← Chapters

ဗိမာန်ယဇ်ပလ္လင်သို့ပူဇော်ဆက်သခြင်း

Vol. 97 Ch. 1359

ဗိမာန်ယဇ်ပလ္လင်သို့ပူဇော်ဆက်သခြင်း

Vol. 97 Ch. 1359

ဂူသင်္ချိုင်းတံခါးပွင့်သွားသည်နှင့်တစ်ပြိုင်နက် သိပ်သည်းထူထဲပြီး အထည်ဒြပ်ရှိသည့်အနက်ရောင်အော်ရာက လေပြင်းတစ်စင်းပမာ တိုက်ခတ်လာသည်။

ဂူသင်္ချိုင်းတံခါးရှေ့တွင် ရပ်နေကြသည့်လူအုပ်မှာ ထိတ်လန့်သွားကြပြီး ချက်ချင်းဆိုသလို ကာကွယ်ရေးအတားအဆီးများအား မြှင့်တင်လိုက်ကြ၏။

သို့စေကာမူ ရှေ့တန်းကလူများမှာ တုံ့ပြန်ရန်နှေးကွေးသွားခဲ့ကြသဖြင့် အတားအဆီးကို တစ်ခဏမျှသာမြှောက်ထားနိုင်ပြီးနောက် လေစုပ်အား၏သေစေလောက်သည့် အော်ရာက ၎င်းကိုချေမွဖျက်ဆီးပစ်ကာ အနက်ရောင်အော်ရာက အနီးဆုံးတွင် ရပ်နေသည့် လူအနည်းငယ်၏ကိုယ်ထဲသို့ တိုး၀င်သွားသည်။

စူးရှလှသည့်အော်ဟစ်သံများအကြား ဤလူအနည်းငယ်၏ကိုယ်ခန္ဓာများက မြင်သာသည့်အရှိန်တစ်ခုနှင့်အတူ စတင်ခြောက်သွေ့လာပြီး သူတို့အရေပြားကို ပျံ့နေသည့်အနက်ရောင်က တဖြည်းဖြည်းဖုံးသွား၏။

သူတို့ပါးစပ်များကဟနေပြီး မျက်လုံးများက ပြူးကျယ်စွာပွင့်နေကာ အနက်ရောင်အော်ရာ၏ ကျူးကျော်မှုအောက်တွင် မျက်သူငယ်အိမ်များက အာရုံစူးစိုက်မှုကို ဆုံးရှုံးလာရသည်။

သူတို့မျက်လုံးထောင့်စွန်း၊ ပါးစပ်များ၊ နဖူးများကနေတဆင့် အဆုံး၌ ဒွာရခုနှစ်ပေါက်ကနေ သွေးနက်ပမာဏအများအပြားပင် စတင်စိမ့်ထွက်လာသည်။

ကြည့်ရှုသူများ၏ လေးနက်သည့်အကြည့်များအောက်တွင် ထိုလူများမှာ မြေပေါ်လဲနေသည့် ခြောက်သွေ့သောအလောင်းများအဖြစ် ပြောင်းသွားကာ နောက်ထပ်အသက်ရှူခြင်းမရှိတော့။

ဤနေရာကိုရောက်လာသူများက ဂိုဏ်းအသီးသီးက ပါရမီရှင်များဖြစ်ကြသည်။

သူတို့ ဂူသင်္ချိုင်းကြီး၏၀င်ပေါက်ကိုပင် မဖြတ်ကျော်နိုင်ခဲ့ဘဲ သေဆုံးသွားခဲ့ကြရသည်။

ဒါ့ကပင် ဂူသင်္ချိုင်း၏ အန္တရာယ်အား မီးမောင်းထိုးပြသနေသည်။

အထက်က စွမ်းအားရှိသည့်ပုဂ္ဂိုလ်များစွာ၏ အမူအရာများကလည်း မှောင်မိုက်သွားကြ၏။ သေဆုံးခဲ့ကြရသူများက သူတို့ဂိုဏ်းများကဆိုတာ သိသာထင်ရှားနေသည်။

ရပ်နားခြင်းမရှိသည့် အနက်ရောင်အော်ရာက အမွေးတိုင်တစ်တိုင်စာခန့် ပျံ့သွားနေပြီးနောက် ဖြည်းဖြည်းချင်းရပ်သွားသည်။

