အစီအရင်၊ ညဦးယံ
Vol. 97 Ch. 1368
မြင့်မြတ်အစီအရင်ကောင်းကင်စာလိပ်၌ အလွန်ပင်သမားရိုးကျမဟုတ်သည့် အစီအရင်တစ်ခုပါ၀င်သည်။
ဖန်ချန်းဤအစီအရင်ကို လေ့လာရန်အတွက် မည်သောအခါမှ မရည်ရွယ်ထားခဲ့ဟု ဆိုနိုင်သည်။ အဓိကက ဒါကို တည်ဆောက်ရန်အတွက် အခြေခံလိုအပ်ချက်များက အရမ်းခက်ခဲလွန်းသည့်အတွက်ကြောင့်ပင်။
ထုတ်လွှတ်သူ၏နယ်ပယ်တိုးလာသည်နှင့်အမျှ အစီအရင်ကလည်းတိုးလာပေလိမ့်မည်။
အစီအရင်၏အမည်က "ညဦးယံ"ဖြစ်သည်။
နယ်ပယ်ကလုံလောက်အောင်မြင့်မားနေပါက ဤအစီအရင်ကို တည်ဆောက်ခြင်းက နယ်ပယ်ကို နေ့ကနေ ညအထိပင် ပြောင်းပစ်နိုင်သည်။
ဒါကပတ်၀န်းကျင်ပြောင်းလဲမှုတင်မဟုတ်ဘဲ အရေးအပါဆုံးက ကြောက်စိတ်ပင်။
ညတာလွှမ်းခြုံသွားသည့်နေရာတိုင်းတွင် ကြောက်စိတ်က လွှမ်းမိုးသွားပေလိမ့်မည်။
ဆိုလိုသည်မှာ ဤကြောက်စရာကောင်းသည့် အစီအရင်ကို ကျင့်ကြံရန်အတွက် အကြောက်တရားနိယာမကို တတ်ကျွမ်းထားရန် လိုအပ်သည်။
ထို့ကြောင့်လည်း ဖန်ချန်းမတတ်ကျွမ်းနိုင်သဖြင့် ဤအစီအရင်ကို တစ်ခါမှ မလေ့ကျင့်ခဲ့ခြင်းဖြစ်သည်။
ယခု ၀တ်စုံနီအမျိုးသမီးကို မြင်ရသောအခါ ဒါက သူ့အတွက် ညဦးယံကို လေ့ကျင့်ရန် အခွင့်အလမ်းတစ်ခုပင် မဟုတ်ပေလော။
၀တ်စုံနီအမျိုးသမီးကို ညဦးယံအစီအရင်၏ ဝိဉာဉ်ဖြစ်လာစေရန်အတွက် သူအယုံသွင်းနိုင်နေသရွေ့ ဖန်ချန်း အကြောက်တရားနိယာမကို သူကျွမ်းကျင်နေစရာမလိုတော့။ အကယ်၍သူသာ သင်ယူလိုပါက ၀တ်စုံနီအမျိုးသမီးဆီပနေ ဤနားလည်မှုအား ရယူနိုင်သည်။
ဒါက နှစ်ဘက်စလုံးမှအကျိုးအမြတ်ရှိသည့် အခြေအနေတစ်ခုပေတည်း။
ဖန်ချန်း ထိုစကားလုံးများကို ပြောလာသောအခါ ၀တ်စုံနီအမျိုးသမီးက လုံး၀အံ့သြသင့်သွားပုံရသည်။
လူတစ်ယောက်၏ဝိဉာဉ်သို့မဟုတ် သတ္တဝါတစ်ကောင်၏စိတ်ဝိဉာဉ်က အစီအရင်ဝိဉာဉ်တစ်ခုဖြစ်နိုင်သည်ဟု သူမကလည်း ကြားဖူးသည်။
သို့သော် ဒါကိုအောင်မြင်ရန်ဟူသည် အစီအရင်ဆရာတစ်ဦးအတွက်ပင်လျှင် အတော်လေးစိန်ခေါ်မှုရှိသည်။
ဒါက ဖန်ချန်းအပေါ် ၀တ်စုံနီအမျိုးသမီး အပြည့်အ၀ယုံကြည်ရန်လည်း လိုအပ်သည်။
"နင့်ရဲ့အစီအင်ဆရာနယ်ပယ်က ဒါကို လုပ်နိုင်လို့လား" ၀တ်စုံနီအမျိုးသမီးက လှောင်ပြောင်သည်။
