← Chapters

အရှုပ်အထွေး

Vol. 97 Ch. 1361

အရှုပ်အထွေး

Vol. 97 Ch. 1361

ယခု မြေနီစစ်သားတွင်းကြီးအောက်၌ စုစုပေါင်းမဟာမိတ်သုံးဖွဲ့ဖွဲ့ခဲ့သည်။

ပထမတစ်ဖွဲ့ကို ရှောင်ဟိုင်၊ အိမ်ရှေ့မင်းသားနှင့် ကျိုးပိုင်လုတို့အပါအ၀င် ကျန်သောသူများအား ဦးဆောင်ကြသည်။

ဒုတိယမဟာမိတ်ကို သဲကန္တာရတပ်များက ကိုယ်စားပြုပြီး ဟုန်ကျန်းဦးဆောင်ရင်း စုစုပေါင်းလူရှစ်ဦးရှိသည်။

ကျန်သောမဟာမိတ်ကို သူတော်စင်သားတော်ရွှမ်မင်ဦးဆောင်ကာ တခြားပြင်ပအင်အားစုများလည်းပါ၀င်သဖြင့် စုစုပေါင်း၁၁ဦးဖြစ်သည်။

သူတော်စင်သားတော်ရွှမ်မင် အစက ကျိုးပိုင်လုနှင့် တစ်သင်းတည်းတွင်ရှိနေသော်လည်း ရှောင်ဟိုင်ဦးဆောင်တာကို မြင်ရသောအခါ သူ့ဂုဏ်မောက်မှုက သူ့ကို အနိုင်ယူသွားပြီး မဟာမိတ်ဖွဲ့ရန်အတွက် တခြားပြင်ပအင်အားစုများကို စုစည်းခဲ့သည်။

ယခုရှေ့တန်းတွင် ရှောင်ဟိုင်နှင့် သူ့တပ်ဖွဲ့ဖြစ်သည်။

ရှိနေသူများအနက် ရှောင်ဟိုင်တွင် ဤမြေနီစစ်သားများ၏တွင်း၌ အကြီးမားဆုံးအသာစီးရမှုရှိသည်။

သူကဤနေရာမှ တစ်ဦးတည်းခန္ဓာကျင့်ကြံသူဖြစ်ပြီး ကောင်းကင်ကိုပင်ဆန့်ကျင်နိုင်သည့် ကိုယ့်ကိုကိုယ်ကုစားနိုင်သောစွမ်းရည်ကို ပိုင်ဆိုင်သည်။

ထို့ကြောင့်ရှောင်ဟိုင် ရှေ့သို့တိုက်ခိုက်ရန်သာ လိုအပ်ပြီး သူ့နောက်ကလူများက ဘေးဘီဝဲယာများအား တိုက်ခိုက်ရင်း သူ့ကိုကူညီကာ နောက်က မြေနီစစ်သားများအား လျင်မြန်စွာပင် ဦးတည်စေသည်။

ရှောင်ဟိုင်၏ခန္ဓာက အသန့်အသတ်ကို ရောက်သွားသောအခါ သူနောက်ဆုတ်ပြီး တခြားသူများအား ရှေ့သို့သွားခွင့်ပေးရင်း သူ့ခန္ဓာကမူ အလွန်အမင်းမြန်ဆန်သည့်နှုန်းနှင့် ကောင်းမွန်လာနေတာကို စောင့်ဆိုင်းပြီးနောက် ရှေ့သို့ပြန်သွား၏။

မျှော်လင့်မထားသည့်အရာတစ်ခုခု မဖြစ်ပျက်ခဲ့သရွေ့ ရှောင်ဟိုင်နှင့်ကျန်သောသူများ မြေနီစစ်သည်တွင်းကို အမြန်ဆုံးဖြတ်ပြီး အဆုံးတွင် တံခါးပေါက်ဆီသို့ ရောက်သွားမည်သာ။

သို့စေကာမူ လူတစ်ချို့က ရှောင်ဟိုင်နှင့် သူ့အဖွဲ့ကို ထိုနေရာသို့ ကြိုတင်မရောက်စေချင်တာ ရှင်းနေသည်။

