← Chapters

အကန့်အသတ်ကိုချိုးဖျက်ခြင်း၊ စည်းမျဉ်းများကို ဖယ်ရှားခြင်း

Vol. 97 Ch. 1366

အကန့်အသတ်ကိုချိုးဖျက်ခြင်း၊ စည်းမျဉ်းများကို ဖယ်ရှားခြင်း

Vol. 97 Ch. 1366

၀တ်စုံနီအမျိုးသမီး ဘယ်လိုပေါ်လာသလဲဆိုတာ ဘယ်သူမှမသိကြပါ။

သို့စေကာမူ ၀တ်စုံနီအမျိုးသမီးက ထိုခေါင်းတလားနှင့် သေချာပေါက်ဆက်စပ်နေပြီး ခေါင်းတလားထဲက ပေါ်လာတာပင် ဖြစ်နိုင်တယ်ဆိုတာကတော့ သေချာသည်။

ယခုလိုခွန်အားနှင့် ရှားယွန်ရှန်းနှင့် တန်နင်းတို့ကဲ့သို့ အစီအရင်ဆရာများပင် ဘိုးဘေးနယ်ပယ်က တခြားပါရမီရှင်များပင် အနည်းငယ်မျှပင် မရွေ့နိုင်ကြပေ။

ဤဝိဉာဉ်ခန္ဓာက ဘိုးဘေးနယ်ပယ်အထွပ်အထိပ် သို့မဟုတ် နတ်တပိုင်းနယ်ပယ်ကိုပင် ရောက်နေလောက်ပေသည်။

ထိုသို့ဆိုပါက ထိုခေါင်းတလားထဲက မူဘခန္ဓာက မည်မျှပင် အားကောင်းမည်နည်း။

မည်သူမှပုံမဖော်ရဲကြပေ။

၀တ်စုံနီအမျိုးသမီးကြောင့် ဝိဉာဉ်စုပ်ယူခံလိုက်ရပြီး ကြမ်းပြင်ပေါ်၌ အသက်မဲ့စွာ လဲလျောင်းနေသည့် လူကိုကြည့်ရင်း လူတိုင်း၏ မျက်သူငယ်အိမ်များက စတင်တုန်ယင်လာကြ၏။

၀တ်စုံနီအမျိုးသမီးပြုံးရင်း လူတစ်ဦးချင်းစီဘေးတွင်လျှောက်နေပြီး သူမ၏နီရဲသည့် လက်သည်းထိပ်များပါသော လက်ချောင်းများက လးတိုင်းအရေပြားပေါ် ညင်သာစွာ သွားလာနေရာ သူတို့အား ပို၍ပင် ကြောက်ရွှံ့အေးစိမ့်စေသည်။

"ဒီတော့ အခုဘယ်သူမှစကားမပြောကြတော့ဘူးပေါ့၊ ဒါဆိုရင်တော့ နင်တို့က အသုံးဝင်တာထက် အသက်ပိုရှည်ရှည်နေခဲ့တာပဲ၊ ဒီတော့ ငါ့အစာပဲဖြစ်လာနိုင်တော့မှာပေါ့" ၀တ်စုံနီအမျိုးသမီး လူအုပ်စုအကြား မျောလွင့်ရင်း ရယ်မောကာပြောသည်။

"ဒီလိုဆိုရင်ရော၊ အသက်ရှူကြိမ်ရေဆယ်ကြိမ်အတွင်း တစ်ယောက်ယောက်ငါနဲ့ စကားမပြောဘူးဆိုရင် တစ်ယောက်သေရမယ်၊ ဘယ်လိုထင်လဲ"

မည်သူမှမဖြေခင်၊ သို့မဟုတ် မည်သူမှ ဖြေနိုင်စွမ်းမရှိသေးခင် ၀တ်စုံနီအမျိုးသမီးက စတင်လက်ခုပ်တီးပြီး ကျယ်လောင်စွာ ရယ်မောသည်။

"ကောင်းတယ်၊ ဒီကစားပွဲက စိတ်၀င်စားစရာပဲ၊ ဒါဆိုဆုံးဖြတ်လိုက်ပြီနော်"

၎င်းကိုကြားသောအခါ မရေမတွက်နိုင်လောက်သည့်သူများက အသံပြုရန်အတွက် ပါးစပ်ဟရန် အသည်းအသန် ကြိုးစားကြသော်လည်း တစ်ယောက်ယောက်က သူတို့လည်မြိုကို ဖျစ်ညှစ်ပြီး အသံကြိုးကို ပိတ်ထားသည့်အလား မည်မျှပင်ကြိုးစားပါစေ အသံတစ်သံမှ မထုတ်နိုင်ပေ။

၀တ်စုံနီအမျိုးသမီးက လက်ချောင်းများကို ဆန့်တန်းရင်း လူအုပ်စုအားဖြတ်သွားပြီး နောက်ပြန် စတင်ရေတွက်နေသည်။

"တစ်ဆယ်....."