သို့သော် လေထဲတွင် ရစ်ဝဲနေသည့် သေစေလောက်သည့်အော်ရာက ကျန်ရှိနေဆဲပင်။

တကယ်တမ်းတွင် ဒါက မြို့ငယ်လေးတစ်မြို့စာမျှသာရှိသည့် ဂူသင်္ချိုင်းတစ်ခုဖြစ်ပြီး နှစ်တစ်သန်းကျော်ကြာ မရေမတွက်နိုင်လောက်သည့် အုတ်ဂူများနှင့်အတူ ကြီးမားသည့် သေခြင်းတရားစွမ်းအင်ကို သယ်ဆောင်ထားသည်။

သို့သော် ရှိနေသောသူများ၏စွမ်းအားကို ထည့်တွက်လိုပါက ယေဘုယျအားဖြင့် သူတို့ဒါကိုခံနိုင်ရည်ရှိပါသည်။

တစ်ချို့က အတားအဆီးများကို ဖြည်းဖြည်းချင်းထုတ်လွှတ်နေကြပြီး အန္တရာယ်မရှိတာကို တွေ့သောအခါ စတင်ရှေ့ဆက်ကြသည်။

ယဲ့ချိုးပိုင်နှင့်သူ့အုပ်စု ဂူသင်္ချိုင်းထဲသို့ ၀င်သွားသည့်အခိုက် သူတို့ကို ရှည်လျားသည့် စင်္ကြလမ်းတစ်ခုကဆီးကြိုနေသည်။ စင်္ကြလမ်း၏နံရံများ၌ ဖီးနစ်တစ်ကောင်ထံသို့ ငှက်အကောင်ရေတစ်ရာခန့် ပျံသန်းလာနေပြီး ဘုရင်များက ဂါရ၀ပြုနေသည့် မြင်ကွင်းများကို သရုပ်ဖော်ထားသည့်အသွင် ထွင်းထုထားသည်။

သူတို့ရှေ့ဆက်ပိုသွားလေလေ ရုပ်ပုံများက စစ်ပွဲမြင်ကွင်းများအဖြစ် ပိုမိုပြောင်းလဲသွား၏။

ဒါက မင်းသားတိုင်းပြည်၏သမိုင်းကို မှတ်တမ်းတင်ထားခြင်းဖြစ်ရပေမည်။

စင်္ကြလမ်းတစ်လျှောက် ထောင်ချောက်များစွာရှိမနေဘဲ ထွက်လာသောအခါ သူတို့ ကျယ်ပြန့်သည့်ခန်းမတစ်ခုထဲသို့ ရောက်လာကြသည်။

ခန်းမအလယ်ရှိ ဧရာမလူသားရုပ်တုကြီးတစ်ခုမှလွဲ၍ အနီး၀န်းကျင်၌ မည်သည့်ရှုခင်းမှ မရှိချေ။

ပလ္လင်ထိပ်တွင် ရုပ်တုက အာဏာအပြည့်နှင့်အတူ ထိုင်နေပြီး တန်ဖိုးကြီးစပါးအုံး၀တ်ရုံကို ၀တ်ဆင်ကာ လက်ထဲတွင် လှံတစ်ချောင်းကို ကိုင်ထားသည်။

ရုပ်တုရှေ့တွင် ယဇ်ပလ္လင်ကြီးတစ်ခုရှိသည်။

၎င်းထိပ်တွင် အလွန်တန်ဖိုးရှိပုံရသည့် အရိုးများနှင့်ပစ္စည်းများစွာရှိပြီး လောင်ကျွမ်းနေသည့်အမွေးတိုင်က မီးခိုးလုံးများအား ထုတ်လွှတ်နေဆဲပင်။

နှစ်တစ်သန်းကြာသွားသည့်တိုင် အမွှေးတိုင်က မီးမငြိမ်းသွားသေးသည်မှာ စိတ်ကူးယဉ်ကြည့်ရန်ပင် ခက်ခဲသည်။

"ကြည့်ရတာ ငါတို့ပူဇော်ဆက်သခန်းမမှာရှိနေပုံပဲ" အိမ်ရှေ့မင်းသား လေးနက်သည့်အမူအရာဖြင့် ပြောသည်။

ပူဇော်ဆက်သခန်းမက ဂူသင်္ချိုင်းသခင်ကို ဂုဏ်ပြုထားသည့်နေရာတစ်ခုဖြစ်သည်။

အနီးအနားရှိလူများက ရုပ်တုပေါ်တွင် ကြာကြာရစ်ဝဲမနေကြဘဲ ဘေးပတ်၀န်းကျင်၌ ယန္တရားများနှင့် တန်ဖိုးရှိပစ္စည်းများကို စတင်ရှာဖွေကြသည်။

