လုပ်ထားတာ ကောင်းတယ်
Vol. 75 Ch. 1125
မုကျိရွှမ်းတို့သည် ကောင်းကင်လူသားအဆင့်သို့ တက်လှမ်းဝင်ရောက်ကာ ကျင့်စဉ်လမ်းကြောင်းပေါ်သို့ တရားဝင် လျှောက်လှမ်းနိုင်ခဲ့ကြပြီ ဖြစ်သော်လည်း သူတို့သည် အတွေ့အကြုံ နုနယ်သူများ ဖြစ်ကြ၏။ ထို့ကြောင့် သူတို့၏ အချိန်အပေါ် ခံယူချက် သည် သာမန်လူသားများ၏ အဆင့်အတန်း၌သာ ရှိနေသေးသည်။
သာမန်လူသားတစ်ဦးအဖို့ နှစ်ပေါင်းငါးဆယ် ဟူသော အချိန်ကာလသည် ဘဝတစ်သက်တာနီးပါး ကြာမြင့်သည့် အချိန်ပမာဏ ဖြစ်သည်။
မုကျိရွှမ်းတို့အတွက်မူ နှစ်ငါးဆယ်ကြာမှ ထျန်းချန်ကမ္ဘာသို့ ကျိချိုးယု ပြန်လာမည်ဆိုသည့် ကိစ္စက အလွန်ကြာမြင့်သည်ဟု ခံစားနေရသည်။
လုချန်း၏ စကားကို ကြားလိုက်ရသောအခါ အဆောင်ငယ် အပြင်ဘက်ရှိ လုချန်းကို သူတို့ လှမ်းကြည့်လိုက်ကြသည်။
လုချန်းသည် ရွှေရောင်နှင့် အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဆံပင်ကို သရဖူဖြင့် သပ်ရပ်စွာ စည်းနှောင်ထားသည်။ သူသည် ကျက်သရေရှိပြီး တည်ငြိမ်အေးဆေးနေကာ လောကီလူသား မဟုတ်သကဲ့သို့ ခန့်ညားသော ဆွဲဆောင်မှုမျိုး ရှိနေ၏။
ထိုအချိန်၌ ကျိချိုးယုက
“နှစ်ငါးဆယ်ဆိုတာ သိပ်မကြာပါဘူး။ တချို့လူတွေဆို မျက်လုံးမှိတ်ပြီး တရားထိုင်လိုက်တာနဲ့ နှစ်တစ်ရာလောက် ကုန်သွားတာကိုတောင် သတိမထားမိကြဘူး”
လုချန်းက ပြုံး၍ ပြန်ပြောလိုက်သည်။
“ကျိရွှမ်းတို့တွေကတော့ နှစ်တစ်ရာလောက် တရားထိုင်မှာ မဟုတ်ပါဘူး။”
လက်ရှိတွင် မုကျိရွှမ်းတို့သည် ပုံမှန်ကျင့်ကြံခြင်းထက် လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံခြင်းဖြင့် ကျင့်စဉ်အဆင့်ကို ပိုမိုလျင်မြန်စွာ မြှင့်တင်နေကြသူများ ဖြစ်သည်။ ထို့ပြင် သူတို့၌ လုပ်စရာကိစ္စများ ရှိနေသဖြင့် နှစ်တစ်ရာဆက်တိုက် တရားထိုင်ရန်မှာ မဖြစ်နိုင်ပေ။
ကျိချိုးယုက ဆက်ပြောလိုက်သည်။
“ဒါဆိုလည်း ကောင်းပါပြီ... ကျွန်မ ဆယ်နှစ်နေရင် ပြန်လာခဲ့ပါမယ်။”
လုချန်းက ဝင်ပြောလိုက်သည်။
“တကယ်တော့ အဲဒီလောက် ဒုက္ခခံစရာ မလိုပါဘူး... ထျန်းချန်ကမ္ဘာနဲ့ ကျိယန်ကမ္ဘာကြားမှာ တယ်လီပို့လမ်းကြောင်း တစ်ခုတည်ဆောက်ဖို့ ကိုယ် နည်းလမ်းရှာလိုက်ပါ့မယ်။ ကမ္ဘာနှစ်ခုလုံးမှာ တယ်လီပို့လမ်း ရှိသွားရင် မင်း ဘယ်အချိန်ဖြစ်ဖြစ် ပြန်လာလို့ ရပြီလေ။”
