၀င်္ကပါသင်္ချိုင်းဂူလမ်းကြောင်း
Vol. 97 Ch. 1363
ရှီရှန်းနှင့် ဖန်ချန်းတို့ သင်္ချိုင်းဂူလမ်းကြောင်းတစ်ခုတွင် နိုးလာခဲ့ကြသည်။
သို့သော် သူတို့အချိန်တစ်ခုကြာ လျှောက်နေခဲ့ကြပြီး လမ်းတစ်လျှောက် မရေမတွက်နိုင်လောက်သည့် သားရဲပိုးကောင်များနှင့် တွေ့ခဲ့ရသည်။
ယခုတွင်မူ သူတို့သင်္ချိုင်းဂူလမ်းကြောင်းအတွင်း စက်ဝိုင်းပုံသဏ္ဍာန်ပတ်လျှောက်နေပုံရပြီး ဘာတိုးတက်မှုမှ ရှိမလာတာကို သဘောပေါက်သွားကြ၏။
တစ်ချိန်တည်းမှာပင် သူတို့ကိုယ်ထဲက အင်မော်တယ်အော်ရာကလည်း အချိန်ကြာလာသည်နှင့်အမျှ အဆက်မပြတ်စုပ်ယူခံနေရသည်။
ဒါက ရှိနေသောသူတိုင်းကို ထိတ်လန့်စေပြီး သူတို့၏အမူအရာများက အလွန်အမင်း လေးနက်နေကြသည်။
ဝိဉာဉ်အနှစ်သာရကျောင်းတော်နှင့် နဂါးကိုးကောင်နတ်မင်းဆက်တို့အပြင် ကန္တာရဒေသကလူများကဲ့သို့ ပြင်ပအားစုများမှ လူများကိုပါ ထည့်သွင်းရေတွက်ပါက သူတို့လူတစ်ရာကျော်ရှိသည်။
သို့စေကာမူ ဒီအခြေအနေအောက်တွင် သူတို့၌ ဂိုဏ်းများ သို့မဟုတ် မဟာမိတ်များ ဖွဲ့ရန်အတွက် အပိုစွမ်းအင်မရှိချေ။
"ငါတို့ဒီလိုသွားနေလို့မရတော့ဘူး" သူတို့ထဲက ဝိဉာဉ်အနှစ်သာရကျောင်းတော်မှ ကိုယ်ပိုင်တပည့်တစ်ဦး လေးနက်စွာဆိုသည်။
"ငါတို့၀န်းကျင်က ယန္တရားတွေကို သတိထားကြ၊ ငါတို့၀င်နိုင်တယ်ဆိုမှတော့ ထွက်ပေါက်တစ်ခုရှိရမယ်"
ဘေးက သဲပင်လယ်ဂိုဏ်း၏ ဂိုဏ်းချုပ်လေးရှာယွန်ရှန်း ကြည့်ရဆိုးသည့် အမူအရာဖြင့် အော်ဟစ်လိုက်၏။
"ယန္တရားတွေ၊ ဟုတ်လား၊ ငါတို့အများကြီး လည်ပတ်လျှောက်ခဲ့ကြပြီးပြီ၊ ယန္တရားတစ်ခုခုရှိမယ်ဆိုရင် ငါတို့တွေ့မှာပဲ၊ ဒါက သေချာပေါက် သေခြင်းအဆုံးသတ်တစ်ခုပဲဖြစ်ရမယ်"
"အတိအကျပဲ၊ အတိတ်ကမင်းဆက်တွေရဲ့ ဧကရာဇ်ဂူသင်္ချိုင်းတွေထဲမှာ သင်္ချိုင်းဖောက်ထွင်းသူတွေရန်ကနေ ကာကွယ်နိုင်ဖို့အတွက် မရေမတွက်နိုင်လောက်တဲ့ ထောင်ချောက်တွေတပ်ဆင်ထားတယ်၊ ဒီဂူသင်္ချိုင်းကလည်း အဲလိုဟာတွေထဲက တစ်ခုဖြစ်ရမယ်"
"ဒါ့အပြင် ပိုဆိုးတာက ငါတို့ပိုမြန်မြန်လျှောက်လေလေ၊ ငါတို့ရဲ့အင်မော်တယ်အော်ရာကို ပိုပြီးဆုံးရှုံးလေလေပဲ"
