← Chapters

ကျိုးပိုင်လုအရေးယူဆောင်ရွက်ခြင်း၊ အကြောင်းရင်းနှင့် အကျိုးဆက်စွမ်းအား

Vol. 97 Ch. 1362

ကျိုးပိုင်လုအရေးယူဆောင်ရွက်ခြင်း၊ အကြောင်းရင်းနှင့် အကျိုးဆက်စွမ်းအား

Vol. 97 Ch. 1362

ကျိုးပိုင်လု၏စွမ်းအားကို နဂါးကိုးကောင်နတ်မင်းဆက်အတွင်းမှာပင် လူအနည်းငယ်သာသိကြသည်။

မည်သို့ပင်ဆိုစေကာမူ ကျိုးပိုင်လုက မကြာခဏဆိုသလို သီးသန့်ဘ၀တစ်ခုတွင် နေထိုင်ခဲ့ပြီး အာဏာအတွက် ရုန်းကန်မှု၌ တစ်ခါမှမပါ၀င်ခဲ့သလို လျှို့ဝှက်နယ်မြေများ သို့မဟုတ် အရင်းအမြစ်များအတွက် တိုက်ပွဲတွင်လည်း တစ်ခါမှမပါ၀င်ခဲ့ဖူးပေ။

လုပ်ဆောင်ရန် အခွင့်အရေးများက မရှိသလောက်နည်းပါးသည်ဟုထင်ရသည်။

ဤနေရာ၌ အိမ်ရှေ့မင်းသားတစ်ဦးသာလျှင် သူ့အစ်မဖြစ်သူ၏စွမ်းအားနှင့် ပါရမီက ဘယ်လောက်ထိ ကြောက်စရာကောင်းသလဲဆိုတာ သိလောက်သည်။

ကျိုးပိုင်လု၏သစ္စာရှိနောက်လိုက်သူတစ်ဦးဖြစ်သည့် သူတော်စင်သားတော်ရွှမ်မင်ပင်လျှင် ကျိုးပိုင်လုတွင် ထူးခြားသည့် အရည်အချင်းတစ်ခုရှိတယ်ဆိုတာကိုသာ သိထားသည်။ သို့သော် သူမဘယ်လိုအစွမ်းထက်သလဲဆိုတာကို သူမသိပါ။

ကျိုးပိုင်လုမျက်လုံးထဲတွင် ရုတ်တရက် ရွှေရောင်အလင်းတစ်ခုပေါ်လာစဉ် အလွန်ရှေးဆန်နက်ရှိုင်းသည့်အားတစ်ခုက ရှိနေသောသူတိုင်းအပေါ် ဆန်းကြယ်အားကောင်းသော ဖိအားတစ်ခုကို ပေးလာလေရာ သူတို့၏အမူအရာများက ရုတ်ချည်းပြောင်းလဲသွားကြသည်။

ဒီဖိအားက သူမစွမ်းအားဖြစ်သည့်အတွက်ကြောင့်မဟုတ်ဘဲ ရှင်းပြ၍မရနိုင်သည့် ဖိနှိပ်မှုတစ်ခုဖြစ်နေသောကြောင့်ပင်။

ကျိုးပိုင်လုတစ်ဦးတည်းသာလျှင် ဒါက အကြောင်းရင်းနှင့် အကျိုးဆက်အဆင့်ရှိ ဖိနှိပ်မှုဆိုတာကို သိပေသည်။

ဒါက ကျိုးပိုင်လု၏ ပြိုင်ဘက်ကင်းနီးပါးအရည်အချင်းများထဲကတစ်ခုပင်။ တခြားသူများ အကြောင်းရင်းနှင့်အကျိုးဆက်ကိစ္စကို မထိတွေ့နိုင်သော်လည်း ကျိုးပိုင်လုကမူ အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်နိုင်ပြီး မလွှမ်းမိုးနိုင်သည့်တိုင် ဖိအားပေးနိုင်ပါသေးသည်။

ယခုလိုထူးခြားသည့်ရုပ်ခန္ဓာအရည်အချင်းမျိုးက တစ်သန်းတွင်တစ်ဦးသာ ပိုင်ဆိုင်နိုင်သည့် အရည်အချင်းပေတည်း။

ရှောင်ဟိုင်ရောယဲ့ချိုးပိုင်ပါ ထိတ်လန့်သွားကြပြီး စတင်တွေးမိကြသည်။

ဒီလိုနက်နဲတဲ့ခွန်အားနဲ့ အလှပဂေးလေးတစ်ယောက်ကို ပိုင်ဆိုင်ဖို့ဆိုတာက လွယ်လား၊ ဂျူနီယာညီလေးမုက တကယ်ပဲ ရတနာကို ဘယ်လိုတန်ဖိုးထားရမလဲဆိုတာ မသိဘူးဘဲ!

