← Chapters

ချီစွမ်းအားကို အနှစ်သာရအဖြစ်ပြောင်းလဲခြင်း။ ဓားအနှစ်သာရ။ (၃)

Vol. 22 Ch. 317

ချီစွမ်းအားကို အနှစ်သာရအဖြစ်ပြောင်းလဲခြင်း။ ဓားအနှစ်သာရ။ (၃)

Vol. 22 Ch. 317

ဝေ့ချောင်သည်လည်း အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။ သိုင်းပညာရှင်တစ်ယောက်အနေနဲ့ အသုံးဝင်တဲ့ လက်နက်တစ်ခုရှိတာက သူ့ရဲ့တိုက်ပွဲစွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်သည်။ သူလိုချင်တဲ့ လက်နက်ကို ထုလုပ်ဖို့အတွက် သူဟာ များစွာကြိုးစားအားထုတ်ခဲ့ရပြီး ကြီးမားတဲ့ တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရသည်။

အခုတော့ တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ ပန်းပဲဌာနက ဆရာစူး၏အကူအညီနှင့် သူဟာ နောက်ဆုံးတော့ အောင်မြင်တော့မည့်ပုံပင်။

ပန်းပဲခန်းထဲမှာ ဝေ့ချောင်နဲ့ တခြားသူတွေက စူးချန်ခုန်းကို နှောင့်ယှက်မိမှာစိုးလို့ အသက်ရှူတောင် အောင့်ထားကြသည်။

“ချွမ်း ချွမ်း ချွမ်း”

သူ့ရဲ့အပေါ်ပိုင်းဗလာနဲ့ စူးချန်ခုန်းက တူကို ဝှေ့ယမ်းနေတာကြောင့် လွှင့်စင်နေတဲ့ မီးပွားတွေက သူ့အရေပြားကို အနည်းငယ် စူးရှစေသည်။

“ဝေါင်း”

ဝေလီဝေလင်းအချိန်၌ မိစ္ဆာနတ်ဆိုးတစ်ကောင်ရဲ့ အော်သံနဲ့အတူ ဖြစ်ပေါ်လာတဲ့ မိစ္ဆာငိုကြွေးဓားသွားကနေ လေပြင်းတွေ တိုက်ခတ်လာသည်။ လေပြင်းက မီးဖိုကမီးကို လှုပ်ခတ်စေပြီး ငြိမ်းလုနီးပါးပင်။

“ဟူး ဟူး ဟူး”

အဲဒီအချိန်မှာ စူးချန်ခုန်းရဲ့ ခန္ဓာကိုယ်ထဲက ဓားပုံသဏ္ဍာန် ချီစွမ်းအင်ဟာ သူ့ရဲ့စစ်မှန်တဲ့ ချီစွမ်းအင်နဲ့ ချီသွေးကနေ ထုတ်ယူထားတဲ့ အသွင်ပြောင်းမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဓားပုံသဏ္ဍာန် ဓားချီဟာ မထင်မရှားဖြစ်နေပေမယ့် အလွန်တရာ စုစည်းနေလေ၏။ သူ့ရဲ့ အပြင်ဘက်ပုံသဏ္ဍာန်ဟာ သာမန်ဓားရှည်တစ်ချောင်းရဲ့ အသွင်အပြင်သာဖြစ်ပြီး ပုံဆောင်ခဲလို ထူးခြားသိပ်သည်းပြီး သတ္တုနဲ့သံကို အလွယ်တကူ ဖြတ်တောက်နိုင်သည့် ဓားတစ်ချောင်းလိုပင်။

အရင်ကထက် ဘယ်နှစ်ဆလောက် ပိုအားကောင်းလာသနည်း။

စူးချန်ခုန်းဟာ သူ့ရဲ့လိပ်အသက်ရှူနည်းချီစွမ်းအင်ကို လှည့်ပတ်စေပြီး တုန်ခါနေတဲ့ ဓားချီ ပေါက်ကွဲပြီး ဆူညံသံတွေ ကျယ်ကျယ်လောင်လောင် မဖြစ်စေဘဲ တဖြည်းဖြည်း ငြိမ်သက်သွားတဲ့အထိ ဖိနှိပ်ဖို့ ကြိုးစားခဲ့သည်။

