← Chapters

ပန်းချီကားတစ်ချပ် ချိတ်ဆွဲထားသကဲ့သို့ တစ်စုံတစ်ယောက်ကို ရိုက်နှက်ခြင်း

Vol. 97 Ch. 1372

ပန်းချီကားတစ်ချပ် ချိတ်ဆွဲထားသကဲ့သို့ တစ်စုံတစ်ယောက်ကို ရိုက်နှက်ခြင်း

Vol. 97 Ch. 1372

နယ်မြေခြောက်ခုစလုံးတွင် ဒဏ္ဍာရီလာမူလကလန်လေးခုသာရှိသည်။

၎င်းတို့က နဂါး၊ ဖီးနစ်၊ လိပ်နက်နှင့် ကျားဖြူတို့ဖြစ်သည်။

သို့စေကာမူ ယခုအချိန်တွင် ကျားဖြူကလန်ကသာ ကမ္ဘာကြီးထဲတွင် ပုန်းကွယ်ကာကျန်ရစ်နေခဲ့ပြီး ကျန်သုံးခုက ပျောက်ကွယ်သွားကြလေပြီ။

သားရဲလေးကောင်အနက် လိပ်နက်က ခံစစ်စွမ်းရည်၏ အထွဋ်အထိပ်ကို ကိုယ်စားပြုသည်။

၎င်းက မှော်သားရဲများအားလုံးထဲတွင် ထိပ်တန်းကာကွယ်သူအဖြစ် နာမည်ကြီးသည်။

သူတော်စင်သားတော်ရွှမ်မင်၏ စကားလုံးများက အခြေအမြစ်မရှိခြင်းမဟုတ်သလို မောက်မာသည်ဟုလည်း ယူဆ၍မရပေ။

သူတော်စင်သားတော်ရွှမ်မင် စကားပြောပြီးသွားသည်နှင့်တစ်ပြိုင်နက် သူ့တစ်ကိုယ်လုံးမှ တစ္ဆေနက်အလင်းတစ်ခုကို ထုတ်လွှတ်သည်။

သူ့၀န်းကျင်၌ လေးလံသည့်အော်ရာတစ်ခုက ပိုင်နက်တစ်ခုကို ဖြစ်ပေါ်လာစေသည်။

ဤပိုင်နက်အတွင်း သိပ်သည်းထူထဲသည့် တစ္ဆေနက်အခင်းက တဖြည်းဖြည်းပြင်းထန်လာပြီး ရှောင်ဟိုင်အား ၀န်းရံထားသည်။

ပတ်၀န်းကျင်က လေထုအတွင်းက စိုထိုင်းမှုကိုပင် ရှောင်ဟိုင်ခံစားနိုင်ပြီး အနက်ရောင်ရေစက်တိုင်းက လေးလံစွာပင် ကျဆင်းနေသည်။

ရှောင်ဟိုင်ကိုယ်တစ်ဝိုက်တွင် ဝဲပျံရင်း ၎င်းတို့က သူ့ကိုသိသိသာသာပင် ပိုလေးသကဲ့သို့ ခံစားရစေသည်။

ဒါတင်မဟုတ်ဘဲ သူတော်စင်သားတော်ရွှမ်မင်ကလည်း ယခု သူ့တစ်ကိုယ်လုံးအား အနက်ရောင်အကြေးခွံချပ်၀တ်ဖြင့် ဖုံးထားသည်။ သူ့၀န်းကျင်၌စုပြုံးနေသည့် ရေစက်လေးများက ဓရာမလိပ်နက်ခွံကြီးတစ်ခုကို ဖွဲ့စည်းနေသည်။

ဒါက ဧရာမလိပ်လွံတစ်ခုနှင့်တူသည်။

ထိုအချိန်မှာပင် သူတော်စင်သားတော်ရွှမ်မင်၏ အော်ရာကလည်း ထိုးတက်လာခဲ့သည်။

ရွှမ်ဝူနတ်မင်းဆက်၌ သူတော်စင်သားတော်ရွှမ်မင်က ထူးခြားသည့်အရည်အသွေးများကို ပိုင်ဆိုင်ထားသည်ဟု ဆိုရပေမည်။

