တပြိုင်နက် အနာဂတ်တွင် ထျန်းချန်ကမ္ဘာကို သူမ ဦးစီးနိုင်မည် ဖြစ်သည်။ ထိုအခါ သူက အခြားကမ္ဘာများကို သွားရောက် တိုက်ခိုက်လျှင်ပင် ထျန်းချန်ကမ္ဘာရှိ အန္တရာယ်များအတွက် စိုးရိမ်စရာ လိုတော့မည် မဟုတ်ပေ။
အတွေးဆုံးသည်နှင့် လုချန်းက သူမ၏ နှုတ်ခမ်းများကို ပိတ်လိုက်ရာ ယွမ်ရှန်ရှန် ရုန်းကန်ခြင်း မရှိတော့ပေ။ ဤစကားနားမထောင်သည့် တပည့်က စတင် လှုပ်ရှားလာပြီ ဖြစ်သဖြင့် ယနေ့တွင် သူမ ထိုအရာကို သေချာပေါက် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ထို့နောက် ယွမ်ရှန်ရှန်က လုချန်း၏ လည်ပင်းကို သိုင်းဖက်လိုက်ပြီး အနမ်းကို တက်ကြွစွာ တုံ့ပြန်လိုက်သည်။ အချိန် တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ နှစ်ဦးသား စိတ်ပါဝင်စားလာကြပြီး မကြာမီတွင် လုချန်း အလုပ်ရှုပ်လာတော့သည်။
ထိုအချိန်၌ပင် လုချန်းလည်း ပြောင်းလဲထားသော ကျိယန်ကမ္ဘာမှ ကံစွမ်းအားများကို ယွမ်ရှန်ရှန်ထံသို့ ဆက်တိုက် လွှဲပြောင်းပေးလိုက်သည်။ ကံစွမ်းအားများကို လက်ခံရရှိချိန်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ယွမ်ရှန်ရှန် ချက်ချင်း သတိထားမိလိုက်သည်။
ယခင်က လုချန်းသည် စိတ်ဝိညာဉ် စွမ်းအားများကိုသာ လွှဲပြောင်းပေးလေ့ရှိပြီး ၎င်းတို့သည် သူမ၏ ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ လှည့်ပတ်စီးဆင်းသွားကာ တစ်နေရာတည်းတွင် စုစည်းနေခြင်း မရှိပေ။ သို့သော် ယခုတစ်ကြိမ် လုချန်း လွှဲပြောင်းပေးလိုက်သည့်အရာမှာ တစ်နေရာတည်းတွင် စုစည်းနေပြီး ချက်ချင်း ပျောက်ကွယ်မသွားပေ။
ဒါက...
ထိုအရာကို ထိန်းထားရသည်မှာ နေရခက်သောကြောင့် သူမ၏ စွမ်းအားများကို အသုံးပြု၍ ဤထူးဆန်းသော စွမ်းအားကို ဖယ်ရှားရန် ယွမ်ရှန်ရှန် ကြိုးစားလိုက်သည်။ သို့သော် သူမ မည်သို့ပင် ကြိုးစားစေကာမူ ထိုထူးခြားသော စွမ်းအားအစုအဝေးက ပျောက်ကွယ်မသွားပေ။
ယွမ်ရှန်ရှန်၏ စိတ်ထဲတွင် ခံစားချက်တစ်မျိုး ဖြစ်ပေါ်လာသည်။ ဤဒုက္ခပေးတတ်သော တပည့်က ဘာလှည့်ကွက်များ သုံးနေပြန်ပြီနည်း။ အရာအားလုံးကို သူမ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းနေသည်။
အချိန်မည်မျှ ကြာသွားသည် မသိ နောက်ဆုံးတွင် လုချန်းက နှုတ်ခမ်းချင်း ခွာလိုက်သည်။
ထိုအခါ ယွမ်ရှန်ရှန်က
“ အဲဒါ... ဘာကြီးလဲ...”