ဒါကို ဓားချီလို့ ခေါ်လို့မရတော့ပါ။ သို့ပေမယ့် မူလဓားစွမ်းအင်ဟု ခေါ်သင့်သည်။

မူလဓားစွမ်းအင်၏ အမျှင်တစ်ချောင်းဟာ ဓားချီရဲ့ ဆယ်ဆလောက် များသည်။ ထိုနှစ်ခုတိုက်မိတဲ့အခါ ဓားချီဟာ ဝါဂွမ်းလို နူးညံ့ပြီး အလွယ်တကူ ပျောက်သွားနိုင်သည်။

ပန်းပဲပညာ (အဌမအဆင့် သဘာဝလွန်နယ်ပယ် ၁%)

သူ၏ အဌမအဆင့် သဘာဝလွန်နယ်ပယ်သို့ ရောက်လုနီးနီး ပန်းပဲပညာကို ခြောက်လနီးပါးကြာအောင် အပြည့်အဝအသုံးချပြီးနောက် သူ၏ဓားချီကို အဆက်မပြတ် ပြုပြင်ပြောင်းလဲခဲ့သည်။ စူးချန်ခုန်းသည် နတ်ဆိုးအမြုတေဖြင့် မိစ္ဆာငိုကြွေးဓားသွားကို ထုလုပ်ပြီးသည်နှင့် သူ၏ပန်းပဲပညာသည် အဌမအဆင့် သဘာဝလွန်နယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။

ထိုနည်းတူစွာ သူ၏ဓားချီသည်လည်း ၎င်း၏ အသွင်ပြောင်းမှုကို အပြီးသတ်ခဲ့ပြီး တူချက်ရာပေါင်းများစွာဖြင့် သန့်စင်ပြီးနောက် ပိုမိုသိပ်သည်းလာပြီး မူလဓားစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

စွမ်းအားထုတ်လွှတ်နိုင်စွမ်းက လေးလက်မအထိ ကျယ်ပြန့်ပြီး ဓားစွမ်းအားက သုံးပေအထိ ကျယ်ပြန့်လာသည်။

ဤသည်မှာ ဓားနည်းစနစ်ကို ကျင့်ကြံသည့်လူများစွာတို့ အိပ်မက်မက်ရာ နယ်ပယ်ဖြစ်သည်။

သို့သော် ဓားချီကို သိသာထင်ရှားအောင်လုပ်ခြင်းသည်ပင် များစွာသောသူတို့ မရရှိနိုင်ဟု ယူဆသော အဆင့်ဖြစ်ပြီး ၎င်းကို စုစည်းပြီး ဓားအနှစ်သာရအဖြစ်သို့ ပြောင်းလဲရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

“ဟမ်”

ရုတ်တရက် သူ့ရှေ့ရှိ မိစ္ဆာငိုကြွေးဓားသွားကို ပုံသွင်းသည့် ပေပေါ်တွင် ထူထဲသော အနက်ရောင်ပုံစံလှိုင်းများ တွန့်လိမ်လာသောကြောင့် စူးချန်ခုန်း၏ မျက်လုံးများ အနည်းငယ် ကျုံ့သွားသည်။ မိစ္ဆာငိုကြွေးဓားသည် မမျှော်လင့်ဘဲ ခုန်တက်လာပြီး ၎င်း၏အစွန်းသည် စူးချန်ခုန်း၏လည်ပင်းဆီသို့ ခုတ်တော့မည်။

မိစ္ဆာငိုကြွေးဓားတွင် နတ်ဆိုးအမြုတေတစ်ခု ပါဝင်သည်။ ၎င်းသည် သာမန်လက်နက်များနှင့် လုံးဝကွဲပြားပြီး ပုံစံဖွဲ့စည်းပြီးသည်နှင့် ဓားကိုထက်အောင်လုပ်ဖို့ သွေးကို တောင်းဆိုသည်။

