← Chapters

ရှင် ထျန်းချန်ကမ္ဘာကနေ ထွက်သွားဖို့ ပြင်ဆင်နေတာလား

Vol. 75 Ch. 1123

ရှင် ထျန်းချန်ကမ္ဘာကနေ ထွက်သွားဖို့ ပြင်ဆင်နေတာလား

Vol. 75 Ch. 1123

အိပ်ဆောင်ထဲတွင် ပုံထားသော ဝိညာဉ်သစ်သားများကို မြင်လိုက်သည်နှင့် ယွမ်ရှန်ရှန်လည်း တုံ့ဆိုင်းခြင်းမရှိပဲ လက်ကို မြှောက်ကာ လုချန်းအတွက် ရုပ်သေးရုပ်များကို စတင်ပြုလုပ်ပေးလိုက်သည်။

သို့သော် သူမ၏ စိတ်ဝိညာဉ်စွမ်းအားများကို အသုံးပြုနေစဉ်တွင် ခန္ဓာကိုယ်မှ ပုံမှန်မဟုတ်သော ခံစားမှုများကြောင့် အာရုံစိုက်ရန် ခက်ခဲနေသည်။

ယွမ်ရှန်ရှန်လည်း ရုပ်သေးရုပ် ပြုလုပ်နေခြင်းကို ရပ်တန့်လိုက်ပြီး ခေါင်းကို အနည်းငယ်လှည့်ကာ မျက်လုံးထောင့်မှတစ်ဆင့်ကြည့်ရင်း လုချန်းကို မေးလိုက်သည်။

“ရှင် အပြင်ထွက်ပေးလို့ ရမလား”

“ဒီလိုပုံစံနဲ့ ရုပ်သေးရုပ်တွေကို ကျွန်မ ဘယ်လိုလုပ်ရမှာလဲ”

လုချန်းက ပြုံး၍

“ကိုယ် ဘာမှ အမှားမလုပ်ထားပါဘူး”

လုချန်းက မထွက်သွားသည့်အပြင် ပို၍ တင်းကျပ်စွာ ဖက်ထားသည်ကို မြင်သောအခါ ယွမ်ရှန်ရှန်လည်း ဆက်လုပ်ရုံမှတပါး ရွေးချယ်စရာ မရှိတော့ပေ။ ထို့နောက် ကြိုးစားအာရုံစိုက်လိုက်ပြီး လုချန်းအတွက် ရုပ်သေးရုပ်များကို ဆက်လက် ပြုလုပ်ပေးလိုက်သည်။

မည်သည့် စည်းကျော်သည့်လုပ်ရပ်မှ လုချန်း မလုပ်‌ပေ။ ယွမ်ရှန်ရှန်က သူ့အတွက် ရုပ်သေးရုပ်များ လုပ်ပေးနေသည် မဟုတ်ပါလား။ ဤအချိန်တွင် သူသွားပြီး ဒုက္ခပေးလိုက်ပါက အလွန် စိတ်ပျက်စရာ ကောင်းနေလိမ့်မည်။

ဝင်လေထွက်လေ ဆယ်ကြိမ်ခန့် အကြာတွင် ရုပ်သေးရုပ် သုံးရုပ်ကို ပြုလုပ်ပြီးသွားပြီ ဖြစ်သည်။ အိပ်ဆောင်ထဲရှိ လူအရွယ်အစားတူ ရုပ်သေးရုပ်များကို ကြည့်ရင်း ယွမ်ရှန်ရှန် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိလိုက်ပြီး ပြောလိုက်သည်။

“ရှင့်ရဲ့ မိန်းမတွေနဲ့ စကားပြောဖို့ သက်သက်ပဲဆိုရင် လူနဲ့အရွယ်အစားတူ ရုပ်သေးရုပ်တွေ လုပ်ဖို့ မလိုလောက်ဘူး ထင်တယ်။”

လုချန်း စဉ်းစားကြည့်လိုက်ရာ အကျိုးအကြောင်း ဆီလျော်သည်ဟု ခံစားလိုက်ရသည်။ ယခင်က ဇနီးသည်များနှင့် မိဖုရားများကို ပေးထားသော ရုပ်သေးရုပ်များသည် လက်ဖဝါးအရွယ်အစားသာ ရှိပြီး နေရာတိုင်းသို့ ယူဆောင်သွားနိုင်သည်။ အချို့ဆိုလျှင် သူ၏ ရုပ်သေးရုပ်ကို သုံး၍ မဖွယ်မရာ ကိစ္စများပင် ပြုလုပ်ကြသေးသည်။

