← Chapters

ချီသွေးအသွင်ပြောင်းခြင်းအဆင့်ကိုး။ ကြာနက်ဂိုဏ်းခေါင်းဆောင်။ (၃)

Vol. 22 Ch. 329

ချီသွေးအသွင်ပြောင်းခြင်းအဆင့်ကိုး။ ကြာနက်ဂိုဏ်းခေါင်းဆောင်။ (၃)

Vol. 22 Ch. 329

စူးချန်ခုန်းရဲ့နေ့ရက်တွေဟာ ရုတ်ချည်း အလွန်တရာ ငြိမ်သက်သွားပြီး နေ့တိုင်း သိုင်းပညာနှင့် အဂ္ဂိရတ်ပညာကို လေ့ကျင့်ကာ သူ့ရဲ့ကိုယ်ပိုင် ချီနဲ့သွေးကို အားကောင်းစေဖို့ နဂါးသွေးဆေးလုံးတွေကို သန့်စင်နေခဲ့သည်။

တစ်လကျော်ကြာပြီးနောက်..

“ရွှီး”

အိမ်တော်အတွင်းမှာ စူးချန်ခုန်းဟာ သံဖြတ်ဓားကို လက်ထဲမှာ ဝေ့ရမ်းနေလေ၏။ ဓားခုတ်ချက်တစ်ချက်စီတိုင်းမှာ မူလဓားစွမ်းအင်ဟာ လေကိုခွင်းရင်း အချိန်အတော်ကြာ ကျန်ရစ်ခဲ့တဲ့ အရိပ်အယောင်တစ်ခုကို ချန်ထားခဲ့သည်။

စူးချန်ခုန်းဟာ ပြင်းထန်တဲ့လှုပ်ရှားမှုတွေနဲ့ ဆေးချေဖျက်နှုန်းကနေတစ်ဆင့် ဆေးဝါးအာနိသင် သန့်စင်မှုကို အရှိန်မြှင့်တင်ခဲ့သည်။

“ဝေါင်း”

စူးချန်ခုန်းဟာ ချွေးတွေနဲ့ရွှဲနစ်နေပြီး အသားအရေက အနီရောင်သန်းနေကာ သူ့ရဲ့ ချီနဲ့သွေးတွေက တုန်တုန်ယင်ယင်နှင့် စီးဆင်းနေပြီး အိမ်တော်တစ်လျှောက် နဂါးဟိန်းသံ ပဲ့တင်ထပ်သွားခဲ့သည်။ သူ့ရဲ့လည်ပတ်နေတဲ့ ချီနဲ့သွေးကနေ ဖြစ်ပေါ်လာတဲ့ ချီသွေးနဂါးရှည်တစ်ကောင်ဟာ စူးချန်ခုန်းရဲ့ခန္ဓာကိုယ်ကို ရစ်ပတ်ပြီး ခမ်းနားထည်ဝါတဲ့ အရှိန်အဝါကို ထုတ်ဖော်ပြသနေလေ၏။

အရင်ကထက် ပိုခိုင်မာကာ ပိုထူထဲလာပြီး နဂါးအကြေးခွံများနှင့် နဂါးဦးချိုများကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကာ အသက်ဝင်လာသကဲ့သို့ပင်။

“ငါအဆင့်တက်သွားပြီ… ချီသွေးအသွင်ပြောင်းခြင်းအဆင့်ရှစ်”

စူးချန်ခုန်းသည် အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ နဂါးသွေးဆေး၏ အစွမ်းထက်သောအာနိသင်များနှင့် သူ၏ အဆင့်ရှစ် ဧရာမဝေလငါးနည်းပညာ၏ ကြောက်မက်ဖွယ်ကောင်းသော သန့်စင်မှုစွမ်းရည်တို့ကြောင့် နှစ်လကျော်အတွင်း နဂါးသွေးဆေးလုံးနှစ်ဆယ်ကျော်ကို သန့်စင်ပြီးနောက် စူးချန်ခုန်းသည် ချီသွေးအသွင်ပြောင်းခြင်းအဆင့်ရှစ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

လွယ်ကူပုံရသော်လည်း အလားတူအဆင့်ရှိ အခြားသိုင်းပညာရှင်တစ်ဦးအတွက် နဂါးသွေးဆေးအလုံအလောက်ရှိလျှင်ပင် သွေးသန့်စင်ခြင်းစက်ဝန်းတစ်ခုကို ပြီးမြောက်ရန် အနည်းဆုံး နှစ်နှစ်ကြာမြင့်မည်ဖြစ်ပြီး ပထမဆုံးအကြိမ်မှာ အောင်မြင်သည်ဟု ယူဆနိုင်ဦးမှဖြစ်သည်။ စူးချန်ခုန်းကဲ့သို့ မြန်မြန်ဆန်ဆန် ပြီးမြောက်နိုင်မည်မဟုတ်ပေ။

