← Chapters

ဂူသင်္ချိုင်းထဲသို့ကျသွားခြင်း၊ မြေနီစစ်သည်တစ်သိန်း#

Vol. 97 Ch. 1360

ဂူသင်္ချိုင်းထဲသို့ကျသွားခြင်း၊ မြေနီစစ်သည်တစ်သိန်း#

Vol. 97 Ch. 1360

ရှောင်ဟိုင်နှင့်ယဲ့ချိုးပိုင်တို့နိုးလာသောအခါ အလင်းရောင်မှိန်သည့် ခန်းမကြီးတစ်ခုထဲတွင် ရှိနေတာကို တွေ့လိုက်ရသည်။

သို့စေကာမူ သူတို့၀န်းကျင်၌ ရှီရှန်းနှင့် ဖန်ချန်းတို့ကဲ့သို့ လူများစွာပျောက်ဆုံးနေခဲ့ကြသည်။

အိမ်ရှေ့မင်းသား၊ ကျိုးပိုင်လုနှင့် သူတော်စင်သားတော်ရွှမ်မင်တို့က ကန္တာရတပ်ဖွဲ့မှ ဟုန်ကျန်းတို့နှင့်အတူ မနီးမဝေးတွင် ရှိနေသည်။

တခြားဂိုဏ်းများမှ လူတစ်ဒါဇင်ကျော်လောက်လည်းရှိသည်။

ကြည့်ရသည်မှာ ထိုပြိုကျမှုက မရိုးရှင်းပုံပင်။

ကျလာစဉ် လူများက ဘယ်လောက်ကြာကြာကျနေမှန်းမသိဘဲ သတိလစ်သွားခဲ့ကြပြီး တစ်ချို့ကမူ အုပ်စုကနေ သီးခြားခွဲထုတ်ခံလိုက်ရသည်။

အရိုးစုသင်္ချိုင်းစောင့်များပြောခဲ့တာကို ပြန်မှတ်မိသွားသောအခါတွင် တကယ့်အစစ်အမှန်အန္တရာယ်နှင့် အခွင့်အရေးများက ဤနေရာတွင်ရှိပုံရသည်။

အိမ်ရှေ့မင်းသားနှင့် ကျိုးပိုင်လုတို့ ရှောင်ဟိုင်နှင့် ယဲ့ချိုးပိုင်တို့အနားချဉ်းကပ်လာကြ၏။

သူတော်စင်သားတော်မှာ ကျိုးပိုင်လုဘေးတွင်ရပ်နေသည်။

"ကြည့်ရတာ ဒါကမြေအောက်ဂူသင်္ချိုင်းဖြစ်ပုံပဲ" အိမ်ရှေ့မင်းသားပြောသည်။

ဘေးပတ်လည်သို့လှည့်ကြည့်စဉ် သဘာ၀အလင်းရင်းမြစ်မရှိသော်လည်း နံရံများအထက်တွင် မီးအိမ်များကို တပ်ဆင်ထားသဖြင့် ခပ်မှိန်မှန်အဝါရောင်အလင်းကို ထုတ်လွှတ်နေသည်။

ထိုအချိန်မှာပင် ရှောင်ဟိုင် ရုတ်တရက်ဆိုသလို ကြီးမားသည့်တွင်းကြီးတစ်တွင်းဆီသို့ လျှောက်သွားသည်။

"ဒီလာကြည့်ကြပါဦး" ရှောင်ဟိုင် တွင်းဘေးတွင်ရပ်ကာ လေးနက်စွာပြောသည်။

သိလိုစိတ်ကြောင့်ပင် လူတိုင်းလျှောက်သွားကြပြီး အသက်ပြင်းပြင်းရှုရင်း တွင်းထဲသို့ ငုံ့ကြည့်လိုက်ကြသည်။

ဤအောက်ခြေမဲ့ပုံရသည့်တွင်းထဲတွင် အမှောင်ထုထဲ၌ ချောက်လှန့်ဖွယ်ရာစစ်တပ်တစ်တပ်ကဲ့သို့ မြေနီစစ်သည်များစွာက တန်းစီရှိနေသည်။

