← Chapters

ကျောက်စိမ်းအရိုးဖွဲ့စည်းခြင်း၊ အင်္ဂါငါးခုမွေးဖွားလာခြင်း

Vol. 97 Ch. 1369

ကျောက်စိမ်းအရိုးဖွဲ့စည်းခြင်း၊ အင်္ဂါငါးခုမွေးဖွားလာခြင်း

Vol. 97 Ch. 1369

နတ်တပိုင်းအဆင့်က ဝိဉာဥ်တစ်ခု၏ စွမ်းအားက မည်မျှပင်ကြီးမားအားကောင်းမည်နည်း။

အစပိုင်းတွင်ပင် သူမ၏ဝိဉာဉ်စွမ်းအားက ဖန်ချန်းကိုယ်ထဲ အရူးအမူးတိုး၀င်လာသောအခါ ဖန်ချန်း သတိလစ်မတတ် နာကျင်မှုမျိုးကို ခံစားရသည်။

အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာနှင့် မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်တို့၏ အားဖြည့်မှုကြောင့်သာ မဟုတ်ပါက ဖန်ချန်း၏ခန္ဓာက ရထားတစ်စင်းနှင့် တိုက်ခံလိုက်ရသည့်ပမာ စုတ်ပြဲသွားပေလိမ့်မည်။

လူတိုင်းဖန်ချန်းကို စိုက်ကြည့်နေကြသော်လည်း ဒီတစ်ကြိမ်တွင် မည်သူမှ သူ့ကိုတားဆီးရန်အတွက် ရှေ့မတိုးလာချင်ကြပေ။

အဘယ်ကြောင့်ဆိုသော် ဖန်ချန်းသာ ၀တ်စုံနီအမျိုးသမီးနှင့် ပေါင်းစပ်ပြီး သူမကို သူ့ကိုယ်ပိုင်အစီအရင်ဝိဉာဉ်အဖြစ် ပြောင်းပစ်နိုင်မှသာလျှင် သူတို့တွင် ဤသင်္ချိုင်းဂူထဲက ထွက်ရန်အခွင့်အလမ်းရှိလာမယ်ဆိုတာကို သူတို့သိသောကြောင့်ပင်။

ဒါ့အပြင် သူတို့သာကြားဖြတ်ပါက ဒါက ၀တ်စုံနီအမျိုးသမီး၏ မျှော်လင့်ချက်ကို ဖျက်ဆီးလိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်ကာ မည်သူမှ အသက်ရှင်လျက် ထွက်သွားနိုင်မည်မဟုတ်တော့။

ဤအခြေအနေရပ်၏ ကောင်းကျိုး၊ ဆိုးကျိုးများကို သူတို့ရှင်းရှင်းလင်းလင်း စဉ်းစားနိုင်ပါသေးသည်။

ဤတဒင်္ဂ၌ ဖန်ချန်းကိုယ်ထဲတွင် လုံး၀ပရမ်းပတာဖြစ်ပျက်နေသည်။

သူ့ဝိဉာဉ်၏အားကောင်းသည့်စွမ်းအားက ကိုယ်ခန္ဓာအစိတ်အပိုင်းတိုင်းကို ပြင်းထန်စွာ ထိုးနှက်နေသည်။

အမွေးတိုင်တစ်တိုင်စာခန့်အချိန်၌ သူ့တစ်ကိုယ်လုံးရှိ အရိုးများနှင့် မရီဒျန်များက လုံး၀ပြိုကွဲသွားကြ၏။

ဖန်ချန်း၏ဝိဉာဉ်နှင့် အင်္ဂါငါးခုကို ကာကွယ်ပေးထားသည့် ရွှေရောင်အလင်းသာ မရှိပါက ၎င်းတို့ပင်လျှင် ယခုလိုလုံး၀သုတ်သင်ဖျက်ဆီးခံရပေလိမ့်မည်။

ဤနေရာတွင် ဖန်ချန်းသေဆုံးသွားရမည်သာ။

ထို့ကြောင့် ယခုလိုဆက်လုပ်ရန်ဟူသည် မဖြစ်နိုင်တော့သည်မှာ ကျိန်းသေသည်။

သူ့ဝိဉာဉ်စွမ်းအားက အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာ၏ အစီအရင်ဝိဉာဉ်ချီအဖြစ် ဖြည်းဖြည်းချင်းပြောင်းလဲနေသော်လည်း သူ့ခန္ဓာက ပြောင်းလဲမှုမပြီးခင်မှာပင် ပျက်စီးမှုနှုန်းအရဆိုပါက ပြိုကွဲသွားပေလိမ့်မည်။