"ငါ့ကို အစီအရင်ဝိဉာဉ်တစ်ခုဖြစ်အောင် ဖန်တီးနိုင်တဲ့နယ်ပယ်က ဒါကို ငါနဲ့ဆွေးနွေးစရာတောင်မလိုဘူး၊ ဘာလို့လဲဆိုတော့ အဲဒါက ငါ့ဝိဉာဉ်တွေကိုတောင် တိုက်ရိုက်ပျောက်ကွယ်သွားအောင် လုပ်နိုင်လို့လေ"
ဖန်ချန်းပြုံးရင်း လက်ကိုဆန့်ထုတ်လိုက်၏။
"အရင်ဆုံး ကျုပ်ခန္ဓာကိုခံစားကြည့်ပါဦး"
၀တ်စုံနီအမျိုးသမီးမှာ အနည်းငယ်နဖူးကြုံ့ကာ တစ်ခဏမျှတိတ်ဆိတ်နေပြီးနောက် ဖန်ချန်းလက်ကိုကိုင်ပြီး ခက်ထန်စွာပြောသည်။
"နင်ငါ့ကို လှည့်စားမယ်ဆိုရင် ငါနင့်ကို ချက်ချင်းသတ်ပစ်မယ်"
သို့စေကာမူ သူမ၏အသိအာရုံများက ဖန်ချန်းကိုယ်ထဲလှည့်လည်သွားလာနေစဉ် သူမအမူအရာက တဖြည်းဖြည်းလေးနက်လာပြီးနောက် အံ့ဩမှုအဖြစ် ပြောင်းသွားသည်။
သူမအော်ပစ်အော်ဟစ်လိုက်မိသည်။
"နင့်မှာတကယ်ပဲ ဒီလိုခန္ဓာဖွဲ့စည်းတည်ဆောက်ပုံရှိတယ်ပေါ့"
ဘေးနားကလူများကြက်သေသေသွားကြ၏။ ဘယ်လိုဖွဲ့စည်းတည်ဆောက်ပုံမျိုးက ၀တ်စုံနီအမျိုးသမီးလိုမျိုး အစွမ်းထက်ပြီး အတွေ့အကြုံကြွယ်၀တဲ့လူတစ်ယောက်ကိုတောင် ဒီလောက်အံ့ဩသင့်စေတာလဲ!
အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာ!
၀တ်စုံနီအမျိုးသမီးမှာ ကျယ်လောင်စွာမပြောသော်လည်း ဖန်ချန်းအားစိုက်ကြည့်နေစဉ် သူမမျက်နှာက ထိတ်လန့်မှုနှင့် ပြည့်နှက်နေသည်။
ဖန်ချန်း လက်ကိုရုပ်သိမ်းပြီးနောက် ပြုံးသည်။
"အခုကျုပ်လုပ်နိုင်တယ်ဆိုတာ ယုံပြီလား"
မှန်ပေသည်။ အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာတွင် ယခုလိုစွမ်းအားမျိုးရှိသည်။
၎င်းက မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်နှင့် တွဲဖက်ရန်လိုသေးတာကို ပြောစရာပင်မလိုတော့။
အစီအရင်များကို တည်ဆောက်နိုင်သည့် ဖန်ချန်း၏စွမ်းရည်က တခြားအစီအရင်ဆရာများနှင့် အမြဲကွဲပြားသည်။
တခြားအစီအရင်ဆရာများက အမျိုးမျိုးသော သဘာ၀ရတနာများနှင့် အစီအရင်အလံများကို သုံးရန်လိုအပ်သည်။
ဖန်ချန်းကမူ သူ့ကိုယ်ခန္ဓာထဲက အစီအရင်ဝိဉာဉ်ကို တိုက်ရိုက်သုံးပြီး အစီအရင်ကို ရုပ်လုံးပေါ်အောင် လုပ်နိုင်သည်။
အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာကို မူလက အစီအရင်ဝိဉာဉ်ကို စုပ်ယူခြင်းအတွက် ကျင့်ကြံသည်။
