လိပ်နက်ကလန်၊ ရွှမ်မင်သွေးကြော
Vol. 97 Ch. 1371
လက်ရှိအချိန်တွင် ယဲ့ချိုးပိုင် ပလ္လင်ရှေ့တွင် ရပ်နေဆဲဖြစ်သော်လည်း ရွှံ့ကဲ့သို့ပျော့ပျောင်းနေပြီး အလွန်အမင်းကြည့်ရဆိုးသည့် အသွင်အပြင်တစ်ခုကို ဖော်ဆောင်ထားသည်။
အရိုးများကျိုးပဲ့သံက သူကိုယ်ခန္ဓာထဲတွင် အဆက်မပြတ်ပဲ့တင်ထပ်နေသည်။
ယခုလိုအခြေအနေများအောက်၌ သူအနှောင့်အယှက်မခံရသင့်ပေ။
ဒါကိုသိနားလည်သူတိုင်း မြင်နိုင်သည်။
ထန်ကျုံ့ကျောက်နှင့် အိမ်ရှေ့မင်းသားတို့က ဟုန်ကျန်းရှေ့တွင်ရပ်လိုက်ကြ၏။
ဟုန်ကျန်းအေးစက်စွာရယ်မောသည်။
"နတ်မင်းဆက်တစ်ခုရဲ့ အိမ်ရှေ့မင်းသားနဲ့ ဝိဉာဉ်အနှစ်သာရကျောင်းတော်က ကြယ်သစ်တစ်ပွင့်တို့ပါလား၊ တစ်ယောက်က ကျင့်ကြံခြင်းမှာ အပြည့်အ၀နှစ်မြှုပ်မထားသလို နောက်တစ်ယောက်က အပြည့်အ၀ ရင့်ကျက်ခြင်းမရှိဘဲ ငါ့ကိုတားနိုင်မယ်လို့ ဘယ်လိုတောင်တွေးလိုက်တာလဲ"
အိမ်ရှေ့မင်းသား၏လက်ရှိနယ်ပယ်က နတ်ဧကရာဇ်နယ်ပယ်အထွဋ်အထိပ်အဆင့်ဖြစ်သော်လည်း နတ်မင်းဆက်၏ ကိစ္စရပ်များနှင့် အလုပ်ရှုပ်နေသဖြင့် သူ့တွင် ကျင့်ကြံရန်အတွက် အမြဲလိုလိုအချိန်နည်းပါးသည်။
ထန်ကျုံ့ကျောက်ကမူ ဟုန်ကျန်းပြောသကဲ့သို့ ပါရမီထူးချွန်သည့်တိုင် အပြည့်အ၀ရင့်ကျက်ခြင်းမရှိသေး။ သူဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်ကို ချိုးဖျက်ခဲ့သော်လည်း ဘိုးဘေးနယ်ပယ်စွမ်းအားရှင်တစ်ဦးဖြစ်သည့် ဟုန်ကျန်း၏ ပြိုင်မဟုတ်သေးပါ။
တစ်ချိန်တည်းမှာပင် ကျိုးပိုင်လု စကားတစ်ခွန်းမှမပြောဘဲ ဟုန်ကျန်းရှေ့သို့ တိတ်ဆိတ်စွာလျှောက်သွားသည်။
ဟုန်ကျန်း "....."
အင်း၊ သူဆိုရင်တော့ ငါတို့ကိုတားဆီးနိုင်မှာပါ!
ထန်ကျုံ့ကျောက်နှင့်အိမ်ရှေ့မင်းသားတို့က အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် သူတော်စင်သားတော်ရွှမ်မင်၏နောက်လိုက်များနှင့် ဟုန်ကျန်းနောက်က လူများကို တိုက်ရိုက်ရင်ဆိုင်သည်။
ကျိုးပိုင်လုထူးမခြားနားစွာပြောသည်။
"နင်တို့လှုပ်ရှားစရာမလိုဘူး၊ ဘေးက နောက်ဆက်တွဲတွေကိုပဲ ဖယ်ရှားပြီး ယဲ့ချိုးပိုင်ကို နှောင့်ယှက်ခွင့်မပြုနဲ့"
ထန်ကျုံ့ကျောက်နှင့်အိမ်ရှေ့မင်းသားတို့ တစ်ဦးကိုတစ်ဦး စိတ်ပျက်အားငယ်စွာ ကြည့်လိုက်မိကြသည်။
ဒါက ငါတို့ကို အသုံးမကျတဲ့အမှိုက်တွေလို ထင်ရအောင်လုပ်နေတာလား!