မည်သို့ပင်ဆိုစေကာမူ ထိုတံခါးနောက်ကွယ်၌ ဘယ်လို အံ့ဖွယ်အရင်းအမြစ်များ သို့မဟုတ် အမွေအနှစ်များရှိနေသလဲမဆိုတာ မည်သူမှမသိပေ။

သူတို့ ရှောင်ဟိုင်နှင့်သူ့အဖွဲ့အား ပဏာမခြေလှမ်းလှမ်းခွင့်ပေး၍မရပေ။

ရှောင်ဟိုင်နှင့်သူ့လူအား အရှိန်အဟုန်နှင့် ချီတက်နေစဉ် ကျိုးပိုင်လု၏မျက်လုံးများက ရွှေရောင်အလင်းနှင့် တောက်ပသွားပြီး ဘေးသို့လှည့်ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

"သတိထား၊ တစ်ယောက်ယောက် ဘေးကနေ ၀င်စွက်ဖက်ဖို့ကြိုးစားနေတယ်"

အိမ်ရှေ့မင်းသားနှင့် ထန်ကျုံ့ကျောက်တို့မှာ အနည်းငယ်အံ့ဩသွားကြပြီး သူတို့အကြည့်က ကျိုးပိုင်လုညွှန်ပြသည့် နေရာဘက်သို့ ရောက်သွားကြ၏။

ဟုန်ကျန်းနှင့်သူ့လူများ မြေနီစစ်သားများအား ဖောက်ထွင်းကာ သူတို့ထံ အလျင်အမြန် ချဉ်းကပ်လာနေတာကို သူတို့မြင်ရသည်။

ယဲ့ချိုးပိုင်၏အမူအရာကလည်း ခက်ထန်လာပြီး ရှေးဟောင်းရွှေဓားက ကောင်းကင်ပေါ် ပျံသန်းသွား၏။

ရုတ်တရက် ယဲ့ချိုးပိုင်၏ခြေထောက်အစုံက အောက်သို့ရိုက်ခတ်လိုက်စဉ် ဓားသေတ္တာတစ်လုံးက သူ့ရှေ့၌ ပြင်းထန်စွာ ဆင်းသက်လာကာ သူ့လက်အစုံက သေတ္တာဘေးနှစ်ဘက်သို့ အားအပြည့်နှင့် ရိုက်ချလိုက်သည်။

ဓားသေတ္တာက ချက်ချင်းပွင့်သွားပြီး မြောက်မြားစွာသောဓားများက ကောင်း‌ကင်ပေါ် ထိုးတက်သွားကြသည်။

ဓားပိုင်နက်အကွာအဝေးကလည်း စတင်ဆက်တိုက်ကျယ်ပြန့်လာပြီး ဓားတာအိုနိယာမက ထိုဓားများအပေါ်စုရုံးကာ ဟုန်ကျန်းနှင့် သူ့လူများအား တိုက်ရိုက်ပင် ဖြတ်သွား၏။

အိမ်ရှေ့မင်းသားကြက်သေသေနေသည်။

"ငါတို့သူတို့ရဲ့ရည်ရွယ်ချက်ကို သေချာမသိသေးဘူးလေ၊ သူတို့မဟာမိတ်ဖွဲ့ဖို့ ကြိုးစားနေတာဆိုရင်ရော"

သို့သော် ယဲ့ချိုးပိုင်တိုက်ရိုက်ပင် ပြန်ပြောသည်။

"သူတို့မဟာမိတ်ဖွဲ့ချင်တယ်ဆိုရင် ဘာလို့အစကတည်းက ကျုပ်တို့ကိုလာမရှာရတာလဲ၊ အခုကျုပ်တို့ဆီတိုက်ရိုက်လာနေတာမို့ ဒါက ကျုပ်တို့ရဲ့အားထုတ်မှုတွေကို နှောင့်ယှက်ဖို့အတွက် ဖြစ်နိုင်ချေများတယ်၊ ဒီလိုအခြေ‌အနေမှာ အနှောင့်အယှက်တွေ မဖြစ်လာစေချင်ဘူးဆိုရင် ချက်ချင်းလုပ်ဆောင်တာက ပိုဘေးကင်းတယ်"

အကယ်၍လုချန်ရှန်းနှင့် မုဖူရှန်းတို့သာ ဤစကားလုံးများကိုကြားပါက သူတို့မျက်ရည်ပိုးစိုးပက်စက်ကျမိပေလိမ့်မည်။

အိုး၊ သူတို့တကယ်ကြီးထွားလာကြပြီပဲ!