အိမ်ရှေ့မင်းသားပင်လျှင် သူတော်စင်သားတော်ရွှမ်မင်အား အလေးအနက်ထားရသည်။

ဤအချိန်တွင် ရှောင်ဟိုင်မေးသည်။

"မင်းအဆင်သင့်ဖြစ်ပြီလား"

သူတော်စင်သားတော်ရွှမ်မင် အနည်းငယ်မျက်မှောင်ကြုတ်လိုက်သော်လည်း ယင်းနောက်တွင် နှာခေါင်းရှုံ့ပြီးနောက် ရှေ့သို့ကိုင်းကာ ခြေအစုံကိုဖြန့်ပြီး တိုက်ခိုက်သည့် အနေအထားတစ်ခုကို ယူလိုက်၏။

"မကြာခင် မင်းဒီလောက်မောက်မာနိုင်တော့မှာ မဟုတ်တော့ပါဘူး၊ ငါမင်းကို မင်းကိုယ်ထဲက အဲဒီဂုဏ်ယူရတဲ့သွေးကြောဆိုတာက ငါ့ရှေ့မှာ ဟာသတစ်ခုသာသာပဲဆိုတာ ပြသပေးမယ်"

စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် သူတော်စင်သားတော်ရွှမ်မင်၏ ဒူးများက တည့်တည့်ကျသွားပြီး သူ့ပုံရိပ်က ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွား၏။

ရွှမ်မင်ပိုင်နက်အတွင်း လေးလံသည့်အနက်ရောင်ရေများက မိုးထိလုနီးပါးလှိုင်းတစ်လှိုင်းကို ဖန်တီးကာ ရှောင်ဟိုင်ထံလှိမ့်၀င်လာသည်။

လှိုင်းကနီးလာသောအခါ သူတော်စင်သားတော်ရွှမ်မင်၏ပုံရိပ်ကလည်း ထိပ်တွင်ပေါ်လာပြီး လှိုင်းနှင့်အတူ ရှောင်ဟိုင်အား တိုက်ခိုက်သည်။

သူလက်သီးများကိုမသုံးခဲ့သလို ခြေထောက်ကိုလည်းမသုံးခဲ့ပေ။

ယင်းအစား သူ့ကိုယ်ခန္ဓာကို သန္ဓေသားပုံစံအဖြစ် ကွေးကာ ရှောင်ဟိုင်ထံပြင်းထန်စွာ ပစ်၀င်သွား၏။

သူ့ခန္ဓာအားက ယခုရေနက်၏အလေးချန် တိုးပွားလာခြင်းနှင့်အတူ အရင်က လက်သီးချက်ထက် သုံးလေးဆခန့် ပိုအားကောင်းလာသည်။

ဒါကိုမြင်သောအခါ ရှောင်ဟိုင် သူ့ညာလက်သီးထဲတွင် ပုံစံကွက်ကိုးလွှာ၏ စွမ်းအားကို စုစည်းသည်။

ထို့နောက် သူတော်စင်သားတော်ရွှမ်မင်၏ လှိမ့်၀င်လာသည့်ပုံရိပ်အား ပြင်းထန်စွာပင် ထိုးနှက်ပစ်သည်။

သူ့လက်စီးက သူတော်စင်သားတော်ရွှမ်မင်၏ ကိုယ်ပေါ်သို့ လေးလံစွာပင် ကျသွားသည်။

သို့စေကာမူ အရင်ကနှင့်မတူတော့ဘဲ ဒီတစ်ကြိမ်လက်သီးချက်က ရှောင်ဟိုင့်လက်သီးကိုပါ နာကျင်သွားစေသည်။

သူ့ကိုယ်ပတ်လည်၌ ရှောင်ဟိုင်၏ လက်သီးချက်ကို ထိုးဖောက်ပစ်ခဲ့သည့် မရေမတွက်နိုင်လောက်သော ဆူးချွန်များရှိနေသည့်အလားပင်။

သူတော်စင်သားတော်ရွှမ်မင်နောက်သို့ လိမ့်သွားသော်လည်း များမကြာမီ ကိုယ်ဟန်ကို ထိန်ညှိရင်း ရှောင်ဟိုင်ထံ ဘာတစ်ခုမှ မဖြစ်ပျက်ခဲ့သည့်အလား ဆက်လက်လှိမ့်လာသည်။