မည်သို့ပင်ဆိုစေကာမူ တစ်ယောက်က အိမ်ရှေ့မင်းသားဖြစ်ပြီး နောက်တစ်ယောက်က ဝိဉာဉ်အနှစ်သာရကျောင်းတော်မှ ထိပ်တန်းပါရမီနှင့် မနက်ဖြန်၏ကြယ်ပွင့်တစ်ပွင့်ဖြစ်သည်။
နှစ်ယောက်စလုံးက ထင်ရှားသည့်ပုံရိပ်များပင်။
ငါတို့က လေးစားမှုနည်းနည်းမရထိုက်လို့လား!
သို့စေကာမူ ကျိုးပိုင်လုကိုယ်မှ ဖြာထွက်လာသည့် ရွှေရောင်အလင်းနှင့် ကံကြမ္မာအားက စတင်ထိုးတက်လာတာကို မြင်ရသောအခါ ထန်ကျုံ့ကျောက်နှင့်အိမ်ရှေ့မင်းသားတို့ တိတ်ဆိတ်နေရန် ဆုံးဖြတ်လိုက်ကြပြီး နာခံစွာပင် ဘေးသို့ ဆုတ်သွားကြသည်။
သူတော်စင်သားတော်ရွှမ်မင်ရှေ့တွင် ရပ်နေသည့်ရှောင်ဟိုင်မှာ တွေးနေလေသည်။
အရမ်းကောင်းတဲ့မိန်းကလေးပဲ၊ ဂျူနီယာညီလေးမုက သူရထားတာက ဘယ်လိုလဲဆိုတာ တကယ်မသိဘူးဘဲ!
သူကတကယ်အရှက်ရထိုက်တယ်!
ဟုန်ကျန်းနှင့် တခြားသူများ၏မျက်နှာများကလည်း ပို၍ပင်ကြည့်ကဆိုးနေကြ၏။
ဒါကသူတို့ကိုလည်း မလေးမစားလုပ်လိုက်ခြင်းပင် မဟုတ်ပေလော။
ဟုန်ကျန်း ရှက်နေသည့်အမူအရာဖြင့် ပြောသည်။
"ကျိုးပိုင်လု၊ မင်းငါ့ကို မြေနီစစ်သားတွင်းမှာ အောင်မြင်စွာ ကြားဖြတ်နိုင်ရုံနဲ့ မင်းကငါ့ပြိုင်ဘက်ဖြစ်ပြီလို့ မထင်လိုက်နဲ့၊ ငါက ငါတို့ကိုနှေးအောင်လုပ်နေတုန်း အဲဒီတံခါးကို အချိန်မီမရောက်မှာကိုပဲ စိုးရိမ်နေခဲ့တာ"
ကျိုးပိုင်လုစကားမပြောဘဲ ကံကြမ္မာအော်ရာကို ဆက်လက်စုစည်းနေသည်။ သူမ၏လုပ်ရပ်များနှင့်အတူ သူမက ဟုန်ကျန်း၏ခွန်အားကို အမှန်တကယ်အထင်အမြင်သေးသည်ဟု အသိပေးနေခြင်းပင်။
ဟုန်ကျန်းလက်သီးကျစ်ကျစ်ဆုပ်ကာ အံကြိတ်ရင်း ကျိုးပိုင်လုအား တည့်တည့်ပင် တိုက်ခိုက်သည်။
တိုက်ပွဲကစတင်ပေတော့မည်။
တခြားတစ်ဘက်တွင် သူတော်စင်သားတော်ရွှမ်မင် ရှောင်ဟိုင်အားကြည့်ရင်း နှာခေါင်းရှုံ့သည်။
"မင်းသွေးကြောက အရမ်းထူးခြားတယ်ဆိုတာကိုတော့ ငါ၀န်ခံရမယ်၊ ဒါပေမယ့် ငါမင်းကိုအမြန်သတ်ပစ်ရင် မင်းသေချာပေါက်ကုသနိုင်မှာမှမဟုတ်တာ"
"ဒါ့အပြင် မင်းသွေးကြောစွမ်းအားက ငါနဲ့ယှဉ်နိုင်မယ်လို့ မင်းတကယ်ထင်နေတာလား"
