ဂူသင်္ချိုင်းထဲကဓား
Vol. 97 Ch. 1370
ဤအခိုက်အတန့်၌ မြေနီစစ်သားများ၏ တွင်းထဲတွင် ကျိုးပိုင်လု၏ခြိမ်းခြောက်မှုအောက်၌ ဟုန်ကျန်းနှင့် တခြားသူများက ရှောင်ဟိုင်နှင့်သူ့အဖော်များအား နောက်ထပ်ရန်မစရဲကြတော့ပါ။
ရှောင်ဟိုင်သွေးကြော၏ ထူးခြားသည့်သဘာ၀ကြောင့် သူ့အသင်းက ရှေ့တမ်းတွင်ရှိပြီး သူတော်စင်ဟားတော်ရွှမ်မင်နှင့် ဟုန်ကျန်းတို့ဖွဲ့စည်းခဲ့သည့် မဟာမိတ်တပ်များထက် အဝေးကြီးဦးဆောင်နေခဲ့သည်။
ရှောင်ဟိုင် အစီအရင်အလယ်ဗဟို၌ ကိုယ်ခန္ဓာထဲက အရိုးတမျှနက်ရှိုင်းသောဒဏ်ရာများကို ပြင်ကုသပြီးနောက် ကျိုးပိုင်လုရှေ့သို့ပြန်လှည့်လိုက်သည်။
ဤကဲ့သို့အလှည့်အပြောင်းများမှတဆင့် ရှောင်ဟိုင်နှင့်တခြားသူများက တွင်းအဆုံးကိုပင် ဖြည်းဖြည်းချင်းမြင်လာသည်။
ပတ်၀န်းကျင်က မြေနီစစ်သားများကလည်း ချေမွခံလိုက်ရသော်လည်း အသက်ရှူကြိမ်ရေနှစ်ကြိမ်အတွင်း ပြန်လည်ဖြစ်တည်လာသည်။
ယခုယဲ့ချိုးပိုင်နှင့် ထန်ကျုံ့ကျောက်တို့၏ အသက်ရှုသံများက အတော်လေးအားနည်းနေပုံရပြီး အားကောင်းသည့် ကိုယ်ပိုင်ကုစားရေးအစွမ်းရှိသောရှောင်ဟိုင်ပင်လျှင် လေထုကို အပြင်းအထန်ရှုရှိုက်နေရသည်။
ရုပ်ပိုင်းဆိုင်ရာဒဏ်ရာများက ပျောက်ကင်းနိုင်သော်လည်း ရက်အတော်ကြာ ပြင်းထန်သည့် တိုက်ပွဲများအပြီးတွင် ရှောင်ဟိုင်၏ ဝိဉာဉ်ကလည်း အလွန်အမင်းပင်ပန်းနေလေပြီ။
သို့စေကာမူ ဤပင်ပန်းသည့်နေ့ရက်များ၌ ရှောင်ဟိုင်၏နယ်ပယ်က လုံး၀တည်ငြိမ်သွားပြီး သူ့ခွန်အားကလည်း သိသိသာသာပင် တိုးလာခဲ့သည်။
ကျိုးပိုင်လုတစ်ဦးတည်းသာလျှင် သေမျိုးလောက၏ အထိအတွေ့ကင်းမဲ့သည့် နတ်သမီးတစ်ပါးပမာ အရင်အတိုင်းကျန်ရှိနေပြီး သူမ၏အော်ရာက တောက်ပနေသေးကာ သူမကိုယ်ကို မည်သည့်ဖုန်မှုန့် သို့မဟုတ် အမှိုက်များမှ ထိတွေ့ခြင်းမရှိပေ။
နောက်တစ်ရက်ကုန်ဆုံးသွားပြီး နောက်ဆုံးတွင် သူတို့တံခါးဆီသို့ရောက်လာခဲ့သည်။
သူတော်စင်သားတော်ရွှမ်မင်နှင့် ဟုန်ကျန်းတို့ကိုကြည့်သောအခါ သူတို့၏အင်အားစုများက တစ်၀က်ကျော်ပင် လျော့ကျသွားခဲ့သည်။
သို့သော် ဒါကရှောင်ဟိုင်တို့နှင့်ဘာမှမဆိုင်ပေ။ သူတို့ကအကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ရှေ့က သံမဏိတံခါးကြီးကို တစ်ပြိုင်တည်းမှာပင် တွန်းဖွင့်ကြရင်း အထဲသို့၀င်လိုက်ကြသည်။