ဝမ်ချင်းစီတစ်ယောက် သူ၏ ရုပ်သေးရုပ်ကို အသုံးပြု၍ ထိုကဲ့သို့သော ကိစ္စများ ပြုလုပ်ခဲ့သည်ကို တွေးမိလိုက်သည့်အချိန်တွင် လုချန်း၏ စိတ်များအနည်းငယ် လှုပ်ရှားသွား၏။ ယွမ်ရှန်ရှန်ပင်လျှင် လုချန်း၏ တုံ့ပြန်မှုကို ခံစားလိုက်ရသည်။

ယွမ်ရှန်ရှန်က

“ရှင် ဘာတွေ တွေးနေတာလဲ”

ယွမ်ရှန်ရှန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ ရုပ်သေးရုပ်ကိစ္စ ပြောနေရင်း ဒီလူက ဘာလို့ စိတ်လှုပ်ရှားသွားရတာလဲ။ ရင်းနှီးနီးကပ်နေသည့် အနေအထားတွင် ရှိနေသဖြင့် သူ၏ အနည်းငယ်မျှသော စိတ်လှုပ်ရှားမှုကိုပင် သူမ အတိုင်းသား ခံစားနေရသည်။

လုချန်းက ပြုံး၍

“ဘာမှ မဟုတ်ပါဘူး။ ဒါဆိုရင် ကိုယ့်အတွက် လက်ဖဝါးအရွယ် ရုပ်သေးရုပ်လေးတွေပဲ လုပ်ပေးပါ။”

ယွမ်ရှန်ရှန် ဆက်မမေးတော့ပေ။ သူမက စိတ်ဝိညာဉ်စွမ်းအားများကို ချက်ချင်း ထုတ်လွှတ်လိုက်ရာ အိပ်ဆောင်ထဲတွင် ပုံထားသော ဝိညာဉ်သစ်သားများထံသို့ စီးဆင်းသွားပြီး လက်ရာမြောက်သော ရုပ်သေးရုပ် အသေးစားလေးများ အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။

ဤရုပ်သေးရုပ် အသေးစားလေးများသည် လုချန်းနှင့် တစ်ထေရာတည်း တူညီနေပြီး မူရင်းပုံစံကို အချိုးကျကျ ချုံ့ထားသကဲ့သို့ ဖြစ်နေသည်။ မကြာမီတွင် နန်းဆောင်တစ်ခုလုံး ရုပ်သေးရုပ် အသေးစားလေးများနှင့် ပြည့်နှက်သွားပြီး လုံလောက်ပြီဟု ယူဆသဖြင့် ယွမ်ရှန်ရှန် ဆက်မလုပ်တော့ပေ။

စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ရုပ်သေးရုပ် အသေးစား သုံးရာခန့် ရှိကြောင်း လုချန်း တွေ့လိုက်ရသဖြင့် သူ့အတွက် လုံလောက်သည်ထက် ပိုနေပြီ ဖြစ်သည်။ သူ့တွင် ဇနီးတစ်ရာပင် မပြည့်သေးပေ။ ယခု တစ်ယောက်ကို ရုပ်သေးရုပ် အနည်းငယ် ပေးလျှင်ပင် ပြဿနာ မရှိပေ။

ထိုအချိန်တွင် ယွမ်ရှန်ရှန်က

“ရပြီ”

လုချန်း ဘာမှ ထပ်မပြောတော့ပေ။ သူ၏ လက်ဖဝါးကို ဖြန့်လိုက်ပြီး ခန္ဓာကိုယ်တွင်းမှ သွေးတစ်စက်ကို စုစည်းလိုက်သည်။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ရာ သွေးစက်များသည် ပုလဲလုံးလေးများ အသွင်ပြောင်းသွားပြီး ရုပ်သေးရုပ်များ၏ နဖူးထက်သို့ ပျံသန်းရောက်ရှိသွားကြသည်။ ချက်ချင်းဆိုသလိုပင် မျက်လုံးပေါင်းများစွာ ပိုင်ဆိုင်လိုက်ရသကဲ့သို့ လုချန်း ခံစားလိုက်ရပြီး သူ၏ အမြင်အာရုံသည် နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။