သူတကယ်ပဲဘယ်မိန်းကလေးအတွက်မှ ဘာမှမခံစားရတာများလား!

ရုတ်တရင် ယဲ့ချိုးပိုင်နှင့်ရှောင်ဟိုင်တို့ တုန်လှုပ်သွားကြ၏။

ထိုအရာကမဖြစ်နိုင်ဟု သူတို့ထင်မိသော်လည်း မသိစိတ်က ဂျူနီယာညီလေးမုနှင့် ဝေးဝေးနေရန် ဆုံးဖြတ်လိုက်ကြသည်။

မုဖူရှန်းသာ သူ့စီနီယာအစ်ကိုနှစ်ယောက် တွေးနေတာကို သိမည်ဆိုပါက မီတာရာချီကြာ သွေးအပွက်ပွက်အန်နေလောက်သည်။

သူတော်စင်သားတော်ရွှမ်မင်ပင်လျှင် ကျိုးပိုင်လုပြသသည့်စွမ်းအားကြောင့် ထိတ်လန့်သွား၏။

သို့စေကာမူ များမကြာမီ သူ့မျက်လုံးထဲတွင် လောင်မြိုက်လောဘကြီးသည့် အကြည့်တစ်ခုပေါ်လာသည်။ ယခုလိုထူးခြားသည့် အရည်အချင်းက ကျိုးပိုင်လုကို ရယူရန်အတွက် သူ့ဆုံးဖြတ်ချက်ကို ပို၍ပင်ခိုင်မာစေသည်။

ဟုန်ကျန်းနှင့် သူ့နောက်လိုက်များ၏ မျက်နှာများကလည်း ချက်ချင်းလေးနက်လာကြသည်။

"ခေးအောစ့်နယ်မြေရဲ့ အထင်ကရအလှပဂေးလေးက ဒီလိုစွမ်းအားမျိုးကိုလည်း ပိုင်ဆိုင်ထားလိမ့်မယ်လို့ ငါတကယ်မမျှော်လင့်ထားခဲ့ဘူး" ဟုန်ကျန်းပြုံးလိုက်သည်။

"ဘာလို့ငါ့ရဲတိုက်ရဲ့အိမ်ရှင်မ လာမဖြစ်ရတာလဲ၊ ဒါဆို ငါမင်းကိုမနှောင့်ယှက်တော့ဘူး၊ ငါမင်းကို ဒီသောက်ထောင်ချောက်ကို ဖြတ်ပြီး တံခါးကိုအရင်ဆုံးရောက်အောင်တောင် ကူညီပေးမှာ၊ လက်ထပ်ဖို့အဆိုပြုချက်အဖြစ် မှတ်ယူလို့ရတာပဲလေ၊ ဘယ်လိုထင်လဲ"

ကျိုးပိုင်လုမတုံ့ပြန်ဘဲ သူမမျက်လုံးထဲက ရွှေရောင်အလင်းက ရွှေရောင်ငှက်မွှေး၀တ်စုံတစ်စုံကို ၀တ်ဆင်ထားသည့်အလား သူမကိုယ်တစ်ဝိုက်၌ ဖြည်းဖြည်းချင်းလွင့်မျောသွားပြီး သူမအား ပို၍ပင် နတ်သမီးဆန်စေသည်။

ထိုတဒင်္ဂ၌ ကျိုးပိုင်လု နူးညံ့သည့် လက်မောင်းဖြူလေးကို ညင်သာစွာမြှောက်ရင်း သွယ်လျသောလက်ချောင်းလေးကို ဟုန်ကျန်းရှိရာသို့ ညွှန်ပြလိုက်၏။

