သတ်ဖြတ်လိုစိတ်
Vol. 171 Ch. 2445
ဘုန်း...
အသံလှိုင်းတိုက်ခိုက်မှုဖြင့် လွှမ်းခြုံခံလိုက်ရကာ တုန်လှုပ်စရာကောင်းစွာဖြင့် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်ရသည်။
ထိုသို့ဖြစ်ပျက်သွားသည်ကို ကြည့်ရင်း အရှင်ချူးချန်၏ စိတ်ထဲ၌ ကျေနပ်မှုကို ခံစားလိုက်ရပေသည်။ သူတို့နှစ်ယောက်က နတ်ဘုရားရုပ်ကြွင်းကို ထိန်းချုပ်ရန် သူတို့၏ စိတ်ဝိညာဥ်ကို အသုံးပြုနေသည့်အတွက်ကြောင့် စိတ်ဝိညာဥ်များက သိသာသည့် အားနည်းချက်ပင် ဖြစ်သည်။ သူတို့၏ စိတ်ဝိညာဥ်များ သုတ်သင်ခံလိုက်ရသည်နှင့် တိုက်ပွဲက ပြီးဆုံးသွားလိမ့်မည် ဖြစ်ပေသည်။
အရှင်ချူးချန်၏ မျက်လုံးများက မှိတ်သွားကာ ဗုဒ္ဓအလင်းရောင်က ပြင်းထန်စွာ လောင်ကျွမ်းလာခဲ့သည်။ မဟာလမ်းစဥ် ဗုဒ္ဓအသံများ ထွက်ပေါ်လာကာ ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်လာပေသည်။ အသံလှိုင်းစွမ်းအားက နတ်ဘုရားရုပ်ကြွင်းထံ ဆက်လက် စိမ့်ဝင်လာခဲ့သည်။
သို့သော် ထိုအချိန်တွင် မဟာအင်ပါယာရှန်ကျားက သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီး ပို၍ပင် တောက်ပသော နတ်အလင်းတို့က နတ်ဘုရားရုပ်ကြွင်းမှ ပေါက်ကွဲထွက်လာပေသည်။ အနန္တသင်္ကေတအက္ခရာများက ထိုလေဟာနယ်ကို လွှမ်းခြုံထားပြီး မရေတွက်နိုင်သော ရောင်စဥ်များလည်း ထွက်ပေါ်လာသည်။ ထိုမမြင်နိုင်သော အသံလှိုင်းစွမ်းအားတို့သည့်ပင် အားနည်းသွားခဲ့ပေသည်။
အသံလှိုင်းတိုက်ခိုက်မှုက မမြင်ရဘဲ အစအနမကျန်ရစ်ခဲ့သော်လည်း ၎င်းက နတ်အလင်းများအောက်တွင် သေချာပေါက် အားနည်းသွားခဲ့ပေသည်။ ၎င်းက တဖြေးဖြေး ဖိနှိပ်ခံရကာ နည်းနည်းချင်းစီ ဖျက်ဆီးခံလိုက်ရပေသည်။
အသံလှိုင်းများက ဆက်လက်၍ အားနည်းလာသည်။ ကျယ်ပြောသော လောကတစ်ခွင်တွင် နတ်ဘုရားရုပ်ကြွင်းမှ နတ်အလင်းတို့ လင်းလက်လာသည်။
“ဖျက်ဆီးခြင်းလမ်းစဥ်က မဟာလမ်းစဥ် အားလုံးကို ဖျက်ဆီးပစ်နိုင်တယ်။ အဲဒီနယ်မြေထဲမှာ မဟာလမ်းစဥ်ရဲ့ တခြားစွမ်းအားတွေကို ခွင့်မပြုဘူး။” အရှင်ယဲ့နှင့် လွတ်လပ်မှုအရှင်သခင်တို့က ဤဖျက်ဆီးခြင်းတိုက်ခိုက်မှုအတွင်း စစ်မှန်သည့် အဓိပ်ပါယျကို ဖုန်းကွယ်ထားသည်အား ခံစားမိပြီး ထိုမြင်ကွင်းကြောင့် သူတို့၏ နှလုံးသားများက တုန်လှုပ်လာခဲ့ပေသည်။
ထို့ပြင် မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်မှ ထွက်လာသည့် စွမ်းအားက ရှင်းလင်းစွာ ပို၍ အားကောင်းလာပေသည်။ ဤကဲ့သို့ ဆက်ဖြစ်နေမည်ဆိုလျှင် အရှင်ချူးချန်က ဖြစ်နိုင်သည်မှာ...