သို့စေကာမူ အမှောင်ထု၏အနက်ပိုင်းတွင် တံခါးတစ်ချပ်ပုံသဏ္ဍာန်ကို ဖော်ဆောင်ထားသည့် အလင်းကွင်းတစ်ခုရှိသည်။

"ကြည့်ရတာ ကျုပ်တို့ဒီမြေနီစစ်သားတွေကို ကျော်ဖြတ်ရမယ့်ပုံပဲ" ယဲ့ချိုးပိုင်ပခုံးတွန့်သည်။

"ဒါပေမယ့် ပျံသန်းမဲ့ဇုန်ကရှိနေတော့ ကျုပ်တို့မှာ လမ်းလျှောက်ရုံကလွဲပြီး ရွေးချယ်စရာမရှိဘူး၊ ပြီးတော့ဒီမြေနီစစ်သားတွေက

သံသယမရှိ ကျုပ်တို့ကို တိုက်ခိုက်ကြလိမ့်မယ်"

ရှောင်ဟိုင်သဘောတူသည့်အသွင် ခေါင်းညိတ်သည်။

ဒါကနှစ်ပေါင်းများစွာ လျှို့ဝှက်နယ်မြေများအား စူးစမ်းလေ့လာခဲ့ခြင်း၏ အတွေ့အကြုံပေတည်း။

"ဒါဆိုကြည့်ရတာ ငါတို့ပြင်းထန်တဲ့တိုက်ပွဲတစ်ခုထဲမှာ ကျရောက်နေပုံပဲ" အိမ်ရှေ့မင်းသား အားကိုးရာမဲ့စွာပြောသည်။

ထိုအချိန်မှာပင် သူတော်စင်သားတော် ကျိုးပိုင်လုအားကြည့်ပြီး ညင်သာစွာပြုံးသည်။

"ပိုင်လု၊ ငါနဲ့အတူလိုက်ခဲ့၊ ငါမင်းကို ကာကွယ်ပေးမယ်၊ ဒီမြေနီစစ်သားတွေ မင်းအနားကိုတောင် မရောက်စေရဘူး"

ပိုင်လုအေးစက်စွာပင်ပြန်ဖြေသည်။

"မလိုပါဘူး၊ သူတော်စင်သားတော်၊ ရှင့်ကိုယ်ရှင့်သာ ဂရုစိုက်ပါ"

ရှောင်ဟိုင်အထင်အမြင်သေးစွာပြောသည်။

"တကယ်တော့မင်းကိုမလိုအပ်ပါဘူး၊ ဂျူနီယာညီလေးမုရဲ့မိန်းကလေးကို ငါတို့ကာကွယ်မှာပါ"

သို့စေကာမူ အိမ်ရှေ့မင်းသား အားကိုးရာမဲ့စွာဆိုလာသည်။

"တော်၀င်အစ်မတော်က မင်းတို့ရဲ့အကာအကွယ်ကို မလိုလောက်ဘူး၊ တကယ်တော့ အချိန်ကျလာရင် ငါတို့ သူ့အကူအညီကို လိုကောင်းလိုလာလိမ့်မယ်"

ကျိုးပိုင်လု အိမ်ရှေ့မင်းသားခေါင်းကို ရိုက်လိုက်သည်။

"ကောင်းပြီ၊ ညည်းနေတာရပ်တော့၊ အောက်ကိုဆင်းကြစို၊ မဟုတ်ရင်ငါတို့ ခရီးပေါက်မှာမဟုတ်တော့ဘူး"

တွင်းအစွန်း၌ရပ်နေကြသည့်တခြားသူများကို ကြည့်လိုက်စဉ် သူတို့ကအချင်းချင်းစိုက်ကြည့်ကြပြီး မည်သူမှ အမြောက်ဆံအဖြစ် ပထမဆုံးလုပ်ဆောင်ရန် ဆန္ဒမရှိကြပေ။

သို့သော်ဒါကဘာအဓိပ္ပာယ်ရှိသနည်း။

ဒီလမ်းကြောင်းတစ်ခုတည်းသာရှိပြီး သူတို့တွင်အပြန်လန်းမရှိပါ။ သူတို့ တခြားတစ်နေရာကို အောင်မြင်စွာရောက်ရန်အတွက် ဤမြေနီစစ်သားများအား ဖြတ်ကျော်ရန် လိုအပ်သည်။