ဒါကိုတွေးမိသောအခါ ဖန်ချန်းခါးသီးစွာသာ ပြုံးလိုက်မိတော့သည်။

အကယ်၍သူထပ်လုပ်နိုင်မည်ဆိုပါက သူ့ကိုယ်ထဲက ကျင့်ကြံခြင်းကို လျစ်လျုရှုထားမိမည်မဟုတ်သလို မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်ကိုလည်း ပိုအရေးကြီးသည့်နေရာတွင် ထားမိမည်သာ။

မဟုတ်သေးဘူး.....မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်က!

ရုတ်တရက် ဖန်ချန်းအနည်းငယ်တုန်ယင်သွား၏။

ဒီလိုအခြေအနေမှာ မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်ကို ကျင့်ကြံဖို့‌ဆိုတာ ဖြစ်နိုင်လောက်တယ်မလား!

အကယ်၍ မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်သာ အဆင့်ချိုးဖျက်နိုင်ပါက အခြေအနေရပ်ကို ကိုင်တွယ်ရန်ဟူသည် အများကြီးပိုလွယ်ကူသွားပေလိမ့်မည်။

ဒါ့အပြင် ဒါက လောလောဆယ် သူတွေးနိုင်သည့် တစ်ခုတည်းသောနည်းလမ်းပင်။

မည်သို့ပင်ဆိုစေကာမူ သူ့ရုပ်ခွန်အားကျင့်ကြံခြင်းကိုယ်တိုင်ကလည်း ကိုယ်ခန္ဓာကို နှိပ်စက်ညှဉ်းပန်းသည့် လုပ်ငန်းစဉ်တစ်ခုပင် မဟုတ်ပေလော။

ကိုယ်ခန္ဓာကိုကျင့်ကြံရန်အတွက် ဒီထက်ပိုကောင်းသည့် အခြေအနေရပ်ရှိဦးမည်လား။

ဒါကိုတွေးမိသောအခါ သူချက်ချင်းလုပ်ခဲ့သည်။

ဖန်ချန်း မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်၏ ဒုတိယအဆင့်ဖြစ်သော သွေးကြွက်သားအဆင့်ကို ရောက်နေပြီဖြစ်ကာ တတိယအဆင့်က အရိုးများကို အတိအကျပစ်မှတ်ထားသည်။

ကျောက်စိမ်းအရိုး!

သူ့အရိုးများကလုံး၀ပြိုကွဲသွားလေပြီ။

ဖန်ချန်းအံကြိတ်ရင်း ပြင်းထန်သည့်နာကျင်မှုကို ကြိတ်မှိတ်သည်းခံကာ မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်နှင့် သူ့ကိုယ်ထဲက အစီအရင်ဝိဉာဉ်ချီများအား အရိုးများကို စတင်ပြုပြန်ရန်အတွက် တိုက်တွန်းနေသည်။

ပြန်လည်ကုသသည့်အမြန်နှုန်းနှင့် ပတ်သက်၍ ဆိုရပါက ၎င်းက ရှောင်ဟိုင်သွေးကြောစွမ်းရည်၏ ဆယ်ပုံတစ်ပုံပင်မရှိပေ။

သူအရိုးများကို ပြုပြင်ရန်အတွက် အစီအရင်ဝိဉာဉ်ချီကို ထိန်းချုပ်ပြီး ထိုကျိုးပဲ့နေသည့်အရိုးများကို အတူတကွဆက်ရန်အတွက် ထိန်းချုပ်နေစဉ် နာကျင်မှုက မခံမရပ်နိုင်လောက်အောင် ပြင်းထန်သည်။

သူပြင်းထန်သည့်နာကျင်မှုကို သည်းခံရင်း အပိုင်းလေးတစ်ပိုင်းအဖြစ် စုစည်းခဲ့ပြီးနောက်တွင် ၎င်းကသူ့ဝိဉာဉ်၏ ရေကြီးမှုကဲ့သို့စွမ်းအားကြောင့် ချက်ချင်းပြိုကွဲသွားရသည်။