ကိုယ်ပိုင်တပည့် တန်နင်းက သူတို့နှစ်ယောက်အား စိုက်ကြည့်ရင်း အေးစက်စွာပြောသည်။
"အဲတော့ဘာဖြစ်လဲ၊ မင်းတို့ဒီနေရာမှာ သေဖို့အတွက် စောင့်နေချင်ကြတာလား၊ ထွက်ပေါက်တစ်ခုကို ရှာတွေ့ဖို့အတွက် စွန့်စားပြီး ယန္တရားတစ်ခုရှာတာပိုကောင်းမယ်"
"ဟေး၊ မင်းငါတို့ကို မြန်မြန်သေစေချင်နေတာလား"
"ဒါဆို မင်းကရောဒီမှာထိုင်ပြီး ဖြည်းဖြည်းချင်းသေမှာကို စောင့်ချင်တာလား"
ထိတ်လန့်မှုအလယ်၌ ပဋိပက္ခများစတင်ဖြစ်ပွားလာသည်။
မူလက ကန္တာရတက်များကသာ ပြင်ပအင်အားစုများနှင့် ဝိရောဓိဖြစ်ခဲ့ပြီး ယခုတွင်မူ ပို၍ပြင်းထန်လာသည်။
နှစ်ဘက်စဘုံးကလူများက စတင်ငြင်းခုံလာကြသည်။
ဒါကိုမြင်သောအခါ ရှီရှန်းနှင့်ဖန်ချန်းတို့မှာ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့ငြင်းခုံနေတာကို လျစ်လျူရှုပြီး ရှေ့သို့သွားရင်း အားအပြည့်ကိုထုတ်လွှတ်ကာ အာရုံခံပြီး ဂူသင်္ချိုင်းလမ်းကြောင်းအတွင်း ယန္တရားများကို ရှာဖွေနေသည်။
ဖန်ချန်းပြောသည်။
"ယန္တရားတွေရှိရမယ်၊ မဟုတ်ဘူးဆိုရင် ကျွန်တော်တိုဒီနေရာကို ဝင်လာနိုင်မှာမဟုတ်ဘူး"
ရှီရှန်းခေါင်းညိတ်သည်။
"ကောင်းပြီ၊ ဂျူနီယာညီလေးဖန်၊ မှော်သားရဲတွေရဲ့ တိုက်ခိုက်မှုကနေ ငါ့ကိုကူညီစောင့်ရှောက်ပေး၊ ငါစွမ်းအားအပြည့်နဲ့ ယန္တရားတွေကို ကြိုးစားရှာကြည့်မယ်"
ဖန်ချန်းခေါင်းညိတ်သည်။
သူတို့နှစ်ယောက်၏လုပ်ရပ်များကို မြင်သောအခါ လူတိုင်းငြင်းခုံနေတာကို ရပ်လိုက်ကြ၏။
ဒါကိုမြင်သော် တန်နင်းကလည်း သဲပင်လယ်ဂိုဏ်းက လူများအားလှည့်ကြည့်ပြီး အေးစက်စွာနှာခေါင်းရှုံ့သည်။
"မင်းတို့ဒီမှာသေတဲ့အထိ စောင့်နေချင်ရင် ဆက်စောင့်ကြ၊ ထွက်ချင်တဲ့သူတွေက ငါတို့နောက်ကလိုက်ခဲ့ကြ"
ထိုသို့ပြောပြီးနောက် သူကလည်း ဖန်ချန်းနှင့် ရှီရှန်းတို့ဆီသို့သွားပြီး ကမ်းလှမ်းသည်။
"ငါတစ်ခုခုလုပ်ဖို့လိုလား"
ဖန်ချန်းပြောသည်။
"အရမ်းကောင်းတယ်၊ ကျွန်တော်တို့ကို ကာကွယ်ဖို့ကူညီပေးပါ၊ အထူးသဖြင့် ဝိဉာဉ်စွမ်းအားကျွမ်းကျင်သူတွေကတော့ ယန္တရားတွေကို ရှာဖွေရာမှာ ကျွန်တော်တို့နဲ့အတူ ပါ၀င်ပေးပါ"