မဟုတ်ပါက သူတို့ဒီနေရာတွင် ထာ၀ရပိတ်မိနေပေလိမ့်မည်။

စိတ်မရှည်စွာဟုန်ကျန်း လှောင်ပြောင်သည့်အသွင်ရယ်မောလိုက်သည်။

"အသုံးမကျတဲ့ကြောင်သူတော်တစ်စုပဲ၊ မင်းတို့မှာ သတ္တိနည်းနည်းလေးတောင် မရှိဘူးလား"

ထို့နောက် ဟုန်ကျန်း မြေနီစစ်သားများအကြား ခုန်ဆင်းသွားပြီး ရှေ့သို့တိုးကာပြောသည်။

"ကန္တာရကလူတွေ၊ ငါ့နောက်လိုက်ကြ၊ တခြားသူတွေအရင်သွားတာကိုစောင့်နေကြတဲ့ အဲဒီလိပ်ခွံထဲက ကောင်တွေအုပ်စုလို မလုပ်ကြနဲ့"

ဟုန်ကျန်း၏စကားလုံးများကို ကြားသောအခါ ကန္တာရဂိုဏ်းများမှ လူများစွာက ခုန်ဆင်းသွားကြသည်။

ဒါကိုမြင်သော် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကလည်း ခုန်ကျော်သွားကြ၏။

သူတို့ဆင်းသက်လာသည့်တဒင်္ဂ၌ အရင်က မလှုပ်မယှက်ရပ်နေသည့် မြေနီစစ်သားများက ရုတ်တရက် မီးတောက်နက်များနှင့်အတူ တောက်ပလာသည်။

တဟူးဟူးမြည်သံများနှင့်အတူ လှံများကို ကိုင်ထားကြသည့် မြေနီစစ်သားအုပ်စုက ရုတ်တရက် အသစ်၀င်လာသောသူများထဲ တိုး၀င်သွားကြ၏။

လူများစွာ၏မျက်နှာများက တင်းမာသွားကြပြီး ကြွက်သားများပင် တောင့်တင်းလာကာ တိုက်ခိုက်မှုရောက်လာသည်နှင့် သူတို့ချက်ချင်းတုံ့ပြန်တိုက်ခိုက်ကြသည်။

ယဲ့ချိုးပိုင် ဓားအိမ်မှ ရှေးဟောင်းရွှေနတ်ဓားကိုထုတ်ပြီး ဓားတာအိုနိယာမက ကောင်းကင်ထဲတွင် ထိုးတက်သွားစဉ် ဓားပိုင်နက်က ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွား၏။

ရှောင်ဟိုင်တိုက်ရိုက်ပင်ထိုးနှက်သည်။

အိမ်ရှေ့မင်းသား လက်ဖဝါးချက်တစ်ချက် ပစ်လွှတ်လိုက်စဉ် သူ့၏ဧရာမဗုဒ္ဓလက်ဝါးချက်က ထိုလှံများအား ထိပ်တိုက်တွေ့ဆုံသည်။

ကျိုးပိုင်လုကမူ ဝါဂွမ်းကဲ့သို့ပေါ့ပါးစွာ တစ်ဘက်သို့လျင်မြန်စွာရှောင်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်စဉ် ရွှေရောင်လက်ဖဝါးတံဆိပ်များစွာက ပတ်၀န်းကျင်သို့ လွင့်မျောသွားကြ၏။

သူတော်စင်သားတော်ရွှမ်မင်နှာခေါင်းရှုံ့သည်။

"မင်းတို့ဘယ်လောက်စွမ်းဆောင်နိုင်သလဲဆိုတာ ငါလည်းမြင်ချင်ပါသေးတယ်" ထို့နောက်သူကလည်းတိုက်ခိုက်လိုက်သည်။

သို့စေကာမူ လူတိုင်း၏တိုက်ချက်များက လှံများနှင့်ထိတွေ့သွားသည့်အခိုက် သူတို့အမူအရာများက ချက်ချင်းတောင့်တင်းသွားကြ၏။