ထို့ကြောင့် သင်္ချိုင်းဂူတစ်ခုလုံး၌ တခြားအသံဟူ၍မရှိဘဲ ဖန်ချန်း၏ ပြင်းထန်၊ နာကျင်စွာအော်ဟစ်သံများသာ ရှိနေပြီး တစ်ကြိမ်ပြီးတစ်ကြိမ်ပဲ့တင်ထပ်နေသည်။

ဤဝေဒနာစက်၀န်းက ကိုယ့်ကိုကိုယ်ပါရမီရှင်များဟု ဂုဏ်ယူ၀င့်ကြွားကြသောသူများပင်လျှင် မခံမရပ်နိုင်သည့်အရာတစ်ခုပင်။

ကြီးမားသည့်စိတ်ဓာတ်မျိုးကို ပိုင်ဆိုင်ထားသူမှသာ ဒါကိုသည်းခံနိုင်သည်ဟုဆို၍ရသည်။

သို့သော် ရက်တစ်ရက်အကြာတွင် ဖန်ချန်း၏အသံက အက်ရှလာသည်။

သူ့ရင်ဘတ်က အရိုးကွက်များကမူ တဖြည်းဖြည်းအစိမ်းရောင်ပြောင်းလာသည်။

ဤသည်ကပင် ဖန်ချန်းက တတိယအဆင့်ဖြစ်သည့် ကျောက်စိမ်းအရိုး၏အစွန်းကို ထိခဲ့ပြီဟု ဆို၍ရသည်။

တစ်ချိန်တည်းမှာပင် သူ့ဝိဉာဉ်၏ စွမ်းအား၂၀ရာခိုင်နှုန်းခန့်ကို အစီအရင်ဝိဉာဉ်ချီအဖြစ် သန့်စင်နိုင်ခဲ့သည်။

ဤတဒင်္ဂမှာပင် ဖန်ချန်း၏နယ်ပယ်ကလည်း သိသာသည့်အရှိန်အဟုန်တစ်ခုနှင့်အတူ ထိုးတက်လာခဲ့သည်။

ဤသည်ကထိရောက်မှုရှိခဲ့သဖြင့် ဖန်ချန်းနှလုံးသားထဲမှ အတော်လေးပျော်သွားပြီး နာကျင်မှုကို ဆက်လက်သည်းခံနေသည်။

တဖြည်းဖြည်းတခြားသူများ၏အမြင်၌ အချိန်က မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွား၏။

သို့သော်ဖန်ချန်းအတွက်မူ ဤသုံးရက်တာက နှစ်များစွာကြာမြင့်သွားသည့်အလားပင် ခံစားရသည်။

မိနစ်တိုင်း၊ စက္ကန့်တိုင်းတွင် လက်လျှော့ရန် အတွေးများပေါ်လာသော်လည်း ကံကောင်းစွာပင် သူဇွဲနဘဲထားခဲ့သည်။

ဤအချိန်တွင် အပြင်လူများက ဖန်ချန်းကိုယ်မှ ထွက်ပေါ်လာသည့် စိမ်းလန်းစိုပြေသည့် အလင်းရောင်တစ်ခုကို ရှင်းလင်းစွာ မြင်နိုင်သည်။

ဤတောက်ပသည့်အလင်းက အတူတကွချိတ်ဆက်သွားစဉ် လူသားအရိုးစုတစ်ခု၏ အသွင်သဏ္ဍာန်ကို ရယူနေသည်။

မှန်ပေသည်။ ဖန်ချန်း မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်၏ တတိယအဆင့်ကို အောင်မြင်စွာချိုးဖျက်သွားခဲ့ပြီး ကျောက်စိမ်းအရိုးနယ်ပယ်ကို ရောက်သွားခဲ့သည်။

ဒီတဒင်္ဂမှာပင် သူ့ရုပ်ခွန်အားကလည်း စတင်ထိုးတက်လာသည်။

အနည်းဆုံး၇၀ရာခိုင်နှုန်းက ပြောင်းလဲသွားပြီး သူ့ဝိဉာဉ်စွမ်းအား၏ ကျန်ရှိနေသည့် ၃၀ရာခိုင်နှုန်းက ဖန်ချန်း၏အရိုးများကို ဖျက်ဆီးနိုင်စွမ်းမရှိတော့။

