← Chapters

ပိုးကောင်လှိုင်းကြီး

Vol. 97 Ch. 1364

ပိုးကောင်လှိုင်းကြီး

Vol. 97 Ch. 1364

တစ်နာရီအကြာ၌ ဂူသင်္ချိုင်း၀င်ပေါက်ထဲက စွမ်းအားကို စုပ်ယူပြီး ကြယ်စွမ်းအားကို အပြည့်အ၀အသက်သွင်းပြီးနောက်တွင် ရှီရှန်းကိုယ်ထဲ၌ စတင်မောပန်းသည့် လက္ခဏာရပ်များကို ပြသလာသည်။

သို့စေကာမူ ထိုအချိန်လေးမှာပင် သူနောက်ဆုံး၌ ယန္တရားကို ထိမိသည်။ ဂူသင်္ချိုင်းလမ်းကြောင်း၏ နံရံထဲတွင် မြှုပ်ထားသည့် ကျောက်နက်တစ်တုံးက ကြယ်စွမ်းအား၏ဖိနှိပ်မှုအောက်တွင် အပေါ်အောက်မျောလွင့်နေလေသည်။

ဒါကိုမြင်သောအခါ ရှီရှန်း၏မျက်နှာက ပီတိနှင့်အတူ လင်း၀င်းသွား၏။

သူ့ဘေးက တန်နင်းကလည်း စိတ်လှုပ်ရှားသွားပြီး ကျောက်တုံးကို ဖိရန်ပြင်ဆင်လိုက်သော်လည်း ရှီရှန်းအလျင်အမြန်အကြံပေးသည်။

"မလုပ်နဲ့ဦး၊ ဒါကထောင်ချောက်တစ်ခုဖြစ်နိုင်တယ်၊ ငါကိုယ်တွယ်ပါရစေ"

ဒါကို‌ကြားသော် တန်နင်းလက်ကို ရုပ်သိမ်းလိုက်၏။

ထို့နောက် ရှီရှန်း ပျံ့ကြဲနေသည့်ကြယ်စွမ်းအားကို ဧရာမလက်ကြီးတစ်ဖက်ထဲသို့ စုစည်းကာ ကျောက်တုံးနက်ပေါ် ဖိလိုက်သည်။

ခရက်ခ်......!

ကျောက်တုံးနက်ဖိခွလိုက်ရသောအခါ ဖုန်မှုန့်များနှင့် အညစ်အကြေးများ စတင်စိမ့်၀င်လာသည်။

လူတိုင်း ပတ်၀န်းကျင်ကို သတိထားနေကြသဖြင့် ထောင်ချောက်ဖြစ်နေပါက ချက်ချင်းလှုပ်ရှားရန် အဆင်သင့်ဖြစ်နေကြသည်။

သို့သော် ကျောက်တုံးနက်ဖိခံလိုက်ရသောအခါ လှုပ်ရှားမှုအနည်းငယ်မျှပင် မရှိခဲ့ပေ။

ရှားယွန်ရှန်းဦးဆောင်သည့် ကန္တာရတပ်များမှ လူများပင်လျှင် ကြက်သေသေနေကြ၏။

ဒါက နှစ်တစ်သန်းကျော်အကြာမှာ ပျော့သွားတဲ့ သာမန်ကျောက်တုံးတစ်တုံးပဲလား!

သို့စေကာမူ ယခုလိုဖြစ်နိုင်ချေက မတွေးတောတတ်ရာကျသည်။ နှစ်သန်းချီအထိရှိခဲ့သည့် ဂူသင်္ချိုင်းလမ်းကြောင်းတစ်ခုက အချိန်နှင့်အမျှ ပျော့ပျောင်းသွားနိုင်မည့် အကြောင်းရင်းမရှိသောကြောင့်ပင်။

အသက်ရှူကြိမ်ရေအနည်းငယ်အကြာတွင် ဂူသင်္ချိုင်းလမ်းကြောင်းက စတင်ယိမ်းလာပြီး လမ်းကြောင်းတစ်ခုလုံးက အနည်းငယ် စပြီးတုန်ခါလာသည်။

မြေပေါ်က ကွဲအက်နေသည့်ကျောက်တုံးများကလည်း ဆီပူထဲက ရေစက်လေးများ ပက်ဖြန်းနေသည့်အလား ခုန်ပေါက်နေသည်။