ရွှေရောင်အလင်းက ယင်းနောက်တွင် အလင်းတန်းတစ်ခုအဖြစ် ကျုံ့သွားပြီး ဟုန်ကျန်းထံ တိုက်ရိုက်ပစ်ခတ်သည်။

ဟုန်ကျန်း ခပ်ပေါ့ပေါ့ပြောနေသော်လည်း သူ့ခန္ဓာက တင်းမာနေပြီဖြစ်ကာ ကျိုးပိုင်လုဆီက မည်သည့်တိုက်ခိုက်မှုကိုမဆို အချိန်မရွေးတုံ့ပြန်ရန် အသင့်ဖြစ်နေသည်။

အလင်းတန်း၀င်လာတာကို မြင်ရသောအခါ သူလက်မောင်းအစုံအား ချက်ချင်းဖြန့်လိုက်ပြီး အဝါရောင်သဲများမှ မုန်တိုင်းနံရံတစ်ခုကို ဖန်တီးလိုက်၏။

အလင်းတန်းက အချိန်ကိုဖြတ်သန်းသွားပုံရပြီး မုန်တိုင်းနံရံကို တိုက်ရိုက်ထိမှန်သည်။

သို့သော် ဟုန်ကျန်းကိုထိတ်လန့်စေတာက ဤရွှေရောင်အလင်းတန်းက မည်သည့်အခုအခံကိုမှ မတွေ့သည့်အလား မုန်တိုင်းနံရံကို ချောမွေ့စွာပင် တည့်တည့်ထိုးဖောက်သွားသည်။

ဟုန်ကျန်းတုန်ယင်သွားပြီး တုံ့ပြန်ရန်အချိန်မရှိတော့သဖြင့် ခါးကို အလိုလိုဘေးသို့ ကိုင်းလိုက်မိသည်။

မူလက ဟုန်ကျန်းနှလုံးကို ထိုးဖောက်ရန်အတွက် ရည်စူးထားသည့် ရွှေရောင်အလင်းတန်းက သူ့ဘယ်ဘက်ပခုံးကိုသာ ဖြတ်သွားသည်။

နာကျင်မှုကြောင့် အနည်းငယ်မျက်မှောင်ကြုတ်ရင်း ဟုန်ကျန်း ပခုံးပေါ်ရှိ သွေးပေါက်ကို ငုံ့ကြည့်လိုက်မိစဉ် သူ့မျက်နှာက အလွန်အမင်းကြည့်ရဆိုးသွားသည်။ အဆက်မပြတ်တုန်ယင်နေသည့် သူ့မျက်သူငယ်အိမ်များက နှလုံးသားထဲက ပြင်းထန်သည့်အကြောက်တရားကို ပြသနေသည်။

ငါအစွမ်းကုန်နီးပါးထုတ်ထားသည့် ငါ့ရဲ့ကာကွယ်ရေးအတားအဆီးက ကျိုးပိုင်လုဆီက ဒီလိုအားတစ်ခုနှင့် ပြိုကွဲသွားရတာလား!

ဒါ့အပြင် နှစ်ပေါင်းများစွာ တိုက်ပွဲ၀င်ပြီးနောက် သူ့ကိုယ်ခန္ဓာကို ဘေးသို့ရွေ့လျားတတ်သည့် ပင်ကိုယ်စရိုက်များသာမရှိပါက သူ့နှလုံးက ထိုးဖောက်ခံနေရလေပြီ။

ယခုလိုကံကြမ္မာ၏အားအင်ကို စုစည်းထားသည့် ဤတိုက်ခိုက်မှုက သာမန်နည်းလမ်းများနှင့် ခုခံနိုင်သည့် အရာတစ်ခုမဟုတ်တာကို ကျိုးပိုင်လုတစ်ဦးတည်းသာလျှင် သိလောက်သည်။

ဤသည်ကိုခုခံရန်အတွက် ကျိုးပိုင်လုအား နယ်ပယ်ရော တာအိုနိယာမအပေါ် နားလည်နိုင်စွမ်းတွင်ပါ အနိုင်ယူရန်လိုအပ်သည်။ မဟုတ်ပါက ဟုန်ကျန်းကဲ့သို့ ကာကွယ်ရန်ဖြစ်နိုင်ချေမရှိဘဲ အဆုံးသတ်သွားရပေလိမ့်မည်။