တစ်ချိန်တည်းမှာပင် သူ့နယ်ပယ်ကလည်း နတ်ဧကရာဇ်နယ်ပယ် အထွဋ်အထိပ်အဆင့်အထိ အလုံးစုံတက်လှမ်းသွားခဲ့သည်။

ယခုဖန်ချန်း၏ဝေဒနာက နောက်ထပ်ပြင်းထန်နာကျင်ခြင်းမရှိတော့။

၃၀ရာခိုင်နှုန်းသာကျန်တော့သဖြင့် ဖန်ချန်းတွေးတောရင်း သူ့အင်္ဂါငါးခုတစ်ဝိုက်က ကာကွယ်မှုကို ဖြည်းဖြည်းချင်းစတင်ဖြေလျှော့လိုက်သည်။

‌အင်္ဂါငါးခု၏အပြင်မျက်နှာပြင်ကို ၀န်းရံနေသည့် ရွှေရောင်အလင်းက တဖြည်းဖြည်း စတင်မှေးမှိန်လာသည်။

တကယ်တမ်းတွင် ဖန်ချန်း ကျန်ရှိနေသည့်ဝိဉာဉ်စွမ်းအားကို မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်၏ စတုတ္ထအဆင့်ဖြစ်သည့် အင်္ဂါငါးခုအား လေ့ကျင့်ရန်အတွက် အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

ယင်းနောက်တွင် ဖန်ချန်း၏အော်ဟစ်သံများက ထပ်မံကျယ်လောင်လာပြန်သည်။ အဆက်မပြတ်ပြိုကွဲကာ ပြန်လည်ပေါင်းစပ်ခြင်းများနှင့်အတူ နောက်ထပ်နှစ်ရက်ကြာသောအခါ ၀တ်စုံနီအမျိုးသမီး၏ ဝိဉာဉ်စွမ်းအားက အစီအရင်ဝိဉာဉ်ချီအဖြစ် လုံး၀ပြောင်းလဲသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဖန်ချန်းကလည်း မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်၏ စတုတ္ထအဆင့်အစွန်းသို့ ရောက်သွားခဲ့သည်။

သူ့နယ်ပယ်ကလည်း ဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်သို့ အောင်မြင်စွာ ချိုးဖျက်သွား၏။

ဤသည်ကအပြင်လူများအား အလွန်အမင်းထိတ်လန့်သွားစေသည်။

သူက နတ်တပိုင်းအဆင့်စွမ်းအားရှင်တစ်ဦး၏ ဝိဉာဉ်ကို အောင်မြင်စွာစုပ်ယူနိုင်ခဲ့သည်သာမက ဤမျှအများကြီးချိုးဖျက်နိုင်ခဲ့သည်။

ဒါကအရမ်းမိုက်လွန်းတယ်မလား!

သို့စေကာမူ ဖန်ချန်းကျင့်ကြံခြင်းအခြေအနေကနေ မထွက်လာခဲ့ပေ။

သူ၀တ်စုံနီအမျိုးသမီးကို အစီအရင်ဝိဥာဉ်အဖြစ်ကနေ အစီအရင်ဝိဉာဉ်အဖြစ် ပြောင်းရန် လိုအပ်နေဆဲပင်။

ဒါကလည်း ဖန်ချန်းအား အမှောင်ထုလွှမ်းခြုံနည်းစနစ်ကို ကျွမ်းကျင်ရန်အတွက် လိုအပ်စေခဲ့သည်။

သို့သော်အစီအရင်ဆရာအဖြစ် ဖန်ချန်း၏လက်ရှိအဆင့်အရ အမှောင်ထုလွှမ်းခြုံနည်းစနစ်ကို အပြည့်အ၀နားလည်ရန်အတွက် တစ်ရက်သာကြာမြင့်ခဲ့သည်။

သူ ၀တ်စုံနီနှင့်အမျိုးသမီးကို အထဲက အစီအရင်ဝိဉာဉ်တစ်ခုအဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သည်။

ဤသည်ကိုလုပ်ပြီးနောက် ဖန်ချန်းနောက်ဆုံးတွင် မျက်လုံးဖွင့်ကာ လက်အစုံကိုဖြန့်ကာ ရှေးဟောင်းနတ်ဘုရားတစ်ပါးပမာ တီးတိုးရေရွတ်လိုက်၏။

"အမှောင်ထုလွှမ်းခြုံခြင်း......"