ရှောင်ဟိုင်နှင့် သူ့အဖွဲ့တံခါးထဲကနေ ၀င်ပြီး ဆုတ်သွားသည့်ပုံရိပ်များကို ကြည့်ရင်း ဟုန်ကျန်းရော သူတော်စင်သားတော်ရွှမ်မင်တို့ပါ အတော်လေးမကျေမချမ်းဖြစ်နေကြ၏။
ဒါက သူတို့က ပဏာမခြေလှမ်းလှမ်းလိုက်ပြီဟု ဆိုလိုနေခြင်းပင်။ အကယ်၍ ထိုတံခါးနောက်တွင် ကမ္ဘာကိုပင်လှုပ်ခါစေသည့် အခွင့်အလမ်းတစ်ခုရှိပါက အဲဒါက သူတို့နှင့် ဘာမှမဆိုင်တော့ပါ။
ဟုန်ကျန်းအော်ဟစ်သည်။
"လူတိုင်းအရှိန်မြှင့်ကြ၊ ငါ့နောက်ကနေ အနီးကပ်လိုက်ခဲ့ကြ"
သူ့ဘေးက မောပန်းနေကြသည့်လူများမှာ ရှောင်ဟိုင်နှင့်သူ့အဖော်များ အထဲ၀င်သွားတာကိုမြင်သောအခါ အံကြိတ်ရင်း လက်ကျန်ခွန်အားများကို ညှစ်ထုတ်ယူရန်သာ တတ်နိုင်သည်။
သူတော်စင်သားတော်ရွှမ်မင်ကလည်း အလားတူလေးနက်သည့် အသံဖြင့်ပြောသည်။
"ပြင်းထန်တဲ့ဒဏ်ရာ ဒါမှမဟုတ် အင်မော်တယ်အေည်ရာကုန်ခမ်းနေသူတွေက ဆေးလုံးတွေအမြန်သောက်သုံးကြ၊ ငါတို့လည်း အရှိန်မြှင့်ဖို့လိုတယ်၊ မဟုတ်ဘူးဆိုရင် ငါတို့ဘာမှခံစားလို့ရတော့မှာ မဟုတ်တော့ဘူး"
......
တံခါးကိုဖြတ်လျှောက်လာပြီးနောက် သူတို့ ဖန်ချန်းတို့ဘက်က သင်္ချိုင်းခန်းနှင့် အလားတူသည့် စင်မြင့်တစ်ခုကို ရင်ဆိုင်ရသည်။
သို့စေကာမူ ဤစင်မြင့်ပေါ်၌ ခေါင်းတလား သို့မဟုတ် ခန္ဓာဟူ၍မရှိဘဲ ဧရာမပလ္လင်ကြီးတစ်ခုသာရှိသည်။
ပလ္ဘက်၏ပုံသဏ္ဍာန်ကထူးဆန်းသည်။ ၎င်း၏အစွန်းများက ချွန်ထက်နေပြီး ပလ္လင်ပေါ်တက်သွားပါက ပို၍ချွန်ထက်သွားလေရာ ထောင်ထားသည့်ဓားရှည်တစ်လက်နှင့် ဆင်တူသည်။
ပလ္လင်ထိပ်တွင် မျောလွင့်နေသည့်ဓားတစ်လက်မှလွဲ၍ တခြားဘာမှမရှိပါ။
ဓားကသုံးပေခန့်ရှည်ပြီး လက်ကိုင်နှင့် ဓားသွားကြားအလယ်၌ တိမ်တစ်ခုကဲ့သို့ ပုံဖော်ထားသည့် လက်ရံတစ်ခုပါသည်။
ဓားသွားအလယ်တွင် အပြာရောင်မျဉ်းများအထက်အောက်ပြေးလွှားနေသည်။
ဤဓားက ပလ္လင်ပေါ် တိတ်တဆိတ် ရစ်ဝဲနေကာ မည်သည့်အော်ရာကိုမှ မထုတ်လွှတ်ပေ။
ဒီတစ်ခုတည်းကို အခြေခံရမည်ဆိုပါက ၎င်းက သာမန်ဓားတစ်လက်ထက် မပိုပါ။
ထန်ကျုံ့ကျောက်ကလည်း မျက်မှောင်ကြုတ်သည်။
"ဒါက အတော်လေးသာမန်ပုံပေါက်တာပဲ၊ တကယ်ပဲ ဒါကအခွင့်အလမ်းတစ်ခုလား"
အိမ်ရှေ့မင်းသားကလည်း စိတ်ရှုပ်ထွေးမှုကို ဖော်ပြသည်။