တယ်လီပို့လမ်းများသည် အဆင့်မြင့် ကျင့်စဉ်ကမ္ဘာများတွင် အတွေ့ရများသည်။ ၎င်းကို တည်ဆောက်ရန် စိတ်ဝိညာဉ်ကျောက်တုံး အများအပြား ကုန်ကျသော်လည်း အသုံးဝင်လှသည်။
လုချန်း၏ စကားကို ကြားပြီးနောက် ကျိချိုးယုက
“ကောင်းသားပဲ”
ထိုခဏ၌ အာကာသလက်စွပ်ထဲမှ ရုပ်သေးရုပ်ငယ်လေးများကို လုချန်း ထုတ်ယူလိုက်သည်။ ရုပ်သေးရုပ်များသည် လေထဲတွင် ဝဲပျံနေပြီး အမျိုးသမီးများ ထံသို့ အသီးသီး ပျံသန်းသွားကြသည်။
ရုပ်သေးရုပ်များကို လက်ခံရရှိသောအခါ မိန်းမများက သေချာကြည့်ရှုလိုက်ပြီး ဟိုဟိုဒီဒီ ဆွဲဆိတ်ကြည့်ကြသည်။
ကျိုးယိုယိုက အံ့အားသင့်စွာ ပြောလိုက်သည်။
“ဒီရုပ်သေးရုပ်လေးတွေက လူအစစ်နဲ့ အတော်တူတာပဲ”
ယခင်က လုချန်းပြုလုပ်ပေးထားသော ရုပ်သေးရုပ်များ သူတို့ထံတွင် ရှိပြီးဖြစ်သည်။ သို့သော် ထိုအရာများမှာ သစ်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ရုပ်သေးရုပ်ဟု ခေါ်သည်ထက် သစ်သားရုပ်ဟု ခေါ်လျှင် ပို၍ မှန်ပေလိမ့်မည်။
သို့သော် ယခုတစ်ကြိမ် လုချန်းပေးသော ရုပ်သေးရုပ်များကတော့ မတူပေ။ ၎င်းတို့တွင် အသားအရေနှင့် ဆံပင်များ ပါရှိပြီး လုချန်းနှင့် ချွတ်စွပ်တူသော ပုံစံငယ်များဖြစ်သည်။
လုချန်းက အနည်းငယ် ပြုံးလိုက်ပြီး သူတို့လက်ထဲမှ ရုပ်သေးရုပ်များကို ထိန်းချုပ်ကာ ပြောလိုက်သည်။
“ဒါတွေက ကိုယ့်ရဲ့ ရုပ်သေးရုပ်တွေပဲ။ နောက်ပိုင်း ကိုယ် တခြားကမ္ဘာတွေကို ရောက်နေရင် ဒီရုပ်သေးရုပ်တွေကတစ်ဆင့် မင်းတို့ ကိုယ့်ကို စကားပြောလို့ ရတယ်။”
စကားပြောနေသော ရုပ်သေးရုပ်များကို ကြည့်ရင်း မိန်းမများ ထပ်မံ အံ့အားသင့်သွားကြရသည်။ လုချန်းနှင့် တစ်ထပ်တည်းတူသော ရုပ်သေးရုပ်များ ရှိသည်ကို သူတို့ သိထားသော်လည်း ရုပ်သေးရုပ် အများအပြားကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်လိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။
လူအရွယ်အစားနှင့် တူညီသော ရုပ်သေးရုပ်များကို လုချန်း ပြုလုပ်ပေးမည် ဆိုလျှင်...