ထို့အပြင် ပထမဆုံး ခံရမည့်သူမှာ ဓားကိုသွန်းလုပ်ခဲ့သူ စူးချန်ခုန်းဖြစ်သည်။

ထုံးစံအတိုင်း စူးချန်ခုန်းက ရှောင်လွှဲနိုင်ပေမယ့် သူ့ရဲ့ထူးခြားတဲ့ ကိုယ်ဖော့ပညာနဲ့ လှုပ်ရှားမှုနည်းစနစ်တွေကို ပြသပြီးတာနဲ့ သူဟာ သိုင်းပညာကို အနည်းငယ်သာ သိတာမဟုတ်ဘူးဆိုတာ ပေါ်သွားလိမ့်မည်။

“ငါ့ရှေ့မှာ တစ်ယောက်ယောက်ကို ထိခိုက်အောင် လုပ်နိုင်မယ်လို့ ထင်နေတာလား။”

သို့ပေမယ့် ထိုအချိန်မှာ လေပြင်းတစ်ချက် တိုက်ခတ်လာလေ၏။ အနှီလူက ဝေ့ချောင်ဖြစ်သည်။

သူက လက်ကြီးတစ်ဖက်ကို ဆန့်ထုတ်ပြီး မိစ္ဆာငိုကြွေးဓားရဲ့ လက်ကိုင်ကို ဆွဲကိုင်လိုက်သည်။ ပူပြင်းလှတဲ့ အပူရှိန်ကို လုံးဝလျစ်လျူရှုပြီး လက်မတစ်စိတ်တစ်ပိုင်းတောင် ရှေ့မတိုးစေရပေ။

ဒါကြောင့် စူးချန်ခုန်း စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။ ဝေ့ချောင်သာ မိစ္ဆာငိုကြွေးဓားသွားကို မတားခဲ့ဘဲ သူ့ရဲ့သိုင်းပညာစွမ်းရည်ကို ပြသခဲ့ရင် သူ အသေအကြေ တိုက်ပွဲဝင်ရလိမ့်မည်။

“ရှူး ရှူး ရှူး”

ဝေ့ချောင်ရဲ့ လက်ကြီးထဲမှာ တင်းကြပ်စွာ ဆုပ်ကိုင်ခံထားရတဲ့ မိစ္ဆာငိုကြွေးဓားဟာ တိုးတိုးလေး အသံထွက်လာခဲ့သည်။ အနက်ရောင်ပုံစံတွေက သွေးစုပ်တံတွေလို တွန့်လိမ်နေပြီး ဝေ့ချောင်ရဲ့ လက်မောင်းဆီကို လိမ်ကွေးလျက် သူ့အသားထဲကို ထိုးဖောက်ကာ သွေးကို အငမ်းမရသောက်ဖို့ ကြိုးစားနေလေ၏။

ဝေ့ချောင်၏မျက်နှာက တွန့်ချိုးသွားပြီး “ငါ့သွေးက မင်းသောက်စရာ မဟုတ်ဘူး။” ဟု အော်ဟစ်လိုက်သည်။

“ဒုန်း”

ဓားကိုကိုင်ထားသောလက်ကို အားအပြည့်နှင့်ဆုပ်ကိုင်လိုက်သောအခါ ဝေ့ချောင်၏ ဓားချီစွမ်းအားသည် ပေါက်ကွဲသွားပြီး အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားကာ လေပြင်းတွေ တိုက်ခတ်သွားခဲ့သည်။ မိစ္ဆာငိုကြွေးဓားပေါ်ရှိ ပျံ့နှံ့နေသော အမျှင်တန်းများသည် အံ့အားသင့်စွာ နောက်သို့ဆုတ်သွားခဲ့လေ၏။