ဘေးကနေ စောင့်ကြည့်ရင်း ထန်ကျုံ့ကျောက် လေးနက်သည့်အမူအရာဖြင့်ပြောသည်။

"ညီနောင်ရှောင်၊ မင်းစွမ်းအား သူ့ကိုထိတဲ့အခါ အဲဒါက သူ့ကိုယ်ပေါ်က အကြေးခွံတွေနဲ့ အဲဒီအခုံးကြီးတစ်ခုလုံးမှာ ပျံ့သွားတာ၊ သာမန်တိုက်ခိုက်တွေက သက်ရောက်မှုမရှိသ......"

သူစကားမဆုံးသေးခင်မှာပင် ရှောင်ဟိုင် သွေးစွန်းနေသည့်လက်သီးကို ကြည့်ရင်း ပြုံးလိုက်လေသည်။

"သာမန်တိုက်ခိုက်မှုတွေက အသုံးမ၀င်ဘူးလား၊ အဲဒါက စွမ်းအားကိုပျံ့စေတာပဲဆိုရင်တော့ သူဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ ကြည့်ကြရအောင်"

ထိုသို့ပြောပြီးနောက် သူ့ထံလှိမ့်ဝင်လာသည့် သူတော်စင်သားတော်ရွှမ်မင်အား တိုက်ခိုက်ရန် ပဏာမခြေလှမ်းလှမ်းလိုက်၏။

ဒီတစ်ကြိမ်တွင် မငြိမ်မသက်ဖြစ်နေသည့် နတ်ဆိုးနက်ချီက အရူးအမူးစတင်ထိုးတက်လာပြီး သူ့နောက်တွင် နတ်ဆိုးဘုရင်ပုံရိပ်ယောင်အဖြစ် သိပ်သည်းသွား၏။

သွေးချီက ရှောင်ဟိုင်လက်သီးတစ်ဝိုက် စတင်ရစ်ပတ်လာသည်။

ဟူးခနဲအသံနှင့်အတူ မီးတောက်များက လက်သီးပေါ်က သွေးချီများကို ခြေရာခံလိုက်လာပြီး စတင်တောက်လောင်သည်။

သွေးကြောအရှုပ်အထွေး၊ သွေးကြောအမျက်ဒေါသ!

"ဒါကသွေးကြောပြိုင်ပွဲတစ်ခုဆိုရင်တော့ ဘယ်သူ့သွေးကြောက ပိုအားကောင်းသလဲဆိုတာ ကြည့်ကြရအောင်"

ရှောင်ဟိုင်နှာခေါင်းရှုံ့ပြီး လှိမ့်၀င်လာသည့်သူတော်စင်သားတော်ရွှမ်မင်ထံ လက်သီးတစ်ချက်ပစ်လွှတ်လိုက်လေရာ သူ့သာလျှင် ထပ်မံလွှင့်စင်သွားရပြီး လက်သီးကသွေးများစီးကျလာကာ အသားစများက နေရာအနှံ့ ပျံဝဲသွားကြ၏။

သို့စေကာမူ ရှောင်ဟိုင်နာကျင်မှုကို လုံးဝမခံစားရသည့်အလား သူတော်စင်သားတော်ရွှမ်မင်၏ ခန္ဓာကျဆင်းသွားတာကိုပင် စောင့်မနေဘဲ သူ့နောက်သို့ တိုက်ရိုက် ပစ်၀င်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရှေးခေတ်က သားရဲရိုင်းတစ်ကောင်အလား သူလှိမ့်နေသည့်ခန္ဓာအထက်သို့ ပစ်၀င်ကာ လက်သီးကျစ်ကျစ်ဆုပ်ရင်း အောက်သို့ တူတစ်ချောင်းပမာ ထိုးနှက်ပစ်သည်။

အကျိုးဆက်အဖြစ် သူတော်စင်သားတော်ရွှမ်မင်၏ လှုပ်ရှားနေသေးသည့်ခန္ဓာက ကြမ်းပြင်ထဲသို့ အမြောက်ဆံတစ်ခုပမာ လွင့်စင်သွား၏။

ဘန်း....ဘန်း.....ဘန်း!