ဟု အလျင်အမြန် မေးလိုက်သည်။
ယွမ်ရှန်ရှန် ဘာကို ဆိုလိုကြောင်း လုချန်း သိနေသဖြင့် လှုပ်ရှားနေရင်း
“ကံစွမ်းအားလေ”
ကံစွမ်းအား ဟုတ်လား။
ယွမ်ရှန်ရှန် အနည်းငယ် တုန်လှုပ်သွားသည်။ ကံစွမ်းအားက ဒီလိုပုံစံမျိုး စုစည်းလို့ ရလို့လား။ သူမ၏ မျက်ဝန်းများ ဇဝေဇဝါဖြစ်မှုများဖြင့် တောက်ပသွားသည်။
“ရှင်... ဘာလို့ ကျွန်မကို ကံစွမ်းအားတွေ အများကြီး ပေးနေတာလဲ”
လုချန်းက ကိုယ်ကိုကိုင်းလိုက်ပြီး
“မင်း ခဏနေရင် သိလာလိမ့်မယ်”
ဟု သူမ၏ နားနားကပ်၍ တီးတိုးပြောလိုက်သည်။
စကားဆုံးသည်နှင့် လုချန်း ယွမ်ရှန်ရှန်ထံသို့ ကံစွမ်းအားများကို ဆက်လက် လွှဲပြောင်းပေးလိုက်သည်။ လုချန်းက ရှင်းပြခြင်း မရှိသည်ကို မြင်သဖြင့် ယွမ်ရှန်ရှန်လည်း ဆက်မမေးတော့ပေ။
ကံစွမ်းအားများကို ခန္ဓာကိုယ်အပြင်သို့ ထုတ်ပစ်ရန် နောက်ထပ် အကြိမ်အနည်းငယ် ကြိုးစားကြည့်သော်လည်း မည်သို့ပင် လုပ်စေကာမူ ကံစွမ်းအားများမှာ သူမ၏ ခန္ဓာကိုယ်ထဲတွင် အခြေချလိုက်သကဲ့သို့ ထွက်မသွားတော့ပေ။
အချိန်မည်မျှ ကြာသွားသည်မသိ ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ် စွမ်းအားများ အားလုံးသည် ဝမ်းဗိုက်အောက်ပိုင်း၌ စုစည်းသွားသဖြင့် သူမ၏ စိတ်ထဲတွင် ရုတ်တရက် ဗလာဖြစ်သွားသလို ခံစားလိုက်ရသည်။ ထူးဆန်းသော ခံစားမှုတစ်ခု ရင်ထဲသို့ ဝင်ရောက်လာပြီးနောက် သူမ၏ စိတ်အာရုံများ လွတ်ထွက်သွားသည်။
ခဏမျှ စိတ်လွတ်သွားပြီးနောက် သူမ၏ ခန္ဓာကိုယ်အတွင်းတွင် ထူးဆန်းသော အရာတစ်ခု ပေါ်လာသည်ကို သတိပြုမိလိုက်သည်။
ဒါက...
ယွမ်ရှန်ရှန် နားလည်သွားပုံ ရသည်။ သူမ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး လက်ကို အမြန်မြှောက်ကာ လုချန်း၏ ရင်ဘတ်ကို တွန်းလိုက်သည်။ ယွမ်ရှန်ရှန်၏ တုံ့ပြန်မှုကို အာရုံခံမိသဖြင့် လုချန်းက ကိုယ်ကို ဖြည်းညှင်းစွာ မတ်လိုက်ပြီး ယွမ်ရှန်ရှန်၏ မျက်နှာကို ပြုံး၍ ငုံ့ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ”
ယွမ်ရှန်ရှန်က
“ရှင်... ရှင် ကျွန်မကို ကိုယ်ဝန်ဆောင်... ကိုယ်ဝန်ဆောင်ခိုင်းလိုက်တာလား”
လုချန်းက သူမကို ကိုယ်ဝန်ရှိအောင် လုပ်လိုက်သည်ဟု ယွမ်ရှန်ရှန် ထင်မှတ်သွားခြင်း ဖြစ်သည်။ သူ၏ ဇနီးသည်များကို ကိုယ်ဝန်ရစေရန် လုချန်းအတွက် အချိန်အနည်းငယ်သာ လိုအပ်ကြောင်း အခြားဇနီးသည်များထံမှ သူမ ကြားဖူးထားသည်။ ထို့ကြောင့် လုချန်းက သူမအား သူ၏ ရင်သွေးကို လွယ်ထားစေသည်ဟု ယွမ်ရှန်ရှန် ထင်လိုက်ခြင်း ဖြစ်သည်။
လုချန်း စနစ် အသိပေးချက်ကို ကြည့်လိုက်သည်။
[ယွမ်ရှန်ရှန်အား ရင်သွေးကမ္ဘာ လွယ်ထားနိုင်ရန် ကူညီပေးသည့်အတွက် ဂုဏ်ယူပါသည်။ သင့်ကို ကောင်းကင်အဆင့် နှင်းပျံ နည်းဗျူဟာပုံစံ ဆုချီးမြှင့်လိုက်သည်။]
ဆုလာဘ်များကို ဖတ်ပြီးနောက် လုချန်းက ယွမ်ရှန်ရှန်၏ ပါးပြင်ပေါ်မှ ဆံနွယ်များကို ညင်သာစွာ သပ်တင်ပေးလိုက်ပြီး
“သန္ဓေတည်သွားတာတော့ ဟုတ်ပါတယ်”
လုချန်း၏ အဖြေကို ကြားသောအခါ ယွမ်ရှန်ရှန် တုန်လှုပ်သွားပြီး သူမ၏ မျက်နှာပေါ်တွင် ရှက်ရွံ့သည့် အရိပ်အယောင် ပေါ်လာသည်။
“ ဘာလို့ ကျွန်မကို ကြိုမပြောရတာလဲ”
လုချန်း၏ ရင်သွေး လွယ်ရမည့်အပေါ် သူမ အထူးတလည် ကန့်ကွက်လိုခြင်း မရှိသော်လည်း အနည်းဆုံးတော့ ကြိုပြောသင့်သည်။ ဧကရာဇ်အဆင့် မရောက်မချင်း ကလေးမယူဘူးဟု သူ အရင်က ပြောဖူးသည် မဟုတ်ပါလား။
ပြောပြီး နှစ်သိပ် မကြာမီမှာပင် သူက မျိုးစေ့ချလိုက်ပြီဖြစ်သည်။
လုချန်းက ပြုံးပြီး
“မင်း လွယ်ထားတာက ကလေး မဟုတ်ဘူး”
ဒါက...
