လက်လွှတ်ပေးရန် ဆန္ဒမရှိခြင်း
Vol. 171 Ch. 2446
အရှင်ချူးချန်က အလွန် လျင်မြန်လှသော အရှိန်နှင့် လျင်မြန်စွာ ဆုတ်ခွာသွားခဲ့ပေသည်။ သို့သော် ကောင်းကင်ထက်တွင် ထိုအနန္တသင်္ကေတအက္ခရာများက ချက်ချင်းပင် ရွှေရောင်ကြာပန်းအဖြစ် ပြောင်းလဲသွားကာ မဟာလမ်းစဥ်စွမ်းအားများ အားလုံးကို ဝါးမြိုသွားခဲ့ပေသည်။
ဆန္ဒခြောက်ပါးအရှင်သခင်၏ ကြီးမားသော ကြာပန်းပွင့်က အရှင်ချူးချန်၏ အနောက်မှ ထိုကြီးမားသည့် ဗုဒ္ဓအပါအဝင် သူရှိနေသည့်နေရာကို ဝါးမြိုလာပေသည်။
“မိတ်ဆွေလေး မင်း ကောင်းကင်ဒေသမှာ သွားစရာနေရာမရှိတော့ဘူး။ မင်းက အနောက်ဘက်လောကမှာလည်း အဆက်မပြတ် အမဲလိုက်ခံရချင်နေတာလား။” အရှင်ချူးချန်က ယခင်ကဲ့သို့ အစွမ်းထက်နေဆဲဖြစ်သည့် အသံက ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်လာပေသည်။
'သေချာတာပေါ့။ ကျုပ် အဲဒီလိုမဖြစ်ချင်ပါဘူး။' ရီဖူရှင်းက စိတ်ထဲမှ တွေးလိုက်သော်လည်း သူ့တွင် နောက်ပြန်ဆုတ်ရန် နေရာမရှိပေ။ သူ အနောက်ဘက်လောကသို့ ရောက်ရှိလာကတည်းက မဟာအကြီးအကဲမော့ထျန်း၊ ဆန္ဒခြောက်ပါးအရှင်သခင်အပြင် ယခု အရှင်ချူးချန်တို့အားလုံးက သူ့အား သူတို့ လုယက်၍ ယူရနိုင်သည့် ရတနာကဲ့သို့ သားကောင်းတစ်ကောင်ကဲ့သို့ သဘောထားကြပေသည်။
သို့ဖြစ်လေရာ သူ လုပ်နိုင်သည့် အရာအားလုံးက သူတို့ကို သင်ခန်းစာပေး၍ ပြန်ပေးဆပ်ရအောင် လုပ်ရန်သာ ဖြစ်ပေသည်။
ထို့ပြင် သူက နောက်ထပ် ရွေးချယ်စရာမရှိပေ။ သူက အရှင်ချူးချန်ကို လွှတ်ပေးလိုက်လျှင်ပင် တစ်ဖက်လူက သူ့အား အမှန်တကယ် ကောင်းမွန်စွာ ဆက်ဆံလိမ့်ပါမည်လား။
တစ်ဖက်လူက ထိုသို့ လုပ်ပေးလိမ့်မည်ပုံမပေါ်ပါချေ။ အရှင်ချူးချန်က တိုက်ပွဲအတွင်း မသေဆုံးခဲ့လျှင် သူက ရီဖူရှင်းအား အနိုင်ပိုင်းကာ သူ့လက်ထဲ၌ ခိုင်မြဲစွာ ဆုပ်ကိုင်ထားနိုင်ရန် ကြိုးစားပေလိမ့်မည်။ ထိုသည်က မည်သို့ဖြစ်လာလိမ့်မည်ကို မည်သူသိပါမည်နည်း။
ထို့ကြောင့် သူက ထိုလူ့ကို သတ်ဖြတ်ရန် တစ်နည်းတည်းသာ ရှိပေသည်။