နောက်ပြန်ရေတွက်သံက ဆူညံမှုကင်းမဲ့သည့် အတိငြိမ်သက်တိတ်ဆိတ်နေသည့် သင်္ချိုင်းခန်းထဲတွင် ပဲ့တင်ထပ်နေသည်။

"သုံး၊ နှစ်.....တစ်"

သူမစကားလုံးများဆုံးသွားသည်နှင့်တစ်ပြိုင်နက် ၀တ်စုံနီအမျိုးသမီး လက်ချောင်းထိပ်ကို ဘေးက လူ၏ဖူးသို့ ချက်ချင်းရွေ့လျားကာ ဝိဉာဉ်အား ထုတ်ယူပစ်သည်။ ထိုကန္တာရအင်အားစုများကလည်း ထိတ်လန့်သွားကြ၏။

၀တ်စုံနီအမျိုးသမီး ဝိဉာဉ်အမျှင်စကို ပါးစပ်ထဲထည့်သွင်းပြီးနောက် နူးညံ့သိမ်မွေ့စွာ ရယ်မောလိုက်သည်။

"ဒါဆိုဆက်လိုက်ကြရအောင်၊ တစ်ဆယ်...."

ဆက်တိုက်နောက်ပြန်ရေတွက်နေစဉ် ပါရမီရှင်များကလည်း ဆက်တိုက်လဲပြိုကျနေကြသည်။

လူတိုင်း၏ အကြောအာရုံများက ကြိုးများပင် ကျိုးပြတ်သွားတော့မည့်အလား တင်းမာနေကြသည်။

ရှီရှန်းနှင့် ဖန်ချန်းတို့ကလည်း ဤပိတ်ဆို့မှုကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်ရမလဲဆိုတာ မရပ်မနားစတင်တွေးတောကြသည်။

ဖန်ချန်း၏ရှုထောင့်အရ ဖိနှိပ်စွမ်းအားကို အခြေခံအားဖြင့် အမျိုးအစားနှစ်မျိုး ခွဲခြားထားသည်။ ပထမက ကျင့်ကြံခြင်းနယ်ပယ်စွမ်းအားမှ ဖိအားဖြစ်ပြီး ဒုတိယက တာအိုနိယာမ သို့မဟုတ် ဖိနှိပ်စွမ်းအားမှဖြစ်သည်။

သို့သော် ကျင့်ကြံခြင်းနယ်ပယ်စွမ်းအားက ပေးဆောင်သည့် မည်သည့်ဖိနှိပ်ခြင်းခံစားချက်ကိုမှ သူမခံစားရပေ။

တစ်ချိန်တည်းမှာပင် ဖိနှိပ်စွမ်းအား အသိအာရုံတစ်ခုကလည်း လုံး၀ရှိမနေပေ။

အကယ်၍ ဖိနှိပ်စွမ်းအားတစ်ခုတည်းသာဆိုပါက သူတို့ဘယ်လိုလုပ် စကားမပြောဘဲ နေနိုင်မည်နည်း။

ဖိနှိပ်စွမ်းအားက အလွန်အမင်းကြောက်စရာကောင်းသည့် အတိုင်းအတာတစ်ခုအထိ အားကောင်းနေလျှင်ပင် သူတို့ကိုယ်ခန္ဓာတစ်ခုလုံး၌ အနည်းငယ်မျှပင် လှုပ်ရှား၍မရဆိုသည်က အဓိပ္ပာယ်မရှိပေ။

တာအိုနိယာမစွမ်းအားဆိုပါကရော!

ဟမ်!

တာအိုနိယာမလား!

တာအိုနိယာမစွမ်းအားသာလျှင် ဒါကို လုပ်နိုင်လောက်သည်။

အကယ်၍ ဒါက အမှန်တကယ်တာအိုနိယာမစွမ်းအားဖြစ်နေပါက......!