"တစ်ခုခုတော့မှားနေပြီ၊ ဒီမှာ ဆန်းကြယ်တဲ့အရာတစ်ခုဝှက်ထားရမယ်၊ ဒီလိုကြီးမားတဲ့ ဂူသင်္ချိုင်းခန်းတစ်ခုမှာ ဒီလိုဓားတစ်လက်ကိုပဲ ပြသထားတယ်ဆိုတာက မဖြစ်နိုင်ဘူး၊ ငါတို့လျှို့ဝှက်ချက်ကို မဖော်ထုတ်နိုင်သေးရုံပါပဲ"
ကျိုးပိုင်လုတစ်ဦးတည်းသာလျှင် ဓားကို မြင်သောအခါ သူမမျက်လုံးများ၌ ရွှေရောင်အလင်းတစ်ချက်ရှိနေပြီး သူမအကြည့်က ယဲ့ချိုးပိုင်ထံပြောင်းသွားစဉ် အနည်းငယ်တုန်ယင်သွား၏။
သို့သော်ယဲ့ချိုးပိုင်ကမူ ဤဓားကိုမြင်သောအခါ အကြည့်မလွှဲနိုင်တော့။
တစ်ချက်ကြည့်ရုံနှင့် သူကလည်း ဤဓားက သာမန်ဓားတစ်လက်ဟုထင်မိသည်။
သို့သော် သူအကြည့်လွှဲရန်ကြိုးစားသောအခါ သူ့မသိစိတ်က သူ့ကိုခွင့်မပြုပေ။
ဒီဓားက သာမန်ပုံပေါက်သော်လည်း သူနှင့်အတူ အနည်းငယ်ပဲ့တင်ပြန်နေသည့်အသွင်။
သူတစ်ခါက ဒီဓားကိုပိုင်ဆိုင်ခဲ့ဖူးသည့်အလား ခံစားရသည်။
ယဲ့ချိုးပိုင်နှင့် ရှေ့တိုးကာ ဓားဆီသို့ တစ်လှမ်းချင်းလျှောက်သွားသည်။
ထန်ကျုံ့ကျောက်နှင့်အိမ်ရှေ့မင်းသားတို့က ယဲ့ချိုးပိုင်၏ထူးဆန်းသည့် အပြုအမူကို သတိထားမိသွားကြပြီး တစ်ခဏမျှရပ်သွားကြကာ အလျင်အမြန်သတိပေးသည်။
"ညီနောင်ယဲ့၊ သတိထားဦး၊ နောက်ထပ်ဘယ်လိုအန္တရာယ်တွေရှိနိုင်တယ်ဆိုတာ ငါတို့မသိသေးဘူး"
သို့သော် ယဲ့ချိုးပိုင်က သူတို့ပြောတာကို လုံး၀မကြားသည့်အလား အပိုင်စီးခံထားရသည့်အလားရွေ့နေကာ ခြေလှမ်းတိုင်းက တူညီစွာပင် အတိုင်အဖောက်ညီနေပြီး ခြေသံများကပင် အတိအကျတူညီနေသည်။
ရှောင်ဟိုင်အနည်းငယ်မျက်ခုံးကျုံ့လိုက်ပြီး ရှေ့သို့သွားချင်နေသည်။
သို့စေကာမူ ကျိုးပိုင်လုညင်သာစွာပြောသည်။
"သူ့ကိုမနှောင့်ယှက်နဲ့၊ ဒါက သူ့ရဲ့ကံတရားကပေးတဲ့ အခွင့်အလမ်းတစ်ခုပဲ"
ရှောင်ဟိုင်ကြက်သေသေသွားသည်။
အိမ်ရှေ့မင်းသားကလည်း စိတ်ရှုပ်ထွေးစွာမေးသည်။
"ဘာလို့လဲ"
ကျိုးပိုင်လုတည်ငြိမ်စွာပြောသည်။
"သူနဲ့အဲဒီဓားက မချိုးဖျက်နိုင်တဲ့ ကံကြမ္မာနှောင်ကြိုးတစ်ခုကို မျှဝေထားတယ်"
မှန်ပေသည်။ ကျိုးပိုင်လုကို အေးခဲသွားစေတာက ဓားနှင့်ယဲ့ချိုးပိုင်တို့ကို ဆက်သွယ်ပေးထားသည့် ရွှေကြိုးတစ်ချောင်းကို မြင်လိုက်သည့်အတွက်ကြောင့်ပင်။
ဒါကကံကြမ္မာနှောင်ကြိုးပေတည်း။
ကျိုးပိုင်လု၏ဖွင့်ပြောလျက်က လူတိုင်းကို အနည်းငယ်ထိတ်လန့်သွားစေသည်။
ကံကြမ္မာလား!