နဂါးကိုးကောင်နတ်မင်းဆက်က နဂါးချီကို ပိုင်ဆိုင်ထားသကဲ့သို့ပင် ရွှမ်ဝူနတ်မင်းဆက်က နတ်သားရဲဖြစ်သည့် လိပ်နက်၏သွေးကြောကို ပိုင်ဆိုင်သည်။
ဒဏ္ဍာရီအဆိုအရ ရွှမ်ဝူနတ်မင်းဆက်ကို တည်ထောင်သူဘုရင်က လိပ်နက်ကလန်၏ တိုက်ရိုက်သားစဉ်မြေးဆက်ဖြစ်ပြီး သူတို့၏ သားစဉ်မြေးဆက်အားလုံးက လိပ်နက်၏ သွေးကြောကို ဆက်ခံရရှိခဲ့သည်။
သူတော်စင်သားတော်ရွှမ်မင်က ပို၍ပင်ထူးခြားပြီး လိပ်နက်ကလန်၏ အဆင့်မြင့်သွေးကြောကို အသက်သွင်းရင်း ရွှမ်မင်သန္ဓေပြောင်းသွေးကြောကို ဖန်တီးခဲ့သည်။
သူ လိပ်နက်သွေးကြော၏ စွမ်းရည်အားလုံးကို အပြည့်အ၀အမွေရခဲ့သည်သာမက ရွှမ်မင်ဆင့်ခေါ်ခြင်းစွမ်းရည်နှင့်အတူ မွေးဖွားလာခဲ့သူလည်းဖြစ်သည်။
ရှောင်ဟိုင်ပြုံးသည်။
"ဒါဆို မင်းစမ်းကြည့်လို့ရတယ်"
သူတော်စင်သားတော်ရွှမ်မင် လှောင်ပြုံးပြုံးသည်။
"ငါမင်းကို အနိုင်ယူပြီးတာနဲ့ အဲဒီလိပ်ခေါင်းထဲက ကောင်ကိုအနိုင်ယူပြီး ပိုင်လုကို ဘယ်သူက သူ့အာရုံစိုက်မှုနဲ့ တကယ်ထိုက်တန်သလဲဆိုတာကို ကြည့်ခွင့်ပေးမယ်"
ထိုသို့ပြောပြီး သူရှောင်ဟိုင်အား တိုက်ခိုက်လိုက်စဉ် အနက်ရောင်အကြေးခွံချပ်၀တ်လွှာတစ်ခုက သူတော်စင်သားတော်ရွှမ်မင်၏ လက်မောင်းများနှင့် ခြေထောက်များတွင် ပေါ်လာသည်။
ရှောင်ဟိုင်နှာခေါင်းရှုံ့သည်။
"ဂျူနီယာညီလေးမုလား၊ မင်းကသူ့ပြိုင်ဘက်မဟုတ်မှာကို ငါစိုးရိမ်မိတယ်"
အကယ်၍ သူခွန်အားအပြည့်ကို ထုတ်သုံးမည်ဆိုလျှင်ပင် ဂျူနီယာညီလေးမု၏ ပြိုင်ဘက်ဖြစ်မည်မဟုတ်။
သူတော်စင်သားတော်ရွှမ်မင် ပြေး၀င်လာတာကို အနီးကပ်စိုက်ကြည့်ရင်း ရုတ်တရက် ရှောင်ဟိုင်ကိုယ်ပေါ်၌ ပုံစံကွက်ကိုးခုပေါ်လာသည်။
(ယခင်က နဂါးကိုးကောင်၏ဝိဉာဉ်ကို စုပ်ယူပြီးနောက် အရင်ကတည်းဖြတ်ခဲ့သည့်အတိုင်း ထာ၀ရနတ်ဆိုးခန္ဓာ၏ ကိုးခုမြောက်အလွှာကို ကျင့်ကြံခဲ့သည်)
ထာ၀ရနတ်ဆိုးကိုယ်ထည်က အပြည့်အ၀ထုတ်လွှတ်လာသည်။
ဤအခိုက်အတန့်၌ မီးအနှစ်သာရတင်မဟုတ်ဘဲ အားအင်အားလုံးပေါက်ကွဲသွားသည့်အလား ထင်ရသည်။
ရေခဲ၊ အာကာသ၊ သွေးကြော၊ နဂါးဝိဉာဉ်များ၊ အစရှိသည့် အော်ရာအားလုံးက ရှောင်ဟိုင်ကိုယ်ထဲ၌ ဆုံစည်းသွားသည်။