လုံလောက်သော ကျင့်ကြံမှုအရင်းအမြစ်များရှိလျှင် သွေးသန့်စင်ခြင်းကို ပြီးမြောက်ဖို့ စူးချန်ခုန်းအတွက် မခက်ခဲပါပေ။

“ခန္ဓာကိုယ်က ကြံ့ခိုင်လာပြီး ခွန်အားနဲ့ အမြန်နှုန်းနှစ်ခုလုံး သိသိသာသာ တိုးတက်လာတယ်။ ပြီးတော့ ဓားစွမ်းအင်ကို ထုတ်ရတာ သိပ်မပင်ပန်းတော့ပါ။”

စူးချန်ခုန်းသည် သူ့ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများကို ခံစားမိပြီး သူ့ဘာသာသူ တွေးနေခဲ့သည်။

ယခင်က ချိုင်ကျန့်နှင့် တိုက်ခဲ့စဉ်က စူးချန်ခုန်းသည် မူလဓားစွမ်းအင်ကို အသုံးပြုခဲ့သည်။ ၎င်း၏ စွမ်းအားသည် အံ့သြဖွယ်ကောင်းသော်လည်း သူ့ခန္ဓာကိုယ် ခံနိုင်ရည်ရှိသော အကန့်အသတ်ထက် အနည်းငယ် ကျော်လွန်နေသည်။ တိုက်ခိုက်မှုအနည်းငယ်သာ ပြုလုပ်ရုံဖြင့် သူ့လက်မောင်းကြွက်သားများနှင့် သွေးကြောများကို နာကျင်စေသည်။

သို့သော် သွေးသန့်စင်ခြင်း တစ်ကြိမ် နှစ်ကြိမ် ပြီးဆုံးပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ပိုမိုအားကောင်းလာပြီး ခံနိုင်ရည်ရှိလာသည်နှင့် ဓားစွမ်းအင်၏ စွမ်းအားကို ပင်ပန်းမှုမရှိဘဲ အပြည့်အဝ ထုတ်လွှတ်ဖို့ လွယ်ကူသွားမည်ဖြစ်သည်။

“ပြီးတော့… ဓားစွမ်းအင်ကို ရန်သူတွေကို သတ်ဖို့အတွက် လက်ဖဝါးမှာ စုဆောင်းနိုင်ပေမယ့် အပြင်ဘက်ကို ပစ်ထုတ်နိုင်ဖို့ ခက်ခဲတယ်။ ဒါပေမယ့် အဝေးက ရန်သူတွေကို ထိခိုက်စေဖို့ မြားတွေပေါ်မှာ စုစည်းနိုင်ပြီး အဲ့တာက ငါဓားကိုင်တဲ့အခါထက် နိမ့်ကျမှာ မဟုတ်ဘူး။”

ဤကာလအတွင်း စူးချန်ခုန်းသည် ဝူချင်းရှီနှင့် မြားပစ်လေ့ကျင့်မှုကိုလည်း ဆက်လက်လုပ်ဆောင်ခဲ့သည်။

နောက်တော့ စူးချန်ခုန်းသည် ဓားစွမ်းအင်ကို မြားများနှင့် ပေါင်းစပ်ဖို့ စမ်းသပ်ရန် မြို့မှ ထွက်ခွာခဲ့သည်။ ပစ်လွှတ်လိုက်တဲ့အခါ မြားတွေဟာ ကြောက်စရာကောင်းတဲ့ စွမ်းအားတွေရှိပြီး ၎င်း၏ အကွာအဝေးအတွင်းက အရာအားလုံးကို ထိုးဖောက်နိုင်စွမ်းရှိသည်။

ခြောက်လကြာ သူ့ရဲ့ပန်းပဲပညာနဲ့ အဆက်မပြတ် ထုနှက်သန့်စင်ပြီးတဲ့နောက် စူးချန်ခုန်းရဲ့ ဓားစွမ်းအင်ဟာ လက်ရှိမှာ သူပိုင်ဆိုင်ထားတဲ့ အပြင်းထန်ဆုံး တိုက်ခိုက်နည်းဖြစ်သည်။

“ဆေးမီးဖိုကို စမွှေးမယ်”