တစ်ချို့က ယဇ်ပလ္လင်ပေါ်က ပစ္စည်းများငိုပင် စတင်စပ်စုကြည့်ကြသည်။

ထို့အထဲတွင် ကန္တာရခေါင်းဆောင်ငယ် ဟုန်ကျန်းနှင့် သဲပင်လယ်ဂိုဏ်းခေါင်းဆောင်လေး ရှာယွန်ရှန်းတို့ပါ၀င်သည်။

အိမ်ရှေ့မင်းသား ယဲ့ချိုးပိုင်နှင့်သူ့အုပ်စုဘက်သို့လှည့်လိုက်၏။

"တော်၀င်မိသားစုမှာ စည်းမျဉ်းတွေရှိတယ်၊ ဘာပဲဖြစ်နေပါစေ ငါတို့ပူဇော်ဆက်သခန်းမမှာ ဂူသင်္ချိုင်းပိုင်ရှင်ကို လေးစားအရိုအသေပေးရမယ်"

ထိုသို့ပြောပြီးနောက် အိမ်ရှေ့မင်းသား၊ ပိုင်လုနှင့် သူ့အုပ်စုက ဦးဆောင်ကာ ယဇ်ပလ္လင်ဆီသို့သွားပြီး ရုပ်တုအား ဦးညွတ်သည်။

ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း အလားတူလုပ်ကြသည်။

သူတော်စင်သားတော်ရွှမ်မင်ကမူ ဤဓလေ့များကို ကောင်းကောင်းသိပါသည်။

တခြားသူများကလည်း သူတို့လုပ်ရပ်များကိုမြင်သောအခါ လေးစားစွာ စတင်ဦးညွတ်ကြသည်။

သို့စေကာမူ အနည်းဆုံး ရှိနေသောသူ၆၀%က အနီးအနားတွင် ဆက်လက်ရှာဖွေနေခဲ့ကြပြီး ထိုဓလေ့ကို လျစ်လျူရှုထားခဲ့ကြသည်။

ဦးညွတ်မှုကြီးသွားသောအခါ လူအတော်များများက ရှေ့သို့ဆက်သွားကြပြီး ဘာတစ်ခုမှရှာမတွေ့သဖြင့် နောက်ထပ်ဂူသင်္ချိုင်း၀င်ပေါက်တစ်ခုဆီဦးတည်ကြသည်။

သို့စေကာမူ လူတိုင်း ပူဇော်ဆက်သခန်းမကထွက်သွားပြီးနောက် မည်သူမှ မမြင်နိုင်ခင်မှာပင် ပန်းပုလက်ရာများ၏မျက်လုံးများမှ သရဲတစ္ဆေကဲ့သို့ အပြာရောင်မီးပွားများ တောက်ပလာကြ၏။ ထိုတစ္ဆေပြာမီးပွားများက ပန်းပုရုပ်များကနေ ထွက်လုကြပြီး မီးတောက်အစုအဝေးတစ်ခုအဖြစ် ပြောင်းကာ ဂူသင်္ချိုင်းလမ်းကြောင်းထဲသို့ တိတ်တဆိတ်လွင့်မြောသွား၏။

သူတို့ဂူသင်္ချိုင်းလမ်းကြောင်းကို ဖြတ်လျှောက်စဉ် မည်သည့်အန္တရာယ်မှ မဖြစ်လာခဲ့ပေ။

အိမ်ရှေ့မင်းသားမှာ ဤနေရာ၏ တည်ဆောက်ပုံကို တဖြည်းဖြည်းနားလည်လာသဖြင့် အသံနိမ့်ကာရှင်းပြသည်။

"ငါသာမမှားဘူးဆိုရင် ဒီဂူသင်္ချိုင်းရဲ့နည်ဆောက်ပုံက ခေးအောစ့်နတ်မင်းဆက်က မင်းသားတစ်ပါးဂူသင်္ချိုင်းရဲ့စံတွေကို တင်းတင်းကျပ်ကျပ်လိုက်နာ‌လောက်တယ်"