ရှီရှန်း၏ကြယ်စွမ်းအားက အရာတိုင်းကို ဖိနှိပ်နိုင်သည့်အစွမ်းကို ပိုင်ဆိုင်ထားပြီး လှည့်စားမှုအားလုံးကို အလင်းပေးနိုင်သော အစွမ်းလည်းရှိသည်။
အစီအရင်ဆရာတစ်ဦးတဖြစ်လဲ ဖန်ချန်းကလည်း ဝိဉာဉ်စွမ်းအားကို မရှိမဖြစ်အရာတစ်ခုအဖြစ် ယူဆသည်။
အားကောင်းသည့်ဝိဉာဉ်ရှိသူများက နယ်ပယ်တူ၌ တခြားသူများထက် ပိုအားကောင်းသည့် အမြင်စွမ်းရည်ကို ပိုင်ဆိုင်ကြသည်။
ဒါကိုကြားသော် လူတိုင်းအကြံပြုသည့်အတိုင်း လုပ်ဆောင်ကြသည်။
သဲပင်လယ်ဂိုဏ်းနှင့် တခြားကန္တာရအင်အားစုများမှာ ဤသည်ကိုမြင်သောအခါ ကြည့်ရဆိုးသည့် အမူအရာကိုယ်စီရှိနေကြသည်။
"ခေါင်းဆောင်ငယ်၊ ကျွန်တော်တို့တကယ်ဒီမှာထိုင်ပြီး သေဖို့စောင့်နေကြတော့မှာလား"
ဒါကိုကြားသော် ရှားယွန်ရှန်းနှာခေါင်းရှုံ့သည်။
"သေချာပေါက်မဟုတ်ဘူးပေါ့၊ ယန္တရားတွေရှိတာတော့သေချာတယ်၊ ဒါပေမယ့် ရှာဖွေသူတွေကတော့ ငါတို့လူတွေမဖြစ်သင့်ဘူး"
"ဘာလို့လဲ" ကန္တာရအင်အားစုများမှ လူတစ်ယောက် စိတ်ရှုပ်ထွေးသည့်အသွင်မေးသည်။
"ဒါကအချိန်အတော်လေးကြာနိုင်တယ်၊ ဒါ့အပြင် ကျွန်တော်တို့ရှာမတွေ့နိုင်လောက်ဘူး"
"ငါတို့ထဲကဘယ်နှစ်ယောက်ကများ ဝိဉာဉ်ကိုကျင့်ကြံထားကြလဲ" ရှားယွန်ရှန်း အေးစက်စွာနှာမှုတ်သည်။
"သူတို့ထဲမှာ ဝိဉာဉ်ကျင့်ကြံသူတွေပိုရှိတယ်၊ ပြီးတော့သူတို့တောင် မရှာနိုင်ဘူးဆိုရင် ငါတို့သူတို့နဲ့ပူးပေါင်းလို့ ဘာအကျိုးရှိမှာလဲ"
"ငါတို့အခုလုပ်ဖို့လိုတာက တတ်နိုင်သလောက်စွမ်းအားအများကြီး ထိန်းသိမ်းထားဖို့ပဲ" ရှားယွန်ရှမ်းပြောပြီး ယန္တရားများကို ရှာဖွေနေပြီး ကာကွယ်ပေးနေကြသည့် ရှီရှန်း၊ ဖန်ချန်းနှင့် တခြားသူများအား ကြည့်လိုက်စဉ် သူ့မျက်နှာထက်၀ယ် ကောက်ကျစ်သည့်အပြုံးတစ်ပွင့် ပေါ်လာသည်။
"သူတို့ရဲ့မရပ်မနားလှုပ်ရှားမှုနဲ့ အထိန်းအကွပ်မဲ့ချီကိုထုတ်လွှတ်ခြင်းက အင်မော်တယ်အော်ရာရဲ့ကုန်ခမ်းမှုကို အရှိန်မြှင့်ပေးလိမ့်မယ်၊ သူတို့ယန္တရားတွေကို ရှာတွေ့ပြီး ဒီဂူသင်္ချိုင်းထဲက ထွက်သွားမယ့် အချိန်ကျရင် ငါတို့အခြေအနေက သူတို့ထက် သေချာပေါက်အများကြီး ပိုကောင်းနေလိမ့်မယ်"
ဒါကိုကြားသော် လူတိုင်း အသိအမြင်တစ်ခုရသွားသည်။