ဤအခိုက်အတန့်၌ ကျိုးပိုင်လုအသင်းအလယ်တွင်ရပ်နေပြီး သူမကိုယ်အား ကောင်းကင်ဘုံအင်မော်တယ်တစ်ပါးအလားထင်ရသော်လည်း ရေခဲနတ်သမီးတစ်ပါးနှင့်ပါဆင်တူသည့် ရွှေရောင်အလင်းက လွှမ်းခြုံထားကာ ဟုန်ကျန်းအား ထူးမခြားနားသည့်အကြည့်ဖြင့် ကြည့်ရင်း ခပ်ပေါ့ပေါ့ပြောသည်။

"ရှင့်ထပ်ကြိုးစားကြည့်ချင်သေးလား၊ ဒါပေမယ့်နောက်တစ်ကြိမ်ဆိုရင် ကျွန်မသေချာပေါက်လွှတ်ပေးမှာမဟုတ်ဘူး"

ထိုအေးစက်ဂရုမစိုက်သည့်မျက်လုံးများကို ကြည့်ရင်း ဟုန်ကျန်း၏နှလုံးသားထဲတွင် ရှားပါးသည့် ကြောက်စိတ်အရိပ်အယောင်တစ်ခုပေါ်လာသည်။

ဒါကိုခံစားမိသောအခါ သူပို၍ပင် ဒေါသထွက်သွား၏။

"မင်းကထူးခြားတယ်ဆိုတာ ငါ၀န်ခံပါတယ်၊ ဒါပေမယ့် သေခြင်းရှင်ခြင်းရုန်းကန်မှုတစ်ခုနဲ့ အဆုံးသတ်သွားမယ်ဆိုရင် နှစ်ဖက်စလုံးက တံခါးကို ဘေးကင်းကင်းနဲ့ ရောက်နိုင်မယ်လို့ မင်းလောင်းကြေးထပ်ရဲလား"

လက်ရွေးစင်တပ်များ၏ ပါရမီရှင်တစ်ဦးဖြစ်သလို လျှို့ဝှက်နယ်မြေကိုလည်း သူတို့မြင့်မားစွာ တန်ဖိုးထားသဖြင့် သူတို့ဘယ်လိုလုပ် ‌ဟုန်ကျန်းကို ဝှက်ဖဲမျိုးစုံနှင့် အသင့်မပြင်ဆင်ပေးဘဲ နေမည်နည်း။

သို့သော် ကျိုးပိုင်လု နောက်ဆုတ်မည့် အရိပ်အယောင်ကို မပြသဘဲ ခပ်ပေါ့ပေါ့သာပြောသည်။

"ကျွန်မတော့မယုံဘူး၊ ရှင့်မှာ ခွန်အားရှိတယ်လို့ထင်ရင် ဘာလို့မကြိုးစားကြည့်ရတာလဲ"

"အဲဒီအချိန်ကျရင် ကျွန်မတို့အဲဒီတံခါးကို အမြန်ဆုံးရောက်သွားမှာဖြစ်ပြီး ရှင့်တို့က ဒီမှာပဲ ကျန်ရစ်နေလိမ့်မယ်၊ပြီးတော့ ကျွန်မက တန်ဖိုးနည်းနည်းလေးပဲပေးဆပ်ရမှာ၊ ကျွန်မဒါကို လက်ခံနိုင်တယ်"

ဒါကိုကြားသောအခါ အိမ်ရှေ့မင်းသား၏ မျက်ခုံးများက ပြင်းထန်စွာ တုန်ယင်သွားပြီး ပြောစရာစကားမဲ့သွားသည်။

ထိုစကားလုံးများနှင့် ကျိုးပိုင်လု၏ မဆုတ်မနစ်အမူအရာကို မြင်သောအခါ ဟုန်ကျန်း၏အမူအရာက အတက်အကျဖြစ်နေသည်။ ဒီခိုင်မာပြတ်သားမှုက ကျိုးပိုင်လုလိမ်နေတာမဟုတ်ဟု ရည်ညွှန်းနေခြင်းပင်။

အသက်ရှုကြိမ်ရေဆယ်ကြိမ်ခန့် ရပ်နေပြီးနောက် ဟုန်ကျန်းရုတ်တရက်မော့ကြည့်ကာ ရယ်မောလိုက်၏။