ထိုအကြောင်းကိုတွေးနေစဉ် အစီအရင်ဖန်တီးခြင်းဝိဉာဉ်ခန္ဓာကလည်း တိတ်တိတ်လေး စတင်လည်ပတ်လာသည်။

ဖွဲ့စည်းတည်ဆောက်ပုံက အသုံးပြုခြင်းက ကိုယ်ခန္ဓာလှုပ်ရှားမှုတစ်ခုမှ မလိုအပ်ပါ။

ဒါ့အပြင် တာအိုနိယာမကန့်သတ်ချက်များကို ဖျက်သိမ်းရန်အတွက် ဖန်ချန်း ကျွမ်းကျင်ထားသည့် အစီအရင်များကို ထည့်တွက်ပါက သင့်တော်ပုံပေါ်သည့် အစီအရင်တစ်ခုတည်းသာရှိသည်။

၎င်းက ရှေးဦးမူလအစီအရင်ပေတည်း။

မိမိကိုယ်ထက် ပိုမြင့်သောနယ်ပယ်ရှိ တစ်စုံတစ်ယောက်ကို ရင်ဆိုင်ရလျှင်ပင် နိယာမစွမ်းအားကို အတိုင်းအတာတစ်ခုအထိ ဖယ်ရှားရန် ဖြစ်နိုင်သည်။

တဖြည်းဖြည်းနှင့် လူနှစ်ဆယ်ကျော်က တိတ်ဆိတ်စွာပင် ကြမ်းပြင်ပေါ် လဲပြိုကျနေသည်။

ဤတဒင်္ဂမှာပင် လူအများစုက မျက်လုံးများ၌ စိတ်ပျက်အားငယ်နေသည့် အကြည့်ကို ပြသလာကြသည်။ ယခုလိုအခြေအနေ၌ လွတ်မြောက်ရန် အခွင့်အလမ်းမရှိတော့။

ရှားယွန်ရှန်း၏မျက်နှာက အတော်လေးပုံပျက်နေပြီး ရုန်းကန်ကြိုးစားနေသည့်အလား လည်ပင်းက သွေးကြောများပင် ဖုဖောင်းနေသော်လည်း သူ့ခန္ဓာက မလှုပ်မယှက်ကျန်ရှိနေသေးသည်။

တန်နင်း၏မျက်နှာကမူ လေးမက်နေပြီး အနီးကပ်အာရုံကြည့်မည်ဆိုပါက သူ့ကိုယ်ထဲ၌ စွမ်းအားက အဆက်မပြတ်စုပုံလာနေတာကို ရှာတွေ့နိုင်ပေလိမ့်မည်။

သူထိုမျှော်လင့်ချက်ရောင်ခြည်စွန်းကို မစွန့်လွှတ်ချင်သေးတာ ရှင်းနေသည်။ အခွင့်အလမ်းတစ်ခုပေါ်လာတာနှင့် သူချိုးဖျက်ကာ အကျပ်အတည်းကနေ လွတ်မြောက်နိုင်မည်သာ။

"တစ်"

၀တ်စုံနီအမျိုးသမီး လက်ချောင်းထိပ်ကို နောက်ထပ်လူတစ်ယောက်၏ နဖူးပေါ်သို့ ဖိနှိပ်လိုက်ပြန်သည်။

ယင်းနောက်တွင် သူမဖန်ချန်းရှေ့တွင် ရပ်နေခဲ့သည်။

ရှီရှန်း၏မျက်နှာက အလွန်အမင်းကြည့်ရဆိုးနေပြီး ကြယ်စွမ်းအားက သူ့ကိုယ်ထဲတွင် လူးလိမ့်ပေါက်ကွဲနေသော်လည်း လှောင်ချိုင့်တစ်ခုထဲတွင် ပိတ်မိနေသည့်အလား ကိုယ်ထဲကနေ ထွက်လာရန်အတွက် ကျရှုံးခဲ့သည်။

တန်နင်းကလည်း လေးနက်စွာမျက်မှောင်ကြုတ်နေသည်။

ပထမအကြီးအကဲက တစ်ခါက သူတို့ယဲ့ချိုးပိုင်နှင့် တခြားသူများ၏ဘေးကင်းမှုကို သေချာစေရန်အတွက် အကောင်းဆုံးကြိုးစားရမည်ဟု ညွှန်ကြားခဲ့သည်။

သို့သော်ယခုကြည့်ရသည်မှာ သူတို့ကိုယ်သူတို့ကယ်တင်ရန်ပင် ရုန်းကန်နေရလေရာ ထိုအရာကို ပြီးမြောက်အောင်လုပ်ရန်ဟူသည် ခက်ခဲသည့်အလုပ်တစ်ခုဟု ထင်ရသည်။