ရှီရှန်းနှင့်ကျန်သောသူများ၏ မျက်နှာအမူအရာများက တဖြည်းဖြည်းလေးနက်သွားကြ၏။

အကြောင်းရင်းက ဤတုန်ခါမှာက လမ်းကြောင်း၏နှစ်ဖက်စလုံးရှိ လျင်မြန်စွာတိုးလာနေသည့် ခြေလှမ်းများနှင့်အတူ စပြီးတိုးလာခြင်းပင်။

တန်နင်းနှင့်တခြားသူများ၏ အမူအရာများကလည်း အကြီးအကျယ်ပြောင်းလဲသွားကြပြီး ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။

"ရန်သူကိုရင်ဆိုင်ဖို့ပြင်ဆင်ကြ၊ အဲဒီမှော်သားရဲတွေပဲ"

ယန္တရားကိုအသက်သွင်းခြင်းက ဂူသင်္ချိုင်းလမ်းကြောင်းထဲက ပိုးမွှားမှော်သားရဲအားလုံးကို နှိုးထသွားစေတယ်ဆိုတာ ရှင်းနေသည်။

၎င်းမှော်သားရဲများအားလုံးက ဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်ဖြစ်ကြပြီး ထိုပိုးမွှားမှော်သားရဲ ရာချီ၊ သို့မဟုတ်ထောင်ချီကသာ ဤရှောင်လွှဲ၍မရသည့် ကျဉ်းမြောင်းသော ဂူသင်္ချိုင်းလမ်းကြောင်းလေး၌ သူတို့ထံတိုး၀င်လာပါက ဘိုးဘေးနယ်ပယ်စွမ်းအားရှင်တစ်ဦးကပင် သေချာပေါက် လွှမ်းမိုးခံရမည်သာ။

မူလက ရှီရှန်းနှင့် ဖန်ချန်းတို့အုပ်စုကို ချောင်းမြောင်းတိုက်ခိုက်ရန် စီစဉ်ထားကြသည့် ရှားယွန်ရှန်းနှင့် တခြားသူများ၏ အမူအရာများကလည်း သိသိသာသာ ပြောင်းလဲသွားကြပြီး တန်နင်းတို့အုက်စုဘက်သို့ ချက်ချင်းပိုတိုးကပ်ရင်း တခြားအရာများထက် ထိုပိုးမွှားမှော်သားရဲများကို အတူတကွကိုင်တွယ်ရန် ပြင်ဆင်လိုက်ကြ၏။

တန်နင်းနှင့်တခြားသူများကလည်း သူတို့အုပ်စုကို စိတ်တိုစွာ ကြည့်လာကြသော်လည်း ဘာတစ်ခုမှ မပြောခဲ့ကြပေ။

မည်သို့ပင်ဆိုစေကာမူ သူတို့ယခုလက်တွဲလုပ်ကိုင်ရန် လိုအပ်သည်။ ပဋိပက္ခဆ်ြဖြစ်နေပါက သူတို့ထဲကတစ်ယောက်မှ အသက်ရှင်ကျန်ရစ်တော့မည်မဟုတ်။

သူတို့အားလုံး ဤဂူသင်္ချိုင်းလမ်းကြောင်း၌ သေဆုံးရပေလိမ့်မည်။

ခရက်ခ်....ခရက်ခ်.....!

လမ်းကြောင်း၏နှစ်ဖက်နှစ်ချက်က ပိုးမွှားမှော်သားရဲများ သူတို့ဆီသို့ ထူထပ်စွာ လှိမ့်၀င်လာစဉ် ရှီရှန်းခေါင်းအထက်တွင် ကျောက်တုံးနက်က နှစ်ဘက်ဆီသို့ စတင်ကွဲထွက်သွားပြီး အပြင်ပမှ ငွေရောင်အလင်းတန်းတစ်ခု ဖိသိပ်လာသည်။

ဒီမြင်ကွင်းကိုမြင်သောအခါ ရှီရှန်း၏ မျက်နှာက ပျော်ရွှင်မှုနှင့်အတူ လင်းဝင်းသွားပြီး ကျယ်လောင်စွာအော်ဟစ်သည်။