အရှင်ချူးချန်ထံမှ ထွက်ပေါ်လာနေသည့် ဗုဒ္ဓအလင်းရောင်တွင် ဗုဒ္ဓ၏ အဆင့်မြင့်စွမ်းအားတို့ဖြင့် လောင်ကျွမ်းနေခဲ့သည်။ သို့သော် များပြားလှသော ဆန္ဒခြောက်ပါးရွှေရောင်ကြာပန်းများက လှုပ်ရှားလာကာ ၎င်းတို့ကို ဝါးမြိုရန် ကြိုးစားလာ၏။ အရှင်ချူးချန်သည် ရွှေရောင်ကြာပန်းအတွင်းရှိ ဆိုးဆိုးဝါးဝါး ကြောက်မက်ဖွယ် ကောင်းနေသော မျက်နှာနှင့် ဆန္ဒခြောက်ပါးအရှင်သခင်၏ ကြီးမားသည့် ပုံရိပ်ကို မြင်နိုင်ပေသည်။ ပြင်းထန်လှသည့် ဒေါသနှင့် သူက အရှင်ချူးချန် တစ်ကိုယ်လုံးကို ဝါးမြိုရန် ရောက်ရှိလာသည်။
ချက်ချင်းပင် ထိုကြီးမားသည့် ဗုဒ္ဓပုံရိပ်ကြီးက စတင်ပြိုကျပျက်စီးလာပြီး ကျောချမ်းဖွယ် အော်သံတစ်ခု လိုက်ပါလာပေသည်။ ကြောက်မက်ဖွယ် ရွှေရောင်အလင်းတို့က အရူးအမူး ပေါက်ကွဲထွက်လာကာ အရှင်ချူးချန်အား ရွှေရောင်ကြာပန်းအတွင်း ဒေါသတကြီး မြိုချပစ်ချင်နေသလို ထင်မှတ်ရပေသည်။ ထို့နောက်တွင် ဗုဒ္ဓကျင့်ကြံသူများစွာ ရှိနေခဲ့သည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုနေရာက သန့်စင်မြင့်မြတ်သော ဗုဒ္ဓတောင်တန်းတစ်ခု ဖြစ်ပုံရကာ ရွှေရောင်ကြာပန်းထိုင်ခုံပေါ်တွင် ဗုဒ္ဓအလင်းတို့ဖြင့် လွှမ်းခြုံထားသည့် ပုံရိပ်တစ်ခု ထိုင်နေခဲ့သည်။ ထိုပုံရိပ်က အလွန် မြင့်မြတ်ကာ ကျက်သရေတင့်တယ်ပေသည်။ ထိုသန့်စင်မြင့်မြတ်မှုကို စကားဖြင့်ပင် ဖော်ပြ၍မရနိုင်အောင် ဖြစ်စေသည်။
“စီနီယာအစ်ကို ကျုပ်အတွက် လက်စားချေပေးပါ။” အရှင်ချူးချန်က အော်ဟစ်လိုက်ပြီးနောက် ပုံရိပ်က ပျောက်ကွယ်သွားခဲ့ပေသည်။ ပျက်စီးခြင်းလမ်းစဥ်စွမ်းအားက ပြင်းထန်စွာ ရစ်ပတ်လာပြီး သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်ကို ဖျက်ဆီးပစ်လိုက်သည်။
ကြောက်မက်ဖွယ် အရှိန်အဝါက ထိုလေဟာနယ်အတွင်း ဒေါသတကြီး လှည့်ပတ်နေပြီး အရှင်ချူးချန်၏ ခန္ဓာကိုယ်က မည်သည်မှ မကျန်တော့အောင် ပျောက်ကွယ်မသွားခင် အချိန်သိပ်မကြာမြင့်ခဲ့ပေ။ သူသေဆုံးသည်နှင့် စိတ်ဝိညာဥ်ကလည်း ပြန့်ကျဲသွားခဲ့ပေသည်။ သူက ကောင်းကင်နှင့် မြေကြီးကြားတွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
“သူ သေသွားပြီပဲ။”
အဆင့်အတန်း မြင့်မားသည့် ဗုဒ္ဓကျင့်ကြံသူ အရှင်သခင်တစ်ယောက်က ထိုကဲ့သို့ပင် အသတ်ခံလိုက်ရပေသည်။
ထို့ပြင် သူက ကောင်းကင်ဒေသမှ လူငယ်ကျင့်ကြံသူတစ်ယောက်၏ လက်ထဲ၌ သေဆုံးခဲ့ရခြင်း ဖြစ်သည်။