၀တ်စုံနီအမျိုးသမီး ညို့ယူဖမ်းစားသည့် အပြုံးနှင့်အတူ သူမ၏လက်ချောင်းက ဖန်ချန်းအရေပြားပေါ် အဆုံးမဲ့သွားလာနေရင်း ဆက်လက်နောက်ပြန်ရေတွက်နေသည်။

သို့သော် ဖန်ချန်း၏မျက်လုံးများ၌ အလားတူ အကြောက်တရားကိုမပြသဘဲ ယင်းအစား တည်ငြိမ်မှုအနည်းငယ် ရှိနေတာကို သတိထားမိသောအခါ ၀တ်စုံနီအမျိုးသမီးမှာ တစ်ခဏမျှရပ်သွား၏။

နောက်ပြန်ရေတွက်မှုကိုပင် တစ်ခဏမျှရပ်လိုက်ပြီး အသစ်တစ်ခုတွေ့သွားသဖြင့် စိတ်၀င်စားမည့်အသွင် သူမမေးလာသည်။

"အိုး၊ နင်ကတခြားသူတွေနဲ့မတူဘူးဘဲ၊ နင်သေမှာကိုမကြောက်ဘူးလား"

"အိုး၊ ဟုတ်သားပဲ၊ နင်စကားပြောနိုင်စွမ်းကို ဆုံးရှုံးထားတာ ငါမေ့သွားတယ်၊ နင်စကားပြောနိုင်တယ်ဆိုရင် ငါနင့်အသက်ကို လွတ်ပေးဖို့ စဉ်းစားမိလောက်တယ်"

"ဒါပေမယ့်၀မ်းနည်းစရာက စည်းမျဉ်းက စည်းမျဉ်းပဲ၊ ပြောပြီးသားစကားလုံးတွေကို ပြန်ပြောင်းလို့မရတော့ဘူး" ၀တ်စုံနီအမျိုးသမီးအပြုံးဖြင့် ဆက်လက်ရေတွက်ရန် ပြင်ဆင်လိုက်၏။

ဖန်ချန်းရုတ်တရယ်‌ရယ်မောလာသည်။

"ဒါဆိုရင်တော့ ကျုပ်အသက်ကို ချမ်းသာပေးတဲ့အတွက် အကြီးအကဲကို ကျေးဇူးတင်ပါတယ်"

သူ့ပါးစပ်က စကားလုံးများထွက်လာပြီး များမကြာမီ ၀တ်စုံနီအမျိုးသမီး၏ လက်ချောင်းထိပ်က လေကိုသာ ထိမှန်သွားရသည်။ ဖန်ချန်းကမူ နောက်ပြန်ဆုတ်ကာ ရှေးဦးမူလအစီအရင်ကို ထုတ်လွှတ်ဖြန့်ကြက်ရင်း သူတို့အကြား အကွာအဝေးတစ်ခု ဖန်တီးလိုက်သည်။

ရုတ်ချည်းဆိုသလို ဤနေရာအားလွှမ်းမိုးထားသည့် နိယာမစ်ွးအားက အနည်းငယ်မျှ မဆိုသလောက်စပြီး ကွာကျသွား၏။

မရပ်မနားအားအင်စုစည်းနေသည့် တန်နင်းနှင့် ရှီရှန်းတို့မှာ အချုပ်အတည်းကနေ ပထမဆုံးလွတ်မြောက်လာကြပြီး ချက်ချင်းဆိုသလို ဖန်ချန်းဘေးသို့ ဆုတ်ခွာရင်း ၀တ်စုံနီအမျိုးသမီးအား စူးစိုက်ကြည့်လိုက်ကြသည်။

ဖန်ချန်း၏ခန့်မှန်းချက်က မမှားပေ။ ၀တ်စုံနီအမျိုးသမီးက သူတို့ကို ဒီနေရာတွင် ထိန်းသိမ်းထားရန်အတွက် နိယာမစွမ်းအားကို အသုံးပြုခဲ့ခြင်းပင်။

ဤနိယာမစွမ်းအားကို အမျိုးသမီးကိုယ်တိုင် ထုတ်လွှတ်ခြင်းမရှိသော်လည်း ဤသင်္ချိုင်းခန်းတစ်ခုလုံးရှိ စည်းတံဆိပ်နှင့် တူသည့်အရာတစ်ခုကြောင့် ဖြစ်ပျက်လာခဲ့ခြင်းဖြစ်သည်။