လုချန်း၏ သွေးနှင့် ထိတွေ့ပြီးနောက် ရုပ်သေးရုပ်များသည် အသက်ဝင်လာသကဲ့သို့ ဖြစ်သွားကြပြီး သက်ရှိလူသားလေးများကဲ့သို့ ဖြစ်လာကြသည်။

ထို့နောက် ရုပ်သေးရုပ်များကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ရန် လုချန်း ကြိုးစားလိုက်ပြီး ခန်းမကျယ်ကြီးထဲတွင် အတန်းလိုက် စီတန်းစေလိုက်သည်။ ရုပ်သေးရုပ်များတွင် ကျင့်စဉ်အဆင့်မရှိသော်လည်း အရုပ်အများအပြားကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ရခြင်းက လုချန်း၏ အင်အား အများအပြားကို ကုန်ခမ်းစေသဖြင့် မောပန်းနွမ်းနယ်မှုက သူ့ထံသို့ လျင်မြန်စွာ ဝင်ရောက်လာသည်။

ထို့ကြောင့် ရုပ်သေးရုပ်များနှင့် စိတ်အာရုံ ချိတ်ဆက်ထားခြင်းကို အမြန်ဖြတ်တောက်လိုက်သည်။ ရုပ်သေးရုပ် အားလုံးနှင့် အချိန်ပြည့် ချိတ်ဆက်ထားရန် မလိုအပ်ပေ။ ဇနီးများ သူ့ကို လွမ်းဆွတ်သည့် အချိန်ကျမှသာ စိတ်အာရုံကို အသုံးပြု၍ ချိတ်ဆက်မည် ဖြစ်သည်။

ကြမ်းပြင်ပေါ်ရှိ စီတန်းနေသော လူသေးသေးလေးများကို ကြည့်ရင်း လုချန်းက ကျေနပ်အားရစွာ ပြုံးလိုက်သည်။

“အင်း... မဆိုးဘူး။ မဆိုးဘူးပဲ”

ထိုအချိန်တွင် ယွမ်ရှန်ရှန်က

“ရှင် ထျန်းချန်ကမ္ဘာကနေ ထွက်သွားဖို့ စီစဉ်နေတာလား”

လုချန်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး ခန်းမထဲရှိ ရုပ်သေးရုပ် အားလုံးကို အာကာသလက်စွပ်ထဲသို့ ထည့်လိုက်သည်။ ယခုအခါ ရင်သွေးကမ္ဘာတွင် သက်ရှိများ ရှိနေပြီဖြစ်ရာ အရာအားလုံးကို ထိုအထဲသို့ ပစ်ထည့်၍ မရနိုင်တော့ပေ။ ကံကောင်းသည်က ကျိယန်ကမ္ဘာတွင် အာကာသလက်စွပ် အများအပြား ရရှိခဲ့ခြင်း ဖြစ်သည်။

ရုပ်သေးရုပ်များကို သိမ်းဆည်းပြီးနောက် လုချန်းက

“ဘာလို့ အဲဒီလို မေးတာလဲ”

ယွမ်ရှန်ရှန်က

“ရှင့်အစား စောင့်ကြည့်ပေးဖို့ ရှင့်လူတွေကို ပေးထားမယ်ဆိုတော့ ရှင် ထျန်းချန်ကမ္ဘာကနေ ထွက်သွားဖို့ ရည်ရွယ်ထားတယ် ဆိုတဲ့ သဘောပေါ့။ ဟုတ်တယ်မလား”

လုချန်းက

“အမှန်ပဲ... ကိုယ် အပြင်ဘက်ကို နယ်မြေချဲ့ထွင်ဖို့ စီစဉ်ထားတယ်။ ဒါပေမဲ့ ကြိုတင်ပြင်ဆင်မှု လုပ်ရုံပါပဲ။ ထျန်းချန်ကမ္ဘာကနေ ချက်ချင်း ထွက်သွားဖို့ အစီအစဉ် မရှိသေးပါဘူး။”