ယွမ်ရှန်ရှန် တောင့်တင်းသွားပြန်သည်။ ကလေး မဟုတ်ရင် ဘာလဲ။
ထို့နောက် ယွမ်ရှန်ရှန်သည် သူမ၏ ခန္ဓာကိုယ် အခြေအနေကို ပြန်လည် အာရုံခံလိုက်ရာ နောက်တစ်ခဏတွင် သူမ၏ စိတ်အာရုံသည် အနက်ရောင် နယ်မြေတစ်ခုထဲသို့ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။ ထိုအနက်ရောင် နယ်မြေသည် ခြောက်သွေ့ပြီး ဘာမှမရှိပဲ အလွန် ဖိနှိပ်ချုပ်ချယ်ထားသကဲ့သို့ ခံစားရစေသည်။
ယွမ်ရှန်ရှန် ချက်ချင်း သတိပြုမိလိုက်သည်မှာ ဤအရာသည် ကိုယ်တွင်းကမ္ဘာတစ်ခု ဟူ၍ပင်။
မဟုတ်ပါ။
ဤအရာသည် ကိုယ်တွင်းကမ္ဘာနှင့် ကွဲပြားသည်။ ဤနယ်မြေတွင် သူမကို ထောက်ပံ့ပေးနေသည့် ထူးခြားသော စွမ်းအားတစ်ခု ရှိနေပုံရပြီး သူမ၏ ကျင့်စဉ်အဆင့်ကို သိသိသာသာ တိုးတက်စေသည်။
ထိုအရာ ဘာလဲဆိုတာကို နားမလည်နိုင်သဖြင့် သူမ၏ စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီး လုချန်း၏ မျက်လုံးများကို ကြည့်ကာ
“အဲ့ဒါက ဘာကြီးလဲ”
လုချန်းက အမှန်တရားကို ဖုံးကွယ်မထားတော့ပဲ တဲ့တိုးပင်
“ဒါက ကိုယ်တို့ ပူးပေါင်း မွေးမြူထားတဲ့ ရင်သွေးကမ္ဘာပဲ။ ကျင့်ကြံသူတစ်ယောက်ရဲ့ ကိုယ်တွင်းကမ္ဘာလို့လည်း မင်း မှတ်ယူလို့ ရတယ်။ ဒါပေမဲ့ ဒီတစ်ခုက ထူးခြားတယ်။ မင်း ဝင်လို့ရသလို ကိုယ့်ရဲ့ စိတ်အာရုံကလည်း ဝင်လို့ရတယ်။ ပြီးတော့ ဒီရင်သွေးကမ္ဘာထဲမှာ မွေးဖွားလာတဲ့ ဘယ်သက်ရှိကိုမဆို ကိုယ်တို့ရဲ့ ကလေးလို့ သတ်မှတ်လို့ရတယ်။”
ထိုစကားကို ကြားသောအခါ ယွမ်ရှန်ရှန် တွေးတောနေမိသည်။ ကျားမ စုံတွဲကျင့်စဉ်ဖြင့် အတွင်းကမ္ဘာတစ်ခုကို ဖန်တီးနိုင်သည်ဟု သူမ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
ဒါက လုချန်း၏ ခန္ဓာကိုယ် တည်ဆောက်ပုံကြောင့် ဖြစ်နိုင်သည်။ ဤပုန်ကန်တတ်သော လူသည် အရာအားလုံးကို သူမ၏ ခန္ဓာကိုယ်ထဲသို့ အမြဲတမ်း ထည့်သွင်းနေတတ်သည်။
ထားလိုက်ပါတော့။
ဒီရင်သွေးကမ္ဘာက ဆိုးကျိုးရှိပုံ မရပေ။
ထိုသို့ တွေးလိုက်ပြီးနောက် ယွမ်ရှန်ရှန် လုချန်းကို စိုက်ကြည့်ကာ
“ရှင့်ရည်ရွယ်ချက် အောင်မြင်သွားပြီပဲ။ အခု ထလို့ရပြီ။”
လုချန်း ယနေ့ လာရောက်ခြင်းက သူမအား ဤရင်သွေးကမ္ဘာကို လွယ်ထားစေရန် အဓိက ရည်ရွယ်မှန်း သူမ သိလိုက်သည်။