ထာ၀ရနတ်ဆိုးခန္ဓာက ကိုးခုမြောက်အလွှာကိုရောက်သွားပါက လက်သီးနည်းစနစ်တစ်စုံကို ပိုင်ဆိုင်ထားရသည့်အလားပင်။
သို့စေကာမူ ဤလက်သီးနည်းစနစ်၌ လက်သီးချက်တစ်ခုတည်းသာပါရှိသည်။
၎င်းက ကိုးလွှာစလုံး၏စွမ်းအားက အတားအဆီးမရှိဘဲ နိယာမစွမ်းအားများ၏ အတားအဆီးကိုလျစ်လျူရှုရင်း အတူတကွပေါင်းစပ်ထားသည့် ထိုးနှက်ချက်တစ်ခုဖြစ်ပြီး လုချန်ရှန်း၏ ရှေးဦးမူလကဲ့သို့ ပြီးပြည့်စုံသည်။
လက်သီးချက်က မြည်ဟီးထွက်လာစဉ် သင်္ချိုင်းခန်းတစ်ခုလုံးက တုန်ခါနေပုံရပြီး လေထုပင်လျှင် စတင်တုန်ခါလာသည်။
ကျိုးပိုင်လုနှင့် ဟုန်ကျန်းတို့ပင် ရှောင်ဟိုင်အား စိုက်ကြည့်လိုက်မိကြပြီး သူတို့၏ အမူအရာများက အနည်းငယ်အံ့ဩသင့်နေကြသည့်အသွင်။
ဤအခိုက်အတန့်၌ အနက်ရောင်အကြေးခွံချပ်၀တ်နှင့် ဖုံးထားသည့် သူတော်စင်သားတော်ရွှမ်မင်၏ လက်သီးက ရှောင်ဟိုင်၏ ရင်ဘတ်ကို ရိုက်ခတ်သည်။
ရှောင်ဟိုင်တစ်ချက်အော်ဟစ်လိုက်ပြီးနောက် ထာ၀ရနတ်ဆိုးခန္ဓာဟ ကိုးလွှာတာအိုနိယာမအားနှင့် ပေါင်းစပ်ထားသည့် လက်သီးကလည်း တစ်ပြိုင်နက်တည်း မြည်ဟီးကာ လက်သီးချက်နှစ်ခုက ပေါက်ကွဲမှုတစ်ခုနှင့်အတူ တိုက်မိသွားကြ၏။
ဘန်း......!
ချက်ချင်းဆိုသလို ဖိအားကို မခံနိုင်တော့သည့်အလား လေဟာနယ်အမျှင်စများက နောက်ဆက်တွဲလှိုင်းများအဖြစ် ပြောင်းသွားပြီး အပြင်ဘက်သို့ပျံ့သွား၏။
သို့သော် လက်သီးချင်းတွေ့ဆုံသွားသည့်အချိန်မှာပင် သူတော်စင်သားတော်ရွှမ်မင်၏ လှောင်ရိပ်သမ်းနေသည့်အပြုံးကလည်း ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။
သူ့အားတိုက်ခိုက်လာသည့် မုန်တိုင်း သို့မဟုတ် လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ မခံမရပ်နိုင်သည့်အားတစ်ခုကို သူခံစားနေရသည်။
၎င်းကမီးတောက်တစ်ခုပေါက်ကွဲသည့်အလား နိယာမစွမ်းအားမျိုးစုံနှင့်အတူ ပေါက်ကွဲလာခဲ့သည်။
နောက်ဆက်တွဲလှိုင်းတစ်ခုကပင် သူတော်စင်သားတော်ရွှမ်မင်ကို လွင့်စင်သွားစေရန် လုံလောက်သည်။
သူသင်္ချိုင်းခန်းနံရံကို အပြင်းအထန်၀င်တိုက်မိသည်။
ဘန်း......!