ထိုသို့ တွေးတောမိရင်း ဝမ်ချင်းစီ၏ ပါးပြင်များ အနည်းငယ် နီမြန်းလာခဲ့သည်။ သူမ လျှောက်တွေးနေစဉ်မှာပင် လုချန်းက သူမကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။
“ချင်းစီ။ ဒီရုပ်သေးရုပ်တွေနဲ့ ကိုယ့်ရဲ့ စိတ်အာရုံက ချိတ်ဆက်ထားတာနော်... ကိုယ့်ရုပ်သေးရုပ်တွေကို သုံးပြီး မဟုတ်တာတွေ လုပ်ဖို့ မစဉ်းစားနဲ့”
ထိုစကားကို ကြားသောအခါ ဝမ်ချင်းစီ၏ မျက်နှာ ပို၍ နီရဲသွားတော့သည်။
ယခင်က လုချန်း၏ ရုပ်သေးရုပ်ကို အသုံးပြု၍ မပြောပြရဲသော ကိစ္စအချို့ကို သူမ လုပ်ခဲ့ဖူးသည်။ ယခုလေးတင် သူမ တွေးနေမိသည်မှာ လုချန်းသာ သူတို့အသုံးပြုရန်အတွက် လူအရွယ်အစား ရုပ်သေးရုပ်များ ပြုလုပ်ပေးလျှင် ကောင်းမည် ဟူ၍ ဖြစ်သည်။
ဝမ်ချင်းစီက အပြစ်ရှိသူတစ်ယောက်ပမာ ပြောလိုက်သည်။
“ကျွန်... ကျွန်မ နားလည်ပါပြီ။”
မိန်းမပျိုများကို ဝေ့ဝဲကြည့်ပြီးနောက် လုချန်း၏ အကြည့်က ကျိချိုးယုထံသို့ ပြန်ရောက်သွားသည်။
“ချိုးယုက ကျိယန်ကမ္ဘာကို ဘယ်တော့ပြန်ဖို့ စိတ်ကူးထားလဲ။ ကိုယ် အဲဒီကို သွားစရာရှိတယ်။ ကိုယ်နဲ့အတူတူ လိုက်ခဲ့မလား”
ကျိချိုးယုက ချက်ချင်း ပြန်ဖြေလိုက်သည်။
“လိုက်ခဲ့ပါမယ် မင်းကြီး။ ကျွန်မ ပြင်ဆင်ပြီးသားပါ”
လုချန်း၏ စကားကို ကြားပြီးနောက် မုကျိရွှမ်းက မေးလိုက်သည်။
“မင်းကြီး... ဒီတစ်ခေါက် သွားရင် ဘယ်တော့လောက် ပြန်လာမှာလဲ”
လုချန်းက ပြန်ဖြေလိုက်သည်။
“ကျိယန်ကမ္ဘာက အခြေအနေကို သွားကြည့်ရုံပါပဲ... ကိုယ် အမြန်ပြန်လာခဲ့ပါမယ်... နှစ်လလောက်ဆို ရပါပြီ။”
ထိုစကားကို ကြားသောအခါ ကျိချိုးယု တွေးလိုက်မိသည်။ နှစ်လတဲ့လား။ နန်းကုန်းယွဲ့ဟွာနဲ့ နန်းကုန်းချင်ရ ဆီမှာ တစ်လစီ နေမလို့လား။
လုချန်း၏ အလင်းအရိပ်ကျင့်စဉ်ဖြင့် ကမ္ဘာတစ်ခုနှင့်တစ်ခု ကူးနိုင်ခြင်း မရှိပေ။ ကျိယန်ကမ္ဘာမှ ထျန်းချန်ကမ္ဘာသို့ ပြန်လာလိုပါက အက်ကွဲကြောင်းမှတစ်ဆင့် ပြန်လာရမည်ဖြစ်သည်။ အာကာသ ဝင်ပေါက်တစ်ခုကို သူ့စွမ်းအားဖြင့် တိုက်ရိုက်ဖန်တီးနိုင်သော်လည်း လက်ရှိ အက်ကွဲကြောင်း ရှိနေသဖြင့် ထိုသို့လုပ်ရန် မလိုအပ်တော့ပေ။
ထို့ပြင် ကျိယန်ကမ္ဘာ၌ မိန်းမလှနှစ်ဦး ရှိနေသေးရာ သူ နှစ်လခန့် နေထိုင်မည် ဆိုသည်က ဖြစ်သင့် သောကိစ္စဖြစ်သည်။