"အဲဒီအချိန်ကျရင် သင်္ချိုင်းထဲမှာ ရတနာတွေရှိ၊ မရှိ ငါတို့ သူတို့ကိုအရင်ရှင်းထုတ်ပစ်လို့ရမယ်"
"ပြင်ပကမ္ဘာကမေးလာရင်တောင် သူတို့မှာ သက်သေမရှိဘူးလေ၊ ဒီအဆင့်က ဂူသင်္ချိုင်းတစ်ခုမှာ လူအနည်းငယ်သေရတယ်ဆိုတာက ဖြစ်နေကျပဲ"
သဲပင်လယ်ဂိုဏ်း၏ တပည့်တစ်ဦးက ချက်ချင်းပင်ချီးကျူးလိုက်၏။
"ခေါင်းဆောင်ငယ်က တကယ်ကို ကြီးမြတ်တာပဲ"
ဂူသင်္ချိုင်းထဲတွင် အလင်းဟူ၍မရှိသဖြင့် ရှီရှန်းပတ်၀န်းကျင်ကို သူ့ကြယ်စွမ်းအားနှင့် အလင်းပေးရင်း ဤနေရာအား အဆက်မပြတ်ရှာဖွေနေသည်။
ဤလမ်းကြောင်းကို ထူးခြားသည့်သတ္တုနက်တစ်ခုဖြင့် ပြုလုပ်ဆောင်ပြီး ဘိုးဘေးနယ်ပယ်က စစ်သည်တစ်ဦးပင်လျှင် မလှုပ်ခါနိုင်စေသည်အထိ ခိုင်ခံ့သည်။
ပတ်၀န်းကျင်က မညီမျှသော်လည်း ယန္တရားများ၏ လက္ခဏာဟူ၍မရှိပါ။
ထိုအချိန်မှာပင် ရှီရှန်းကိုယ်ထဲက အသံတစ်သံထွက်လာသည်။
"မင်းကြယ်စွမ်းအားဗဟိုချက်ကို သိပ်သည်းဖို့ကြိုးစားရင်း ပတ်၀န်းကျင်မှာ ဖိနှိပ်စွမ်းအားကို ထုတ်လွှတ်ကြည့်လို့ရတယ်"
၎င်းက ကြယ်အစစ်အမှန်နတ်ဘုရားပေတည်း။
ရှီရှန်းအနည်းငယ်တုန်ယင်သွားပြီးနောက် မေးသည်။
"ဒါကအသုံး၀င်မှာလား"
ကြယ်အစစ်အမှန်နတ်ဘုရားရယ်မောသည်။
"များသောအားဖြင့် ဒီလိုဂူသင်္ချိုင်းလမ်းကြောင်းတွေထဲက ယန္တရားတွေကို ဖိနှိပ်လို့ရတယ်၊ ဒါမှမဟုတ် လှုပ်ခါလို့ရတယ်၊ တကယ်လို့ မင်းဒီနေရာကို ဖိနှိပ်စွမ်းအားနဲ့ဖုံးပစ်ပြီး ရှေ့ကို ဆက်သွားမယ်ဆိုရင် လှုပ်ခါနေတဲ့ဘယ်နေရာမဆို ယန္တရားတည်ရှိတဲ့နေရာ ဖြစ်လောက်တယ်"
ရှီရှန်းအံ့ဩသင့်စွာအော်ဟစ်လိုက်မိသည်။
"ဟုတ်သားပဲ၊ ကျွန်တော်ဘာလို့ ဒါကို မတွေးမိရတာလဲ"
"ဒါပေမယ့် အင်မော်တယ်အော်ရာကို စုပ်ယူတဲ့ ဒီဂူသင်္ချိုင်းထဲမှာ ဒီနည်းလမ်းက အင်မော်တယ်အော်ရာအများအပြားကုန်ခမ်းစေနိုင်တယ်၊ လမ်းကြောင်းက ထွက်သွားပြီးနောက်မှာ မင်းရဲ့ကြယ်စွမ်းအားကတောင် ကုန်ခမ်းသွားနိုင်လောက်တယ်၊ ဒီမှာ မင်းကို အားပြန်ဖြည့်နိုင်ဖို့အတွက် ကြယ်စွမ်းအားကြွယ်၀တဲ့နေရာမရှိဘူး၊ ပြီးတော့ ပြင်ပနည်းလမ်းတွေကိုလည်း အားကိုးလို့မရဘူး၊ ဒါကအချိန်အများကြီးကြာမြင့်လိမ့်မယ်"