ဟုန်ကျန်းနှင့်သူ့လူများ ရှေ့က မြေနီစစ်သားများအား အဆက်မပြတ်ရှင်းလင်းနေစဉ် ရုတ်တရက် သူတို့ကို အားကောင်းသည့် ဓားတာအိုစည်းမျဉ်းတစ်ခု လွှမ်းခြုံသွားတာကို တွေ့လိုက်ရသဖြင့် အားလုံး၏ အမူအရာက မှင်သေသွားကြ၏။

ဓားအများအပြားက သူတို့ထံပိုင်းဖြတ်လာလေရာ သူတို့ဓားတစ်ချောင်းချင်းစီကို ကိုင်တွယ်ရန်အတွက် သူတို့အာရုံကို အတင်းခွဲထုတ်နေရသည်။

ပုံမှန်အားဖြင့် နတ်ဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်ဖြစ်သည့်အပေါ် ယဲ့ချိုးပိုင်၏လက်ရှိအနေနှင့် သူသက်ရောက်မှုသိပ်မရှိနိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ သူတို့ထဲတွင် ဟုန်ကျန်းနှင့် ကျန်နှစ်ယောက်က ဘိုးဘေးနယ်ပယ်ကိုပင် ရောက်နေကြလေပြီ။

သို့စေကာမူ ဤမြေနီစစ်သားများ၏ တိုက်ခိုက်မှုအောက်တွင် သူတို့အာရုံကို အနည်းငယ်လွှဲပြောင်းခြင်းကပင် သူတို့အမြန်နှုန်းကို နှောင့်နှေးစေနိုင်သည်။

ဒါ့အပြင် ယဲ့ချိုးပိုင် ရှေးဟောင်းရွှေဓားအိမ်နှင့် ထိန်းချုပ်သည့်ဓားများက တိုက်ရိုက်ထိပ်တိုက်တွေ့ဆုံရန် ရည်ရွယ်ထားခြင်းမဟုတ်။

ယင်းအစား သူဘေးကနေ အခြေအနေကို စောင့်ကြည့်နေပြီး တခြားသူများ မြေနီစစ်သားများအား တိုက်ခိုက်ပြီးသောအခါမှသာ ထိုးစစ်ဆင်ရန် စောင့်သည်။

ဒါကအတော်လေးကို ပါးနပ်သည်။

ဟုန်ကျန်း၏အမူအရာက ကြည့်ရဆိုးနေပြီး ဒေါသတကြီးအော်ဟစ်သည်။

"ဟိုကဓားသမားလေး၊ ငါ့ကိုမင်းနားမရောက်မိစေနဲ့၊ ဘာလို့လဲဆိုတော့ ငါရောက်လာတဲ့အချိန်က မင်းသေမယ့်အချိန်ပဲ"

ဒါကိုကြားသော် အိမ်ရှေ့မင်းသား အားကိုးရာမဲ့စွာပြုံးလိုက်၏။

"ဒီအထိရောက်နေပြီဆိုမှတော့ ငါတို့ကလည်း လှုပ်ရှားသင့်တာပေါ့"

ထိုသို့ပြောပြီးနောက် အိမ်ရှေ့မင်းသား ရှေ့က လက်ကျန်မြေနီစစ်သားများအား ချေမွပစ်ကာ ဟုန်မန်တို့ရှိရာဘက်သို့ လက်ဖဝါးချက်တစ်ချက် ထုတ်လွှတ်လိုက်၏။

ထန်ကျုံ့ကျောက်ကလည်း လက်ထဲတွင် မြင်းမြီးပုံကျာပွတ်ကိုကိုင်ထားကာ ၎င်း၏ အဖြူရောင်အမျှင်သုံးထောင်က ဧရာမတောင်တစ်တောင်အဖြစ် သိပ်သည်းသွားပြီး ရန်သူပေါ်သို့ ဖိသိပ်ကျဆင်းလာသည်။