“ဒါက… နတ်ဆိုးအမြုတေကနေ ထုလုပ်ထားတဲ့ လက်နက်လား။ နတ်ဘုရားလက်နက်လို့ ခေါ်ရင် မှားသွားလိမ့်မယ်။ မိစ္ဆာတပ်သားနဲ့ ပိုတူတယ်။”

စူးချန်ခုန်းသည်လည်း ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ အံ့အားသင့်သွားခဲ့သည်။

နတ်ဆိုးအမြုတေကို အသုံးပြုတဲ့နည်းက များပြားလွန်းလှသည်။ လူတစ်ယောက်ရဲ့ အသက်ကို ရှည်စေတာဖြစ်စေ ကျင့်ကြံမှုကို မြှင့်တင်တာဖြစ်စေ ဒါမှမဟုတ် လက်နက်ပုံသွင်းတာဖြစ်စေ နတ်ဆိုးအမြုတေက ထူးကဲသောအကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်သည်။

ဤမိစ္ဆာငိုကြွေးဓားသည် သာမန်ထူးမခြားနားလက်နက်များနှင့် အလွန်ကွာခြားသည်။ ၎င်းသည် အသိရှိပုံရပြီး မိစ္ဆာဓားအဖြစ် အမှန်တကယ် အရည်အချင်းပြည့်မီသည့်ပုံပင်။

“ကောင်းတယ်။ အရမ်းကောင်းတယ်။ ဒီမိစ္ဆာငိုကြွေးဓားကို လက်ထဲမှာကိုင်ထားရင် တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ စစ်သူကြီးလေးယောက်ကိုတောင် ရင်ဆိုင်တိုက်ခိုက်နိုင်မယ်လို့ ယုံကြည်မှုရှိတယ်။”

ဝေ့ချောင်က အလွန်ကျေနပ်အားရစွာ အောင်ပွဲခံလျက် ရယ်မောလိုက်သည်။

ပြင်ပအကူအညီတွေကနေတစ်ဆင့် ခွန်အားရရှိခြင်းဟာ တိုးတက်မှုအတွက် အဓိကလမ်းကြောင်းတစ်ခုဖြစ်သည်။ ကောင်းမွန်တဲ့လက်နက်တစ်ခုက သိုင်းပညာရှင်တစ်ယောက်ကို အလွန်အမင်း မြှင့်တင်ပေးနိုင်ပြီး ဒီလို မိစ္ဆာတပ်သားတစ်ယောက်ကိုဆိုလျှင် ပြောစရာ မလိုတော့လေပြီ။

မိစ္ဆာတပ်သားကိုကိုင်ဆောင်ထားရင် ဝေ့ချောင်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ သိသိသာသာ ခုန်တက်သွားမှာပင်။

ဝေ့ချောင်က စိတ်လှုပ်ရှားနေတာကို တည်ငြိမ်အောင်လုပ်ပြီး စူးချန်ခုန်းကို သဘောကျစွာ ကြည့်လိုက်သည်။ “ဆရာစူးက တကယ့်ကို စစ်မှန်တဲ့ ပန်းပဲပညာရှင်တစ်ယောက်ပဲ။ ဒီမိစ္ဆာငိုကြွေးဓားကို ဖန်တီးနိုင်တာ မင်းက ပန်းပဲဌာနထဲက အရိပ်ထဲမှာ ပစ်ထားတဲ့ ပုလဲတစ်လုံးလေးပဲ။ အခုကစပြီး ငါ့နောက်ကို ဘာလို့မလိုက်တာလဲ။ ချမ်းသာကြွယ်ဝမှုနဲ့ ဂုဏ်သိက္ခာက မင်းအတွက် အဆုံးမရှိဖြစ်လာလိမ့်မယ်။ မင်းရဲ့တောင်းဆိုချက်တိုင်းကို ငါအစွမ်းကုန်ဖြည့်ဆည်းပေးမှာပါ။”