နှစ်သန်းချီကြာတည်ရှိနေသည့် ဤစည်းတံဆိပ်မှ စွမ်းအားကိုထုတ်လွှတ်နိုင်သော်လည်း အတော်လေးအားနည်းနေတယ်ဆိုတာက သိသာထင်ရှားနေသည်။

ရှေးဦးမူလအစီအရင်ကို ထုတ်လွှတ်လိုက်သောအခါ နိယာမစွမ်းအားအားလုံးကို မဖယ်ရှားနိုင်သော်လည်း ဟာကွက်တစ်ခုဖွင့်လှစ်ပေးခဲ့သည်။

အင်အားအလုံအလောက်နှင့်ဆိုပါက သူတို့အတားအဆီးများအား ချိုးဖျက်ကျော်လွှားနိုင်သည်။

ထို့ကြောင့် ဖန်ချန်းအပြီးတွင် တန်နင်းနှင့် ရှီရှန်းတို့ချိုးဖျက်နိုင်ခဲ့ကြခြင်းပင်။ သူတို့က အစောကြီးကတည်းက စွမ်းအားများကို စုစည်းထားခဲ့သည်။

၀တ်စုံနီအမျိုးသမီးမှာ ဤမြင်ကွင်းကို မြင်ရသောအခါ အံ့ဩသင့်စွာ မျက်တောင်ခတ်လိုက်မိပြီးနောက် ပါးစပ်လေးကိုဖုံးကာ စွဲမက်ဖွယ်ရာရယ်မောလေတော့သည်။

"ဒီခေတှ်ာ နိယာမစွမ်းအားရဲ့ သက်ရောက်နိုင်စွမ်းကိုတောင် ခုခံနိုင်တဲ့ အစီအရင်ဆရာတစ်ယောက်ရှိနေမယ်လို့ ငါတကယ်မျှော်လင့်မထားခဲ့မိဘူး၊ ကြည့်ရတာ နောက်မျိုးဆက်တွေက ငါထင်ထားသလောက် မကျွမ်းကျင်တာတော့မဟုတ်ဘူးဘဲ"

ဖန်ချန်းပြုံးရင်း ၀တ်စုံနီအမျိုးသမီးဆီသို့ လျှောက်လာသည်။

"အရင်က အကြီးအကဲပြောခဲ့တာက အမှန်လားဆိုတာ ကျုပ်သိချင်နေမိတယ်"

ရှေးဦးမူလအစီအရင် သက်ရောက်လာသည်နှင့်အမျှ လူများက သူတို့၏ ချည်နှောင်မှုကနေ ပိုပို၍လွတ်မြောက်လာကြ၏။

သို့စေကာမူ ရှားယွန်ရှန်းက ရှေးဦးမူလအစီအရင်၏ သက်ရောက်ခြင်းကို မခံရပေ။

ဒါက ဖန်ချန်း၏ ရည်ရွယ်ချက်တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အစက သူ စီနီယာအစ်ကိုရှီရှန်းအား အမြောက်ဆံအဖြစ် သုံးရန် ရည်ရွယ်ခဲ့သည်မဟုတ်ပေလော။

ဖန်ချန်းကအရမ်းကြီးကိုယ်ကျိုးမငဲ့တတ်သူတစ်ဦးမဟုတ်။ သူတို့အပေါ် ရန်လိုမှုကို ရှင်းရှင်းလင်းလင်းပြသခဲ့သောသူတစ်ယောက်ကို သူမကယ်နိုင်ပေ။

ရှားယွန်ရှန်း၏မျက်နှာက ကြောက်စိတ်နှင့် ပြည့်နှက်နေပြီး သူ့မျက်လုံးများက ဖန်ချန်းထံပြေးလွှားသွားကာ သနားကရုဏာအတွက် တောင်းဆိုချက်များနှင့် ပြည့်လျှမ်းနေသည့် အကြည့်တစ်ချက်ကို ဖော်ဆောင်ထားသည်။

ဖန်ချန်းရယ်မောလိုက်သည်။

"အိုး၊ ဟုတ်သားပဲ အကြီးအကဲ၊ သူမလွတ်မြောက်သေးဘူးလေ၊ အကြီးအကဲရဲ့ကစားပွဲစည်းမျဉ်းအရဆိုရင် အခုသူ့ကို သတ်ပစ်သင့်တယ်လို့ ကျုပ်ထင်တယ်"

All Chapters