ကျိုးပိုင်လု၏တိုက်ခိုက်မှုက ပို၍ပင် သက်ရောက်မှုရှိသည်။

ဘိုးဘေးနယ်ပယ်စွမ်းအားများပါ၀င်သည့် ရွှေရောင်အလင်းတန်းများနှင့် ပြည့်နှက်နေသော ရိုးစင်းသော်လည်း အားမာန်ပါသည့် လက်ဖဝါးချက်က ပစ်၀င်သွား၏။

သူတို့၏တိုက်ခိုက်မှုက ဟုန်ကျန်းနှင့် သူတို့အကြားက မြေနီစစ်သားအားလုံးကို ရှောင်ရှားရင်း အထက်ကနေ အောက်သို့ တိုက်ရိုက်ပစ်မှတ်ထားသည်။

ဒါကိုမြင်သော် ဟုန်ကျန်း သူ့ဘေးက လူတစ်ယောက်ထံလှည့်လိုက်ပြီး ခက်ထန်စွာအော်ဟစ်သည်။

"မင်းဆက်တွန်းနေ၊ ငါဒါကိုကိုင်တွယ်လိုက်မယ်"

ထိုသို့ပြောပြီး သူအသင်းရှေ့ကနေ အလယ်သို့ရွေ့ရင်း အပေါ်သို့မော့ကြည့်ကာ လက်ကောက်၀တ်ကို အနည်းငယ်ကွေးလိုက်လေရာ သူ့လက်ဖဝါး၌ မုန်တိုင်းမျက်လုံးတစ်လုံး စတင်စုစည်းလာသည်။

မုန်တိုင်းမျက်လုံးများကို၀န်းရံနေသည့် နက္ခတ်လေပြင်းများက အဆက်မပြတ်ထွက်လာပြီး အနီး၀န်းကျင်က လေဟာနယ်က မုန်တိုင်းမျက်လုံး၏ ဆွဲဆောင်သိမ်းယူခြင်းကို ခံလိုက်ရသည့်အလား စတင်ပုံပျက်သွား၏။

ဘိုးဘေးနယ်ပယ်အစောပိုင်းအဆင့်စွမ်းအားက ထိုတဒင်္ဂမှာပင် အဆုံးစွန်ထိ ထိုးတက်သွားသည်။

"သွေးကြောချိုးဖျက်သဲမုန်တိုင်း"

ဟုန်ကျန်း၏လက်ဖဝါးချက်က အပေါ်သို့ရိုက်ခတ်စဉ် မုန်တိုင်းမျက်လုံးက လေထဲသို့ တက်သွားပြီး ကျိုးပိုင်လုနှင့် တခြားသူများ၏ တိုက်ခိုက်မှုများ ဆင်းသက်မည့်နေရာ၌ တစ်ခဏမျှရစ်ဝဲနေသည်။

မုန်တိုင်းမျက်လုံး၏ အလယ်ဗဟိုမှ အဆုံးမဲ့မုန်တိုင်းတစ်စင်းက ပြန့်သွားသည်။

သဲတိမ်များက လေထဲကနေထွက်ပေါ်လာကြပြီး ဧရာမမုန်တိုင်းကြီးတစ်ခုအဖြစ် စုစည်းနေသည်။

အနီးအနားက မြေနီစစ်သားများမှာ မုန်တိုင်း၏အစွန်းကို ထိမိသည်နှင့် သဲမုန်တိုင်းထဲသို့ တိုက်ရိုက်လွင့်စင်ကာ ချက်ချင်းပင် ဖျက်ဆီးခံရသည်။

အထက်ကတိုက်ခိုက်မှုများစွာကို ဤကျယ်ပြန့်သည့်မုန်တိုင်းက ခုခံနေခဲ့သည်။

"တကယ်တော့ ဒီဟုန်ကျန်းရဲ့ခွန်အားက ကန္တာရတစ်ခုလုံးရဲ့ လူငယ်မျိုးဆက်ထဲမှာ ထိပ်ဆုံးမှာရှိတယ်၊ အခုကြည့်ရတာ သူက ဘိုးဘေးနယ်ပယ် အစောပိုင်းအဆင့်ဆိုပေမယ့် ဘိုးဘေးနယ်ပယ် အလယ်အလတ်အဆင့်နဲ့ ညီမျှတဲ့ခွန်အားကို ပိုင်ဆိုင်ထားသလိုပဲ" အိမ်ရှေ့မင်းသား လေးနက်သည့် အမူအရာဖြင့်ပြောသည်။