ထို့ကြောင့် ၀တ်စုံနီအမျိုးသမီး သူမဝိဉာဉ်ကို အပြည့်အ၀ထုတ်လွှတ်ပြီး သူ့ကိုယ်ထဲတွင် အစီအရင်ဝိဉာဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်လာခွင့်ပေးနေသရွေ့ သူခေါင်းတလားထဲက ရုပ်ခန္ဓာနှင့် သူမ၏ဆက်သွယ်မှုကို ချော့မွေ့စွာ ဖြတ်တောက်ပြီး အစီအရင်ဝိဉာဉ်တစ်ခုအဖြစ် ပြောင်းပစ်နိုင်သည်။
ယင်းနောက်တွင် သူမက ဖန်ချန်းနှင့်အတူ ဂူသင်္ချိုင်းထဲကနေ ထွက်စွားနိုင်ပေလိမ့်မည်။
မှန်ပေသည်။ ၀တ်စုံနီအမျိုးသမီးကို အစီအရင်ဝိဉာဉ်တစ်ခုအဖြစ် ပြောင်းလဲခြင်းက ဖန်ချန်းကိုယ်ပေါ်၌ အလွန်မြင့်မားသည့် လိုအပ်ချက်များရှိပေလိမ့်မည်။
ဒါက မြင့်မြတ်သူတော်စင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်၏ ထောက်ပံ့မှုကို လိုအပ်သည်။
ဖန်ချန်းက အစီအရင်ရော ခန္ဓာပြုပြင်မွမ်းမံခြင်းကိုပါ ကျင့်ကြံသူတစ်ဦးဖြစ်သည်။
သူနှင့် တခြားအစီအရင်ဆရာများအကြား အခြေခံကျသည့်ခြားနားချက်တစ်ခုရှိပြီး တခြားမည်သူကမှ အစီအရင်များအား ကျင့်ကြံရင်း သူတို့ခန္ဓာကို ပြုပြင်မွမ်းမံရန် ရွေးချယ်ကြမည်မဟုတ်။
ယခု မြင့်မြတ်သူတော်စင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်က သွေးကြွက်သား၏ ဒုတိယအဆင့်တွင်သာရှိသေးသည်။
ဒါကဘည်း ဖန်ချန်း အစီအရင်စွမ်းရည်များကို အဆက်မပြတ်ကျင့်ကြံနေခဲ့သဖြင့် ပုံမှန်နေ့ရက်များ၌ ကိုယ်ခန္ဓာကိုပြုပြင်မွမ်းမံရာ၌ လျစ်လျူရှုထားခြင်း၏ အကျိုးဆက်ဖြစ်သည်။
သူထိန်းထားနိုင်မလားဆိုတာ ဖန်ချန်းမသိပါ။ ဖန်ချန်းနှလုံးသားထဲမှ ခါးသီးစွာပြုံးမိသည်။ ယခုသူ့တွင် ဇွဲရှိရှိနှင့် အံကြိတ်ကာ ကြိုးစားရုံမှအပ တခြားရွေးချယ်စရာမရှိတော့။
"ဒီလိုဆိုရင်ရော၊ ခင်ဗျားကျုပ်ပြောခဲ့တဲ့ လမ်းကြောင်းကိုရွေးချင်လား" ဖန်ချန်း အပြုံးဖြင့်မေးရင်း ၀တ်စုံနီအမျိုးသမီးအား ကြည့်လိုက်သည်။
"ခင်ဗျားကျုပ်နည်းလမ်းကို ရွေးမယ်ဆိုရင် အခုကနေစပြီး နေ့အလင်းရောင်ကို မြင်နိုင်ရုံတင်မက ခင်ဗျားခန္ဓာကိုပြန်ယူရပြီး အနာဂတ်မှာလည်း ပြန်လည်မွေးဖွားလာနိုင်သေးတယ်"
"ဒါပေမယ့် ခင်ဗျားကျုပ်ကိုမယုံဘူးဆိုရင်တောင် ကျုပ်တို့ကိုသတ်မယ်ဆိုရင်တောင် ခင်ဗျားအသက်ဓာတ် လုံး၀ကုန်ခမ်းသွားတဲ့အထိ ဒီမှောင်မိုက်တဲ့ဂူသင်္ချိုင်းထဲမှာပဲ ထာ၀ရပိတ်မိနေလိမ့်မယ်"