အရှင်ချူးချန်သည် သူနှင့် တန်းတူအဆင့်အတန်းရှိသည့် အခြားထိပ်သီးကျင့်ကြံသူသုံးယောက်ကို အသုံးချကာ သူကသာ အကြွင်းမဲ့ အောင်နိုင်သူဖြစ်လာလိမ့်မည်ဟု ယုံကြည်ခဲ့ပေသည်။ သို့သော် အဆုံးသတ်တွင် သူက ရီဖူရှင်း၏ လှည့်စားခြင်းကို ခံခဲ့ရပေသည်။ ရီဖူရှင်းက ဆန္ဒခြောက်ပါးအရှင်သခင်၏ စိတ်ဝိညာဥ်ကို အသုံးပြုကာ နတ်ဘုရားရုပ်ကြွင်း၏ မှန်းဆ၍မရနိုင်သော ပျက်စီးခြင်းလမ်းစဥ်စွမ်းအားကို ပို၍ အားကောင်းလာသည်အထိ ထုတ်လွှတ်နိုင်ခဲ့ပေသည်။
မည်သည့်ကမ္ဘာတွင်ဖြစ်စေ အရှင်ချူးချန်ကဲ့သို့ တူညီသည့် အဆင့်မှ လူများက များများစားစား ရှိလိမ့်မည်မဟုတ်ပေ။
အရှင်ယဲ့နှင့် လွတ်လပ်မှုအရှင်သခင်တို့ နှစ်ယောက်လုံး၏ နှလုံးသားထဲ၌ ကြီးစွာသော စိုးရိမ်ပူပန်မှု ဖြစ်နေခဲ့သည်။ သူတို့က ဖြစ်နိုင်ချေများစွာ တွေးထားခဲ့သော်လည်း ဆန္ဒခြောက်ပါးအရှင်သခင်၏ ရုပ်ခန္ဓာက လုံးဝဖျက်ဆီးခံလိုက်ရပြီး အရှင်ချူးချန်ကလည်း သေဆုံးခြင်းနှင့် အဆုံးသတ်သွားရလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း မရှိပေ။ ထို့ပြင် သူတို့နှစ်ယောက်က ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ပြီး သူတို့၏ တိုက်ပွဲစွမ်းရည်ကလည်း အကြီးအကျယ် လျော့ကျသွားခဲ့ပေသည်။
အရာအားလုံးက အလွန် အိပ်မက်လှပေသည်။
ရီဖူရှင်းသာလျှင် အဓိကခြိမ်းခြောက်မှုနှစ်ခုဖြစ်သည့် ဆန္ဒခြောက်ပါးအရှင်သခင်နှင့် အရှင်ချူးချန်တို့ကို ရှင်းလင်းပြီးနောက် ရှေ့ဆက်တော့မည့်ပုံပေါ်သည်။
စိတ်ဝိညာဥ်တစ်ခုထက် မပိုတော့သော ဆန္ဒခြောက်ပါးအရှင်သခင်က ရီဖူရှင်းအတွက် မည်သည့် ခြိမ်းခြောက်မှုမှ မဖြစ်နိုင်တော့ပေ။
သူတို့က မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းကို ကြည့်လိုက်သောအခါ နတ်ဘုရားရုပ်ကြွင်းအတွင်း နတ်အလင်းတို့ တဟုန်းဟုန်းတောက်လောင်နေသည်ကို သတိပြုမိလိုက်ကြသည်။ နတ်ဘုရားရုပ်ကြွင်းက ကသောင်းကနင်းနှင့် တုန်လှုပ်လာသည်။ ကြည့်ရသည်မှာ ၎င်းက အနည်းငယ် မတည်မငြိမ်ဖြစ်နေပုံရလေသည်။ သူတို့နှစ်ယောက်က အချင်းချင်း ကြည့်လိုက်ကာ ဇဝေဇဝါ ဖြစ်နေကြသော်လည်း မည်သည်တို့ဖြစ်နေသည်ကို ခန့်မှန်းနိုင်ပေသည်။