မုကျိရွှမ်းတို့လည်း ဘာမှဆက်မပြောတော့ပေ။ ထို့နောက် ကျိချိုးယုအနားသို့ လုချန်း ရောက်လာပြီး သူမ၏ ခါးကို ဖက်လိုက်သည်။
မိန်းမအများအပြားရှေ့တွင် သူမကို လုချန်း ဖက်လိုက်သဖြင့် ကျိချိုးယု၏ မျက်နှာ အနည်းငယ် ပူနွေးသွားသည်။ လုချန်း၏ အခြားဇနီးသည်များနှင့်အတူ လုချန်းကို သူမ ပြုစုခဲ့ဖူးသော်လည်း လူအများကြီးက ဝိုင်းကြည့်နေသည်ကို သူမ နေသားမကျသေးပေ။
လုချန်းက ပြုံးကာ မုကျိရွှမ်းတို့ကို နှုတ်ဆက်လိုက်သည်။
“ချစ်ဇနီးတို့ရေ... ကိုယ်ပြန်လာတာကို စောင့်နေကြနော်”
မိန်းမများက
“မင်းကြီးကို နှုတ်ဆက်ပါတယ်”
ဟု ပြိုင်တူ ပြောလိုက်ကြသည်။
နောက်တစ်ခဏ၌ လုချန်းနှင့် ကျိချိုးယုတို့ နေရာမှာပင် ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသည့်အချိန်တွင် ထျန်းချန်ကမ္ဘာ နယ်စပ်ရှိ အက်ကွဲကြောင်းရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုအချိန်၌ ရန်ခရိုင်ရှိရာဘက်သို့ ကျိချိုးယု လှည့်ကြည့်လိုက်သည်။
ရန်ခရိုင်တွင် နေထိုင်ခဲ့သည်မှာ နှစ်ဝက်ကျော်ကာလသာ ရှိသေးသော်လည်း ကျိချိုးယု သံယောဇဉ် တွယ်နေမိသည်။ ထိုစဉ် လွန်ခဲ့သော နှစ်ဝက်အတွင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများလည်း သူမခေါင်းထဲတွင် ပြန်ပေါ်လာသည်။
ထိုအရာကို မြင်သောအခါ လုချန်းက
“မင်း မပြန်ချင်ရင် ရန်ခရိုင်မှာ ဆက်နေခဲ့လို့ ရတယ်”
ကျိချိုးယုက ပြန်လှည့်လာပြီး ပြောလိုက်သည်။
“မနေတော့ပါဘူး။ ကျေးဇူးတင်ပါတယ်”
သက်သောင့်သက်သာရှိသော ဘဝက ကောင်းမွန်သော်လည်း အဆုံးတွင် သူမ ကျင့်ကြံခြင်းလမ်းစဉ်ကို ရွေးချယ်လိုက်ပြီ ဖြစ်သည်။
ထွက်ခွာရန် ကျိချိုးယု ဆုံးဖြတ်ပြီးဖြစ်သည်ကို တွေ့သောအခါ လုချန်း ဘာမှဆက်မပြောတော့ပေ။
ထို့နောက် ဟင်းလင်းပြင် အက်ကွဲကြောင်းကို ဖြတ်သန်း၍ ကျိချိုးယုကို လုချန်း ခေါ်ဆောင်သွားလိုက်ပြီး မကြာမီ ကျိယန်ကမ္ဘာရှိ လနက်မြို့သို့ ရောက်ရှိသွားကြတော့သည်။
လနက်မြို့သို့ ပြန်ရောက်သောအခါ မြို့တစ်ခုလုံး အကြီးအကျယ် ပြောင်းလဲသွားသည်ကို တွေ့ရသည်။ နှစ်ဝက်မျှသာ ကြာသေးသော်လည်း နတ်မဟာမိတ်အဖွဲ့၏ အချက်အချာကျသော နေရာဖြစ်သည့်အတွက် မဟာမိတ်အဖွဲ့ဝင် အင်အားစုအသီးသီးက ငွေကြေး၊ လုပ်အားနှင့် လူအင်အားများ စိုက်ထုတ်ကာ လနက်မြို့ကို အကြီးစား တည်ဆောက်မှုများ ပြုလုပ်ခဲ့ကြသည်။