"စီနီယာ ရွေးချယ်မှုလုပ်ပြီးပြီလို့ ကျုပ်ထင်ပါတယ်"
၀တ်စုံနီအမျိုးသမီးတည်ငြိမ်လာပြီး ဖန်ချန်းအား သူမကိုယ်သူမအမှန်တကယ် ဖွင့်ဟပြလိုက်သည့်အလား ခပ်ရေးရေးကြည့်လိုက်သည်။
ကြောက်စိတ်၏အရိပ်အယောင်ဟူ၍ မရှိသလို သူမ၏အံ့ဖွယ်ညို့ဓာတ်များလည်းမရှိချေ။
"ဒီမှောင်မိုက်တဲ့နေရာထဲမှာ နှစ်တစ်သန်းလောက်ပိတ်မိနေခဲ့ရတယ်" ၀တ်စုံနီအမျိုးသမီးသက်ပြင်းချသည်။
"ဒီတော့ နင်ငါ့ကိုနောက်ပိုင်းငါ့ခန္ဓာကို ပြန်ယူခွင့်မပေးဘူးဆိုရင်တောင် ငါနင့်ရဲ့ အစီအရင်ဝိဉာဥ်ဖြစ်လာပြီး ပြင်ပကမ္ဘာကို မြင်ဖို့ကိုပဲ ရွေးချယ်နိုင်မယ်လေ"
နှစ်တစ်သန်းကြာ အသံမရှိ၊ အလင်းမရှိ၊ ပန်းပင်၊ မြင်ပင်များမရှိဘဲ အမှောင်ထုတစ်ခုတည်းကသာ သူမကိုအဖော်ပြုခဲ့သည်။
မူလက ၀တ်စုံနီအမျိုးသမီးက အကြောက်တရား၏ အခြေခံမူကိုမကြောက်ပေ။
ဤအကြောက်တရားနိယာမခေါ် အခြေခံမူက နှစ်တစ်သန်းကျော်ကြာ အမှောင်ထုဟ လွှမ်းခြုံခြင်းကို ခံရပြီးနောက် သူမကျင့်ကြံခဲ့ခြင်းသာ။
ဤသည်ကမျှော်လင့်ချက်ကင်းမဲ့လွန်းသည်မဟုတ်ပေလော။
ဖန်ချန်း၏အမူအရာက လေးနက်သွားပြီး အခိုင်အမာပြောသည်။
"စီနီယာစိတ်ချပါ၊ ကျုပ်နယ်ပယ်က လုံလောက်အောင် တိုးလာသရွေ့ ကျုပ်ခင်ဗျားကို ကိုယ်ပိုင်ခန္ဓာဆီ ပြန်သွားခွင့်ပေးမှာပါ၊ အချိန်ကျလာတဲ့အခါကျရင် သွားမလား၊ မသွားဘူးလားဆိုတာကို စီနီယာကပဲ ဆုံးဖြတ်ရမှာပါ"
"အဲဒီအချိန်ကျရင် စီနီယာလွတ်လပ်သွားမှာပါ"
"လွတ်လပ်မယ်" ၀တ်စုံနီအမျိုးသမီးမှာ အလင်းရောင်မရှိဘဲ အမှောင်ထု၏ လွှမ်းခြုံခြင်းကို ခံထားရသည့် အထက်က အမိုးကြက်ကို ကြည့်လိုက်၏။ သို့သော် သူမ၏မျက်သူငယ်အိမ်များ၌ အလင်းတန်းတစ်ခုက ဖြည်းဖြည်းချင်းလင်း၀င်းနေတာကို လူတိုင်းအံ့ဩသင့်စွာတွေ့လိုက်ရသည်။
ရုတ်တရက် ၀တ်စုံနီအမျိုးသမီး ကျယ်ပြောစွာပြုံးရင်း ဖန်ချန်းအားငုံ့ကြည့်သည်။
"ငါနင့်ကိုယုံတယ်"
ယင်းနောက်ချက်ချင်းဆိုသလို သူမခေါင်းကို ဖြည်းဖြည်းချင်းငုံ့ပြီး နဖူးကို ဖန်ချန်းနဖူးနှင့်ကပ်ကာ နှုတ်ခမ်းများအား အနည်းငယ်ထိလိုက်၏။