ရုတ်ချည်းဆိုသလို ဂူသင်္ချိုင်းအခန်းတစ်ခုလုံးကို အမှောင်ထုက လုံး၀ဖုံးအုပ်သွားပြီး နောက်ဆုံးအလင်းရောင်လေးက မှေးမှိန်သွားသည်။

ဖန်ချန်းခေါင်းကို ဗဟိုပြုရင်း အမှောင်ထုက အနက်ရောင်ကန့်လန့်ကာတစ်ခုပမာ ကျဆင်းလာပြီး လူတိုင်းကို အထဲတွင် လွှမ်းခြုံပစ်သည်။

ဤအမှောင်ထုထဲတွင် မိမိလက်ကိုပင် မျက်နှာရှေ့တွင် မမြင်နိုင်ပေ။

နောက်တဒင်္ဂ၌ ဖန်ချန်းခေါင်းထဲတွင် ၀တ်စုံနီအမျိုးသမီးက ဤကမ္ဘာကြီး၏နောက်ဆုံးအလင်းကို ပေးဆောင်နေသည့်အလား ပေါ်လာသည်။

သို့သော် သူမယူလာတာက မျှော်လင့်ချက်မဟုတ်ဘဲ အဆုံးမဲ့အကြောက်တရားပင်။

ဘိုးဘေးနယ်ပယ်က စွမ်းအားရှင်တစ်ဦးဖြစ်သည့် တန်နင်းကဲ့သို့ လူတစ်ယောက်ပင်လျှင် နှလုံးသားထဲက စတင်တုန်ယင်လာမိသည်။

သူ့စိတ်အခြေအနေပင်လျှင် စတင်တုန်ခါလာသည်။

နောက်ပိုင်းသူခုခံလျှင်ပင် စွမ်းအား၏ တစ်ရာရာခိုင်နှုန်းအပြည့်ကို ထုတ်သုံးနိုင်မည်မဟုတ်တော့သည့်အသွင်။

ဖန်ချန်း ၀တ်စုံနီအမျိုးသမီးကို ကြည့်လိုက်စဉ် သူမလက်မောင်းများကိုဖွင့်ကာ အသက်ပြင်းပြင်းတစ်ချက်ရှုပြီး လွတ်မြောက်ခြင်း၏အပြုံးတစ်ပွင့်ကို ဖော်ပြသည်။

"အကြာကြီးပျောက်ဆုံးနေတဲ့ခံစားချက်က ကောင်းလိုက်တာ၊ အခု နင်ခေါင်းတလားကို ချိုးဖျက်ဖို့အတွက် နတ်တပိုင်းနယ်ပယ်ထက် ပိုဝေးဝေးသွားနိုင်တယ်ဆိုတာ ငါယုံသွားပြီ...မဟုတ်ဘူး၊ ဒါတင်မကဘူး၊ နင့်ပါရမီနဲ့ အဲဒီဆန်းကြယ်တဲ့ကျင့်ကြံခြင်းနည်းစနစ်နဲ့ဆိုရင် နင်အရင်တုန်းက ခေးအောစ့်နတ်မင်းဆက်လိုမျိုး ခေးအောစ့်နယ်မြေရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်လိမ့်မယ်"

ဤအကဲဖြတ်မှုက မြင့်မားလွန်းသည်။

ဖန်ချန်းပြုံးလိုက်သည်။

"ကျွန်တော် စီနီယာကို ဘယ်လိုခေါ်ရမလဲ"

၀တ်စုံနီအမျိုးသမီးပြုံးကာ ပြန်ဖြေသည်။

"လျန်ကျီး"

"စီနီယာလျန်၊ ကျွန်တော်တို့ကိုလမ်းပြပေးပါဦး"

လျန်ကျီးက မင်းသားတစ်ပါး၏ ဂူသင်္ချိုင်းထဲတွင် မြှုပ်နှံခံရနိုင်သည့်အပေါ် သူမ၏ အဆင့်အတန်းက သေချာပေါက် နိမ့်ကျမည်မဟုတ်သဖြင့် ဂူသင်္ချိုင်း၏ တည်ဆောက်ပုံနှင့် အတော်လေးရင်းနှီးနေမည်သာ။

လျန်ကျီးခေါင်းညိတ်ပြီး ပြောသည်။

"ငါ့အတွက်ထားလိုက်ပါ"

All Chapters