အရှင်ချူးချန်က သူ့ပြိုင်ဘက်၏ အားနည်းချက်ကို ရှာဖွေတွေ့ရှိပြီဟု ထင်လိုက်မိသည့် အခိုက်အတန့်တွင် သူ၏ အသံလှိုင်းမဟာလမ်းစဥ် တိုက်ခိုက်မှုက ဖျက်ဆီးခံလိုက်ရပေသည်။ သူက စတင်၍ စိုးရိမ်ပူပန်လာခဲ့ပေသည်။ မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းမှ ထွက်ပေါ်လာသော စွမ်းအားများသည် မည်သည့် မဟာလမ်းစဥ်ကိုမဆို ဖျက်ဆီးနိုင်သောကြောင့် ပြိုင်ဘက်ကင်းလုနီးပါးပင် ဖြစ်ပေသည်။
ကောလာဟလများအရ မဟာအင်ပါယာရှန်ကျားသည် ရှေးခေတ်အခါ၌ ကောင်းကင်လမ်းစဥ်ဖြင့်ပင် ယှဥ်ပြိုင်နိုင်သူ ဖြစ်သည်။
မဟာအင်ပါယာရှန်ကျား၏ စွမ်းအားများတိုက်ခိုက်မှုက မဟာလမ်းစဥ်တစ်မျိုးသာဖြစ်လျှင် သူ၏ စွမ်းအားက သူတို့ထက် ပို၍ မြင့်မားသော စွမ်းအားဖြစ်နိုင်ပေသည်။ ထို့ကြောင့်သာ သူက ကောင်းကင်လမ်းစဥ်နှင့် ယှဥ်ပြိုင်ရဲခြင်း ဖြစ်ရပေမည်။
ဤစွမ်းအားမျိုးက သူတို့အတွက် နားလည်သဘောမပေါက်နိုင်လုနီးပါးပင် ဖြစ်သည်။
သိသာစွာပင် ရီဖူရှင်းနှင့် ဆန္ဒခြောက်ပါးအရှင်သခင်၏ ထိန်းချုပ်မှုအောက်၌ နတ်ဘုရားရုပ်ကြွင်းက ပို၍ အားကောင်းလာပေသည်။
ဘုန်း... ထိုအခိုက်အတန့်တွင် အရှင်ချူးချန်၏ လက်ထဲ၌ ရွှေရောင်ဗုဒ္ဓပုတီးတစ်ကုံး ပေါ်ပေါက်လာသည်။ ပုတီးစေ့များပေါ်တွင် ကြောက်မက်ဖွယ် အရှိန်အဝါတို့ ပေါက်ကွဲထွက်လာပေသည်။ ပုတီး ၁၀၈ လုံး၏ တစ်လုံးချင်းစီမှ မတူညီသော အစွမ်းထက်အရှိန်အဝါတို့ ထုတ်လွှတ်လာခဲ့သည်။ ၎င်းတို့အားလုံးက ဗုဒ္ဓထံမှ ထွက်ပေါ်လာသည့် စွမ်းအားများကဲ့သို့ပင် ဖြစ်သည်။
မဟာလမ်းစဥ်စွမ်းအားများက ဗုဒ္ဓပုတီးစေ့များအတွင်း အရူးအမူး သွန်းလောင်းလာပေသည်။ ထို့နောက် အရှင်ချူးချန်က လက်ကို ယမ်းလိုက်ပြီး ပုတီးစေ့များ ပျံသန်းထွက်လာကာ မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းအထက် ကောင်းကင်တွင် ပြန်လည်ထွက်ပေါ်လာပေသည်။ ၎င်းက အဆက်မပြတ် ကျယ်ပြန့်လာပြီး ထုထည်ကြီးမားသည့် နတ်စွမ်းအားများအဖြစ် ပြောင်းလဲသွားကာ မျက်စိနှင့် မြင်နိုင်လောက်သည့်အထိ ဗုဒ္ဓအလင်းရောင်များကို ထုတ်လွှတ်လာသည်။
အလွန် သန့်စင်သည့် ဗုဒ္ဓနတ်ဘုရားရောင်ဝါက လေဟာနယ်ထဲမှ အောက်သို့ ပက်ဖြန်းလာသည်။ အရှင်ချူးချန်က ရိုသေလေးစားစွာဖြင့် လက်အုပ်ချီဟန်ပြုလိုက်သည်။ နတ်ဘုရားရုပ်ကြွင်းအထက်မှ မဟာလမ်းစဥ်စွမ်းအားတို့က ဗုဒ္ဓပုတီးစေ့များအတွင်း တဟုန်ထိုး ပြေးဝင်သွားပြီး ရုတ်တရက် ဗုဒ္ဓပုတီးစေ့ ၁၀၈ လုံးက ပေါက်ကွဲထွက်လာကာ ၁၀၈ ပါးသော ဗုဒ္ဓများအဖြစ် ပြောင်းလဲသွားပေသည်။