"အဲဒီမှော်သားရဲတွေကို ကိုင်တွယ်ထားကြ၊ အမွေးတိုင်တစ်တိုင်စာတောင် ထိန်းချုပ်ထားနိုင်ရင်ရပြီ၊ ဒါဆို အပြင်ကိုထွက်တဲ့ လျှို့ဝှက်လမ်းကြောင်းက ပွင့်လာလိမ့်မယ်"

ရှီရှန်း၏စကားလုံးများကို ကြားသောအခါ စိတ်ပျက်အားငယ်မှုထဲကျသွားသောသူများကလည်း အားတက်လာကြ၏။

သူတို့ကျယ်လောင်စွာတုံ့ပြန်လိုက်ကြသည်။

"နားလည်ပါပြီ"

ဖန်ချန်း အနည်းငယ်အားနည်းနေသည့် ရှီရှန်းကိုကြည့်ရင်း မေးသည်။

"အစ်ကိုကြီး၊ ဒီအခွင့်အရေးကိုယူပြီး ကိုယ့်ကိုကိုယ်ကုသအားဖြည့်သင့်တယ်၊ နောက်ဆက်တွဲကို ကျွန်တော် ကိုင်တွယ်လိုက်မယ်၊ မဟုတ်ဘူးဆိုရင် ကျွန်တော်တို့အပြင်ထွက်တဲ့အခါ ဘယ်လိုအန္တရာယ်မျိုးကို ကြုံရမလဲဆိုတာ သိမှမသိတာလေ"

ဒီစကားလုံးများကိုကြားသောအခါ တန်နင်းကလည်းခေါင်းညိတ်ပြသည်။

"မှန်တယ်၊ ကျန်တာကို ငါတို့ကို လက်လွှဲပေးခဲ့ပါ"

ရှီရှန်းခေါင်းညိတ်ရင်း ကျေးဇူးတင်စွာတုံ့ပြန်သည်။

"ဒါဆိုမင်းတို့နဲ့ပဲချန်ထားခဲ့တော့မယ်နော်"

ထို့နောက်သူချက်ချင်းထိုင်လိုက်ပြီး စတင်ကမ္မဌာန်းထိုင်ရင်း အရင်က စုဆောင်းထားသည့် ကြယ်စွမ်းအားနှင့်အတူ သူ့ခွန်အားကို အားဖြည့်နေသည်။

လုချန်ရှန်းသူ့ကိုပြောခဲ့သည်။

မင်းရုပ်ခန္ဓာကထူးခြားပြီး ကျင့်ကြံခြင်းအတွက် ကြယ်စွမ်းအားကို အားကိုးရတယ်၊ မင်းကြယ်စွမ်းအားကုန်ခမ်းတာဖြစ်ဖြစ် ဒါမှမဟုတ် ကြယ်စွမ်းအားရှားပါးတဲ့ အခြေအနေတစ်ခုမှာရောက်တာမျိုးဆိုရင် မင်းကတော့ အပြီးသတ်သွားပြီ၊

ဒီတော့ မင်းလုံလောက်တဲ့ကြယ်စွမ်းအားကို ကြိုတင်အမြဲပြင်ဆင်ထားရမယ်၊

ကြည့်ရတာ ဆရာပြောတာက လုံး၀မှန်နေတာပဲ!

ပြင်ပကမ္ဘာမှ ကြယ်စွမ်းအားမရှိသဖြင့် စွမ်းအင်ကို ပြန်လည်ရယူနိုင်မည့် တစ်ခုတည်းသောနည်းလမ်းက ကြယ်ဗဟိုချက်ကို အားကိုးပြီး ခေးအောစ့်ကြယ်မှတ်တမ်းနှင့် တွဲဖက်ကာ လုံလုံလောက်လောက်အသုံးပြုရန်ပင်။ သို့သော်ဒီနည်းလမ်းက အတော်လေးနှေးလွန်းသည်။

ပိုးမွှားမှော်သားရဲများက ရှေ့သို့တက်လာကြစဉ် လူတိုင်းက အစွမ်းကုန်စတင်တိုက်ခိုက်ကြသည်။