ဖုန်မှုန့်များက ထိုနေရာကိုဖုံးသွားသော်လည်း နံရံက ပျက်စီးသွားခြင်းမရှိသလို အပေါက်လေးတစ်ပေါက်ပင်မရှိပေ။
ရှောင်ဟိုင်ကြည့်နေစဉ် သူတော်စင်သားတော်ရွှမ်မင်က ဖုန့်မှုန့်များကနေ ထွက်လာသဖြင့် အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။
အကြောင်းရင်းက ထိုလက်သီးချက်နှင့်ပင် သူ့ခန္ဓာ၌ ပြင်းထန်သည့်ဒဏ်ရာများ ရှိမနေသောကြောင့်ပင်။
ထိုလက်ရှိအကြေးခွံချပ်၀တ်မှ လတ်ဆတ်သည့်သွေးအနည်းငယ်ကသာ စီးဆင်းနေပုံရသည်။
ရှောင်ဟိုင်ကလည်း ဘိုးဘေးနယ်ပယ် အစောပိုင်းအဆင့်ကို ရောက်နေပြီဟု မှတ်ယူ၍ရသည်။
သူက သူတော်စင်သားတော်ရွှမ်မင်နှင့် နယ်ပယ်တူဖြစ်သည်။
ရှောင်ဟိုင် နယ်ပယ်တူကလူများနှင့် ယှဉ်ပြိုင်သောအခါ ဘယ်တုန်းက မလွှမ်းမိုးဘဲ ရှိခဲ့ဖူးသနည်း။
လက်သီးတစ်ချက်တည်းနှင့် ပြိုင်ဘက်က သေဆုံးရသလို ပြင်းထန်စွာ ဒဏ်ရာရသွားစမြဲပင်။
သို့သော် သူတော်စင်သားတော်ရွှမ်မင်က အနည်းငယ်မျှသာ ဒဏ်ရာရခဲ့သည်လား။
ထိုအချိန်မှာပင် အိမ်ရှေ့မင်းသား သူ့ကို သတိပေးသည်။
"ညီနောင်ရှောင်၊ သူတော်စင်သားတော်ရွှမ်မင်ရဲ့ သွေးကြောက ရွှမ်မင်သွေးကြောပဲ၊ ပြီးတော့ ရွှမ်ဝူကလန်က ကာကွယ်ရေးမှာ အကောင်းဆုံးပဲ၊ ရွှမ်မင်သွေးကြောရဲ့ ပြုပြင်မွမ်းမံမှုအောက်မှာ ခန္ဓာရော အင်္ဂါးခုနဲ့ အပေါက်ခြောက်ခုစလုံးမှာ အရမ်းအားကောင်းတဲ့ ကာကွယ်ရေးစွမ်းရည်တွေရှိတယ်"
အကယ်၍ရှောင်ဟိုင်က အဆုံးစွန်သောတိုက်ခိုက်မှုစွမ်းအားကို ပိုင်ဆိုင်ထားပါက သူတော်စင်သားတော်ရွှမ်မင်၏ ခန္ဓာကလည်း အဆုံးစွန်သော ကာကွယ်ရေးစွမ်းအားကို ပိုင်ဆိုင်သည်။
ရှောင်ဟိုင်ကိုကြည့်ရင်း သူတော်စင်သားတော်ရွှမ်မင် မှောင်မိုက်စွာပြောသည်။
"မင်းကနယ်ပယ်တူမှာ ငါ့ကို သွေးထွက်အောင် လုပ်နိုင်တဲ့ ပထမဆုံးသူပဲ၊ မင်းက...ပထမဆုံးပဲ"
ရှောင်ဟိုင်လက်နှစ်ဖက်ကိုသပ်ကာ ပြုံးသည်။
"မင်းကလက်သီးတစ်ချက်ကိုတောင် မခံနိုင်လောက်ဘူးလို့ ငါထင်ခဲ့တာ၊ ကြည့်ရတာ မင်းရဲ့လိပ်ခွံက အတော်လေးမာကျောသားပဲ၊ အနည်းဆုံးတော့ အခုအရမ်းပျင်းစရာမကောင်းတော့ဘူးပေါ့"
လိပ်ခွံလား.....!
သူတော်စင်သားတော်ရွှမ်မင် ဒေါသတကြီး လက်စားချေလိုသည့်အသွင်ရယ်မောသည်။
"နောက်တစ်ခါဆိုရင်လည်း မင်းမှာ ငါ့ကာကွယ်မှုကို ချိုးဖျက်ဖို့ ဘာအခွင့်အလမ်းမှ မရှိဘူး"