ရုတ်ချည်းဆိုသလို ဝိဉာဉ်စွမ်းအားပမာဏအများအပြားက ဖန်ချန်းကိုယ်ထဲသို့ အရူးအမူးစတင်တိုး၀င်သွားခဲ့သည်။
၀တ်စုံနီအမျိုးသမီးပြောသည်။
"နင်ငါ့ရဲ့ဝိဉာဉ်စွမ်းအားကို ခံနိုင်ရည်ရှိမယ်လို့ ငါမျှော်လင့်ပါတယ်"
ဒါကိုမြင်သော် ဖန်ချန်းပေါ့ပေါ့လေးမယူဆရဲဘဲ ချက်ချင်းဆိုသလို ခြေချင်းခတ်ထိုင်လိုက်ပြီး မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင်စဉ်ကို အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာနှင့်အတူ အပြည့်အ၀ လည်ပတ်စေသည်။
သူ့ခန္ဓာမျက်နှာပြင်က ငွေရောင်ပြောင်းသွားသည်။
ထိုငွေရောင်အရေပြားအောင်တွင် နီရဲသည့်ကြွက်သားများက အကြမ်းပတမ်းဖောင်းလာသည်။
ဒါက မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင်စဉ်၏ ပထမအဆင့်ဖြစ်သည့် ငွေအရေပြားနှင့် ဒုတိယအဆင့် သွေးကြွက်သားတို့ဖြစ်သည်။
များမကြာမီ ဖန်ချန်း၏ကိုယ်ခန္ဓာကို ဆုတ်ဖြဲတော့မည့်အလားထင်ရသည့် ကြီးမားသည့်ဝိဉာဉ်စွမ်းအားက သူ့တစ်ကိုယ်လုံးအား ဖြတ်သန်းသွား၏။
အင်္ဂါငါးခုနှင့် အပေါက်ခြောက်ခု၊ အရိုးများအားလုံးက ဤနတ်တပိုင်းအဆင့်ဝိဉာဉ်စွမ်းအားကြောင့် ဖန်ချန်းကိုယ်ထဲ လုံး၀ရိုက်ချိုးခံလိုက်ရသည့်အလား ကြေမွသွားကြ၏။
ပြင်းထန်လွန်းသည့် နာကျင်မှုထစ်ခုထွက်ပေါ်လာစဉ် ဖန်ချန်းနာကျင်မှုကြောင့် အော်ဟစ်နေရသည်။
ဒါကိုမြင်သော် ရှီရှန်း ချက်ချင်းဆိုသလို ဖန်ချန်းဘေးတွင်ရပ်ပြီး သူ့ကိုယ်ထဲကနေ ကြယ်စင်စုတစ်ခုပေါ်လာသည်။
တန်နင်းကလည်း ဤမြင်ကွင်းကို မြင်ရသောအခါ ဝိဉာဉ်အနှစ်သာရကျောင်းတော်က လူများကိုစုစည်းရင်း ဖန်ချန်း၀န်းကျင်၌ စောင့်ကြပ်ပေးသည်။
နဂါးကိုးကောင်နတ်မင်းဆက်က လူများလည်း အလားတူလုပ်ဆောင်ကြသည်။
သူတို့ ဖန်ချန်းအား နောက်ကွယ်က စေ့ဆော်မှာများရှိနေသည့် မည်သူတစ်ဦးတစ်ယောက်ကိုမှ ကြားဖြတ်ခွင့်ပေး၍မရပေ။
ယခုလိုအချိန်တွင် ကြားဖြတ်ခြင်းက တွေး၍ပင်မရနိုင်လောက်အောင် ဆိုးရွားသည့် အကျိုးဆက်များကို ဖြစ်လာစေလိမ့်မည်။
အကောင်းဆုံးအခြေအနေတွင် သူ့ခန္ဓာက တိုက်ရိုက်ပြိုလဲကျသွားမည်ဖြစ်ကာ အဆိုးဆုံးတွင်မူ သူ့ဝိဉာဉ်က လုံး၀ပျက်စီးသွားစေလိမ့်မည်။ ယခုလိုအကျိုးဆက်များက ရယ်စရာမဟုတ်ပေ။