သို့စေကာမူ ဤပိုးမွှားပုံသဏ္ဍာန်မှော်သားရဲများက ဧရာမခန္ဓာများကို ပိုင်ဆိုင်ထားသည့် တခြားမှော်သားရဲများနှင့်မတူပေ။

ဆန့်ကျင်ဘက်ပင် သူတို့ကအတော်လေးသေးငယ်ပြီး လက်ဖဝါးအရွယ်သာရှိကာ လျင်မြန်စွာနှင့် လွယ်ကူပျော့ပျောင်းစွာ ရွေ့လျားလှုပ်ရှားကြသည်။

ဤသားရဲများ၏ကျောတွင် အနက်ရောင်အကာအလွှာတစ်ခုရှိပြီး ဘိုးဘေးနယ်ပယ်အစွန်းက အားအပြည့်ရိုက်ချက်ပင်လျှင် ၎င်းတို့အား ကွဲအက်ရုံမျှသာရှိသည်။

ရာချီသောဤသားရဲများ၏ တစ်ပြိုင်နက်တည်းတိုက်ခိုက်မှုအောက်တွင် နတ်ဧကရာဇ်နယ်ပယ် အထွပ်အထိပ်တွင်ရှိသည့် အပြင်ဘက်ကတိုက်ခိုက်သူများက သူတို့၏အကာအကွယ်ကို ချိုးဖောက်နိုင်စွမ်းမရှိဘဲ သူတို့တိုက်ခိုက်မှုတစ်ချို့ကိုပင် ပိုးမွှားပုံစံသားရဲများက ရှောင်တိမ်းကာ တစ်ခဏအကြာ၌ ထိုပိုးကောင်များက သူတို့အပေါ် တွားတွားသွားလာကြ၏။

နာကျင်ဖွယ်ရာညည်းသံများအောက်တွင် မိနစ်အနည်းငယ်အကြာမှာပင် သူတို့က အရိုးစုများသာကျန်သည်အထိ ဆွဲဖြဲခံလိုက်ရပြီး သူတို့၏ဝိဉာဉ်များပင် ရှင်းလင်းစွာ မြိုချခံလိုက်ရသည်။

လူအုပ်စု၏မျက်နှာများက ထိုခန္ဓာများအား စိုက်ကြည့်ရင်း မနှစ်မြို့စရာဖြစ်လာကြပြီး အားအကုန်နှင့် လှည့်ကွက်များအားလုံးကို မချန်ထားဘဲ ထုတ်လွှတ်ကြတော့သည်။

သူတို့က ဒီနေရာ၌ အရိုးစုများအဖြစ် အဆုံးမသတ်သွားချင်တာ သေချာသည်။

နောက်ကျောက တခြားသူများကလည်း တတ်နိုင်သမျှ လုပ်ဆောင်ကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သာ ထိန်ချန်ထားပြီး အစွန်းကလူများကသာ သေသွားပါက မကြာမီ သူတို့အလှည့်ရောက်လာမယ်ဆိုတာကို သိနေသောကြောင့်ပင်။

တန်နင်းနှင့် ဝိဉာဉ်အနှစ်သာရကျောင်းတော်မှ တခြားကိုယ်ပိုင်တပည့်များကလည်း တစ်ပြိုင်နက်တည်းတိုက်ခိုက်ကြသည်။

ဖန်ချန်းကလည်း အစီအရင်တစ်ခုကို ကြိုတင်သိပ်သည်းထားခဲ့သည်။

ရုတ်တရက် ဖန်ချန်းလက်နှစ်ဖက်စလုံးကို ရှေ့သို့ထားလိုက်စဉ် လက်ဖဝါးများမှ စည်းတံဆိပ်အလွှာများက စတင်ထွက်လာကြသည်။

ထိုအစီအရင်စွမ်းအားထိပ်တွင် အဇူရာနဂါးတစ်ကောင်က ဖြည်းဖြည်းချင်းစတင်ပုံပေါ်လာသည်။

တစ်ချိန်တည်းမှာပင် အမြစ်သုတ်သတ်ဖြတ်ခြင်းအော်ရာနက်က အဇူရာနဂါးအား စတင်ရစ်ပတ်သည်။

အဇူရာနဂါးကြွေဆင်းသတ်ဖြတ်ခြင်းအစီအရင်၊ အမြစ်သုတ်သတ်ဖြတ်ခြင်းချီဓားသွား!