နဂါးသွေးဆေးကို သန့်စင်ပြီးနောက် သူ့လက်ထဲဘာမှမကျန်တော့ဘဲ စူးချန်ခုန်းဟာ ဖိုထိုးတာကို စတင်ခဲ့ပြီး သူ့ရဲ့ ဆေးဖက်ဝင်အပင်တွေကို ဆေးလုံးအဖြစ် ပြောင်းလဲခဲ့သည်။

လစဉ် စူးချန်ခုန်းဟာ နဂါးသွေးဆေးဆယ်လုံးလောက်ကို သန့်စင်ခဲ့ပြီး ချန်ထားတဲ့ ဆေးငါးလုံးကို တိဟန်ဆီ ပေးကာ နဂါးသွေးဆေးပါဝင်ပစ္စည်းတွေနဲ့ လဲလှယ်ဖို့ ဟုန်ကျန်းရှန့်ဆီ ပို့ဆောင်စေခဲ့သည်။ ဒီလိုနှင့် “ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ခြင်း”အားဖြင့် မြန်ဆန်တဲ့ တိုးတက်မှုကို ထိန်းသိမ်းထားခဲ့သည်။

စူးချန်ခုန်းဟာ အလွန်ငြိမ်သက်တဲ့ ကာလတစ်ခုကို ဖြတ်သန်းနေခဲ့ပြီး သူဟာ ဒီလို တိတ်ဆိတ်ငြိမ်သက်တဲ့ ကျင့်ကြံမှုနဲ့ ကျေနပ်နေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်ထပ် သုံးလတာ ကုန်ဆုံးသွားခဲ့သည်။

ညဘက်မှာတော့ စူးချန်ခုန်းဟာ တင်ပျဉ်ခွေထိုင်နေတုန်း သူ့ရဲ့ ချီနဲ့သွေးတွေ ဆူပွက်လာခဲ့သည်။ သူက ၎င်းကို ဖိနှိပ်ရန်နှင့် အနှောင့်အယှက်များစွာ မဖြစ်အောင် ရှောင်ရှားဖို့ ကြိုးစားနေသော်လည်း ဆူပွက်နေသော ချီနှင့် သွေးတို့သည် သူ့ပတ်ပတ်လည်တွင် လှည့်ပတ်နေသော ရက်စက်ကြမ်းကြုတ်သည့် သွေးရောင်နဂါးတစ်ကောင်၏ အသွင်ကို ယူဆောင်လာဆဲပင်။

“ခွမ်း ဘန်း”

ချီသွေးနဂါးရှည် လူးလိမ့်လိုက်သည်နှင့်အမျှ အခန်းအတွင်းရှိ ခွက်များ၊ စားပွဲများနှင့် ထိုင်ခုံများ လွင့်ထွက်သွားပြီး အခန်းအတွင်း ပရမ်းပတာ ဖြစ်သွားခဲ့သည်။

စူးချန်ခုန်း၏ မျက်နှာသည် သွေးနီရောင်သို့ ပြောင်းလဲသွားပြီး သူ၏ အရေပြားသည် ဆူပွက်နေသောရေကဲ့သို့ ပူနွေးလာလေ၏။

အချိန်အတော်ကြာပြီးနောက် စူးချန်ခုန်းသည် အသက်ပြင်းပြင်းရှူထုတ်ကာ သူ၏ ချီနှင့်သွေးတို့ ပရမ်းပတာဖြစ်နေတာကို ငြိမ်သက်စေလိုက်သည်။

“ချီသွေးအသွင်ပြောင်းခြင်းအဆင့်ကိုးပဲ။ နောက်တစ်ဆင့်တက်ပြီးရင် ချီသွေးမီးပြင်း နယ်ပယ်ကို ရောက်တော့မယ်။”

အခန်းထဲက အရှုပ်အထွေးတွေကို လျစ်လျူရှုကာ စူးချန်ခုန်းသည် မျက်နှာထက်တွင် အားရဝမ်းသာသော အပြုံးတစ်ခု ပေါ်လာလေ၏။

ခြောက်လအတွင်း သူသည် သွေးသန့်စင်ခြင်းကို နှစ်ကြိမ် ဆက်တိုက် ပြီးမြောက်ခဲ့ပြီး ချီသွေးအသွင်ပြောင်းခြင်းအဆင့်ကိုးသို့ ရောက်ရှိခဲ့သည်။ သူ၏ တိုးတက်မှု၏ အမြန်နှုန်းက တကယ်ကို အံ့သြဖွယ်ကောင်းလှသည်။