မဟုတ်ပါက ကျိုးပိုင်လု၏လက်ဖဝါးချက်နှင့် ပြိုင်ဘက်ကသာ ဘိုးဘေးနယ်ပယ် အစောပိုင်းအဆင့်က ပုံမှန်ကျင့်ကြံသူတစ်ဦးဆိုပါက သူယခုလိုလွယ်လွယ်နှင့် တန်ပြန်တိုက်ခိုက်နိုင်မည်မဟုတ်။

ကျိုးပိုင်လုက စွမ်းအားအပြည့်ကိုတော့ မသုံးခဲ့ပေ။

ဟုန်ကျန်း၏သွေးကြောချိုးဖျက်သဲမုန်တိုင်းက တိုက်ခိုက်မှုများစွာကို ခုခံနိုင်သည်သာမက ပတ်၀န်းကျင်က မြေနီစစ်သားများအား ယာယီရှင်းလင်းသွားစေပြီး ရှောင်ဟိုင်တို့နှင့် ပိုနီးစပ်လာစေသည်။

ထန်ကျုံ့ကျောက် အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။

"ဒီလိုသာတကယ်ဆိုရင် သူတို့ကိုအခုတားဖို့ဆိုတာ မဖြစ်နိုင်ဘူး....."

ထိုသို့ပြောပြီးနောက် ထန်ကျုံ့ကျောက် သူတို့နောက်က သူတော်စင်သားတော်ရွှမ်မင်နှင့် သူ့အုပ်စုအားကြည့်လိုက်၏။ သူတို့က မနီးမဝေးတစ်နေရာကနေ လျင်မြန်စွာ ရှေ့ဆက်လာနေကြသည်။

ချောင်းပစ်သူနှင့် သားကောင်တို့ထိပ်တိုက်တွေ့ဆုံသောအခါ ငါးမျှားသူက အကျိုးအမြတ်ခံထားရသည်။

သူတော်စင်သားတော်ရွှမ်မင် အရင်ဆုံးရှေ့တန်းသို့ပြေးသွားလောက်သည်။

ယဲ့ချိုးပိုင် မျက်မှောင်ကြုတ်ကာ ရှောင်ဟိုင်ဘက်သို့လှည့်လိုက်၏။

"နောက်ပိုင်း ဂျူနီယာညီလေး ငါတို့ဘက်က မြေနီစစ်သားတွေကို ပြင်ဆင်ထိန်းသိမ်းထားပေးဖို့ လိုလောက်တယ်"

ယဲ့ချိုးပိုင်စီစဉ်နေတာကို ရှောင်ဟိုင်ချက်ချင်းနားလည်သဖြင့် သဘောတူသည့်အသွင် ခေါင်းညိတ်သည်။

ယဲ့ချိုးပိုင်တိမ်ပြာဓားကို ထုတ်တော့မည့်အချိန် ကျိုးပိုင်လုတည်ငြိမ်စွာပြောသည်။

"ရှင့်တို့အစွန်းကုန်ရှေ့ဆက်ကြပါ၊ သူတို့ကို ကျွန်မနဲ့ လက်လွှဲထားခဲ့ပါ"

အိမ်ရှေ့မင်းသားအနည်းငယ် ကြက်သေသေသွား၏။

"တော်ဝင်အစ်မ၊ အစ်မကိုယ်ထဲက ချိပ်စည်းကို လောလောဆယ်လုပ်ဆောင်တာက မကောင်းဘူး၊ နောက်ပိုင်းလုပ်ဆောင်ဖို့ လိုကောင်းလိုလာနိုင်တယ်"

ကျိုးပိုင်လုခေါင်းခါယမ်းသည်။

"ဘာမှမဖြစ်ပါဘူး၊ ငါသူတို့ကို တားဆီးထားရုံပဲလေ"

ထိုသို့ပြောပြီးနောက် ကျိုးပိုင်လု အဖွဲ့အလယ်တွင်ထရပ်ကာ ရှောင်ဟိုင်နှင့် တခြားသူများ၏ ကာကွယ်မှုအောက်တွင် ရွှေရောင်အလင်းတစ်ခုက သူမမျက်လုံးများမှ ရုတ်တရက် တောက်ပလာခဲ့သည်။

All Chapters