အစီအရင်နှစ်ခု၏ပေါင်းစပ်မှာက ဘိုးဘေးနယ်ပယ်အစွန်းက တိုက်ခိုက်သူတစ်ဦး၏ အားအပြည့်ရိုက်ချက်ထက်ပင် အများကြီးပိုအားကောင်းသည်။

တန်နင်းပင်လျှင် ရုတ်တရက်ထိတ်လန့်သွား၏။

ဒါကိုဘယ်တုန်းကပြင်ဆင်ခဲ့တာလဲ!

ပြီးတော့ အဓိကသတ်ဖြတ်ခြင်းအစီအရင်နှစ်ခုရဲ့ ပေါင်းစပ်မှုတစ်ခုလား!

ပဉ္စမအကြီးအကဲက ဖန်ချန်းအား ဤမျှထိ လေးစားမှုပေးပြီး ဖန်ချန်း၏ အစီအရင်အပေါ် နားလည်မှုက သူ့ကိုပင် ကူညီနိုင်သည်ဟု ပြောဆိုခဲ့သည်မှာ အံ့ဩသင့်စရာမရှိတော့။

ဤသို့ပင်လုပ်နိုင်စွမ်းရှိလေရာ အစီအရင်များအပေါ် ဖန်ချန်း၏ ကျွမ်းကျင်သူက အမှန်တကယ်ကို ထူးခြားသည်။

ဖန်ချန်းကျယ်လောင်စွာပြောလိုက်သည်။

"ရှေ့ကလူတွေ၊ အဝေးကိုဖယ်ကြ"

သူ့စကားလုံးများအဆုံးသတ်သွားသည်နှင့်တစ်ပြိုင်နက် ရှေ့ကလူများက နောက်သို့ဆုတ်ကာ လမ်းဖွင့်ပေးကြသည်။

ထို့နောက် ဖန်ချန်း လက်နှစ်ဖက်စလုံးကို ရှေ့သို့ အားအပြည့်နှင့် တွန်းလိုက်၏။

အမြစ်သုတ်သတ်ဖြတ်ခြင်းအော်ရာနှင့် နဂါးဟိန်းသံများကို သယ်ဆောင်ထားသည့် အဇူရာနဂါးက ပိုးကောင်အုပ်စုဆီသို့ တိုက်ရိုက်ဦးတည်သွားသည်။

ရွှီး.....ရွှီး.....ရွှီး......!

ပိုးမွှားများ၏ အရိုးစိမ့်ဖွယ်ဟစ်ကြွေးမှုများအောက်၌ အနည်းဆုံးတစ်ဒါဇင်ကျော်က အပိုင်းပိုင်းအစစကွဲထွက်သွားကြ၏။

ဒါက သူတို့အတွက် အချိန်အနည်းငယ် ရယူနိုင်ခဲ့သော်လည်း ရေပုံးထဲက ရေတစ်စက်ပမာဖြစ်နေဆဲပင်။

သို့စေကာမူ ဖန်ချန်းက နတ်ဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်သာ ဖြစ်သည့်တိုင် ယခုလိုအဆင့်ကို အောင်မြင်ရန်ဟူသည် အတော်လေးအံ့ဩစရာကောင်းလွန်းသည်။

တန်နင်းနှင့်ကျန်သောသူများရယ်မောလိုက်ကြ၏။

"ငါတို့မင်းကိုပဲပြပွဲတစ်ခုလုံးကို ခိုးယူသွားခွင့်ပေးလို့မရဘူး၊ တခြားသူတွေမြင်ရင် ဝိဉာဉ်အနှစ်သာရကျောင်းတော်ရဲ့ စီနီယာတွေက မကျွမ်းကျင်ဘူးလို့ ထင်ကောင်းထင်မိကြလိမ့်မယ်"

အမွေးတိုက်တစ်တိုင်စာအချိန်ကာလအတွင်း လူသုံးဆယ်ကျော်အသက်ဆုံးရှုံးခဲ့ရသည်။

ယင်းနောက်တွင်သာ ၀င်ပေါက်ပွင့်သွားပြီး သူတို့အုပ်စုက နောက်ဆုံးတွင် လွတ်မြောက်နိုင်ခဲ့ကြသည်။

All Chapters