ယနေ့ခေးအောစ့်နယ်မြေတွင်ရှိသည့် နတ်မင်းဆက်များစွာ၏ စည်းမျဉ်းများက ဂူသင်္ချိုင်းအခန်းများအတွက် အဆင့်သတ်မှတ်ချက်နှင့် ဆောက်လုပ်ရေးစံများအပါအ၀င် ခေးအောစ့်နတ်မင်းဆက်မှ အဆိုပါစည်းမျဉ်းများ ဖြန့်ကျက်မှုကြောင့် ဖြစ်တည်လာခဲ့ခြင်းပင်။

"ဂူသင်္ချိုင်းတံခါးအပြီးမှာ ပူဇော်ဆက်သခန်းမလာတယ်၊ ပြီးရင် ဂူသင်္ချိုင်းရဲ့လမ်းကြောင်းကို ရောက်လာပြီး ဒီကနေ ဖြတ်သွားရင် အောက်မေ့ဖွယ်ခန်းမဆီ ဦးတည်နေလိမ့်မယ်၊ ပြီးရင်တော့ ချိပ်ပိတ်မြေကို ရောက်လိမ့်မယ်၊ ဒီနေရာက မြေပြင်ပေါ်က ပထမအထပ်ပဲ"

"ဒီမြေပြင်အထက်အဆင့်မှာ ယူဆောင်ဖို့အတွက် တန်ဖိုးကြီးပစ္စည်းတွေအများကြီးမရှိဖို့ဆိုတာ ဖြစ်နိုင်ချေကြီးမားတယ်၊ ချိပ်ပိတ်မြေနေရာမှာ မြေအောက်ကို ဦးတည်နေတဲ့လမ်းကြောင်းတစ်ခုရှိရမယ်၊ မြေအောက်မှာ တကယ့်ဂူသင်္ချိုင်းခန်းမရှိပြီး အန္တရာယ်တွေလည်း ရှိမယ်လို့ ငါထင်တယ်၊ ဒါပေမယ့် အမွေအနှစ်နဲ့ ရတနာတွေလည်း အဲမှာရှိတယ်"

ရှောင်ဟိုင်ခေါင်းညိတ်သည်။

"ဒါဆိုဒီအဆင့်မှာ အန္တရာယ်အများကြီးမရှိဘူးပေါ့"

အိမ်ရှေ့မင်းသားခေါင်းခါယမ်းကာ သတိအပြည့်ဖြင့်ပြောသည်။

"သေချာပေါက်တော့မဟုတ်ဘူးပေါ့၊ တည်ဆောက်အုံတစ်ခုလုံးအရဆိုရင် ဒီလိုဖြစ်သင့်ပေမယ့် ဒါက မင်းသားတစ်ပါးရဲ့ဂူသင်္ချိုင်းဆိုတော့ အမှောင်ထဲမှာ အန္တရာယ်တွေအများကြီး ပုန်းကွယ်နေတယ်"

မျှော်လင့်ထားသည့်အတိုင်းပင် အိမ်ရှေ့မင်းသား၏ခန့်မှန်းချက်ကမှန်ကန်ခဲ့သည်။

ဂူသင်္ချိုင်းလမ်းကြောင်းကိုဖြတ်လျှောက်ပြီးနောက် သူတို့ရှေ့တွင်ပေါ်လာတာက အိပ်ခန်းနှင့်တူသည့်နေရာတစ်ခုဖြစ်သည်။ ဤနေရာက အောက်မေ့ဖွယ်ခန်းမပေတည်း။

ဤခန်းမ၌ နေ့စဥ်အသုံးပစ္စည်းအများကြီးပါ၀င်သည်။ သို့စေကာမူ ယခုလိုအချိန်ကြာရှည်စွာ ကြာသွားသည့်တိုင် ဤပစ္စည်းများက အသစ်များကဲ့သို့ပင် ဖုန်မှုန့်တစ်စက်မျှမရှိဘဲ ပေါ်လာသည်။

အခန်းတစ်ခုလုံးကပင် မှန်မျက်နှာပြင်တစ်ခုအလား သန့်ရှင်းနေသည်။

လုံးဝိုင်းသည့်စားပွဲတစ်ခုဘေးတွင် မလှုပ်မယှက်ရပ်နေသည့် အရိုးစုသုံးခုရှိသည်။

ပုံမှန်အားဖြင့် ဂူသင်္ချိုင်းအစောင့်တစ်ဦးက အောက်မေ့ဖွယ်ခန်းမထဲတွင် ရှိနေတတ်သည်။

ဤ ဂူသင်္ချိုင်းအစောင့်များက အခန်းကို သန့်ရှင်းရေးလုပ်ရင်း ဂူသင်္ချိုင်းသခင်၏ သက်တမ်းတစ်လျှောက်လုံးအတွင်း လုပ်ခဲ့သကဲ့သို့ပင် ခစားကြပေလိမ့်မည်။