၁၀၈ ပါးသော ဗုဒ္ဓများက ခန္ဓာကိုယ်တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။ ကောင်းကင်ထက်တွင် ဗုဒ္ဓအသံများက ပဲ့တင်ထပ်လာကာ ဗုဒ္ဓတစ်ပါးချင်းစီတိုင်းမှ ကြောက်မက်ဖွယ် အရှိန်အဝါတို့ ပျံ့နှံ့လာသည်။ ၁၀၈ ပါးသော ဗုဒ္ဓများ အားလုံး၏ အရှိန်အဝါတို့က တစ်ချိန်တည်းတွင် ကျဆင်းလာပေသည်။ ၎င်း၏ စုပေါင်းစွမ်းအားတို့က ကောင်းကင်ကိုပင် အနိုင်ယူရန် လုံလောက်ပေသည်။
ကလန်... အသံများ ထွက်ပေါ်လာပြီး ၁၀၈ ပါးသော ဗုဒ္ဓများအားလုံး တပြိုင်တည်း လှုပ်ရှားလာပေသည်။ ကြီးမားသည့် လက်ဝါးရိပ်များက အောက်သို့ ကျဆင်းလာပြီး လေဟာနယ်ကို ဖြိုဖျက်ကာ ရုတ်တရက် မရေတွက်နိုင်သော သင်္ကေတများ ပေါ်ပေါက်လာသည်။ ၎င်းတို့က မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းပေါ်သို့ တစ်ချိန်တည်း ရိုက်ခတ်ကျဆင်းလာကာ ကြောက်မက်ဖွယ် တုန်ခါသံများကို ကြားလိုက်ရပေသည်။ လေဟာနယ်တစ်ခုလုံးက ပြိုကျပျက်စီးလုဆဲဆဲ ဖြစ်လာပေသည်။
မဟာအင်ပါယာရှန်ကျားက ခေါင်းကိုမော့ကာ ကောင်းကင်ရှိ ဗုဒ္ဓများအား ကြည့်လိုက်ပေသည်။ နတ်ဘုရားရုပ်ကြွင်းအတွင်းမှ ပို၍ များပြားသော အကိုင်းအခက်နှင့် အရွက်များက ပေါက်ကွဲထွက်လာပေသည်။ မဟာအင်ပါယာရှန်ကျား၏ ပတ်ဝန်းကျင်တွင် နတ်အလင်းတို့ ဝန်းရံထားပြီး ကြီးမားသည့် ရွှေရောင်ကြာပန်းတစ်ခုကို ခပ်ရေးရေး မြင်လာရပေသည်။ အကိုင်းအခက်နှင့် အရွက်တို့က ရွှေရောင်ကြာပန်း၏ အပြင်ဘက်၌ ကြီးထွားလာပုံရသည်။
ဤရွှေရောင်ကြာပန်းသည် အရင်ဆုံး ပွင့်ချပ်ခြောက်ခုဖြင့် ပွင့်လန်းလာပြီး ထို့နောက်တွင် ပွင့်ချပ် သုံးဆယ့်ခြောက်ခုအဖြစ် ပြောင်းလဲသွားကာ ထိုကဲ့သို့ ဆက်လက်၍ ထပ်ကာထပ်ကာ ဆင့်ကဲပြောင်းလဲနေပြီး တိုက်ခိုက်မှုက ကြီးမားသော လက်ဝါးရိပ်ကြီးထံ ရွေ့လျားရောက်ရှိလာသည်။
ကြောက်မက်ဖွယ် လက်ဝါးရိပ်ကြီးနှင့် သင်္ကေတအက္ခရာများ အားလုံးက ပိတ်ဆို့တားဆီးခံရပြီး ရွှေရောင်ကြာပန်း၏ ဝါးမြိုခြင်းကို ခံလိုက်ရသလိုပင် ဖြစ်ပေသည်။ ပို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ ရွှေရောင်ကြာပန်းတိုင်းက နတ်ဘုရားကပ်ဘေး၏ ဖျက်ဆီးခြင်းနတ်အလင်းတို့နှင့် ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် မွေးဖွားလာသည့် ကြာပန်းက အဆုံးမဲ့လေဟာနယ်ကို လွှမ်းခြုံလိုက်ရန် ရည်ရွယ်နေပြီး ၁၀၈ ပါးသော ဗုဒ္ဓအားလုံးကို ဝါးမြိုပစ်ချင်နေသည်။