ရွှမ်မင်ပိုင်နက်အတွင်း ကျယ်လောင်သည့်အသံတစ်သီကြီး ပဲ့တင်ထပ်နေပြီး ‌လေဟာနယ်ကပင် ယခုလိုကြီးမားသည့်အားများ၏ တွေ့ဆုံမှုအောက်တွင် တုန်ခါကာ ကျုံ့သွားသည်။

သူတော်စင်သားတော်ရွှမ်မင် ကိုယ်ကိုကွေးရင်း ရှောင်ဟိုင်အထပ်ထပ်ထိုးနှက်နေသည့် ‌အလုံးတစ်လုံးအဖြစ် ပြောင်းသွားပုံရသည်။

လက်ရှိအချိန်၌ ရှောင်ဟိုင်၏လက်သီးများ၌ ဖြူဖွေးနေသည့် အရိုးဖြူများကိုပင် မြင်နေရသည်။

လှိမ့်နေရင်း သူတော်စင်သားတော်ရွှမ်မင်ကျယ်လောင်စွာရယ်မောသည်။

"ဘယ်လိုတောင်ရက်စက်ပြီး မဆင်မခြင်တိုက်ခိုက်တတ်တဲ့ကောင်လဲ၊ ငါ့ကို ဒီလိုတိုက်ခိုက်နေတာက ဘာအကျိုးရှိလို့လဲ၊ မင်းကိုယ်မင်းနာကျင်အောင်လုပ်ရုံက လွဲပြီး မင်းငါ့ကို နာကျင်အောင် မလုပ်နိုင်ပါဘူး"

ရှောင်ဟိုင်ရက်စက်စွာပြုံးသည်။

"တကယ်လား၊ မင်းကိုနာကျင်အောင် မလုပ်နိုင်ဘူးလို့မင်းပြောတာနော်"

ထို့နောက်ချက်ချင်းဆိုသလို သူ့ပုံရိပ်က လင်း၀င်းသွားပြီး သူတော်စင်သားတော်ရွှမ်မင်၏ လမ်းကြောင်း၌ ထပ်ပေါ်လာကာ လည်မြိုမှ ခပ်တိုးတိုးတစ်ချက်ညည်းသံထွက်လာသည်။

သွေးကြောက အစွမ်းကုန်ဆူပွက်လာစဉ် နောက်ထပ်လက်သီးချက်တစ်ချက်က မိုးကြိုးကဲ့သို့ သူတော်စင်သားတော်ရွှမ်မင်၏ ခန္ဓာကို ထိမှန်သည်။

သို့စေကာမူ ဤလက်သီးချက်ကျရောက်လာသောအခါ သူတော်စင်သားတော်ရွှမ်မင်မှာ မျက်နှာပေါ်က အပြုံးကို နောက်ထပ်ထိန်းသိမ်းထားနိုင်စွမ်းမရှိတော့။ တစ်ခဏမျှရပ်နေပြီးနောက် သူ့မျက်နှာက အလွန်အမင်းနီမြန်းသွားပြီး ပါးစပ်အပြည့်သွေးတစ်အုပ်အန်လိုက်ရသည်။

ထိုအချိန်မှာပင် ခွေလိပ်နေသည့်ခန္ဓာက ဆန့်ထွက်လာပြီး နံရံကို ထိမှန်သည်။

နံရံတွင် အက်ကြောင်းများ သို့မဟုတ် အပေါက်များမပေါ်လာခဲ့သော်လည်း သူတော်စင်သားတော်ရွှမ်မင်၏ခန္ဓာကမူ ထိုနေရာ၌ ကပ်နေပုံရပြီး တစ်ခဏမျှ ကျမသွားခဲ့ပေ။

တစ်စုံတစ်ယောက်ကို ပန်းချီကားတစ်ချပ် ချိတ်ဆွဲထားသကဲ့သို့ ရိုက်နှက်ခြင်း!