"မဟုတ်သေးဘူး......" ရုတ်တရက် ကျိုးပိုင်လုရပ်လိုက်သည်။

အိမ်ရှေ့မင်းသားနှင့် ယဲ့ချိုးပိုင်တို့အပါအ၀င် လူတိုင်းကလည်း ရပ်သွားကြပြီး စိတ်ရှုပ်ထွေးစွာလှည့်ကြည့်ကြသည်။

ကျိုးပိုင်လု အခန်းထဲက ဗလာကျင်းနေသည့်နေရာတစ်နေရာကို စိုက်ကြည့်ရင်း တိုးတိုးလေးပြောသည်။

"နှစ်တစ်သန်းကြာနေတာတောင် အရမ်းသန့်ရှင်းနေတယ်၊ သဲတွေအောက်မှာ ဖုံးနေတဲ့ ဂူသင်္ချိုင်းတစ်ခုအတွက် ဖုန်မှုန့်တစ်စက်မှ မရှိဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ"

ဒါကိုကြားသောအခါ အိမ်ရှေ့မင်းသားနှင့် တခြားသူများ၏မျက်နှာက ဆတ်ခနဲ ပြောင်းလဲသွားကြပြီး ထိုအရိုးစုဂူသင်္ချိုင်းစောင့်သုံးဦးအား စူးစိုက်ကြည့်လိုက်ကြ၏။

တစ်ယောက်ယောက်ချဉ်းကပ်သွားသည်နှင့်တစ်ပြိုင်နက် သင်္ချိုင်းစောင့်အရိုးစုသုံးခုက ရုတ်တရက်လှုပ်ရှားလာကြသည်။

ခရက်ခ်၊ ခရက်ခ်၊ ခရက်ခ်.....!

အရိုးချင်းပွတ်တိုက်သည့်အသံများ မြင့်တက်လာသည်။

လူတိုင်း ထိတ်လန့်စွာ လှည့်ကြည့်လိုက်ကြ၏။

အရိုးစုသင်္ချိုင်းစောင့်တစ်ဦးက လူအုပ်စုထံအကြည့်ပို့လွှတ်လိုက်စဉ် ၎င်း၏ ချိုင်းနေသည့်မျက်လုံးပေါက်များ၌ အစိမ်းရောင်တစ္ဆေမီးလျှံများ တောက်လောင်နေသည်။

"ဂူသင်္ချိုင်းထဲကျူးကျော်သူတိုင်း ပြန်သွားရာလမ်းမရှိဘူး၊ သင်္ဂြိုဟ်ရာမှာ ဒီမှာနေ မဟုတ်ရင် မင်းသားခွင့်ပြုချက်ကို ရအောင်နေ....."

စက်ပစ္စည်းကဲ့သို့အသံများစွာထွက်လာသည်။

ထိုအသံကျသွားသည်နှင့် အရိုးစုသုံးခုက လက်သီးများကိုဆုပ်ကာ ကြမ်းပြင်အား ထိုးနှက်လိုက်ကြ၏။

ရုတ်ချည်းဆိုသလို အောက်မေ့ဖွယ်ခန်းမတစ်ခုလုံးက ပြင်းထန်စွာ စတင်တုန်ခါလာသည်။

ကြမ်းပြင်က စတင်ပြိုကျလာသဖြင့် လူတိုင်းထိတ်လန့်သွားကြပြီး ပြိုကျနေသည့် ကြမ်းပြင်နှင့်အတူ မလဲပြိုကျသွားစေရန်အတွက် ရှောင်ရှားရန် ပျံသန်းရန် ကြိူးစားကြသည်။

သို့သော်သူတို့မသိခင်မှာပင် ထိုနေရာ၌ ပျံသန်းခြင်းမဲ့အစီအရင်တစ်ခုရှိနေခဲ့သည်။

ယဲ့ချိုးပိုင်နှင့်တခြားသူများအပါအ၀င် သူတို့အားလုံး ပြိုကျနေသည့်ကြမ်းပြင်နှင့်အတူ နက်ရှိုင်းသည့်အောက်ခြေသို့ ကျဆင်းသွားကြလေတော့သည်။

All Chapters