“ဆန္ဒခြောက်ပါးကြာပန်း။” သူ့ရှေ့မှ မြင်ကွင်းကို မြင်သည့်အခါ အရှင်ယဲ့၏ နှလုံးသားက တုန်ယင်လာပေသည်။ ၎င်းက ဆန္ဒခြောက်ပါးအရှင်သခင်၏ စိတ်ဝိညာဥ်အတွင်း ပုန်းကွယ်နေသည့် သက်စောင့်ဝိညာဥ်ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ၎င်းက ပွင့်လန်းလာပြီး မဟာအင်ပါယာရှန်ကျား၏ အတွင်းမှ ပျက်စီးခြင်းလမ်းစဥ်စွမ်းအားတို့ကို သယ်ဆောင်ထားသည်။ ၎င်းက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ပြောနေရန်ပင် မလိုပေ။
ဆန္ဒခြောက်ပါးကြာပန်းက ၎င်း၏ ဝါးမြိုခြင်းလမ်းစဥ်စွမ်းအားကြောင့် ကျော်ကြားပြီး နတ်ဘုရားကပ်ဘေး၏ ဖျက်ဆီးခြင်းစွမ်းအားတို့ကို ထုတ်လွှတ်ပေးသည်။ အဆုံးမဲ့ စိတ်ဆန္ဒတို့က အဆုံးမဲ့ ကြာပန်းတို့အား ပွင့်လန်းလာစေသည်။
“ကြည့်ရတာ တကယ်ပဲ ဆန္ဒခြောက်ပါးအရှင်သခင်က မဟာအင်ပါယာရှန်ကျားရဲ့ နတ်ဘုရားရုပ်ကြွင်းကို ထိန်းချုပ်နေတာ ထင်တယ်။ သူက ရုပ်ကြွင်းကို ထိန်းချုပ်တာ ပိုပြီး ကျွမ်းကျင်လာတာပဲ။ အရှင်ချူးချန်တော့ ဒုက္ခရောက်ပြီပဲ။” လွတ်လပ်မှုအရှင်သခင်က အရှင်ယဲ့ကို စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ သို့သော် သူတို့နှစ်ယောက်က ဘေးမှ စောင့်ကြည့်နေရုံသာ တတ်နိုင်ပေသည်။ သူတို့နှစ်ယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပြီး ယခုအချိန်၌ တိုက်ပွဲတွင် ပါဝင်နိုင်ရန် နည်းလမ်းမရှိပေ။ သူတို့အားလုံးက သေရန် စောင့်ဆိုင်းနေရုံသာ လုပ်နိုင်ကြပေသည်။
ပို၍ အရေးကြီးသည်မှာ အရှင်ချူးချန်က သူတို့ကို ထောင်ချောက်ဆင်ခဲ့သူ ဖြစ်သည့်အတွက်ကြောင့် သူတို့က တိုက်ပွဲ၌ ပါဝင်ပေးလိမ့်မည် မဟုတ်ပေ။ သူတို့က ဘေးမှ ရပ်ကာ စောင့်ကြည့်နေရင်း ကျေနပ်နေပေမယ့် သူတို့နှစ်ယောက်က အနည်းငယ်လည်း စိုးရိမ်ပူပန်နေခဲ့သည်။
ယခု သူတို့က အဝေးသို့ ထွက်သွားချင်လျှင်ပင် ထွက်သွားနိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။