ယခုအခါ လနက်မြို့သည် ကြီးမားကျယ်ပြန့်သော နေရာကို လွှမ်းခြုံထားပြီး ယခင်က မြို့သခင်စံအိမ်မှာ ခမ်းနားထည်ဝါသော နန်းတော်ကြီးအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။
ကျိချိုးယုကို ဖက်လျက် နန်းတော်ထဲသို့ လုချန်း ရောက်ရှိလာချိန်တွင် ကျင့်ကြံနေသော နန်းကုန်းချင်ရက လုချန်း၏ အငွေ့အသက်ကို ချက်ချင်း အာရုံခံမိပြီး နောက်တစ်ခဏ၌ သူ့ရှေ့သို့ ရောက်လာသည်။
“မင်းကြီးကို ဂါရဝပြုပါတယ်”
ပုံမှန်ဝတ်ဆင်နေကျ အနီရောင်ရင့်ရင့် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော နန်းကုန်းချင်ရကို လုချန်း ကြည့်လိုက်မိသည်။ ဝတ်စုံ၏ ကွဲကြောင်းမှတစ်ဆင့် သူမ၏ ဖြူဖွေးသော ခြေထောက်များကို ဖော်ပြနေ၏။
လုချန်းက အနည်းငယ် ပြုံးလိုက်ပြီး ချီးကျူးလိုက်သည်။
“ချင်ရ... မင်း လုပ်တာ ကောင်းတယ်”
တိုတောင်းသော ကာလအတွင်း လနက်မြို့ ဤမျှ ပြောင်းလဲသွားရခြင်းမှာ နန်းကုန်းချင်ရ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ဖြစ်သည်။
လုချန်း၏ ချီးကျူးစကားကို ကြားသောအခါ နန်းကုန်းချင်ရ အလွန် စိတ်လှုပ်ရှားသွားသည်။
“မင်းကြီးရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်”
လုချန်းက ဆက်လက်၍
“ချိုးယုက လနက်မြို့မှာ ပြန်ပြီး ကျင့်ကြံတော့မှာ။ သူ့အတွက် အဆောင်တစ်ဆောင် စီစဉ်ပေးလိုက်ပါ”
ထိုစကားကို ကြားသောအခါ နန်းကုန်းချင်ရ ခဏခန့် နှုတ်ဆွံ့အသွားပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ နန်းတော်ကြီးမှာ ကြီးမားလှသော်လည်း အခြားမိန်းမများ သူမနှင့်အတူ လာရောက်နေထိုင်သည်ကို သူမ သဘောမကျပေ။ ဤနေရာကို လုချန်းနှင့် သူမအတွက် အထူးသီးသန့် တည်ဆောက်ထားခြင်း ဖြစ်သည်။
သို့သော် ကျိချိုးယုသည် လုချန်း၏ အမျိုးသမီး ဖြစ်နေသဖြင့် သူမ ဘာမှဆက်မပြောတော့ပဲ ကျိချိုးယုကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“ကျွန်မနဲ့ လိုက်ခဲ့ပါ”
ထို့နောက် ကျိချိုးယုကို ခေါ်ဆောင်၍ အဆောင်တစ်ခုဆီသို့ နန်းကုန်းချင်ရ ထွက်ခွာသွားတော့သည်။