ချီသွေးနယ်ပယ်တွင် အသွင်ပြောင်းမှု သုံးခုတိုင်းက နယ်ပယ်သတ်မှတ်ချက်အဆင့်တစ်ခုစီကို ကိုယ်စားပြုပြီး အရည်အသွေးဆိုင်ရာ ပြောင်းလဲမှုတစ်ခုစီကို ယူဆောင်လာသည်။

ချီသွေးအသွင်ပြောင်းခြင်းအဆင့်တစ်ဆယ်အထက်တွင် ချီသွေးမီးပြင်းဖိုနယ်ပယ်ရှိပြီး ချီသွေးနယ်ပယ်၏ အထွတ်အထိပ်အဆင့်ကို ကိုယ်စားပြုသည်။ ချီသွေးအသွင်ပြောင်းခြင်းသည် ဤနေရာတွင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး သာမန်လူများကို မီးပြင်းဖိုထဲတွင် ရှိနေသကဲ့သို့ ခံစားရစေပြီး ၎င်းတို့၏ ခန္ဓာကိုယ်များသည် ပြာကျသွားနိုင်သည့် လောင်ကျွမ်းနေသော မီးပြင်းဖိုကဲ့သို့ပင်။

သို့သော် စူးချန်ခုန်းသည် အဆင့်တိုင်းက မှတ်တိုင်တစ်ခုဖြစ်ကြောင်း နားလည်ပြီး သူ၏ အရည်အချင်းသည် ဤမှတ်တိုင်များကို ဖြတ်ကျော်ရန် အခက်အခဲမရှိဟု အာမခံနိုင်သော်လည်း ချီသွေးအသွင်ပြောင်းခြင်းအဆင့်ကိုးမှ အဆင့်တစ်ဆယ်သို့ တိုးတက်ပြီး ချီသွေးမီးပြင်းဖိုကို တက်လှမ်းခြင်းသည် ချီသွေးအသွင်ပြောင်းခြင်း အဆင့်ခုနစ်မှ အဆင့်ရှစ် သို့မဟုတ် အဆင့်ကိုးသို့ တက်လှမ်းခြင်းထက် ပိုမိုခက်ခဲပြီး အရင်းအမြစ်များနှင့် အချိန်ပိုမို လိုအပ်မည်ဖြစ်သည်။

စူးချန်ခုန်းအတွက် နဂါးသွေးဆေးများ အလုံအလောက်ရှိလျှင်ပင် အဆင့်တက်ရန် နှစ်ဝက်နီးပါး သို့မဟုတ် တစ်နှစ်ခန့်ပင် အချိန်လိုအပ်မည်ဟု ခန့်မှန်းရသည်။

“ငါ အနှေးနဲ့အမြန် အောင်မြင်မှာပါ။ စိတ်ရှည်ရှည်ထား။”

စူးချန်ခုန်းသည် အလျင်မလိုပါပေ။ သူ့မှာ အချိန်တွေအများကြီး ရှိပါသည်။

သို့ပေမယ့် ငြိမ်းချမ်းတဲ့နေ့ရက်တွေက သိပ်မကြာလိုက်ပါ။ စူးချန်ခုန်း ချီသွေးအသွင်ပြောင်းလဲခြင်းအဆင့်ကိုးကို အောင်မြင်ပြီး ငါးရက်အကြာမှာ စူးချန်ခုန်းဆီ ဆေးဖက်ဝင်အပင်တွေ လာပို့ပေးဖို့ တိဟန် လစဉ်လာရောက်လည်ပတ်တဲ့ အချိန်ရောက်လာလေ။၏

“ဒေါက် ဒေါက် ဒေါက်”

မနက်စောစောမှာ စူးချန်ခုန်းရဲ့ နေအိမ်တံခါးကို ခေါက်ခဲ့ပေမယ့် ရောက်လာတဲ့သူက တိဟန်မဟုတ်ဘဲ ခပ်ထွားထွားလူတစ်ယောက်ဖြစ်နေသည်။

“စစ်သူကြီးဟုန်”

စူးချန်ခုန်းဟာ ရောက်လာတဲ့သူက ဟုန်ကျန်းရှန့်ဖြစ်နေတာကို မြင်တော့ အနည်းငယ် အံ့အားသင့်သွားသည်။

ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ ဟုန်ကျန်းရှန့်ဟာ နှစ်ကြိမ် သုံးကြိမ်လောက်ပဲ လာလည်ခဲ့သည်။ သူလည်း လေ့ကျင့်ဖို့ လိုအပ်ပြီး စစ်ရေးစစ်ရာတွေနဲ့ မကြာခဏ အလုပ်ရှုပ်နေတတ်တာကြောင့် နေ့တိုင်း လာဖို့ မဖြစ်နိုင်ပါ။

All Chapters