ဒီမင်းသား၏ဂူသင်္ချိုင်းက နှစ်သန်းချီကတည်းကတည်ရှိနေခြင်းဖြစ်သည်။ ဒါ့အပြင် ယဲ့ချိုးပိုင်က သေမျိုးနယ်မြေက လူတစ်ယောက်ဆိုတာ ထန်ကျုံ့ကျောက်သိသည်။ လွန်ခဲ့သည့်နှစ်သန်းချီက ခေးအောစ့်နယ်မြေက အင်အားစုတွေနဲ့ သူဘယ်လိုလုပ်ဆက်နွှယ်နေနိုင်မည်နည်း။
အချိန်နဲ့ပထဝီ၀င်အနေအထားက အရမ်းများလွန်းတယ်မလား!
သို့စေကာမူ ဤကျင့်ကြံခြင်းကမ္ဘာ၌ မဖြစ်နိုင်သောအရာဟူ၍မရှိပါ။ ဒီဖြစ်နိုင်ချေက တည်ရှိနေဆဲပင်။
လူအုပ်စုကြီးက ကျိုးပိုင်လု၏ စကားလုံးများကို ယုံကြည်ပြီး ရှေ့သို့ကြည့်နေစဉ် ယဲ့ချိုးပိုင် မည်သည့်စကားမှမဆိုဘဲ စင်မြင့်ဆီသို့ လျှောက်သွားနေသည်။
ဒီတဒင်္ဂ၌ ယဲ့ချိုးပိုင် လှေကားထစ်များကနေ အတားအဆီးမရှိတက်သွားပြီး ပလ္လင်ရှေ့ကိုရောက်လာသည်။
ရှေ့ဓားကိုကြည့်ရင်း ယဲ့ချိုးပိုင်လက်မြှောက်ကာ ဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်၏။
သူဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်သည့်အခိုက် ဓားက အနည်းငယ်စတင်တုန်ယင်လာသည်။
ထို့နောက်ချက်ချင်းဆိုသလို အလွန်အင်မတန်အားကောင်းသည့် ဓားဆန္ဒတစ်ခုက ယဲ့ချိုးပိုင်လက်ဖဝါးကနေ ကိုယ်ထဲသို့ လှိမ့်၀င်လာခဲ့သည်။
ဤလွှမ်းမိုးနိုင်စွမ်းရှိသည့်ဓားဆန္ဒက ယဲ့ချိုးပိုင်ကို တုံ့ပြန်ရန်အတွက် အခွင့်အလမ်းတစ်ခုလေးပင် မပေးခဲ့ပေ။
၎င်းက ယဲ့ချိုးပိုင်၏ညာလက်မောင်းရှိ အရိုးများကို တိုက်ရိုက်ချေမွပစ်ပြီး ရင်ဘတ်ဆီသို့ဦးတည်ကာ များမကြာမီ ခြေလက်အင်္ဂါများနှင့် အရိုးများကိုပါ ချိုးပစ်သည်။
ခရက်ခ်....ခရက်ခ်!