အရှင်ချူးချန် သတ်ဖြတ်ခံရပြီးနောက် ဆန္ဒခြောက်ပါးအရှင်သခင်၏ နှလုံးသားထဲ၌ ခါးသီးသော ခံစားချက်တချို့ ရှိနေဆဲဖြစ်ပြီး ယခုအချိန်၌ သူ၏ စိတ်ဝိညာဥ်က နတ်ဘုရားရုပ်ကြွင်းကို ထိန်းချုပ်ရန် အခွင့်အရေးအတွက် တိုက်ခိုက်ချင်နေပုံရသည်။
သို့မဟုတ်ပါက ရီဖူရှင်းသည် ဆန္ဒခြောက်ပါးအရှင်သခင်၏ စိတ်ဝိညာဥ်ကို နတ်ဘုရားရုပ်ကြွင်းအတွင်းမှ အသက်ရှင်လျက် ထွက်သွားခွင့်မပြုရန် ရည်ရွယ်ထားသည်လား။
နတ်ဘုရားရုပ်ကြွင်းအတွင်းမှ အော်သံခပ်တိုးတိုး ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် နတ်အလင်းတို့ ပေါက်ကွဲထွက်လာပေသည်။ ရှင်းလင်းစွာပင် သူတို့နှစ်ယောက်က ရင်ဆိုင်တိုက်ခိုက်နေပုံရသည်။
အရှင်ယဲ့နှင့် လွတ်လပ်မှုအရှင်သခင်တို့က အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများတွင် လောဘကြီးသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာပေသည်။ သို့သော် ပေါ်ထွက်လာသည့် ထိုစိတ်ဆန္ဒတို့က အလျင်အမြန် ပျောက်ကွယ်သွားပေသည်။
လက်ရှိတွင် သူတို့က အဆင့်မြင့်ကျင့်ကြံသူများဖြစ်လျှင်ပင် ရီဖူရှင်းကို သတိထားရန် လိုအပ်နေခဲ့သည်။ သူတို့နှစ်ယောက်လုံးက ဆန္ဒခြောက်ပါးအရှင်သခင်ကို အကွက်ချကြံစည်ရာ၌ ပါဝင်ခဲ့သည်။ ၎င်းက ဆန္ဒခြောက်ပါးအရှင်သခင်၏ ရုပ်ခန္ဓာအား အပြီးတိုင်ပျက်စီးခြင်း ဆိုက်ရောက်စေခဲ့ပေသည်။ ဆန္ဒခြောက်ပါးအရှင်သခင်ထံမှ ချေးငှားယူထားသည့် စွမ်းအားများကြောင့် အရှင်ချူးချန်က သတ်ဖြတ်ခံလိုက်ရပေသည်။
ရီဖူရှင်းက သူ၏ ကိုယ်ပိုင်ရည်မှန်းချက်ကို အောင်မြင်စေရန် နှစ်ဖက်လုံးကို ကောင်းစွာ အသုံးချခဲ့ပေသည်။ သူတို့က အနည်းငယ်မျှ ဂရုမစိုက်မိသည်နှင့် ပြင်းထန်သည့် အကျိုးဆက်ကို လက်ခံရရှိသွားလိမ့်မည်ဖြစ်သည့်အတွက်ကြောင့် သတိထားသည်က ပိုကောင်းလိမ့်မည်။ ကံကောင်းစွာဖြင့် ရီဖူရှင်းနှင့် ဆန္ဒခြောက်ပါးအရှင်သခင်တို့က ကမ္ဘာမကြေရန်သူများ ဖြစ်ကြပေသည်။ သူတို့က ပူးပေါင်းတိုက်ခိုက်ခဲ့လျှင် အရှင်ချူးချန်ပြီးနောက် သုတ်သင်ခံရသည့် ပစ်မှတ်က သူတို့နှစ်ယောက် ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဖြစ်ခဲ့လျှင် သူတို့က ပြဿနာတောထဲ ကျရောက်သွားပေလိမ့်မည်။