ဒဏ္ဍာရီများက ပြောသည်မှာ ဆန္ဒခြောက်ပါးကြာပန်းတွင် အဆုံးမဲ့စိတ်ဆန္ဒများ ပါဝင်နေခဲ့သည်ဟု ဖြစ်သည်။ ထိုအချိန်တွင် အဆုံးမရှိသည့် ကြာပန်းများ ပွင့်လန်းလာပြီး ဗုဒ္ဓ ၁၀၈ ပါးကို ဝါးမြိုပစ်ရန် ရည်ရွယ်နေ၏။ ဗုဒ္ဓ ၁၀၈ ပါး၏ အားလုံးသော ပုံရိပ်များက အကန့်အသတ်မဲ့သည့် ခမ်းနားထည်ဝါသော အလင်းတို့ တောက်ပလာသည်။ ပို၍ပင် ခမ်းနားထည်ဝါသော ဗုဒ္ဓပုံရိပ်များက ကောင်းကင်ထက်တွင် ပေါ်ပေါက်လာပြီး ၎င်းက မြေပြင်ကို ခိုင်မြဲစွာ ခြေကုပ်ယူကာ ၎င်းတို့၏ ဦးခေါင်းများက ကောင်းကင်ကို တွန်းပင့်ထားသလိုပင် ဖြစ်သည်။ သတိပေးချက်မရှိဘဲ ခြေဆောင့်လိုက်ပြီး ရွှေရောင်ကြာပန်းကို တိုက်ခိုက်ချင်နေသည်။
ရွှေရောင်ကြာပန်းပွင့်များက တစ်ခုပြီးတစ်ခု ပြိုကျပျက်စီးသွားသော်လည်း ဆန္ဒခြောက်ပါးကြာပန်းက အဆုံးမဲ့စိတ်ဆန္ဒများမှ မွေးဖွားခြင်း ဖြစ်ပုံရပေသည်။ ထို့ကြောင့် ၎င်းက သေဆုံးသွားလျှင်ပင် အဆုံးမရှိ ပြန်လည်မွေးဖွားလာနိုင်နေဆဲဖြစ်ကာ ၁၀၈ ပါးသော ဗုဒ္ဓများအား လွှမ်းမိုးထားနိုင်ပေသည်။ ထို့နောက် ၎င်းက နှိုင်းယှဥ်မရအောင် ကြီးမားသည့် ဗုဒ္ဓပုံရိပ်ထံသို့ ပြေးဝင်သွားကာ ဝါးမြိုရန် ကြိုးစားလာ၏။
ချက်ချင်းပင် အဆက်မပြတ် ကြီးထွားလာသည့် ဆန္ဒခြောက်ပါးကြာပန်းက ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းသွားခဲ့ပေသည်။ ထို့နောက် ရွှေရောင်ကြာပန်းတစ်ခုချင်းစီတိုင်းမှ ဖျက်ဆီးခြင်းအလင်းတို့ ထွက်ပေါ်လာကာ ဗုဒ္ဓ ၁၀၈ ပါးကို ပေါက်ကွဲကာ ပျက်စီးသွားစေရန် ကြိုးစားလာသည်။ အကန့်အသတ်မဲ့ ကြီးမားသော ဗုဒ္ဓပုံရိပ်ကြီးသည်ပင် တဖြေးဖြေးချင်း ဝါးမြိုခံလာရပြီး အလုံးစုံ ပြိုကျပျက်စီးသွားခဲ့ရပေသည်။
“ဖူး..” အရှင်ချူးချန်က ညည်းညူလိုက်ကာ ပါးစပ်အပြည့် သွေးတို့ အန်ထုတ်လိုက်၏။ သူ့ခန္ဓာကိုယ်ပေါ်မှ ဗုဒ္ဓအလင်းက အတော်လေး မှိန်ဖျော့သွားခဲ့ပေသည်။ သူ၏ မျက်လုံးများက မဟာအင်ပါယာရှန်ကျား ရုပ်ကြွင်းကို ကြည့်လိုက်သည်။ “မိတ်ဆွေလေး ကျုပ် မင်းကို ဘယ်တုန်းကမှ အမုန်းတရားနဲ့ မဆက်ဆံခဲ့ဘူး။ ကျုပ်တို့ကြားမှာ ဘာကြောင့် ဒီလိုလုပ်ဖို့လိုတာလဲ။ အခု ရပ်လိုက်မယ်ဆိုရင် မင်း လိုချင်တဲ့ ဘယ်အခြေအနေမဆို ပြောလို့ရတယ်။” သူက တောင်းဆိုလိုက်သည်။
အရှင်ချူးချန်က အတိုက်အခိုက် ရပ်စဲရန် ညှိနှိုင်းချင်နေသည်။