အရိုးများပေါက်ကွဲထွက်နေသည့်အသံက မရပ်မနားပဲ့ထင်ထပ်နေသည်။
ယဲ့ချိုးပိုင်၏မျက်နှာကဖြူရော်သွားပြီး ချွေးအေးများပင် စီးကျလာကာ သူနာကျင်စွာ အော်ဟစ်ချင်သော်လည်း အသံတစ်သံမှ မထုတ်နိုင်ပေ။
"ဒီလိုအားနည်းတဲ့ခန္ဓာနဲ့ ဒီထိုင်ခုံရဲ့ အပြန်လမ်းကို ဘယ်လိုသည်းခံနိုင်မှာလဲ"
မှိန်ဖျော့သည့်သက်ပြင်းချသံတစ်ချက်ထွက်လာသည်။
သို့သော် ဒီပြောဆိုချက်က တခြားမည်သူမှမကြားဘဲ ယဲ့ချိုးပိုင်၏စိတ်ထဲတွင်သာ ပဲ့တင်ထပ်လာခြင်းပင်။
"ဒီထိုင်ခုံက မင်းရဲ့ဓားအရိုးကို ပြန်တည်ဆောက်ပေးလိမ့်မယ်....."
ထိုစကားလုံးများကျလာသည်နှင့်တစ်ပြိုင်နက် ယဲ့ချိုးပိုင်၏ စစ်မေးလိုသည့်မူလရည်ရွယ်ချက်က ပြင်းထန်သည့် နာကျင်မှုကြောင့် ပြတ်တောက်သွားရသည်။
သုံးရက်အကြာတွင် ဟုန်ကျန်းနှင့် သူတော်စင်သားတော်ရွှမ်မင်တို့ တစ်ဦးပြီးတစ်ဦးရောက်လာကြသည်။
သို့စေကာမူ မူလလူများနှင့်ယှဉ်ပါက လူဦးရေတစ်၀က်နီးပါးသာလျှင် ရောက်လာခဲ့သည်။
ဟုန်ကျန်းနှင့် သူတော်စင်သားတော်ရွှမ်မင်တို့ စင်မြင့်ပေါ်၌ ယဲ့ချိုးပိုင်ဓားတစ်လက်ကို ကိုင်ထားပြီး သူ့ကိုယ်ခန္ဓာမှ ကွဲအက်နေသည့်အသံများကို အဆက်မပြတ်ထုတ်လွှတ်နေတာကို မြင်သောအခါ သူတို့ကလည်း အနည်းငယ်တုန်ယင်သွားကြ၏။
လက်ရှိအချိန်တွင် ယဲ့ချိုးပိုင် အမွေတစ်ခုခုကို ဆက်ခံနေတယ်ဆိုတာ ရှင်းနေသည်။
ဟုန်ကျန်းအေးစက်စွာ နှာခေါင်းရှုံ့သည်။
"ဘယ်လိုလဲ၊ မင်းကဒီအခွင့်အလမ်းကို ချုပ်ကိုင်ဖို့ စဉ်းစားနေတာလား"
သူတော်စင်သားတော်ရွှမ်မင်ကလည်း တိုက်ရိုက်ပင် ရှေ့တိုးလာသည်။
"တကယ်ပဲ ငါတို့နဲ့ ဘာတစ်ခုမှဝေမျှဖို့ မစီစဉ်ထားဘူးပေါ့၊ ဒါက လုံး၀မလျော်ကန်ဘူး"
ရှောင်ဟိုင် ချက်ချင်းဆိုသလို သူတော်စင်သားတော်ရွှမ်မင်အား ပိတ်ဆို့လိုက်သလို အိမ်ရှေ့မင်းသားနှင့် ထန်ကျုံ့ကျောက်တို့က ဟုန်ကျန်းရှေ့ကိုရောက်လာကြသည်။
"မင်းဘာလုပ်ဖို့စီစဉ်ထားလဲ" ရှောင်ဟိုင်မေးသည်။
သူတော်စင်သားတော်ရွှမ်မင်နှာမှုတ်သည်။
" သူ့ကိုကြားဖြတ်နှောင့်ယှက်ဖို့ပေါ့၊ ငါတို့ဘာတစ်ခုမှ မရဘဲနဲ့တော့ မထွက်သွားနိုင်ဘူးလေ"
ရှောင်ဟိုင်ခေါင်းညိတ်ပြီး ရှေ့တစ်လှမ်းတိုးလိုက်သည်။
"ငါတို့အရင်က စားတော်ပွဲကတည်းက တိုက်ပွဲတစ်ခု အကြွေးတင်နေကြတယ်မလား၊ အခုစာရင်းရှင်းလိုက်ကြတာပေါ့"