"နဂါးကိုးကောင်နတ်မင်းဆက်ရဲ့ ဒုတိယမင်းသမီးက ဒီလိုခွန်အားမျိုးကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ ငါတကယ်မျှော်လင့်မထားခဲ့ဘူး၊ ကြည့်ရတာ မင်းက ပန်းအိုးတစ်လုံးတည်းမဟုတ်ဘူးဘဲ"

ထိုသို့ပြောပြီးနောက် ဟုန်ကျန်း ကျိုးပိုင်လုအား စူးစိုက်ကြည့်ပြီး စကားလုံးများက တစ်လုံးချင်းစီ ဂရုတစိုက်ပြောသည်။

"ဒီလိုဆိုမှတော့ ဘယ်သူအရင်တံခါးကို ရောက်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့"

ပြောပြီးသည်နှင့်တစ်ပြိုင်နက် ဟုန်ကျန်းကိုယ်ထဲက ပြင်းထန်သည့်အော်ရာက မှေးမှိန်ပျောက်ကွယ်သွား၏။

သူတို့အသင်းကရှေ့ဆက်နေသည်။

ဒါကိုမြင်သော် ကျိုးပိုင်လု၀န်းကျင်က ရွှေရောင်အလင်းကလည်း စတင်ပျောက်ကွယ်ကာ သူမကိုယ်ထဲပြန်ဆုတ်သွားပြီး သူမ၏ရွှေရောင်မျက်သူငယ်အိမ်များကလည်း ပုံမှန်ပြန်ဖြစ်သွားသည်။

အိမ်ရှေ့မင်းသားအလျင်အမြန်မေးသည်။

"တော်၀င်အစ်မ၊ အဆင်ပြေရဲ့လား"

ကျိုးပိုင်လုလက်ဝှေ့ယမ်းကာ ခပ်ပေါ့ပေါ့ရယ်မောသည်။

"ဘာမှမဖြစ်ပါဘူး၊ ဆက်သွားကြရအောင်.....ဒါ့အပြင် ငါ့ကိုယ်ခန္ဓာရဲ့ ချိပ်တံဆိပ်ကို ချိုးဖျက်နိုင်သူက ပေါ်လာပြီးသားဖြစ်နေလောက်ပြီ...."

သူမ၏နောက်ဆုံးစကားတစ်၀က်ကို သူမကိုယ်တိုင်ကလွဲ၍ တခြားမည်သူမှမကြားခဲ့ပေ။

၎င်းနောက် တိုးတက်မှုက ဆက်ဖြစ်နေခဲ့သည်။

တခြားဂူသင်္ချိုင်းတစ်ခုထဲတွင် ရှီရှန်းနှင့် ဖန်ချန်းတို့က လူများစွာနှင့်အတူ ကျဉ်းမြောင်းသည့် စင်္ကြလမ်းတစ်ခုအတွင်း အတူတကွရှေ့ဆက်နေကြသည်။

အချိန်တစ်ခုကြာလျှောက်ပြီးနောက် ရှီရှန်းရုတ်တရက်ပြောသည်။

"ကျုပ်တို့ ဒီကစက်၀န်းတွေထဲမှာ လှည့်လည်နေတယ်လို့ မခံစားမိဘူးလား"

ရှိနေသောသူတိုင်းရပ်သွားသည်။

ပတ်၀န်းကျင်ကိုဂရုတစိုက် လေ့လာကြည့်သောအခါ ဂူသင်္ချိုင်းတစ်ခုလုံးက တူညီနေပုံရသော်လည်း နီးကပ်စွာစောင့်ကြည့်ပါက စက်ဝိုင်းများအတွင်း လှုပ်ရှားနေသည့် ခံစားချက်တစ်ခုကို အမှန်တကယ် ခံစားရစေသည်။

ဖန်ချန်းကလည်းလေးနက်စွာပြောသည်။

"ဒါ့အပြင် ဒီစင်္ကြလမ်းက ကျုပ်တို့ကိုယ်ထဲက အင်မော်တယ်အော်ရာကို အဆက်မပြတ် ဆွဲထုတ်နေတယ်....."

All Chapters