ယခု သူ၏ ကျင့်စဉ်အဆင့် တိုးတက်မှုနှုန်း နှေးကွေးလာခဲ့ပြီ ဖြစ်သည်။ ကျင့်စဉ်အရင်းအမြစ်များ ပိုမို ရရှိလိုပါက အခြားကမ္ဘာများကို သိမ်းပိုက်ပြီး ကံစွမ်းအားများကို စုပ်ယူရမည်။ ထို့မှသာ မိဖုရားများကို ရင်သွေးကမ္ဘာ လွယ်ထားနိုင်ရန် ကူညီပေးနိုင်မည် ဖြစ်ပြီး စနစ်၏ ဆုလာဘ်များကို ပိုမို ရရှိနိုင်မည် ဖြစ်သည်။

ကျိယန်ကမ္ဘာနှင့် ထျန်းချန်ကမ္ဘာတို့ လုံးဝ ပေါင်းစည်းသွားရန်က နှစ်ပေါင်း တစ်ရာခန့် လိုအပ်သေးသည်။ ကမ္ဘာနှစ်ခု လုံးဝ ပေါင်းစည်းသွားမည့် အချိန်ကို စောင့်ပြီးမှ အခြားကမ္ဘာများကို တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

နှစ်ပေါင်း တစ်ရာဆိုသည်မှာ ကျင့်ကြံသူများအတွက် မျက်စိတစ်မှိတ်မျှသာ ဖြစ်သော်လည်း ကမ္ဘာမြေ လူသား၏ တွေးခေါ်ပုံများ ရှိနေဆဲဖြစ်သော လုချန်းအတွက် အကြာကြီး မစောင့်နိုင်ပေ။ နှစ်တစ်ရာ စောင့်ဆိုင်းရခြင်းက သူ့အတွက် အလွန် ရှည်လွန်းနေသည်။ အခြားကမ္ဘာများနှင့်တိုက်မိခြင်းလည်း မရှိတော့သောကြောင့် မတူညီသော ကမ္ဘာများသို့ သွားရောက်ရန် နတ်လှေ တည်ဆောက်ခြင်း ကဲ့သို့သော အခြားနည်းလမ်းများကို စဉ်းစားခဲ့သည်။

လုချန်း၏ အဖြေကို ကြားပြီးနောက် ယွမ်ရှန်ရှန် ဘာမှထပ်မပြောတော့ပေ။ ထျန်းချန်ကမ္ဘာသည် အဆင့်နိမ့်ကမ္ဘာတစ်ခုမျှသာ ဖြစ်ကြောင်း သူမ နားလည်သည်။ ဤကမ္ဘာ၏ ကျင့်စဉ်အရင်းအမြစ်များသည် လုချန်းအတွက် နည်းပါးလွန်းလှသည်။ ၎င်းတို့က လုချန်းအား ဧကရာဇ်အဆင့် ရောက်ရှိအောင် မပံ့ပိုးပေးနိုင်သဖြင့် သူ ထျန်းချန်ကမ္ဘာမှ တစ်နေ့သေချာပေါက် ထွက်ခွာသွားပေလိမ့်မည်။

ယွမ်ရှန်ရှန် အတွေးထဲ နစ်မြောနေစဉ် လုချန်းက သူမ၏ ခါးကို ရုတ်တရက် ဖက်လိုက်ပြီး လှဲချလိုက်သည်။

သူမက သူ့အပေါ်တွင် ထိုင်နေပြီးသား ဖြစ်သဖြင့် အားအနည်းငယ် စိုက်လိုက်ရုံဖြင့် လဲကျသွားသည်။

“ဆရာမက ဒီနေ့ ကိုယ့်ကို အများကြီး ကူညီပေးခဲ့တာဆိုတော့ ကောင်းကောင်း ကျေးဇူးဆပ်ရမှာပေါ့”

ယွမ်ရှန်ရှန် နှာခေါင်းရှုံ့လိုက်သည်။ ဤလမ်းလွဲနေသော တပည့်ကတော့ တကယ်ကို ပြုပြင်၍ မရနိုင်ပေ။