သူတို့ မြေနီစစ်သားများ၏ခန္ဓာက မည်သည့်နယ်ပယ်အော်ရာကိုမှ မခံစားရပေ။

သို့သော် ဤလှံများ၏စွမ်းအား အနည်းဆုံး နတ်ဧကရာဇ်နယ်ပယ်ကိုပင် ရောက်နေလေပြီ။

ဒီမြေနီစစ်သားတစ်ယောက်တိုင်းစီက နတ်ဧကရာဇ်နယ်ပယ်ကို ရောက်ခဲ့တာများလား!

ဒီအတွေးနှင့်အတူ လူတိုင်း၏မျက်နှာက ကြည့်ရဆိုးသွားကြသည်။

အကယ်၍ ဒါဇင်နဲ့ချီ သို့မဟုတ် ရာချီသာဆိုပါက သူတို့ကိုင်တွယ်နိုင်သေးပြီး အနည်းဆုံးအနိုင်ယူနိုင်သေးသည်။

သို့သော် ဒီနေရာတွင် ရာချီအနည်းငယ်ထက် အများကြီးပိုသည်။

သောင်းချီတင်မဟုတ်ဘဲ သိန်းချီဆိုလျှင်ပင် ဖြစ်နိုင်သည်။

ဤကဲ့သို့များပြားလှသည့် အရေအတွက်နှင့်ဆိုပါက အကြွင်းမဲ့စွမ်းအားဖိနှိပ်မှုတစ်ခု မရှိသရွေ့ သူတို့ကသေသည်အထိ ဖိချေခံရကာ အသက်ဆုံးသွားရပေလိမ့်မည်။

"ကျုပ်တို့ဒီလိုမျိုးလမ်းဖောက်လို့မရဘူး" ယဲ့ချိုးပိုင်လေးနက်စွာပြောသည်။

"ကျုပ်တို့အကြီးစားထိရောက်တဲ့ ထိခိုက်မှုတစ်ခုကိုဖြစ်သေဖို့အတွက် ကျုပ်တို့ရဲ့ တိုက်ချက်တွေကို တစ်ချိန်တည်းမှာ စတင်ဖို့လိုတယ်၊ ဒီလိုဆိုမှ အဆုံးထိချိုးဖျက်နိုင်ဖို့အတွက် ကျုပ်တို့စွမ်းအားကို ထိန်းသိမ်းထားနိုင်မှာ"

အိမ်ရှေ့မင်းသား သဘောတူသည့်အသွင် ခေါင်းညိတ်သည်။

သူတို့၏ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ရှေ့က တိုက်ခိုက်နေသည့်မြေနီစစ်သားများက ဖုန်မှုန့်များအဖြစ် ပြောင်းသွားကြ၏။

သို့စေကာမူ အဝေးတစ်နေရာရှိ မြေနီစစ်သားများက ကျန်ရှိနေဆဲပင်။

ကျိုးပိုင်လု ဒါကိုမြင်ပြီးပြောသည်။

"ငါတို့သူတို့ရဲ့တိုက်ခိုက်မှုအကွာအဝေးအတွင်း မဝင်သေးသရွေ့ ဒီမြေနီစစ်သားတွေက မတိုက်ခိုက်ဘူး၊ ငါတို့ရှေ့ဆက်ဖို့အတွက် ဒါကိုကိုယ့်ကိုယ်ကျိုးအဖြစ် သုံးလို့ရတယ်"

ဤသို့ဆိုပါက ဒါကအရမ်းကြီးမခက်ခဲလောက်ပေ။ သူတို့၏အင်မော်တယ်အော်ရာများ အလွန်အကျွံကုန်ခမ်းသွားသောအခါ ပြန်လည်အားဖြည့်ရန်အတွက် မြေနီစစ်သားများမရှိသည့် နေရာတစ်နေရာသို့ ဆုတ်ခွာရန်လိုအပ်သည်။ အချိန်နည်းနည်းပိုကြာမည်သာ။