သိသာစွာပင် ရီဖူရှင်းနှင့် ဆန္ဒခြောက်ပါးအရှင်သခင်တို့က အချင်းချင်း အကွက်ဆင်နေကြကာ စတင် တိုက်ခိုက်ကြသည်။ ရလဒ်ကို စောင့်ကြည့်ရန်သာ ကျန်ရစ်ပေသည်။
“မင်း သူ့ကို တစ်ယောက်တည်း ထားခဲ့ချင်လား။” အရှင်ယဲ့က လွတ်လပ်မှုအရှင်သခင်ကို စိတ်ချင်းဆက်သွယ်ကာ မေးလိုက်သည်။
“သူတို့နှစ်ယောက်ကြားမှာ သေချာတဲ့ ရလဒ်ထွက်လာတဲ့အထိ စောင့်လိုက်ရအောင်။ အဲဒီနောက်မှာ ကျုပ်တို့ အခြေအနေကို ပြောင်းလဲနိုင်လိမ့်မယ်။” လွတ်လပ်မှုအရှင်သခင်က တုန့်ပြန်လိုက်သည်။ ယခု ပြဿနာမှာ သူတို့က ရီဖူရှင်းကို မဆန့်ကျင်တော့ရန် ဆုံးဖြတ်ခဲ့လျှင်ပင် နောက်ပိုင်း၌ ရီဖူရှင်းက သူတို့ကို လွှတ်ပေးမည်ဟု မဆိုလိုပေ။
သူတို့နှစ်ယောက်က အချိန်တစ်ခုအတွင်း ခွန်အားများ ပြန်လည်ရရှိပြီး ဒဏ်ရာများကို တတ်နိုင်သမျှ အမြန်သက်သာလာစေရန် ကြိုးစားနေကြသည်။
မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းအတွင်း ပြင်းထန်သော ပေါက်ကွဲမှုများ ဆက်လက်ထွက်ပေါ်နေခဲ့၏။ ကြည့်ရသည်မှာ ၎င်းက မည်သည့်အခါမှ အဆုံးမသတ်တော့သလို ထင်မှတ်ရသည်။ နောက်ဆုံးတွင် စကားသံတစ်ခု ထွက်ပေါ်လာ၏။ “ကျုပ် ရှုံးတာ ဝန်ခံတယ်။ ကျုပ်ကို ဆက် နေခွင့်ပေးပါ။ ကျုပ် မင်းကို ကူညီနိုင်ပါတယ်။”
ထိုစကားသံ၌ စိတ်မချမ်းမြေ့ဖွယ် အရိပ်အငွေ့တို့ ယှက်သမ်းနေခဲ့၏။ ၎င်းက ဆန္ဒခြောက်ပါးအရှင်သခင်၏ အသံပင် ဖြစ်သည်။ သိသာစွာပင် သူက တိုက်ခိုက်ရန်အတွက် အရေးမသာသော အခြေအနေသို့ ကျရောက်နေခဲ့ပေသည်။ စိတ်ဝိညာဥ်များကြားမှ ယှဥ်ပြိုင်မှုတွင် ရီဖူရှင်းသည် ဆန္ဒခြောက်ပါးအရှင်သခင်အား မည်သည့်အခါမှ ထိခိုက်စေနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် နတ်ဘုရားရုပ်ကြွင်းအတွင်းမှ ရီဖူရှင်းက အကြွင်းမဲ့ ထိန်းချုပ်သူဖြစ်သည့်အတွက် တိုက်ခိုက်ရာ၌ အရေးသာလိမ့်မည် ဖြစ်သည်။
အရာအားလုံးက စမှတ်သို့ ပြန်ရောက်သွားပုံရသည်။ မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းအား လက်ရှိထိန်းချုပ်နေသူမှာ ရီဖူရှင်းဖြစ်ပြီး အရှင်ယဲ့နှင့် လွတ်လပ်မှုအရှင်သခင်တို့အား ရင်ဆိုင်ရန် လှည့်လာခဲ့သည်။ “ကျုပ်က ရန်သူတွေ အများကြီး လုပ်ဖို့ ဆန္ဒမရှိဘူး။ စီနီယာတို့နှစ်ယောက် ဒီမှာတင်ရပ်လိုက်ရင်ရော ဘယ်လိုလဲ။”