……

ယွမ်ရှန်ရှန်၏ အိပ်ဆောင်တွင် လုချန်း ကြာကြာမနေခဲ့ပေ။ စုံတွဲကျင့်စဉ်မှတစ်ဆင့် သူ၏ ကျင့်စဉ်ကို တိုးတက်အောင် လုပ်နိုင်ခြင်း သိပ်မရှိတော့ပေ။ စုံတွဲကျင့်စဉ်သည် ကိုယ်ရောစိတ်ပါ သက်သောင့်သက်သာ ရှိစေသော်လည်း သူ၏ လက်ရှိအာရုံသည် ပြင်ပသို့ နယ်ပယ်ချဲ့ထွင်ရေးတွင်သာ ရှိနေသင့်သည်။

ယွမ်ရှန်ရှန်၏ အိပ်ဆောင်မှ လုချန်း ထွက်ခွာပြီးနောက် ဖေးဟုန်နတ်လှေပေါ်သို့ တက်ကာ ထျန်းချန်ကမ္ဘာ၏ အပြင်ဘက် နယ်နိမိတ်ဆီသို့ ဦးတည်ထွက်ခွာသွားသည်။

စကြာဝဠာ ဟင်းလင်းပြင်သည် အိပ်မက်ဆန်လှပြီး ကြယ်တာရာများကို နေရာတိုင်းတွင် တွေ့ရသည်။ သို့သော် ဤစကြာဝဠာသည် လုချန်း ယခင်က သိခဲ့သော စကြာဝဠာ အကြောင်းနှင့် လုံးဝ ကွဲပြားခြားနားသည်။

ဤစကြာဝဠာတွင် နေဟူ၍ သီးခြားမရှိသလို နေကို လှည့်ပတ်နေသော ဂြိုဟ်များလည်း မရှိပေ။ ကမ္ဘာအားလုံးသည် စကြာဝဠာ ဟင်းလင်းပြင်ထဲတွင် သီးခြားစီ တည်ရှိနေကြပြီး ကမ္ဘာတစ်ခုစီတွင် ကိုယ်ပိုင် နေ ရှိကြသည်။ ထျန်းချန်ကမ္ဘာနှင့် ကျိယန်ကမ္ဘာ တိုက်မိနေသော်လည်း ကမ္ဘာနှစ်ခု၏ နေများကတော့ တူညီခြင်း မရှိပေ။

လုချန်းသည် နတ်လှေ၏ ခေါင်မိုးပေါ်တွင် ရပ်ကာ တိုက်မိနေသော ထျန်းချန်နှင့် ကျိယန်ကမ္ဘာတို့ကို ငေးကြည့်နေသည်။ တိုက်မိမှုကြောင့် ဖြစ်ပေါ်လာသော အပြင်ဘက် နယ်နိမိတ် အက်ကွဲကြောင်းများသည် ဖြည်းညှင်းစွာ ပြန်လည် ကောင်းမွန်လာနေသည်။ ကမ္ဘာနှစ်ခု မကြာမီ ပေါင်းစည်းတော့မည့် လက္ခဏာဖြစ်သည်။

ထိုအချိန်တွင် လုချန်း ခြေတစ်လှမ်း လှမ်းလိုက်ရာ သူ၏ ခန္ဓာကိုယ်သည် ဖေးဟုန်နတ်လှေပေါ်မှ စကြာဝဠာ ဟင်းလင်းပြင်ထဲသို့ ချက်ချင်း ရောက်ရှိသွားသည်။

နတ်ဘဝပြောင်းလဲခြင်း အဆင့်ကျင့်ကြံသူ တစ်ဦးအနေနှင့် သူသည် လေဟာနယ်ထဲတွင် ရုပ်ခန္ဓာဖြင့် သွားလာနိုင်သည်။ ဟင်းလင်းပြင်ထဲတွင် လွင့်မျောနေသော ကမ္ဘာ့အပိုင်းအစများသည် သူ့အတွက် သိသာထင်ရှားသော ခြိမ်းခြောက်မှု မရှိပေ။

ယခုတစ်ကြိမ် လုချန်း ထွက်လာခြင်းသည် သိမ်းပိုက်ရန် နောက်ထပ် ကမ္ဘာတစ်ခုကို ရှာဖွေဖို့သာမက သူ၏ နတ်ဘဝပြောင်းလဲခြင်းအဆင့် စွမ်းအားကို စမ်းသပ်ရန်လည်း ဖြစ်သည်။

All Chapters