လုချန်းက ပြုံးလျက်
“ခဏလေးပဲ ရှိပါသေးတယ်။ ကိုယ် မင်းဆီကို လွှဲပြောင်းပေးစရာ ကံစွမ်းအားတွေ အများကြီး ကျန်သေးတယ်”
ယွမ်ရှန်ရှန် ထိုပုန်ကန်တတ်သော လူကို မကျေမနပ် ကြည့်လိုက်သည်။ သူမ ဘာမှ မပြောနိုင်ခင်မှာပင် လုချန်းက သူမ၏ နှုတ်ခမ်းများကို ထပ်မံ ပိတ်လိုက်ပြီး အင်အားစိုက်ထုတ်လိုက်သည်။
ယွမ်ရှန်ရှန်လည်း လုချန်းကို ကိုင်တွယ်ရန် နည်းလမ်းမရှိသဖြင့် သူ့သဘောအတိုင်းသာ လွှတ်ထားလိုက်ရသည်။ အပျော်အပါးကိုသာ အမြဲမတွေးပဲ ကျင့်စဉ်ကို ဝီရိယစိုက်ထုတ်ပြီး ကျင့်ကြံရန် အကြံပေးဖို့ သူမ စီစဉ်ထားသော်လည်း ယခု သူ၏ အခြေအနေကို ကြည့်၍ သူမ၏ စကားများ သဲထဲရေသွန် ဖြစ်သွားမည်ကို နားလည်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း နောက်ထပ် လဝက် ကုန်ဆုံးသွားသည်။
ယွမ်ရှန်ရှန်နှင့် အချိန်ကုန်ဆုံးပြီးနောက် လုချန်းသည် နဂါးနက်မြို့ရှိ အခြားမိဖုရားများထံသို့ သွားရောက်ကာ တစ်ယောက်ချင်းစီနှင့် ပျော်ပါးပြီးမှ ရန်မြို့နန်းတော်သို့ ပြန်လာခဲ့သည်။
……
ရန်မြို့။
နန်းတော်ရှိ အဆောင်တစ်ခု၌။
ကျိချိုးယုသည် အဆောင်ငယ်တစ်ခုတွင် ထိုင်နေပြီး သိသိသာသာ စိတ်ပျက်နေပုံ ရသည်။ သူမ၏ မိဖုရားကြီး အဆင့်အတန်းက ဤနေရာတွင် အထူးနေရာတစ်ခု ရရှိစေလိမ့်မည်ဟု တွေးထင်ကာ လုချန်းနှင့်အတူ ထျန်းချန်ကမ္ဘာသို့ သူမ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
သို့သော် သတင်းအချက်အလက်များကို အချိန်ယူ စုဆောင်းပြီးနောက် လုချန်း၏ မိဖုရားဆောင်တွင် အနိမ့်ဆုံးအဆင့်မှာ မိဖုရား ဖြစ်ကြောင်း သူမ သိရှိလိုက်ရသည်။ ဆိုလိုသည်မှာ ဤနေရာတွင် သူမ၏ ဘွဲ့က လုံးဝ မထူးခြားပေ။
ဤအကြောင်းကို တွေးမိသည်နှင့် ကျိချိုးယု ဒေါသထွက်လာသည်။ လုချန်းအတွက် သူမ အရေးပါသည်ဟု ထင်ခဲ့သော်လည်း သူမသည် သူ့အတွက် ကစားစရာ အများအပြားထဲမှ တစ်ခုသာ ဖြစ်ကြောင်း ယခုမှ နားလည်လိုက်သည်။
ကျိချိုးယု စိတ်ကောက်နေချိန်မှာပင် သူမ၏ အနောက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
“ကိုယ့်မိန်းမ... ဘာတွေ ဒီလောက်တောင် တွေးနေတာလဲ”