ထိုအဆင့်မြင့်ကျင့်ကြံသူ နှစ်ယောက်လုံးက မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေး ဒုတိယအဆင့်အား ကျော်ဖြတ်နိုင်ခဲ့သူ ဖြစ်သည်။ သူတို့နှစ်ယောက်လုံးက ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သော်လည်း ရီဖူရှင်းသည် နှစ်ယောက်လုံးကို အနိုင်ယူနိုင်မည်လား သေချာမှုမရှိပေ။ သူတို့ကဲ့သို့ အဆင့်မှ ကျင့်ကြံသူများကို အလွန် သတိထားကာ ဆက်ဆံရပေလိမ့်မည်။
“ဒီနေ့ကိစ္စက အထင်လွဲမှားမှုတစ်ခုပဲ။ ဆန္ဒခြောက်ပါးအရှင်သခင်က မင်းရဲ့ လှုပ်ရှားမှုတွေကို အကြောင်းပြချက်မရှိဘဲ ကန့်သတ်ထားတာ ကျုပ်တို့ သိတယ်။ ကျုပ်တို့အားလုံးက မင်းကို ဒီအချုပ်အနှောင်ကနေ လွတ်မြောက်အောင် ကူညီချင်ရုံပါပဲ။ အရှင်ချူးချန်က လုပ်ချင်ရာ လုပ်သွားလိမ့်မယ်လို့ ကျုပ်တို့ ထင်မထားခဲ့ဘူး။ ဒါပေမယ့် ဖြစ်ပြီးသွားမှတော့ ကျုပ်တို့လည်း ဒီမှာ ရပ်လိုက်ကြရအောင်။” အရှင်ယဲ့က ပြန်ဖြေလိုက်သည်။
“ဒီလိုဆိုရင် စီနီယာတို့နှစ်ယောက်ကို ကျေးဇူးအများကြီးတင်ပါတယ်။” ရီဖူရှင်းက ပြန်ဖြေလိုက်ပြီး သူက ဂရုတစိုက်နှင့် နောက်သို့ဆုတ်ခွာလိုက်သည်။ တောက်ပသည့် နတ်အလင်းတို့က သူ့ခန္ဓာကိုယ်ပေါ်၌ တောက်ပနေခဲ့၏။ သူက ဆက်လက်၍ သတိထားနေဆဲဖြစ်ပေသည်။ သူက ထိုပြိုင်ဘက်နှစ်ယောက်နှင့် တိုက်ခိုက်ရန် ဆန္ဒမရှိသော်လည်း သူက ခုခံကာကွယ်မှုကို လျှော့ချလိုက်မည်ဟု မဆိုလိုပေ။
ထိုထိပ်သီးကျင့်ကြံသူနှစ်ယောက်က ဤအဖြစ်အပျက်ကို အထင်လွဲမှားမှုဟု ပြောသည်မှာ ရယ်စရာကောင်းလှပေသည်။ သူတို့နှစ်ယောက်က အရှင်ချူးချန်ကဲ့သို့ အတွက်အချက် အလွန်မတော်သော်လည်း အရှင်ချူးချန်နှင့် ကွာခြားခြင်းမရှိပေ။
“အခု။” အရှင်ယဲ့က လွတ်လပ်မှုအရှင်သခင်အား စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်ပြီး ကြောက်မက်ဖွယ် တုန်ခါသံကြီး ထွက်ပေါ်လာပေသည်။ မဟာလမ်းစဥ်စွမ်းအားများ ထွက်ပေါ်လာကာ လောကတစ်ခွင်ကို လွှမ်းခြုံသွားသည်။ သူတို့က ဒဏ်ရာအပြင်းအထန်ရနေခဲ့လျှင်ပင် ရီဖူရှင်းကို ရင်ဆိုင်နိုင်နေဆဲ ဖြစ်သည်။