အိမ်ရှေ့မင်းသားနှင့် ထန်ကျုံ့ကျောက်တို့မှာ ထိတ်လန့်နေသည့်အကြည့်ချင်းဖလှယ်လိုက်ကြပြီး များမကြာမီ သူတော်စင်သားတော်ရွှမ်မင်၏ တစ်ကိုယ်လုံးကို ဖုံးထားသည့် အနက်ရောင်အကြေးခွံများမှ သွေးကမရပ်မနားစီးတွေလာကာ သူ့အား သွေးနှင့်ဖုံးနေသည့် လူသားတစ်ဦးအဖြစ် ပြောင်းပစ်တာကို သူတို့တွေ့လိုက်ရသည်။

"အဟွတ်၊ အဟွတ်....." သူတော်စင်သားတော် နောက်ထပ်ပါးစပ်အပြည့်သွေးတစ်လုပ်အန်ကာ သွေးစွန်းနေသည့် မျက်လုံးများကိုဖွင့်ပြီး ရှောင်ဟိုင်အား ထိတ်လန့်မှုနှင့် ကြောက်ရွှံ့မှုဖြင့် စိုက်ကြည့်လိုက်၏။

"မင်းဘယ်လိုလုပ်ခဲ့တာလဲ"

ရှောင်ဟိုင် ပျော့ဖတ်လုမတတ်ဖြစ်နေသော်လည်း လျင်မြန်စွာ ပြန်ကောင်းမွန်လာသည့် လက်သီးအား စိုက်ကြည့်နေသည်။ ထိုမေးခွန်းကို ကြားသောအခါ သူထူးမခြားနားစွာ မော့ကြည့်သည်။

"အရာတိုင်းမှာ ခံနိုင်ရည်ရှိတဲ့ အစွန်းတစ်ခု‌ဆိုတာရှိတယ်၊ အဲဒီအစွန်းကိုရောက်တာနဲ့ အဲဒါက ပြိုကွဲသွားမှာပဲ၊ အမာကျောဆုံးအကာအကွယ်ကတောင် ခြွင်းချက်မဟုတ်ဘူး"

"ငါ့အတွက်တော့....." ရှောင်ဟိုင် ရုတ်တရက် လှောင်ပြောင်သည့်အပြုံးဖြင့် တောက်ပလာသည်။

"မင်းက သာမန်လိပ်ခွံထက် နည်းနည်းပိုမာကျောတာထက်မပိုပါဘူး"

တကယ်တမ်းတွင် ရှောင်ဟိုင်၏ လက်သီးချက်တိုင်းက သူတော်စင်သားတော်ရွှမ်မင်၏ အကြေးခွံများကို သိသိသာသာပင် ထိခိုက်စေခဲ့သည်။

အပြည့်အ၀တာရှည်ခံသည့်ချပ်၀တ်အပိုင်းအစတစ်ခုကဲ့သို့ပင် အဆင့်က မည်မျှပင် မြင့်နေပါစေ အဆက်မပြတ် တိုက်ခိုက်မှုနှင့်ဆိုပါက တာရှည်ခံမှုကို ဆုံးရှုံးရမည်သာ။

ရေကကျောက်တုံးကိုဖျက်ဆီးပစ်တတ်သည်။ ရှောင်ဟိုင်၏လက်သီးများက ရေစက်များမဟုတ်တောတော့ ကျိန်းသေသည်။

သူတော်စင်သားတော်ရွှမ်မင် ရှောင်ဟိုင်အား သတ်ဖြတ်ခြင်းဆန္ဒဖြင့် တောက်ပနေသည့်မျက်လုံးများနှင့် စိုက်ကြည့်နေသည်။

"ရွှမ်ဝူရဲ့သွေးကြောကို အခုလိုစော်ကားရဲသူတိုင်းက အလောင်းတစ်လောင်းပဲ ဖြစ်လာရတယ်"

ရှောင်ဟိုင်ခေါင်းညိတ်သည်။

"ငါစောင့်နေပါတယ်"

သူတော်စင်သားတော်ရွှမ်မင် နံရံပေါ်က ပြုတ်ကျသွားစဉ် သူ့လက်အစုံကို စည်းတံဆိပ်တစ်ခုဖန်တီးလိုက်လေရာ ရွှမ်မင်ပိုင်နက်၏ အနက်ရောင်ရေစက်လေးများက ပြင်းထန်စွာ စတင်ဒေါထန်လာကြ၏။

All Chapters