ရီဖူရှင်းက တစ်ဖက်လူ၏ စကားများကို ကြားသောအခါ စိတ်ထဲမှ အေးစက်စွာ ရယ်လိုက်သည်။ အရှင်ချူးချန်က အကြံအစည်ကြီးသူ ဖြစ်သည်။ သူက အရှင်ယဲ့နှင့် လွတ်လပ်မှုအရှင်သခင်တို့ကို အကွက်ချကြံစည်ကာ အနာဂတ်ပြဿနာမှ ရှောင်ရှားရန် ဆန္ဒခြောက်ပါးအရှင်သခင်ကို သတ်ဖြတ်ချင်နေသည်။ သူက အခြားအရှင်နှစ်ယောက်ကို ဆန့်ကျင်လှုပ်ရှားလိမ့်မည်လားဆိုသည်က အခုထိ မသိရသေးပေ။
သူ့ကိုယ်တိုင်အတွက်မူ ဆန္ဒခြောက်ပါးအရှင်သခင် သေဆုံးသွားခဲ့လျှင် သူက အရှင်ချူးချန်၏ လက်ထဲသို့ ကျရောက်သွားလိမ့်မည်ဖြစ်ကာ သူ၏ ကံကြမ္မာက အဆထောင်ပေါင်းများစွာ ဆိုးဝါးသွားပေလိမ့်မည်။ အရှင်ချူးချန်သည် သေချာပေါက် သူ့ကို ဆန္ဒခြောက်ပါးအရှင်သခင်ထက်ပင် ပို၍ တင်းကျပ်စွာ ထိန်းချုပ်မှုအောက်၌ ထားရှိလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် ရီဖူရှင်းက စီစဥ်ထားသည့်အတိုင်း လုပ်ဆောင်လိုက်ခြင်း ဖြစ်ပေသည်။ သူက ကံကောင်းလှသည်။ ဆန္ဒခြောက်ပါးအရှင်သခင်က ထိုသို့မဖြစ်နိုင်သည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရန် ဖိအားပေးခံရသည့်အခါ တွေဝေခြင်း မရှိဘဲ အရာအားလုံးကို စွန့်လွှတ်ကာ တိုက်ခိုက်မည်ဖြစ်ကြောင်း ထင်ထားခဲ့သည်က မှန်ကန်ပေသည်။
“စီနီယာ အထင်လွဲနေပြီ။ ဒီအရာအားလုံး လုပ်ခဲ့တာ ကျုပ် မဟုတ်ပါဘူး။” မဟာအင်ပါယာရှန်ကျားထံမှ တည်ငြိမ်သော အသံတစ်ခုက ပြောလိုက်သည်။ ၎င်းက ငှက်မွေးကဲ့သို့ ပေါ့ပါးကာ ပူပင်ကြောင့်ကြကင်းမဲ့ပေသည်။ ထိုသေစေနိုင်သည့် တိုက်ကွက်အား ဆက်လက်တိုက်ခိုက်နေသူမှာ ဆန္ဒခြောက်ပါးအရှင်သခင်သာဖြစ်ပြီး သူနှင့် မည်သို့မှ မသက်ဆိုင်သကဲ့သို့ ထင်မှတ်ရပေသည်။
“မိတ်ဆွေလေးက နောက်နေပြန်ပါပြီ။ မင်းသာ ရပ်တန့်လိုက်ရင် သူက ဘယ်လိုလုပ် နတ်ဘုရားရုပ်ကြွင်းကို ဆက်ပြီး ထိန်းချုပ်နိုင်မှာလဲ။” အရှင်ချူးချန်က ဆက်ပြောလိုက်သည်။ သူသည် ဆန္ဒခြောက်ပါးအရှင်သခင်က သူ့ခန္ဓာကိုယ်ဆီ မည်သည့်အခါမှ ပြန်သွားနိုင်တော့မည် မဟုတ်ကြောင်း ကောင်းစွာ သိရှိပေသည်။ မည်သို့ပင်ဖြစ်စေ ဆန္ဒခြောက်ပါးအရှင်သခင်က သူ့ကို သတ်ဖြတ်မည်သာ ဖြစ်၏။ သူ၏ တစ်ခုတည်းသော အခွင့်အရေးမှာ ရီဖူရှင်းနှင့် စကားပြောရန်သာ ဖြစ်ပေသည်။
ဤတစ်ကြိမ်၌ ရီဖူရှင်းက သူ့ကို အနည်းငယ်မျှပင် အာရုံစိုက်မှု မပေးခဲ့ပေ။ နတ်အလင်းများက မဟာအင်ပါယာရှန်ကျားအပေါ်တွင် တောက်ပလာပြီး မရေတွက်နိုင်သည့် ရွှေရောင်ကြာပန်းပွင့်တို့က အရှင်ချူးချန်ကို ဝါးမြိုရန် ကြိုးစားလာပေသည်။