မိစ္ဆာတပ်သားကို သွန်းလုပ်နိုင်တဲ့ စွမ်းရည်ရှိတာကြောင့် စူးချန်ခုန်းရဲ့ ရှားပါးပန်းပဲကျွမ်းကျင်မှုတွေက အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိပြီး ဝေ့ချောင်က မိုက်မဲတဲ့သူမဟုတ်ပါ။ 'အသုံးချပြီးတာနဲ့ သတ်ပစ်ဖို့' ရည်ရွယ်ချက်မရှိပေမယ့် လိုအပ်တဲ့နည်းလမ်းနဲ့ သူ့ကိုဆွဲဆောင်ချင်ခဲ့သည်။

စူးချန်ခုန်းလည်း ပိုပြီးစိတ်သက်သာရာရသွားခဲ့သည်။ ဝေ့ချောင်ဟာ မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့ တိုက်ခိုက်ရေးစွမ်းအားနဲ့ ချီသွေးမီးပြင်းဖိုနယ်ပယ်ကို ရောက်ရှိနေသည့်ပုံပင်။ စူးချန်ခုန်းက မူလဓားစွမ်းအင်ကို စုစည်းထားပေမယ့် ဓားစွမ်းအင်ရဲ့ စစ်မှန်တဲ့စွမ်းအားကို မစမ်းသပ်ရသေးပါ၊။ ဒါကြောင့် ဝေ့ချောင်နဲ့ ရင်ဆိုင်ရရင် ဘယ်လိုရလဒ်ထွက်လာမလဲဆိုတာလည်း မသေချာပေ။

ဒါက ရန်သူနယ်မြေဖြစ်တယ်ဆိုတာ ပြောစရာတောင်မလိုပါ။ တိုက်ပွဲတစ်ခုဖြစ်ပွားရင် အလွန်ဆိုးကျိုးများလိမ့်မည်။

ဝေ့ချောင်က သူ့ကို ဧည့်သည်တော်တစ်ယောက်လို ဆက်ဆံဖို့ ဆန္ဒရှိတာကြောင့် အခုချိန်မှာ အပေါ်ယံပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးပြီး နောက်မှလုပ်ရှားဖို့ အခွင့်အရေးရှာတာက အကောင်းဆုံးပင်။

အခုအချိန်မှာ စူးချန်ခုန်းက သူ့ရဲ့ကျေးဇူးတင်ကြောင်းကို ဖော်ပြပြီး "လေးလေးစားစားနဲ့ အသိမှတ်ပြုပေးလို့ ကျေးဇူးတင်ပါတယ် စစ်သူကြီးဝေ့။" လို့ ပြောလိုက်သည်။

ထို့နောက် ဝေ့ချောင်သည် နတ်ဆိုးအလင်းဖျော့ဖျော့ဖြင့် တောက်ပနေသော မိစ္ဆာငိုကြွေးဓားကို ကြည့်ပြီး ရယ်မောလိုက်သည်။ “ငါ့ရဲ့ရတနာ‌လေး.. ဗိုက်ဆာနေပြီဆိုတော့ သွားစားကြရအောင်။”

ထိုသို့ဖြင့် ဝေ့ချောင်သည် မိစ္ဆာငိုကြွေးဓားဖြင့် အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ စခန်းတွင် သုံ့ပန်းများစွာရှိပြီး သူတို့သွေးကို အသုံးပြု၍ ဓားကိုသွေးရန် စီစဉ်ထားသည်။

“ဆရာစူး၊ ခဏလောက် အနားယူလိုက်ပါဦး။”

မာဟုန်သည် စူးချန်ခုန်းအား ယဉ်ကျေးစွာ ပြောလိုက်သည်။

ယခု စူးချန်ခုန်းသည် မိစ္ဆာတပ်သားတစ်ဦးကို သွန်းလုပ်နိုင်ပြီဖြစ်သောကြောင့် သူက သူတို့၏ဧည့်သည်တော်ဖြစ်ပြီး လေးလေးစားစားဆက်ဆံခံထိုက်သူဖြစ်သည်။

All Chapters