သို့သော် ကျိုးပိုင်လုပြောပြီးသည်နှင့်တစ်ပြိုင်နက် ယခင်ကဖျက်ဆီးခံထားရသည့် မြေပေါ်က မြေနီစစ်သားများ၏ ဖုန်မှုန့်များက စတင်လွင့်မျောလာကြပြီး ပြန်လည်စုစည်းလာကြ၏။ အသက်ရှူကြိမ်ရေနှစ်ကြိမ်အတွင်းမှာပင် မြေနီစစ်သားတစ်ဦးက မူလအခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။

ဒါကိုမြင်သောအခါ လူတိုင်း၏နှလုံးသားက နစ်မြှုပ်သွားရတော့သည်။

ဒါကပြဿာနာကြီးပေတည်း။

ဒီလိုသာဆိုပါက ပြန်လည်အားဖြည့်ရန် အချိန်ရှိမည်မဟုတ်ဘဲ သူတို့အရှိန်အဟုန်နှင့်သာ ရှေ့ဆက်နိုင်ပေတော့မည်။

ထိုအချိန်တွင် ရှောင်ဟိုင်အော်ဟစ်သည်။

"ကျုပ်ရှေ့ကနေ၀င်တိုက်ခိုက်မယ်၊ ခင်ဗျားတို့အားလုံးနောက်ကနေ လိုက်ပြီး တိုက်ခိုက်ကြပါ"

တုံ့ဆိုင်းမနေကြဘဲ လူတိုင်း ရှောင်ဟိုင်နောက်တွင် အမြန်တန်းစီလိုက်ကြပြီး သူ့တိုက်ခိုက်မှုနှင့်အတူ သူတို့၏ တိုက်ချက်များကိုလည်း ရှေ့ဆက်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံး ရှောင်ဟိုင်၏သွေးကြောစွမ်းရည်ကို မျက်မြင်တွေ့ခဲ့ကြသည် မဟုတ်ပေလော။ သူတို့ထဲတွင် သူသာလျှင် လျင်မြန်စွာနှင့် ထိရောက်စွာကုသနိုင်သည်။

ဒါ့အပြင် ရှောင်ဟိုင်က အင်မော်တယ်အော်ရာကို မလိုအပ်ပေ။

ဒီအတားအဆီးက တကယ်တမ်း၌ ရှောင်ဟိုင်ကဲ့သို့ ခန္ဓာကျင့်ကြံသူတစ်ယောက်အတွက် အတော်လေးအကျိုးရှိသည်။

သိပ်မဝေးလှသည့်တခြားတစ်နေရာ၌ ဟုန်ကျန်းနှင့် ကျန်သောသူများကြည့်နေစဉ် ရှောင်ဟိုင်နှင့် သူ့အုပ်စုက လျင်မြန်စွာရှေ့တက်လာကြပြီး သူတို့ကိုပင် ဖြတ်ကျော်သွားကြလေရာ သူတို့၏အမူအရာများက အနည်းငယ်မည်းမှောင်သွားကြ၏။

"ငါတို့သူတို့ကို ငါတို့ထက် ပိုမြန်မြန် ပန်းတိုင်ကို ရောက်ခွင့်မပြုနိုင်ဘူး" ဟုန်ကျန်းကောက်ကျစ်သည့်အပြုံးဖြင့်အော်ဟစ်သည်။

"အဲဒီတံခါးနောက်မှာ အခွင့်အလမ်းတစ်ခုရှိနေခဲ့ရင် ငါတို့စွပ်ပြုတ်ကို အရဿာခံနိုင်မှာတော့မဟုတ်ဘူး"

ထိုသို့ပြောပြီးနောက် ဟုန်ကျန်း ရှေ့က မြေနီစစ်သားအနည်းငယ်ကို ကြေမွရိုက်ချိုးပစ်ပြီး နောက်ကလူများထံလှည့်လိုက်၏။

"ငါ့နောက်လိုက်ကြ၊ ငါတို့သူတို့ဆီကို တဖြည်းဖြည်းချဉ်းကပ်ပြီး သူတို့ရဲ့ တိုးတက်မှုကို ကြားဖြတ်နှောင့်ယှက်မယ်"

All Chapters