"ဒါ့အပြသ် မင်းနောက်က အဲဒီလူတွေကိုလည်း စောင့်ကြည့်ဖို့လိုတယ်၊ သူတို့က သူတို့ရဲ့စွမ်းအားကို ထိန်းသိမ်းရင်း မင်းတို့အင်မော်တယ်အော်ရာကို ကုန်ခမ်းအောင်လုပ်ဖို့အတွက် ကြိုးစားနေလောက်တယ်"
ရှီရှန်းအနည်းငယ်ခေါင်းညိတ်သည်။
"ကျွန်တော်နားလည်ပါပြီ"
ထို့နောက် သူဖန်ချန်းနှင့် တန်နင်းတို့ဘက်သို့ လှည့်ပြီး သူ့အစီအစဉ်အား လျှို့ဝှက်စွာ အကြံပို့လိုက်၏။
ဒါကိုကြားသောအခါ တန်နင်း၏ အမူအရာက တောက်ပသွားပြီး ခေါင်းညိတ်သည်။
"စိတ်မပူပါနဲ့"
ဖန်ချန်းကလည်း ခေါင်းညိတ်ပြီး ဝိဉာဉ်စွမ်းအားကို ထုတ်ယူကာ အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာကို အသက်သွင်းရင်း ကိုယ်ထဲတွင် အစီအရင်တစ်ခုကို စတင်တည်ဆောက်လေတော့သည်။
တန်နင်း၏အသံပို့လွှတ်မှုနှင့်အတူ လူအုပ်စုထဲကတစ်ချို့က သူတို့စွမ်းအင်များကို စတင်ချွေတာထားကြပြီး တခြားသူများကမူ မှော်သားရဲများ၏ အံ့ဖွယ်တိုက်ခိုက်မှာများကနေ ကာကွယ်ပေးရန်အတွက် ဗျူဟာကျကျနေရာယူထားကြသည်။
ဤအခိုက်အတန့်မှာပင် ရှီရှန်း၏ကြယ်စွမ်းအားက ရှေ့သို့ပေါက်ကွဲသွား၏။
ယခုမှောင်မိုက်နေသည့် ဂူသင်္ချိုင်းလမ်းကြောင်း၌ ကြယ်တာယာကောင်းကင်ပုံရိပ်ယောင်က ပေါ်လာပြီး လမ်းကြောင်းတစ်ခုလုံးကို အလင်းပေးသည်။
တစ်ချိန်တည်းမှာပင် အားကောင်းသည့်ဖိနှိပ်စွမ်းအားတစ်ခုက ဒီနေရာတစ်ခွင် ကျဆင်းလာသည်။
သူတို့နောက်က ရှားယွန်ရှန်းနှင့် တခြားသူများ အဆိုပါမြင်ကွင်းအပေါ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိကြ၏။
သူဘာလုပ်ဖို့ကြိုးစားနေတာလဲ!
သူ အဲဒီယန္တရားကို တစ်ယောက်တည်းရှာဖို့ စီစဉ်ထားတာတော့ မဟုတ်လောက်ပါဘူးနော်!
ဘယ်လိုဟာသမျိုးလဲ၊ ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
သို့စေကာမူ သူတို့ရယ်စရာဟုတွေးထင်ခဲ့သည့် ဤနည်းလမ်းက တစ်နာရီအကြာ၌ သူတို့မျက်နှာအား ပြင်းထန်စွာရိုက်ခတ်လာသည်။
ရုတ်တရက် သူတို့ရှိနေရာအထက်ကနေ 'ခရက်ခ်' ဟူသောအသံတစ်သံထွက်လာသည်။
လူတိုင်းမော့ကြည့်လိုက်ကြစဉ် ကျောက်နက်တစ်လုံးက အနည်းငယ် တုန်ယင်နေတာကို တွေ့လိုက်ရသည်။